Home / စည်ပင်သာယာရေးအဖွဲ့

စည်ပင်သာယာရေးအဖွဲ့

မြို့ပြတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုပြယုဒ်သည် စည်ပင်သာယာရေးအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့၏ ကြိုးစားမှုရလဒ်နှင့် အချိုးညီကြောင်း ဝန်ကြီးချုပ်ပြောကြား

FI

နိုဝင်ဘာ ၅ (ပဲခူး) ======================= နိုဝင်ဘာလ(၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က စည်ပင်သာယာရေးကော်မတီများအနေဖြင့် ပြဌာန်းထားပြီးဖြစ်သော ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေပါ ရည်ရွယ်ချက်များ အတိုင်း မိမိတို့၊ မြို့၊ မြို့ပြ၊ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများ လူနေမှု အဆင့်အတန်း မြင့်မားစေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း အများပြည်သူအကျိုးအတွက် ဆောင်ရွက်သွားကြရန်၊ ပြည်သူအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိသည့် ပြည်သူ့ဗဟိုပြု စီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ စည်ပင်သာယာရေးကော်မတီဝင် များအနေဖြင့် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း မဟုတ်ဘဲ ကော်မတီဝင်များအားလုံး ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး မြို့သန့်ရှင်းသာယာလှပစေရေး ခေတ်နှင့်လျော်ညီစွာ ပုဂ္ဂလိက ပြုပြင်ပြောင်းလဲရေးကို အလေးထားဆောင်ရွက်ကြရန်၊ အခွန်၊ အခများ …

Read More »

ပဲခူးမြို့တွင် အမှိုက်ခွဲခြားသန့်စင်စက် စမ်းသပ်လည်ပတ်နေမှုအား ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

FI

ဇူလိုင် ၂၅ (ပဲခူး) =================================        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဟင်္သာကုန်းရပ်ကွက်နှင့် ကတွင်းခြံကျေးရွာအကြားရှိ ဖဲဖေါင်တော်ကွင်းသုဿ     န်ဟောင်းနေရာ၌ တည်ဆောက်ခဲ့သော အမှိုက်ခွဲခြားသန့်စင်စက် စမ်းသပ်လည်ပတ်နေမှုအား ဇူလိုင်လ (၂၅)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးမြို့နယ်ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်နိုင်က ပဲခူးမြို့တွင် အမှိုက်ခွဲခြားသန့်စင်စက်ရုံ တည်ဆောက်ရခြင်း ရည်ရွယ်ချက်နှင့် စက်စမ်းသပ်လည်ပတ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေး၊ အနံ့ဆိုး/ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ အမှိုက်များ ခွဲခြားသန့်စင်မှုနှင့် ပတ်သက်၍ လျှပ်စစ်ဓါအားခ၊ အလုပ်သမားကုန်ကျစရိတ်နှင့် ပြန်လည်ထွက်ရှိလာသည့် ရောင်းချနိုင်သည့် ကုန်ကြမ်း ပစ္စည်းတန်ဖိုး စသည်တို့အား ပြန်လည်ချိန်ဆရန်နှင့် ပြည်သူများအား အမှိုက် အမျိုးအစား …

Read More »

ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်မှုရှိစေရန်အတွက် ပညာရှင်များနှင့်ပူးပေါင်းပြီး မြေပြင်ကွင်းဆင်း တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကြိုတင်ညှိနှိုင်း

