Home / ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဧပြီ ၂၉ (တောင်ငူ) ================================ ၁၃၈ဝခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၁၈ခုနှစ် ဧပြီ(၂၉)ရက်နေ့ ညနေ(၅)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကြီး၏ ဦးဆောင်နာယကများဖြစ်ကြသော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းတို့က အဖွင့်အမှာစကားနှင့် မုဒိသာစကားပြောကြားကြပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအတွင်းရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှုးအမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ယာရစ်(၃)ပတ် ပတ်ပြီး မြတ်စွာဘုရားပွင့်တော်မူခဲ့သော မဟာဗောဓိပင်ကို အာရုံပြုရည်မှန်း၍ ဗောဓိညောင်ပင်တွင် ညောင်ရေများသွန်းလောင်းပူဇော်ကြပြီး မေတ္တာပို့အမျှအတမ်း ပေးဝေကြသည်။ ယင်းနောက် တောင်ငူမြို့ပေါ်ရပ်ကွက် (၂၃)ခုမှ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် အတီး၊ အမှုတ်၊ အက၊ အခုန်၊ ဆင်အကတို့ဖြင့် ပါဝင်ယှဉ်ကြရာ ပထမဆုရရှိသော အမှတ်(၂)ရပ်ကွက်အသင်းအား ငွေသားဆုကျပ်(၂)သိန်းကို …

Read More »

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (၆၈)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်

FI

ဧပြီ ၂၉ (ပဲခူး) ================================= မြတ်စွာဘုရားပွင့်တော်မူသော မဟာဗောဓိပင်ကိုရည်မှန်း၍ ၁၃၈ဝခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၁၈ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့ နံက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဗောဓိညောင်ပင်တွင် (၆၈)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မဟာဗောဓိပင် ဘုရားရှိခိုးရွတ်ဆို၍ မဟာဗောဓိပင်ကိုရှိ ခိုးပူဇော်ကြပြီး ပတျာဝတ္တဂါထာရွတ်ဆိုကာ ဗဟာဗောဓိပင်ကို ပန်း၊ရေချမ်းဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် ဗဟာဗောဓိပင်ပတ်ပတ်လည်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီး ဦးညွှန့်ရွှေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များက ဒုက္ခပတ္တာစနိဒုက္ခာဂါထာတော်ကို (၃)ခေါက်ရွတ်ဆိုမေတ္တာပို့သပြီး ညောင်ရေတော်များ သွန်းလောင်းအမျှဝေ သာဓုခေါ်ဆိုကြသည်။ ယင်းနောက် အရပ်ရှစ်မျက်နှာရှိ (ပထမ)အမျိုးသမီးငယ်(၈)ယောက်မှ ကိုယ်စိတ်နှစ်ဝချမ်းသာကြပါစေ အစဂါထာ(၃)ခေါက်ရွတ်ဆို၍လည်းကောင်း၊ ဒုတိယအမျိုးသမီးငယ်(၈)ယောက်မှ ကိုယ်စောင့်နတ်၊ ဗောဓိပင်စောင့်နတ် အစရှိသည်တို့ကိုရွတ်ဆို၍လည်းကောင်း၊ တတိယအမျိုးသမီးငယ်(၈)ယောက်မှ အရပ်လေးမျက်နှာ၊ …

Read More »

ပဲခူးမြို့၊ ဆုတောင်းပြည့်ဂဝံသံပတ်စေတီတော် မူလဌာပနာတော်သွင်း မဟာမင်္ဂလာအခမ်းအနားနှင့် နဂါးရုံဘုရား အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

FI

ဧပြီ ၄ (ပဲခူး) =============================== ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ အမှတ်(၇၇)ခြေမြန်တပ်မအနီး၊ ရွှေပန်းတောရ ရွှေပရိယတ္တိစာသင်တိုက်အတွင်း တည်ထားကိုးကွယ်သော ဆုတောင်းပြည့် ဂဝံသံပတ်စေတီတော် မူလဌာပနာတော်သွင်း မဟာမင်္ဂလာနှင့် နဂါးရုံဘုရား အနေကဇာတင် မင်္ဂလာအခမ်းအနားကို ဧပြီလ(၄)ရက်နေ့ နံနက်(၇)နာရီအချိန်က ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ သီရိမင်္ဂလာကြခတ်ဝိုင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တေဥယျဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ ပိဋကတ္တယပါရဂူ၊ နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင်)နှင့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ရန်ကုန်မြို့နေ ဦးနေဝင်းထွဋ် + ဒေါ်သီရိတင်ထွဋ် မိသားစုတို့မှ တည်ထားလှူဒါန်းသော နဂါးရုံဘုရားအား ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ကာ ဖွင့်လှစ်ပေးတော်မူကြပြီး အလှူရှင် ကမ္ဗည်းမော်ကွန်း ကျောက်စာအား အမွှေးနံသာနည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် ဂဝံသံပတ်စေတီတော်အား သတ္တဌာန မူလဌာပနာတော်သွင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဘုရားဒါယိကာ ဒါယိကာမ အလှူရှင်များက …

