အားကစားနှင့်ကာယပညာဦးစီးဌာန

တိုင်းဒေသကြီးနှင့်နိုင်ငံဂုဏ်ဆောင် အားကစားသမားများပေါ်ထွန်းလာစေရန် ပဲခူးမြို့တွင် အခြေခံမြားပစ်သင်တန်းဖွင့်လှစ်

FI

စက်တင်ဘာ ၁၄ (ပဲခူး) ================= မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် တိုင်းဒေသကြီးနှင့်နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန် ၂၀၁၈ခုနှစ် အခြေခံမြားပစ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အခြေခံမြားပစ်သင်တန်းကိုတက်ရောက်သင်ယူမည့် သင်တန်းသား မောင်/မယ်များအနေဖြင့် အချိန်ကုန်/ငွေကုန် အကျိုးမရှိမဖြစ်ရအောင် စိတ်ပါဝင်စားစွာ သင်ကြားပို့ချမှုကိုခံယူပြီး တိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင်သည့် အားကစားမောင်/မယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် (အားကစား) ဦးကျော်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌ၊ ဇေကမ္ဘာကုမ္ပဏီ၏ ဒုတိယဥက္ကဌ ဦးဇေသီဟက အလှူငွေကျပ် (၁၀)သိန်းအား ပေးအပ်လှူဒါန်းပြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၁၈ခုနှစ်၊ MPT လူငယ်ဘောလုံးပွဲတော်နှင့် MPTအသက်(၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပပြုလုပ်

FI

သြဂုတ် ၁၄ (ပဲခူး) ======================= သြဂုတ်လ(၁၄)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့ Grand Royal Stadium တွင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPTတို့က အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၁၈ခုနှစ်၊ MPTလူငယ်ဘောလုံးပွဲတော်နှင့် MPTအသက်(၁၄)နှစ်အောက်လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့က အဖွင့်အမှာစကားပြောကြားပြီး MPT Joint Operationမှ Operating Officer မစ္စတာ ရိုရှိယာခိဘန်နီနိုစံက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၁၈ခုနှစ်၊ MPTလူငယ်ဘောလုံးပွဲတော်နှင့် MPTအသက်(၁၄)နှစ်အောက်လူငယ်ဘောလုံးပြိုင်ပွဲအား ဝန်ကြီးနှင့်တာဝန်ရှိသူတို့က ကွင်းအတွင်း ဘောလုံးများကန်သွင်းပြီးဖွင့်လှစ်ပေးကြပြီး လူငယ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ကြမည့်ခလေးငယ်များနှင့် ယူ(၁၄)ဘောလုံးပြိုင်မည့်အသင်းသားများအားလိုက်လံနှုတ်ဆက်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်စေရန်အတွက် MPTမှဘောလုံး(၂၅၀)လုံး၊ Myanmar Careမှ ဘောလုံး(၁၀၀)လုံးတို့အား စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးထံပေးအပ်လှူ ဒါန်းသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ …

Read More »

အသက်(၁၇)နှစ်အောက်(၄)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

FI

ဇူလိုင် ၁၀ (ပဲခူး) ================================ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် အားကစားကွင်းတွင် ဇူလိုင်လ(၁၀)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် (၄)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှုးနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်ပြည်သူများက တောင်ငူခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ ပြည်ခရိုင်အသင်းမှ (၄:၂)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ထို့နောက် ဆုပေးပွဲကျင်းပပြုလုပ်ရာ ဒုတိယရရှိသော တောင်ငူခရိုင်အသင်းအား အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းကလည်းကောင်း၊ ပထမရရှိသော ပြည်ခရိုင်အသင်းအား ဥပဒေချုပ် ဦးအုန်းမြင့်ကလည်းကောင်း၊ ပွဲစဉ်တလျှောက်နေရာအလိုက် အကောင်းဆုံး အကစားသမားဆုရရှိကြသော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပထမတံခွန်စိုက်ဆုဖလား …

Read More »

မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

FI

ဇွန် ၁၈ (ပဲခူး) ================================ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ဇွန်လ(၁၈)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အမျိုးသား(၃)ယောက်တွဲ ဗိုလ်လုပွဲအဖြစ် ပဲခူးမြို့နယ်အသင်းနှင့် အုတ်တွင်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးမြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲသွားကြသည်။ ထို့နောက် အမျိုးသမီး(၃)ယောက်တွဲ ပြိုင်တွင်တတိယရရှိသော ဝေါမြို့နယ်အသင်း၊ ဒုတိယရရှိသော ညောင်လေးပင်မြို့နယ်အသင်း၊ ပထမရရှိသော ပဲခူးမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ ပဲခူးတက္ကသိုလ်ပထဝီဝင်ဌာန၊ ပါမောက္ခဌာနမှူးနှင့် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်တို့မှလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲ တတိယရရှိသော တောင်ငူမြို့နယ်အသင်း၊ ဒုတိယရရှိသော အုတ်တွင်းမြို့နယ်အသင်း၊ ပထမရရှိသော ပဲခူးမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် …

Read More »

မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

FI

ဇွန် ၁၄ (ပဲခူး) ================================ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ဇွန်လ(၁၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပိုက်ကျော်ခြင်းအားကစားသမား လူငယ်လူရွယ်များ ချစ်ကြည်ရင်းနှီးမှုရရှိကာ အားကစားအရည်အသွေး ပိုမိုမြင့်မားလာပြီး မိမိကိုယ်စားပြု မြို့နယ်အသင်း၏ ဂုဏ်ကိုဖော်ဆောင်ပေးကြရန်၊ ပဲခူးတိုင်းဒေသကြီး၏ ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း အစဉ်အမြဲတိုးတက်နေစေရန်အတွက် အားကစား စိတ်ဓာတ်အပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြသည်။ ထို့နောက် ပြိုင်ပွဲအသင်းများက အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး သနပ်ပင်မြို့နယ် အမျိုးသားအသင်းနှင့် အုတ်တွင်းမြို့နယ် အမျိုးသားအသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြသည်။ အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇွန်လ(၁၄)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ အသက်(၂၅)နှစ်အောက် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ရိုးရာလက်ဝှေ့ (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပပြုလုပ်

