Home / မြန်မာနိုင်ငံရဲတပ်ဖွဲ့

မြန်မာနိုင်ငံရဲတပ်ဖွဲ့

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း သရုပ်ပြခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဖေဖော်ဝါရီ ၄ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူးပြီး ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ဥဿာမြို့သစ်၊ (၈)ရပ်ကွက်၊ မြို့ရှောင်လမ်းဘေးရှိ အငြိမ်းစားဝန်ထမ်းအိမ်ရာတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း (သီဟဟင်္သာ)သရုပ်ပြသခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ UN – HABITAT မှ ဒေါ်သိမ့်ရီစိုးက ငလျင်အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပြီး ငလျင်လှုပ်ခတ်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲရမည့်လုပ်ငန်းစဉ်များ၊ ကယ်ဆယ်ရှင်းလင်းရေး လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ ကျန်းမာရေးစောင့်ရှောက်ရမည့် လုပ်ငန်းစဉ်များ၊ ဒဏ်ရာရရှိသူများနှင့် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ် ဘေးကင်းရာအရောက်ပို့ဆောင်ရမည့် လုပ်ငန်းများနှင့် ငလျင်လှုပ်ပြီးနောက် လူနေအိမ်မှဝါယာရှော့ဖြစ်၍ မီးလောင်ငြိမ်းသတ်ခြင်းဆောင်ရွက်ပုံများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ လာရောက်အားပေးခြင်း၊ ကူညီစောင့်ရှောက်ထောက်ပံ့ခြင်း လုပ်ငန်းများအား ပူးပေါင်းဌာနများက ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသပေးသည်။ ငလျင်လှုပ်ခတ်ပြီးနောက် မိမိ၏မိသားစုဝင်များကို စစ်ဆေးပါ၊ မိသားစုဝင်များ ပျောက်ဆုံးသွားပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ၊ ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ဆေးပြီးလိုအပ်သော အကူအညီများပေးပါ၊ သက်ဆိုင်ရာအစိုးရဌာနမှ …

Read More »

လုပ်ပိုင်ခွင့်များနှင့် ဥပဒေကိုအသုံးပြုရာမှာ ပွင့်လင်းမြင်သာစွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ရန် ဝန်ကြီးချုပ်ပြောကြား

FI

အောက်တိုဘာ ၁ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပဲခူးမြို့၊မြို့တော်ခန်းမတွင် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်က (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ရဲ့လုပ်ပိုင်ခွင့်များနဲ့ ဥပဒေကိုအသုံးပြုရာမှာ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ယူမှု၊တာဝန်ခံမှု ပြုနိုင်သော ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ကြရန်၊ ရဲတပ်ဖွဲ့၏ သမာဓိဂုဏ်သိက္ခာ၊ ပြည်သူလူထု၏ ယုံကြည်မှု၊ ဥပဒေနှင့် ညီညွတ်မှုစသည့် အချက်သုံးချက်ကို ခိုင်မာအောင် တည်ဆောက်ပြီး နိုင်ငံတော်နှင့် ပြည်သူကိုအကျိုးပြုသော မိမိတို့ရဲ့အလုပ်ကို တန်ဖိုးထား ဂုဏ်ယူစွာဖြင့် အစဉ်ကြိုးပမ်း လုပ်ဆောင်သွားကြရန်၊ ဒီမိုကရေစီ ထူထောင်သည့် ယနေ့ကာလတွင် ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီသည့် ရဲလုပ်ငန်းကို ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု တည်ဆောက်ခြင်းသည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်အားလုံး၏ အရေးအကြီးဆုံးနှင့် ပထမဆုံးဆောင်ရွက်ရမည့် အချက်မှာ ပြည်သူအပေါ် ပြုကျင့်ဆက်ဆံသည့် …

Read More »

ပြည်သူအကျိုးပြု ရေလှူဒါန်းခြင်းပြုလုပ်

FI

ဧပြီ ၉ (ပဲခူး) ==================================   ဧပြီလ (၉)ရက်နေ့ ၌ခူးခရိုင်ရဲတပ်ဖွဲ့မှူး၊ ယာယီဒုတိယရဲမှူးကြီး စိန်မင်း ဦးစီးတပ်ဖွဲ့ဝင် (၃၂)ဦးသည် ကဝမြို့နယ်၊ စာဖြူစုကျေးရွာသို့ သောက်သုံးရေဂါလံ (၃၅၀၀)ဂါလံ၊ တန်ဖိုးငွေ(၁၈၅၀၀ဝိ/-)အားလည်းကောင်း၊ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး၊ ယာယီဒုရဲမှူးကြီး ကျော်စိုး၊ ကြို့ပင်ကောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဆွေ ဦးစီးသော တပ်ဖွဲ့ဝင်(၃၄)ဦးမှ ကြို့ပင်ကောက်မြို့နယ်၊ သဲတွင်းကျေးရွာသို့ သောက်ရေဂါလံ(၂၅၀)ဂါလံ၊ သုံးရေဂါလံ(၂၈၀ဝ)ဂါလံ၊ စက်တိုင်ကုန်းရပ်ကွက်သို့ သောက်ရေဂါလံ(၂၅၀)ဂါလံ၊ သုံးရေဂါလံ(၂၈၀၀)ဂါလံ၊ စုစုပေါင်းတန်ဖိုးငွေ (၉၀၀၀ဝိ/-)အားလည်းကောင်း၊ သာယာဝတီမြို့မစခန်းမှူး ဒုရဲမှူး လှသိန်းဦးစီးသော တပ်ဖွဲ့ဝင်(၁၆)ဦးသည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၊ အောက်ချောင်းသုံးခွကျေးရွာ၊ ကျွဲသတ်ကျေးရွာတို့အား (၂၀)လီတာရေသန့်ဗူးကြီး(၁၀၀)ဗူး (၅၀၀)ဂါလံ၊ (၁)လီတာရေသန့်ဗူး(၃၀၀)ဗူး(၆၀)ဂါလံ၊ စုစုပေါင်းတန်ဖိုး(၉၅၀၀ဝိ/-)တို့အား ကျေးလက်နေပြည်သူ/သားများအတွက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ အသီးသီး လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read More »