Read More »

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်၊ သံဃာအပါး(၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

FI

မတ် ၃၁ (ပဲခူး) ================================== မတ်လ(၃၁)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်နှင့် အနောက်ဖက်စောင်းတန်းတို့၌ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၀)ပြည့်နှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ဘုရားအမှုးပြုသော သုံးဂိုဏ်းဝင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပါး(၅၀၀)တို့အား (၆၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြူလုပ်သည်။ မြတ်စွာဘုရားအမှုးပြုသော ပဲခူးမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပါး(၅၀၀)တို့အား ဝန်ကြီးချုပ် အမှူးပြုသော ဝန်ကြီးများ၊ အစိုးရအဖွဲ့ ရုံးဝန်ထမ်းများ၊ လွှတ်တော်ဥက္ကဌ အမှူးပြုသော လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များ၊ ဂေါပကအဖွဲ့များက ဆွမ်းဆန်တော်၊ နဝကမ္မ၊ စာရေးတံမဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လောင်းလှူပူဇော်ကြသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းကာ မတ်လ(၁၈)ရက်နေ့ကလည်း ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ရင်ပြင်တော်တွင် ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်း၊ …

Read More »

ပဲခူးမြို့တွင် အကြီးဆုံး သာသနာချီးမြှောက်သည့် အခမ်းအနားတွင် ပါဝင်ကူညီလှူဒါန်းသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်

FI

မတ်လ ၂၉ (ပဲခူး) ========================             မတ်လ ၂၉ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ၊ စာအောင် သံဃာများ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာတော်အပါး(၁၈၀၀)တို့အား ဆွမ်းဆန်တော် လောင်းလှူပွဲများတွင် ပါဝင်ကူညီလှူဒါန်းသော အလှူရှင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ မတ်လ (၁၈)ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ၊ စာအောင်သံဃာများ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာတော်အပါး(၁၈၀၀)တို့အား ဆွမ်းဆန်တော် လောင်းလှူပွဲသည် ပဲခူးမြို့တွင် တစ်ကြိမ်တစ်ခါမှ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ ယခုလို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆောင်ရွက်သလို မြို့ခံပြည်သူများ မှလည်း ပူးပေါင်းကူညီဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ပဲခူးမြို့တွင် အကြီးဆုံး သာသနာချီးမြှောက် သည့် အခမ်းအနားတစ်ခု အောင်မြင်စွာ …

Read More »

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၀)ပြည့်နှစ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

Fi

မတ် ၂၄ (ပဲခူး) =================================== ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၀)ပြည့်နှစ် အထိမ်းအမှတ်ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို မတ်လ(၂၄)ရက်နေ့ ညနေ(၅)ရီအချိန်က ရင်ပြင်တော်မြောက်ဖက်မုခ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့်၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဌာနဓမ္မပူဇနိယအသင်းမှ ဦးအောင်မောင်းက ဗုဒ္ဓပူဇနိယပွဲတော် အဖွင့်အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ကာ သုခကာရီအသင်းမှ ဦးမြသိန်းက သမ္မာဒေဝနတ်များ ပင့်ဖိတ်တော်မူသည်။ ထို့နောက် သြဝါဒါစရိယ ပဲခူးမြို့စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာထံမှ ဧည့်ပရိတ်သတ်များက သြဝါဒကထာနာကြားကာ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားသဇ္ဈာယ် တော်မူကြသည်။ ယင်းနောက် ပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်က ပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ဆရာတော်ကြီးများထံ လျှောက်ထားတင်ပြပြီး ပုညဝဎ္ဍနအသင်း မှဒေါ်တင်မြက ပွဲတော်ဖွင့်ပွဲရတုပိုဒ်စုံဖြင့်လည်းကောင်း၊ သီလရှင်များ၊ ယောဂီအမျိုးသား/ အမျိုးသမီးများက ရှစ်လုံးဘွဲ့ကဗျာများဖြင့်လည်းကောင်း ပူဇော်ကြသည်။ …

Read More »

ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ စာအောင်သံဃာတော်များ၊ သီလရှင်များအားဂုဏ်ပြုပူဇော်ခြင်းနှင့် သံဃာအပါး(၁၈၀၀)အား ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပပြုလုပ်