FI

မေ ၂၈ (ပဲခူး) ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ မေလ (၂၈)ရက်နေ့၊ မွန်းလွဲ(၁) နာရီခွဲအချိန်က ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်မှုရှိစေရန်အတွက် ပညာရှင်များနှင့် ပူးပေါင်းပြီး မြေပြင်ကွင်းဆင်း တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးမြို့အား စံပြမြို့တော်တစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ထား၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြတစ်ခု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဓိကအားဖြင့် ရေထွက်ပေါက်များ ပိတ်ဆို့ခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်လာခြင်းနှင့် ရေနှုတ်မြောင်းများ၊ ချောင်းရိုးများ စနစ်တကျ ပြန်လည်ပြင်ဆင် တူးဖော်မှု မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ယခုအခါ ပဲခူးမြို့ရိုးဟောင်းနှင့် ကျုံးပြန်လည် တူးဖော်နိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်လျက်ရှိရာ၊ တစ်ပါတည်း ပဲခူးမြို့တွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တိုင်းတာဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပဲခူးမြို့အတွက် ရေစီးရေလာကောင်းမွန်စေရေး နိုင်ငံတကာအဆင့်မီ Master …

Read More »

ပဲခူး-သနပ်ပင်-သံလျင်လမ်း (ပဲခူးမြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

4

မေ ၁၈ (ပဲခူး) ================================= မေလ(၁၈)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ လိပ်ပြာကန်အနီး လိပ်ပြာကန်နှင့် မဂ္ဂတစ်လမ်းအကြား သနပ်ပင်ကားလမ်းမပေါ်ရှိ ဖွင့်ပွဲမဏ္ဍာပ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ပဲခူးခရိုင်မှတည်ဆောက်ခဲ့သော ပဲခူး-သနပ်ပင်-သံလျင်လမ်း (ပဲခူးမြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဝင်းသိန်းတို့က အမှာစကားပြောကြားကြပြီး ဒေသခံပြည်သူ မြို့မိမြို့ဖ ဦးဝင်းက လမ်းခင်းပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပဲခူး-သနပ်ပင်-သံလျင်လမ်း (ပဲခူးမြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်းသစ်အား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါက်တာဦးအောင်ခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး …

Read More »

ပဲခူးတိုင်ဒေသကြီးအတွင်းရှိ မြို့နယ်များ စည်ပင်သာယာရေးလုပ်ငန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် စက်ယန္တရားများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပြီးဖြစ်

FI

ဧပြီ ၁၁ (ပဲခူး) ==============           ပဲခူးတိုင်းဒေသကြီးသည် ခရိုင်(၄)ခု၊ မြို့နယ်(၂၈)မြို့နယ်ရှိရာ၊ မြို့နယ်တိုင်း မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွှတ်စေရန်အတွက် ပဲခူးတိုင်းဒေသကြီ အစိုးရအဖွဲ့မှ အဓိကဦးစားပေး လုပ်ငန်းတစ်ခုအဖြစ် နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။           ၂၀၁၇-၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် (5) Ton Back Hoe (အလတ်) (၂၈)စီး၊ အမှိုက်ကား Dump Truck(SKAT) (၉၆)စီး၊ အမှိုက်သိမ်းယာဉ် Hydraulic Garbage Truck (၁၄)စီး၊ အမှိုက်ကွန်တိန်နာပုံး (၄၀)လုံး၊ (၆၆၀)လီတာဆံ့ အမှိုက်ပုံး (၁၈၀)လုံးတို့အား ဝယ်ယူခဲ့သည်။           အဆိုပါဝယ်ယူခဲ့သည့် စက်/ယာဉ်/ယန္တရားများနှင့်ပတ်သက်၍ (5)Ton Back Hoe ယာဉ်အား မြို့နယ်(၁)ခုလျှင် (၁)စီးနှုန်းဖြင့်လည်းကောင်း၊ အမှိုက်ကား Dump Truck (SKAT) ယာဉ်အား ကျောက်တံခါး၊ ညောင်လေးပင်၊ တောင်ငူ၊ …

Read More »

တောင်ငူမြို့၊ ထီးလှိုင်တံတား တည်ဆောက်နေမှုနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး

FI

မတ် ၁၄ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မတ်လ(၁၄)ရက်နေ့ နံနက်(၈)နာရီအချိန်က တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေး ကော်မတီဝင်များနှင့်အတူ တောင်ငူမြို့၊ ကျုံးမြောက်ဘက်ရှိ ထီးလှိုင်တံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။ အဆိုပါ ထီးလှိုင်တံတားသည် ယခင်က သစ်သားတံတားဖြစ်ပြီး နှစ်ကာလကြာမြင့်သဖြင့် ဟောင်းနွမ်းဆွေးမြေ့ ပျက်စီးလာသောကြောင့် ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၃၀၀)၊ အများပြည်သူ ထည့်ဝင်လှူဒါန်းငွေ ကျပ်(၃၄၁)သိန်း၊ စုစုပေါင်း(၆၄၁)သိန်းဖြင့် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရှည်(၂၀)ပေ၊ အကျယ်(၁၄)ပေ ဘိုးပိုင်ဖောင်ဒေးရှင်း ကွန်ကရစ်တံတားအဖြစ် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်(၁၄၇)မှ တောင်ငူမြို့တွင်းသို့ အနီးဆုံးလမ်းအဖြစ် လာရောက်နိုင်မည်ဖြစ်သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ် အထက-နတ်စင်ကုန်း စာစစ်ဌာနနှင့် ရေတာရှည်မြို့ အထက-ရေတာရှည်၊ အထက(ခွဲ) ရွှေကြက်ယက် စာစစ်ဌာနတို့တွင် …

Read More »

ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြစ်ရေပေးရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

မတ် ၄ (ပြည်) ================================== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂျပန်နိုင်ငံအကြား ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ပြယုဂ်အဖြစ် ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ဆိုင်ရာ ချေးငွေJICA ODA loan ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းဆောင်ရွက်သော ပြည်မြို့ ရေပေးဝေရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို မတ် (၄ )ရက်နေ့ညနေ( ၄) နာရီအချိန်က ပြည်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြည်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မှ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည့် လမ်း/ တံတား/ ရေပေးဝေရေး/ သာယာလှပရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာသည်။ ထို့နောက် မြို့ရေပေးဝေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား တိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး ၊ …

Read More »

(၁)ရက်လျှင် အမှိုက်တန်(၁၀၀)ခြေဖျက်နိုင်သည့် စက်ရုံတည်ဆောက်ရန် ဆွေးနွေး

FI

ဖေဖော်ဝါရီ ၁၆ (ပဲခူး) ====================           ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ မွန်းလွဲ(၄)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးမြို့တွင် (၁)ရက်လျှင် အမှိုက်တန်(၁၀၀)ခြေဖျက်နိုင်သည့် စက်ရုံ တည်ဆောက်ရန် ထိုင်းနိုင်ငံအခြေစိုက်၊ Organics Co., Ltd မှ Mr. A. Hoffmann von Waldau  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြသည်။           ရှေးဦးစွာ Mr. A. Hoffmann von Waldau မိမိတို့ကုမ္ပဏီသည် အင်္ဂလန်နိုင်ငံထုတ် စက်ပစ္စည်းများဖြင့်သာ တပ်ဆင်အသုံး ပြုသွားမည်ဖြစ်ပြီး တစ်ရက်လျှင် အမှိုက်တန်(၁၀၀)ခန့် ဖျက်ဆီးပေးနိုင်ပြီး၊ လောင်စာထောင့်များနှင့် အခြား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပြန်လည်ထုတ်လုပ် ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြ ဆွေးနွေးခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်က ပဲခူးမြို့သည် နောင်အနာဂတ်တွင် စီးပွားရေး မဟာဗျူဟာအရ အရေးပါလာမည့် မြို့တော်တစ်ခုဖြစ်လာနိုင်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် …

Read More »

တင်ဒါခေါ်ယူခြင်း

th (1)

ဇန်နဝါရီ ၂၄ (ပဲခူး) ====================   ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းများနှင့် ယာဉ်၊ ယန္တရား၊ ပစ္စည်းများ ဝယ်ယူခြင်းအတွက် တင်ဒါခေါ်ယူကြောင်း အသိပေးအပ်ပါသည်- အပြည့်အစုံ ကြည့်ရှုရန်——————————

Read More »