ရဲတပ်သားသစ် သင်တန်းအမှတ်စဉ်(၂၉၈/၂၀၁၆-ပခရ) သင်သန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဧပြီလ ၇ (ပဲခူး) ========================================           ပဲခူးမြို့၊ ဥဿာမြို့သစ်၊ မြို့ရှောင်လမ်း၊ အမှတ်(၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၌ ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲတပ်သားသစ် သင်တန်းအမှတ်စဉ်(၂၉၈/၂၀၁၆-ပခရ) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။           ရှေးဦးစွာ သင်တန်းသားများက စစ်ကြောင်းပုံစံဖြင့် စစ်ရေးပြကွင်းအတွင်းသို့ ချီတက် နေရာယူကာ နိုင်ငံတော်အလံအား အလေးပြုကြပြီး  ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်မှ သင်တန်းဆင်းအမှာစကားပြောကြားသည်။           ထို့နောက် သင်သန်းသား စံပြဆု၊ စာပေဆု၊ စစ်ရေးပြဆု၊ လက်နက်ငယ်ဆု ရရှိသူများအား အလေးပြုကြပြီး  ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်မှ ဆုများအသီးသီး ပေးအပ် ခဲ့သည်။           အဆိုပါရဲတပ်သားသစ် သင်တန်းအား (၂၁-၁၁-၂၀၁၆)မှ(၆-၄-၂၀၁၇)ထိ ဖွင့်လှစ်ကာ သင်တန်းသား (၁၁၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး၊ ယင်နေ့ ညပိုင်းတွင် သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။ …

Read More »

ရဲတပ်ဖွဲ့ဝင်များမှ ပြည်သူအကျိုးပြု ရေလှူဒါန်းခြင်းပြုလုပ်

FI

မတ်လ ၂၆ (ပဲခူး)  ============================================    ၂၀၁၇ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်မှ (၁၀:၀၀)အချိန်နာရီထိ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး  စိန်မင်း ဦးစီးသော ရဲတပ်ဖွဲ့ဝင် (၁၅)ဦးနှင့် သနပ်ပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မြတ်ဦး ဦးစီးသော ရဲတပ်ဖွဲ့ဝင် (၃၅)ဦးတို့မှ ယာဉ်အမှတ်(1C-3864) FUSO (၆)ဘီးယာဉ်၊ (5L-5671) FAW (၆)ဘီးယာဉ်တို့ဖြင့် သနပ်ပင်မြို့နယ်၊ ကသစ်ခုံကျေးရွာရှိ အိမ်ခြေ(၁၃၅)ခုအတွက် သောက်ရေဂါလံ(၂၄၀၀)၊ လီတာ(၂၀)ရေသန့်ဗူးကြီး(၁၅၀)ဗူး၊ စုစုပေါင်းတ်ဖိုး(၉၅၀၀ဝိ/-)တို့အားလည်းကောင်း၊ ထပ်မံ၍ မွန်းလွဲပိုင်းတွင် နတ်ရေကန်ကျေးရွာသို့ ရောက်ရှိပြီး အိမ်ခြေ(၉၃၄)ခုအတွက် သောက်ရေဂါလံ(၂၈၀၀)၊ တန်ဖိုး(၆၀၀၀ဝိ/-)တို့အားလည်းကောင်း ကျေးရွာနေပြည်သူ များအတွက် ပြည်သူ့အကျိုးပြု(ရေလှူဒါန်း)လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။

Read More »