FI

မတ် ၁၈ (ပဲခူး) ================================== မတ်လ(၁၈)ရက်နေ့၊  နံနက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးရင်ပြင်တော်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ စာအောင်သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ခြင်း၊ သံဃာအပါး(၁၈၀၀)အား ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နိုင်ငံတော်သြဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ တိုင်းသံဃာ့နာယကနှင့် မြို့နယ်သံဃာ့နာကယ ဆရာတော်များအမှူးပြူ၍ သံဃာတော်အရှင်သူမြတ် (၁၈၀၀)ပါးတို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။ ထို့နောက် စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်အသီးသီးမှ (၁၃၇၈)ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲအောင်စာအောင် သံဃာနှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်လှူဒါန်းပွဲ ဆက်လက်ကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ဖွင့်လှစ်ပြီး စောင်းဆရာ ကန်ဦးအောင်နှင့်တွဲဘက်၍ ရွှေတံဆိပ်ဆုရှင်တေးသံရှင်များက ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ ထူးမခြားနားသီချင်းခံသုံးပုဒ်တို့ဖြင့် သီဆိုပူဇော်ကြကာ ပရိတ်သတ်အပေါင်းက နိုင်ငံတော်သံဃာ့မဟာနာယအဖွဲ့ ဒုတိယဥက္ကဌ၊ ရေတာရှည်မြို့၊ …

Read More »

အသိပေးနှိုးဆော်ခြင်း

Slide1

မတ် ၁၂ (ပဲခူး) ==================== ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား၊ စာအောင်သံဃာတော်များ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာတော်အပါး (၁၈၀၀) တို့အား ဆွမ်းဆန်တော် လောင်းလှူပွဲတွင် စေတနာရှင် ပြည်သူများမှ ကုသိုလ်ပြု ပါ၀င်လှူဒါန်းနိုင်ပါ ကြောင်း

Read More »

ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီးအား ထီးတော်တင် မင်္ဂလာအခမ်းအနား ကျင်းပ

FI

ပြည် မတ် ၄ ============================================== ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်ရှိ သမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား ကျိုက်ထီးဆောင်းဆရာတော်ကြီး၏ ဆန္ဒနှင့်အညီ ၅ဝ၁ ဆူပြည့် ရွှေထီးတော်သစ် တင်လှူပွဲ အခမ်းအနားကို ပြည်မြို့ တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း ယနေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်သြဝါဒါစရိယ ဆရာ တော်များ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိုင်းသံဃနာယက ဆရာတော်များ၊ ကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနာဂဒီပ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ကျိုက်ထီးဆောင်းငါးသုံးလီမိသားစု၊ ပြည်ပနိုင်ငံများမှ ဆရာတော်များ၊ ရွှေဘုံသာမုနိ …

Read More »

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်ကြီး အတွက် ဘုံသုံးဆင့်ထီးတော် ပင့်ဆောင်တင်လှူမည်ဖြစ်

FI

ဖေဖော်ဝါရီ ၉(ပဲခူး) ==================================== ဖေဖော်ဝါရီလ ၉ ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ တိပိဋကဓရ တိပိဋကကောဝိဒ ဘဒ္ဒန္တဣန္ဒပါလ ဆရာတော်၊ ကျိုက်ထီးဆောင်းဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာဘဒ္ဒန္တနာဂဒီပနှင့်အလှူရှင်ဇေကမ္ဘာဦးခင်ရွှေတို့သည် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်ကြီး အတွက် စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ထီးတော်များပင့်ဆောင်ပြီး ရင်ငွေ့လှုံပူဇော်မည့် အစီအစဉ်များအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ တိပိဋကဓရ တိပိဋကကောဝိဒ ဘဒ္ဒန္တဣန္ဒပါလ ဆရာတော်နှင့် ကျိုက်ထီးဆောင်းဆရာတော်တို့မှ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာမုနိစေတီတော်ကြီး၏ သမိုင်းကြောင်း၊ ဗုဒ္ဓဘာသာ၏ မွန်မြတ်ကောင်းမွန်မှု၊ လေးစားတန်ဖိုးရှိမှု၊ တုနှိုင်းမဲ့ဂုဏ်ဒြပ်ကြီးမြတ်မှုတို့နှင့် ပတ်သက်၍ သြဝါဒကထာ ချီးမြှင့်ပေးကြပြီး၊ အလှူရှင် ဇေကမ္ဘာဦးခင်ရွှေက မွန်ပြည်နယ်၊ ကျိုက်ထီးဆောင် ဆံတော်ရှင် စေတီတော်မြတ်ကြီးမှ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီးသို့ တင်လှူပူဇော်မည့် ဘုံသုံဆင့်ထီးတော်အား ပင့်ဆောင်သွားမည့် အစီအစဉ်အရပ်ရပ်တို့နှင့်ပတ်သက်၍လည်းကောင်း၊ (၄-၂-၂၀၁၈)ရက်နေ့တွင် ပြည်မြို့၌ ဓမ္မဗိမာန် ပန္နက်တင်အခမ်းအနားကိုလည်းကောင်း တင်ပြလျှောက်ထားခဲ့သည်။ …

Read More »