Home / ကုသရေးဦးစီးဌာန

ကုသရေးဦးစီးဌာန

ပဲခူးမြို့ဆေးရုံကြီးတွင် အောင်သုခ(၄)ထပ် လူနာဆောင်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

FI

ဇူလိုင် ၁၇ (ပဲခူး) ================================= ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အရေးပေါ်ဌာနရှေ့ရှိ တည်ဆောက်မည့်မြေနေရာတွင် ဇူလိုင်လ(၁၇)ရက်နေ့ နံက်(၈:၃၀)နာရီအချိန်က အောင်သုခ(၄)ထပ် လူနာဆောင်တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း၊ ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၊ ရွှေသံလွင်ကုမ္ပဏီ နာယကကြီး ဒေါက်တာဒေါ်နီနီနှင့် Rain Forest Company ၏MDဦးမိုးကျော်သူတို့က ပန္နက်တင်မင်္ဂလာအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက်မင်္ဂလာအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက စက်ခလုပ်နှိပ်၍ စက်ယန္တရားဖြင့်ပန္နက်တင်မင်္ဂလာအား ဆောင်ရွက်ပေးပြီး ပန္နက်တိုင်များကို ဝနိကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဧည့်သည်တော်များက အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ အဆိုပါ အောင်သုခ(၄)ထပ်လူနာဆောင် အဆောက်အဦအား ပဲခူးမြို့၊ အောင်သုခဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒီမာနှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ ငွေကျပ်သိန်း(၂)သောင်းကျော် …

Read More »

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မိသားစုမှ ပဲခူးဆေးရုံရှိလူနာများအား နေ့လည်စာအာဟာရနှင့် အလှူငွေ လှူဒါန်း

FI

ဇွန် ၁၈ (ပဲခူး) ================================== ဇွန်လ(၁၈)ရက်နေ့၊ နေ့လည်(၁၂)နာရီအချိန်က ပဲခူးမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်လူနာများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မိသားစုမှ နေ့လည်စာအာဟာရနှင့်အလှူငွေများ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။ အဆိုပါလှူဒါန်းပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၏မိသားစုနှင့်အတူ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများတက်ရောက်ပြီး ဆေးရုံတက်လူနာ (၇၃၀)ဦးအား တစ်ဦးလျှင် နေ့လည်စာအာဟာရ ကြက်ဆီထမင်း(၁)ဘူး၊ ကွတ်ကီးမုန့်ထုပ်(၁)ထုပ်နှင့် အလှူငွေ(၁၀၀၀)ကျပ်အပြင် သွေးလှူ ဒါန်းသူများအား ကြက်ဥများလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။  

Read More »

ပဲခူးအထွေထွေရောဂါကုဆေးရုံးကြီးတွင် တိုးချဲ့ဆောက်လုပ်မည့် (၄)ထပ်အဆောက်အဦ မြေနေရာအား ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

FI

ဖေဖော်ဝါရီ ၅ (ပဲခူး) =================================== ဖေဖော်ဝါရီလ ၅ ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးဝန်းအတွင်း တိုးချဲ့ဆောက်လုပ်မည့် အောင်သုခ ဆေးရုံဆောင် (၄)ထပ် အဆောက်အဦ မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးအထွေထွေရောဂါကုဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ရန်ပုံငွေရရှိသည့် ကျပ်သိန်း(၄၇၄)သိန်းဖြင့် ဆေးရုံအဆောက်အဦ အတွင်း/အပြင် ဆေးသုတ်နေ သည့် လုပ်ငန်းများကိုလည်းကောင်း၊ ပြင်ပလူနာနှင့် အရေးပေါ်ဌာနတို့၏ လုပ်ငန်းဆောင်ရွက်နေမှု များကိုလည်းကောင်း၊ Magnetic Resonance Imaging (MRI) တည်ဆောက်မည့်နေရာနှင့် အောင်သူခဆေးရုံဆောင်(၄)ထပ် အဆောက်အဦ မြေနေရာတို့အား လိုက်လံပြသခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ လူဦးရေတိုးတက်များပြားလာခြင်းဖြစ် ပြီး ဆေးရုံ/ဆေးခန်းများလည်း တိုးချဲ့ရန်လိုအပ်လာပြီဖြစ်ကြောင်း၊ လူနာနှင့် ဆေးရုံ/ဆေးခန်း အချိုး၊ ဆရာဝန်နှင့်လူနာအချိုး သတ်မှတ်ထားသည့်အတိုင်း ညီမျှရန်လိုအပ်ကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် အနာဂတ်အခြေအနေများကိုလည်း မျှော်မှန်းတည်ဆောက်ရန်လိုအပ်ကြောင်း၊ …