(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေလှူဒါန်းမှု ပြုလုပ်

FI

မတ်လ ၂၆ (ပဲခူး) ==================================== ၂၀၁၇ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီမှ မွန်းလွဲ(၁၃:၃၀)နာရီထိ (၇၂)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး စိန်မင်းဦးစီးသော ရဲတပ်ဖွဲ့ဝင်(၃၇)ဦးနှင့် ပဲခူးမြို့၊ ကလျာဏမိတ္တ လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးကုလား ဦးဆောင်သော အဖွဲ့ဝင်(၁၀)ဦးတို့မှ ယာဉ်အမှတ်(H-5158) TE (၆)ဘီးယာဉ်ဖြင့် ကဝမြို့နယ်၊ ရွှေတဆုပ် ကျေးရွာရှိ အိမ်ခြေ(၁၄၀)အတွက် ရေဂါလံ (၅၀)ဆံ့ ပီပါ(၇၀)လုံး၊ သောက်ရေဂါလံ(၃၅၀၀)နှင့် (၂၀)လီတာ ရေသန့်ဗူးကြီး(၁၅၀)ဗူး၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၂)သိန်းတို့အား ကျေးရွာနေပြည်သူလူထုအတွက် သွားရောက်လှူဒါးပေးခဲ့သည်။

Read More »

(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းခြင်းပြုလုပ်

FI

မတ်လ ၂၆ (ပဲခူး) ===================================   ၂၀၁၇ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ နံနက်(၇)နာရီမှ နံနက်(၁၀)နာရီထိ (၇၂)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မ(၇၇) ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး နီလင်းအောင်၊ ပထပ(ပဲခူး)မှ ဗိုလ်မှူးကြီး ငွေတိုး၊ တပ်မ(၇၇) နည်းဗျူဟာမှူးကြီး ဗိုလ်မှူးကြီး မြင့်ဇော်မိုး၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးမင်းထိုက်၊ ဦးစီး(ပ)ဒုရဲမှူးကြီး မင်းဟန်၊ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွေးတို့ဦးဆောင်သော အရာရှိ/အခြားအဆင့် ရဲတပ်ဖွဲ့ဝင် (၁၂၃)ဦး၊ တပ်မ(၇၇)မှ အရာရှိ/ အခြားအဆင့်စစ်သည်(၂၆၆)ဦး၊ မီးသတ်တပ်ဖွဲ့ဝင်(၁၂၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၁၅)ဦး၊ စုစုပေါင်း(၅၂၄)ဦးတို့သည် ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းထွန်း၊ တောင်ငူခေတ္တ(မနအမှူး)ဒုရဲမှူး ခင်မောင်ထွေး၊ အမှတ်(၁၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အုန်းကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ …

Read More »

မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

IMG_2931

စက်တင်ဘာ ၅ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပဲခူးမြို့၊ အ.ထ.က(၃)ကျောင်းရှိ YMBAခန်းမ၌ ကျောင်းသား/ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးတာဝန်ခံ ဆရာမကြီးဒေါ်မြင့်မြင့်သန်းက ပညာပေး ဟောပြောပွဲပြုလုပ်ပေးရခြင်း အကြောင်း ပြောကြားပြီးနောက် လူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၃)တပ်ဖွဲ့စုမှူး(ပဲခူး)၊ ရဲမှူးအောင်စိုးက လူမှောင်ခိုကူးမှုဆိုင်ရာများကို လည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(၃၆)မှ ရဲအုပ်ထွန်းအောင်သိန်းက “အဖြူရောင်ရေခဲလွင်ပြင်နှင့် အညိုရောင်ချောကလက်အိပ်မက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဗိမာန်ဆုရှင် စာရေးဆရာမ ဒေါ်ဝတ်ရည်ခင်(ပဲခူး)က “ကျန်းမာပျော်ရွင်ဒို့ဘဝအသွင်အစဉ် ဖွံ့ဖြိုးကြိုးပမ်းစို့” ခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။ ထို့နောက် ဟောပြောပေးခဲ့ကြသူများကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပညာရေးမှူးတာဝန်ခံဆရာမကြီး ဒေါ်မြင့်မြင့်သန်းတို့က  ဂုဏ်ပြုလက်မှတ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

Read More »

ပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရက်(၁၀၀)အတွင်း ဝန်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

0-02-01-20fa3dfefcaf50af47a1aa3eb6ab855a187a9d5a8ae35e2131d87662d71eef70_full

သြဂုတ် ၂၃ ပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရက်(၁၀၀)အတွင်း ဝန်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေးအခမ်းအနားကို သြဂုတ်လ (၂၃)ရက်၊ နံနက် (၀၈:၃၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားပြီးနောက်၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမျိုးမင်းထိုက်က ရက်(၁၀၀)အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို အပိုင်း(၃)ပိုင်းဖြင့် ဆောင်ရွက်ခဲ့ရာတွင် အပိုင်း(၁) မှုခင်းကျဆင်းရေး၊ အပိုင်း(၂) နိုင်ငံရေးအကျဉ်းသားများ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်သည့် အမှုရင်ဆိုင်နေကြသူများ နှင့်စပ်လျဉ်းသည့် အမှုများကို ရုပ်သိမ်း/ပိတ်သိမ်းနိုင်ရေး၊ အပိုင်း(၃) ဝန်ဆောင်မှုကို ရှေ့ရှုသောရဲလုပ်ငန်းစနစ်သို့ အသွင်သဏ္ဍာန်ပြောင်းလဲခြင်းနှင့် အနှစ်သာရတိုးတက် အောင် မြှင့်တင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် မှုခင်းအသိပညာပေးယာဉ်နှင့် ရဲမှုခင်းဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း …

Read More »