Home / အုပ်ချုပ်ရေး (page 3)

အုပ်ချုပ်ရေး

စည်းကမ်းချက်များ အသိပေး ထုတ်ပြန်ခြင်း

Notic(Bago)

အုတ်ဖုတ်ခြင်းလုပ်ကိုင်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ——————   သဲစုပ်ခြင်းလုပ်ကိုင်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ———————-   ကျောက်စရစ်ထုတ်လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ———————-   ကျောက်ကြီးထုတ်လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ————————-

Read More »

စက်တင်ဘာလ (၁)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် မိုးလေဝသသတင်း ထုတ်ပြန်ချက်

1-9-2017

စက်တင်ဘာ ၁ (ပဲခူး) ==================================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။ မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်း(၈၀)ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် (၅)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ …

Read More »

အုပ်ချုပ်ရေးမှုးတစ်ဦး၏လုပ်ဆောင်မှုသည်အစိုးရအဖွဲ့၏ပုံရိပ်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

FI

သြဂုတ် ၁၀ (ပဲခူး) ==================================== သြဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဝန်ကြီးချုပ်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးများဖြစ်သောကြောင့် မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သိရှိအောင်လေ့လာထားကြရန်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား မပြုလုပ်ကြရန်လိုကြောင်း၊ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို သက်ဆိုင်ရာအစိုးရ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီးပါဝင် ဆောင်ရွက်သွားကြရန်၊ အထက်ကပေးအပ်သော တာဝန်ကိုသာမက မိမိဒေသအတွက် မိမိတို့အသိစိတ်ဖြင့် ဆောင်ရွက်သွားကြရန်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မကြာခဏတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးသွားကြရန်၊ မြေယာကဏ္ဍများ ကိုင်တွယ်ဖြေရှင်းရာတွင် ဥပဒေ၊ နည်းဥပဒေများအတိုင်း အဂတိတရားကင်းရှင်းစွာ တိကျမှန်ကန်စွာ ဆောင်ရွက်သွားကြရန်၊ ပြောင်းလဲခြင်းများ ပြုလုပ်ရာတွင် …

Read More »

“တောင်သူဆန္ဒ” စိုက်ပျိုးနည်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၂ ============================ ဇူလှိုင်လ(၂)ရက်နေ့၊ နံက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာ၊ ကွင်းအမှတ်(၁၂၅၀)၊ တောင်သူဦးပြုံးချို၏ လယ်ကွင်း၌ “တောင်သူဆန္ဒ” စိုက်ပျိုးနည်းသရုပ်ပြပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီး လူဦးရေစုစုပေါင်း၏ (၇၈)ရာခိုင်နှုန်းသည် ဘဝရပ်တည်မှုအတွက် လယ်ယာလုပ်ငန်းအပေါ် မှီခိုရပ်တည်နေကြသူများဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲမှုလျော့နည်းအောင် ဆောင်ရွက်ရာ၌ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းနှင့် စတင်ရမှာ ဖြစ်ကြောင်း၊ လယ်သမားများအတွက် အကျိုးအမြတ်ရှိသော သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများတွင် သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချကာ နည်းပညာကို အခြေခံသည့် ရေရှည်တည်တံ့သော သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို မလွဲမသွေ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်မှ တောင်သူဆန္ဒ စိုက်ပျိုးနည်းသရုပ်ပြပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး …

Read More »

ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် သင့်တင့်သော အခွန်နှုန်းထားများ ပေးဆောင်နိုင်သည့် စက်မှုလုပ်ငန်းများဖြစ်ရန် ဝန်ကြီးချုပ် တိုက်တွန်း

FI

ဇွန် ၁၆ (ပဲခူး) ==================================================           ဇွန်လ(၁၆)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း ခေတ်ကာလ အခြေအနေအရ စက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာသော်လည်း မြေငှားရမ်းခ အခွန်နှုန်းထား သတ်မှတ်ချက်သည် ယခင်ကာလများ အတိုင်းသာ ရှိနေသေးကြောင်း၊ ဒါကြောင့် စက်မှုလုပ်ငန်းရှင်များအား ခေါ်ယူပြီး ခေတ်ကာလနှင့် လိုက်လျောညီထွေဖြစ်စေမည့် အခွန်နှုန်းထားများ သတ်မှတ်ပေးနိုင်ရေးဖြစ်ကြောင်း၊ တချို့လုပ်ငန်းရှင် များသည် မြေနေရာရယူထားပြီး လုပ်ငန်းဆောင်ရွက်ခြင်းမရှိကြောင်း၊ ဒီလိုအခြေအနေများကြောင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ၊ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများ၊ ဈေးကွက်များ ဆုံးရှုံးနေကြောင်း၊ ဒါကြောင့် အမှန်တကယ် အလုပ်လုပ်ကိုင်နေသည့် စက်မှုလုပ်ငန်းရှင်များကို အစိုးရမှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ လုပ်ငန်းဆောင်ရွက်ခြင်းမရှိဘဲ မြေနေရာ ရယူထားသူ များအား မြေခွန်နှုန်းထားသစ်များ သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (တတိယနေ့)ကျင်းပပြုလုပ်။