Read More »

ပြင်းထန်အဆုပ်ရောင်ရောဂါ A(H1N1)နှင့်ပတ်သက်သည့် အရေးပေါ် အစည်းအဝေး ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၇ (ပဲခူး) ================================================           ဇူလိုင်လ(၂၇)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊  တော်ဝင်ဟံသာခန်းမ၌ ပြင်းထန်အဆုပ်ရောင်ရောဂါ A(H1N1)နှင့်ပတ်သက်သည့် အရေးပေါ် အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က လပတ်အစည်းအဝေးများ၌ ရာသီအလိုက် သဘာဝဘေးအန္တရာယ်ဖြစ်သော ရေကြီးခြင်းနှင့် ရာသီတုပ်ကွေးရောဂါများ၏ နောက်ဆက်တွဲ ဖြစ်စဉ်များ မဖြစ်ပွားရေး၊ ကြိုတင်ကာကွယ်ရေးတို့ ဆောင်ရွက်ထားရန် မှာကြားခဲ့ပြီးလည်းဖြစ်ကြောင်း၊ မကြာမီကာလမှ ဖြစ်ပေါ်ခဲ့သည့် A(H1N1) ရောဂါပိုးသည် ပြည်နယ်/တိုင်းဒေသကြီး အချို့မှာဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း ဖြစ်ပွားနေကြောင်း၊ ရောဂါဖြစ်ပွားမှုများနှင့်ပတ်သက်၍ မဖြစ်ပွား သေးသည့် ဒေသများ၊ မြို့များသို့ ပြန့်ပွားမှုမရှိစေရန်၊ ဖြစ်ပွားရာဒေသများကိုလည်း ထိန်းချုပ်ကာကွယ် သွားမည့်နည်းလမ်းများ၊ ရောဂါဖြစ်ပွားခဲ့သည့် ကျန်ရှိသူမိသားစုများကို စောင့်ကြည့်ခြင်းစသည့် ဆောင်ရွက်ချက်များကို အဖွဲ့စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေး  ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ လိုအပ်သည်များကို တင်ပြပေးရန် ပြောကြားသည်။           …

Read More »

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

ဇွန် ၂၅ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ၂၀၁၇ခုနှစ် သွေးလွန်တုပ်ကွေးနှိမ်နင်းရေး အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်ထွေးမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအတွင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှေ့အလားအလာနှင့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများနှင့်ပတ်သက်၍ နေပြည်တော်ဗဟို ငှက်ဖျားတိုက်ဖျက်ရေးမှ ဒုတိယညွှန်ကြားရေးမှုး (သွေးလွန်တုပ်ကွေး/ ဆင်ခြေထောက်) ဒေါက်တာဇော်လင်းမှ ရှင်းလင်းဆွေးနွေး တင်ပြသည်။ ထို့နောက် ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမျိုးသိုက်က သွေးလွန်တုပ်ကွေးရောဂါ ကုသခြင်းအကြောင်း ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာကြသော ဗဟိုနှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ပဲခူးဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ မြို့နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများမှ အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြသည်။ ပဲခူးတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ထူးကဲစွာဖြစ်ပွားမှုအနေဖြင့် (၂၀၀၅/၂၀၀၉/၂၀၁၃/၂၀၁၅) ခုနှစ်များတွင်ဖြစ်ပွားခဲ့ရာ ၂၀၁၅ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ဇွန်လ(၁၇)ရက်နေ့အထိ …

Read More »