Home / ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်ခြင်းနှင့် ကျုံးပတ်လမ်းဖောက်လုပ်ခြင်း စီစဉ်ဆောင်ရွက်နေ

FI

ဧပြီ ၂၆ (ပဲခူး) ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ ၂၆ ရက်နေ့၊ နံနက်(၁၀) နာရီအချိန်က ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်ခြင်းနှင့် ကျုံးပတ်လမ်း ဖောက်လုပ်ခြင်း ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်ခြင်းသည် ပဲခူးတိုင်းဒေသကြီးအတွက် သမိုင်း မှတ်တိုင်တစ်ခု စိုက်ထူနိုင်မည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ဘုရင့်နောင်မင်းတရားကြီး၏  ဘုန်းမီးနေလထွန်းတောက်ချိန်တွင် မြို့ပြများ၊ နန်းမြို့ရိုးများ၊ ကျုံးများ မည်သို့တည်ဆောက် ထားရှိခဲ့သည်ကို သိရှိစေရန်နှင့် အရှေ့တောင်အာရှ၏ အကြီးမားဆုံး မြို့ပြနိုင်ငံတစ်ခု ဖြစ်ခဲ့သည်ကို မြန်မာနိုင်ငံသူ/သားများ တန်ဖိုးထားတတ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။           ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ရှေးဟောင်းကျုံးပြန်လည်တူးဖော်ခြင်း၊ မြို့တံခါးများနှင့် ကျုံးပတ်လမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား Power …

Read More »

ပဲခူးမြို့၊ ဟံသာဝတီမြို့ရိုးဟောင်းနှင့် ကျုံးများ ပြန်လည်တူးဖော်ရန် စီစဉ်ဆောင်ရွက်

FI

မတ် ၆ (ပဲခူး) ======================           မတ်လ (၆)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ် အစည်းအဝေးခန်းမ၌ ပဲခူးမြို့၊ ဟံသာဝတီမြို့ရိုးဟောင်းနှင့် ကျုံးများ ပြန်လည်တူးဖော်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပဲခူးမြို့သည် ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ခဲ့သည့် ဘုရင် နန်းစိုက်ခဲ့သည့် မြို့တော်တစ်ခုဖြစ်ပြီး အစဉ်အလာကြီးမားသည့် မြို့တော်ဟောင်းတစ်ခုဖြစ်ပါ ကြောင်း၊ မြို့ရိုးဟောင်းနှင့် ကျုံးများ ပြန်လည်တူးဖော်နိုင်မည်ဆိုပါက ပြည်ပခရီးသွားများအပြင် ပဲခူးတိုင်းဒေသကြီးအတွက် အလွန်အကျိုးဖြစ်ထွန်းစေမည့် ပြယုဂ်တစ်ခု ဖြစ်လာနိုင်မည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံအတွက် ဂုဏ်ယူရမည့် လုပ်ငန်းတစ်ခုဖြစ်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပညာရှင်များက အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။           ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပညာရှင်များက မြို့ရိုးဟောင်းများ ပြန်လည်ဖော်ထုတ်ရန်နှင့် ကျုံးများ ပြန်လည်တူးဖော်ရန်နှင့် ယင်းဧရိယာအတွင်း …

Read More »