14

ဖေဖော်ဝါရီ ၂၈ (တောင်ငူ) ==================== ဖေဖော်ဝါရီလ(၂၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က တောင်ငူမြို့ပညာရေးကောလိပ်၊ မြတ်ပညာခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဒေသအလိုက်အမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(တတိယနေ့)အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နိုင်ငံတော်အလံကို အလေးပြုကြပြီး ပဲခူးတိုင်းဒေသကြီး ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ ဥက္ကဌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးမှ ယခုအခါ နိုင်ငံရေးလမ်းပြမြေပုံပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်း အဆင့်ဆင့်သို့ လျှောက်လှမ်းနေကြပြီဖြစ်ကြောင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးမှ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး မူဝါဒများရရှိရေးအတွက် ခရိုင်အဆင့်အကြို ဆွေးနွေးပွဲများကို ကြိုတင်၍ကျင်းပခဲ့ပြီး သဘောထားစုစည်းချက်များကို စုစည်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးများ၊ အရပ်ဘက်လူအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်နိုင်ရေးအတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ …

Read More »

ပဲခူးတိုင်းဒေသကြီး၊ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

16864977_203190630160685_3281479614009051396_n

ဖေဖော်ဝါရီ ၂၄ (တောင်ငူ) ============================= ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူတက္ကသိုလ်အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၂၄)ရက်နေ့၊ နေ့လည်(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဒေသအလိုက်အမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှုးများ၊ လုပ်ငန်းကော်မတီဝင်များ တက်ရောက် ကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုလ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲသည် (၂၁)ရာစုဒုတိယပင်လုံ၏ အသက်သွေးကြောတစ်ခုဖြစ်ကြောင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှု ကော်မတီအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှလည်း လိုအပ်သည့် ကော်မတီများအား ထပ်မံဖြည့်စွက် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ တက်ရောက်လာသည့် ကော်မတီများအနေဖြင့် အခက်အခဲများရှိက တင်ပြကြရန်လိုကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြမည့် ဧည့်သည်များ သတ်မှတ်သည့်နေ့တွင် အချိန်တည့်ကျစွာ ရောက်ရှိနိုင်ရေး၊ တည်းခိုနေထိုင်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ …

Read More »

ခရိုင်အဆင့် ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပ

FI

ဖေဖော်ဝါရီ ၁၅ (ပဲခူး) ==================                  (၁၅.၂.၂၀၁၇)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် တောင်ငူမြို့၊ ပညာရေးကောလိပ် အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယမြောက်နေ့အား ဆက်လက်ကျင်းပသည်။                  အဆိုပါအခမ်းအနားတွင် နိုင်ငံရေးစာတမ်း အနှစ်ချုပ် ပြန်လည်ဖတ်ကြားခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း၊ စီးပွားရေး စာတမ်း အနှစ်ချုပ် ပြန်လည်ဖတ်ကြားခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း၊ မြေယာနှင့်သယံဇာတ စာတမ်းအနှစ်ချုပ် ပြန်လည်ဖတ်ကြား ခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းတို့ လုပ်ဆောင်ခဲ့ကြပြီးနောက် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။                         အခမ်းနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အခမ်းအနား နာယကများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း(၂၀၀)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။  

Read More »

ခရိုင်အဆင့် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

FI

ဖေဖော်ဝါရီ ၁၄ (ပဲခူး) =========================           (၁၄.၂.၂၀၁၄)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့တွင် ကျင်းပပြုလုပ်သော ခရိုင်အဆင့် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။           အခမ်းအနား၌ ဝန်ကြီးချုပ်က  ဒီကနေ့ ကျင်းပတဲ့ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသည် မြန်မာနိုင်ငံမှာ သမိုင်းပေးတာဝန်အရ အရေးပါတဲ့ ဒုတိယပင်လုံရဲ့ အစိတ်အပိုင်းတစ်ခု သို့မဟုတ် ရေသောက်မြစ်တစ်ခုဆိုရင်လဲ မမှားနိုင်ကြောင်း၊ ဒေသလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားနိုင်ရန်အလို့ငှာ ရေရည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ရည်မှန်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲသည် တိုင်းပြည်နဲ့ လူမျိုးတို့ရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံ တကာနဲ့ ပုခုံးချင်းယှဉ်ပြိုင်နိုင်စေဘို့ ပုံရိပ်တစ်ခုပဲဖြစ်ကြောင်း၊ …

Read More »