FI

မေ ၂၀ (ပဲခူး) ================================ မေလ(၂၀)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အသက်(၂၅)နှစ်အောက် ရိုးရာလက်ဝှေ့(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်လုပွဲများအဖြစ် လူသစ်တန်း(၄၈)ကီလိုတန်း၊ (၅၀)ကီလိုတန်း၊ (၅၄)ကီလိုတန်း၊ (၅၇)ကီလိုတန်း၊ (၆၀)ကီလိုတန်းများနှင့် (၆၃.၅)ကီလိုတန်းနှင့် (၆၇)ကီလိုတန်းလက်ရည်စစ်ပွဲ၊ (ဂ)အဆင့်(၄၈)ကီလိုတန်း၊ (၅၁)ကီလိုတန်း၊ (၅၇)ကီလိုတန်း၊ အမျိုးသမီး(၄၈)ကီလိုတန်းတို့ ယှဉ်ကစားကြသည်။ ထို့နောက် ကီလိုတန်းအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်ငယ်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး တံခွန်စိုက်ဆုဖလားရရှိသော တောင်ငူခရိုင်အသင်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်က တံခွန်စိုက်ဆုဖလား ချီးမြှင့်ပေးအပ်သည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အသက်(၂၅)နှစ်အောက် ရိုးရာလက်ဝှေ့(အမျိုးသား)ပြိုင်ပွဲကို မေလ(၁၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကီလိုတန်းအလိုက် ပထမဆုရရှိသူများအား …

Read More »

ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပပြုလုပ်

FI

မေ ၃ (ပဲခူး) ================================ မေလ(၃)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြရာ ပဲခူးခရိုင်အသင်းက အနိုင်ရဗိုလ်စွဲသွားခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ရာ အကောင်းဆုံး အားကစားသမားဆုရရှိသူ ပဲခူးခရိုင်အသင်းမှ ကျောနံပါတ်(၁၁)မင်းဇော်ဟန်အား ဆုတံဆိပ်နှင့်ငွေသားဆုကို ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်ကလည်းကောင်း၊ ပထမဆုရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပထမဆုရရှိသော ပဲခူးခရိုင်အသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း လူငယ်ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးချုပ်အား MNL မှ တာဝန်ရှိသူများတွေ့ဆုံ

FI

မတ် ၂၆ (ပဲခူး) =================           မတ်လ ၂၆ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း လူငယ်ဘောလုံးအားကစား ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးချုပ်အား MNL မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး၊ Myanmar National League မှ အမှုဆောင်အရာရှိချုပ် ဦးဆူးအောင်က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပဲခူးတိုင်းဒေသကြီးတွင် အသက်(၆)နှစ်မှ (၁၂)အထိ ကလေးငယ်များအတွက် ဘောလုံးပွဲတော်များ၊ အသက် (၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲများအား ကျင်းပဆောင်ရွက်ပေးသွားမည့် အစီအမံများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်က မြန်မာ့ဘောလုံးရွှေခေတ်ကာလတွင် ပဲခူးတိုင်းဒေသကြီးမှ လက်ရွေးစင်များစွာ ပါဝင်ခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ခေတ်အဆက်ဆက် နိုင်ငံဂုဏ်ဆောင် …

Read More »

ပြည်ထောင်စုအဆင့် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု ပဲခူးတိုင်းဒေသကြီး ဒုတိယဆုရရှိ

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) ======================== ၂ဝ၁၇ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ဓါတ်ပုံပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် အတက်ကြွဆုံး လှုပ်ရှားပါဝင်ခဲ့သည့် မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီ အချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကား ပြောကြားကာ ဆုများချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင် နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာ ရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ကယားပြည်နယ်၊ စည်ပင်သာယာရေးနှင့်လူမှုရေး ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန …

Read More »

မြို့နယ်အလိုက် ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းနိုင်ရေး လာရောက်ဆွေးနွေး

FI

ဖေဖော်ဝါရီ ၂၂ (ပဲခူး) =====================           ဖေဖော်ဝါရီလ (၂၂)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲရုံး၊ တော်ဝင်ဟံသာခန်းမ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးဘန်နီတင်အောင် ဦးဆောင်သော ကိုယ်စားအလှယ်အဖွဲ့မှ မြို့နယ်အလိုက် ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းနိုင်ရေး လာရောက် တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ အဓိကအားကစား တစ်ခုသည် ဘောလုံးအားကစားတစ်ခုဖြစ်ကြောင်း၊ ဘောလုံးအားကစားသည် ဒီမိုကရေစီနည်းစနစ် များနှင့်လည်း တူညီမှုရှိပြီး စည်းကမ်းရှိခြင်း၊ စည်းလုံးမှုရှိခြင်းနှင့် တစ်ဦးချင်းစွမ်းရည်ပြည့်ဝခြင်း စသည့်တို့ အခြေခံအချက်အလက်များရှိရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဘန်နီတင်အောင်က မြို့နယ်အဆင့် ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီအမံများအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။           ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဆွေးနွေးအကြံပြုခဲ့ကြပြီး ဒုတိယဥက္ကဋ္ဌ ဦးဘန်နီတင်အောင်မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ …

Read More »