Home / အုပ်ချုပ်ရေး / ပဲခူးခရိုင်

ပဲခူးခရိုင်

မုန်းတိုင်းသတင်း ထုတ်ပြန်ချက်

19-9-2018

စက်တင်ဘာ ၁၉ (ပဲခူး) ======================== စက်တင်ဘာလ (၁၉)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန် တိုင်းထွာချက်များအရ  မြန်မာ့ကမ်းရိုးတန်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပြီး ၎င်းလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် အခြားပြည်နယ်/ တိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြစ်ကမ်းပါးတစ်လျှောက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအနေဖြင့် အထူးသတိပြုနေနိုင်ကြပါရန် ကြိုတင်အသိပေးအပ်ပါသည်။

Read More »

ပဲခူးမြစ်ကူးတံတား(အသစ်) စီမံကိန်း အကောင်အထည်ဖော်ရေးကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

FI

စက်တင်ဘာ ၁၈ (ရန်ကုန်) ========================== စက်တင်ဘာလ (၁၈)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး၌ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီး တို့ဆက်သွယ်ဖောက်လုပ်မည့် ရန်ကုန်တိုင်းဒေသကြီးဖက်အခြမ်းမှ ဆားတလင်း- ဒါးပိန်- ကျွဲကူးဆိပ်လမ်းနှင့် ပဲခူးတိုင်းဒေသကြီးဖက်မှ သပြု – ရှမ်းကန် – က၀ လမ်းအားဆက်သွယ်ဖောက်လုပ်မည့် ပဲခူးမြစ်ကူးတံတား (ကျွဲကူးဆိပ်) တည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှုလျှပ်စစ်နှင့် လမ်းပန်းဝန်ကြီး ဒေါ်နီလာကျော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်သောင်းတို့တွေ့ဆုံ၍ ဒေသကြီးချင်းဆက် လမ်းအကောင်အထည်ဖော် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးသို့ လမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် လမ်းတံတားအဖွဲ့၊ ဆောက်လုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ဝေးကွာလွန်းသော နယ်မြို့လေးများ၏ စီးပွားရေးဖွံ့ဖြိုးမှုများအား အထောက်အကူပြုစေရန်၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန(၁၄၂)ခု၌ ကျောင်းသား/သူ ခုနှစ်သောင်းခွဲနီးပါး တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ် စတင်ဖြေဆို

FI

မတ် ၇ (ပဲခူး) ================================== မတ်လ(၇)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန(၁၄၂)ခု၌ ကျောင်းသား/သူ(၇၄၃၁၃)ဦးဖြေဆိုရန်စာရင်းပေးသွင်းထားရှိပြီးမြန်မာစာဘာသာရပ်ကိုကောင်းမွန်စွာစတင်ဖြေဆိုလျှက်ရှိကြကြောင်းသိရသည်။ မတ်လ(၇)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအနေဖြင့် ပဲခူးအရှေ့ခြမ်းတွင် စာစစ်ဌာန (၈၉)ခု၌ ကျောင်းသား/သူ (၄၇၄၃၀)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ပဲခူးအနောက်ခြမ်းတွင် စာစစ်ဌာန(၅၃)ခု၌ ဖြေဆိုမည့်သူ(၂၆၈၈၃)ဦး စုစုပေါင်းစာစစ်ဌာန (၁၄၂)ခုတွင် ဖြေဆိုမည့်သူ(၇၄၃၁၃)ဦး စာရင်းပေးသွင်းထားကြောင်း သိရသည်။ ထို့အတူ ပဲခူးမြို့နယ်အတွင်း၌လည်း ပဲခူးမြို့ပေါ်တွင် အထက(၁/၂/၃/၄/၅/၆) စာစစ်ဌာနများ၊ မြို့နယ်အတွင်းတွင် အထက-ဇောင်းတူစာစစ်ဌာန၊ အထက-ကျောက်တန်းစာစစ်ဌာန၊ အထက-ထန်းတောကြီးစာစစ်ဌာန၊ အထက-ထုံးကြီးစာစစ်ဌာန၊ အထက-ပျဉ်ပုံကြီးစာစစ်ဌာန၊ အထက-ဘုရားကြီးစာစစ်ဌာနနှင့် အထက-အင်းတကော်စာစစ်ဌာနဟူ၍ စာစစ်ဌာန(၁၃)ခုထားရှိပေးထားပြီး တက္ကသိုလ်ဝင်တန်း အတွဲ (၁/၂/၇)တို့တွင် အတွင်း/အပြင်မှ ဝင်ရောက်ဖြေဆိုရန် အထက(၁)စာစစ်ဌာနတွင် ကျောင်းသား/သူ(၁၁၈၆)ဦး၊ အထက(၂)စာစစ်ဌာနတွင် (၇၄၉)ဦး၊ အထက(၃)စာစစ်ဌာနတွင် (၁၀၁၄)ဦး၊ အထက(၄)စာစစ်ဌာနတွင် (၇၇၄)ဦး၊ အထက(၅)စာစစ်ဌာနတွင် (၉၄၆)ဦး၊ အထက(၆)စာစစ်ဌာနတွင် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

ဇန်နဝါရီ ၁၆ (ပဲခူး) ============================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၉.၁.၂၀၁၈) ရက်နေ့ မှ (၁၅.၁.၂၀၁၈) ရက်နေ့အတွင်း တရားမဝင်သစ် ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၃) မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၃၃.၆၇၆၂ တန်)၊ သစ်မာ (၄၀.၁၄၉၈ တန်)၊ အခြားသား (၂၁.၂၆၂၄ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် ချိန်းဆော (၁) လက်၊ လှည်း (၂) စီး၊ ကား (၃) စီးနှင့် တရားခံ (၄) ဦးအား …

Read More »

(၇၉)ကြိမ်မြောက် ဝိနယတံခွန် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲကျင်းပ

FI

ဇန်နဝါရီ ၁၄ (ပဲခူ) ================================= ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဇန်နဝါရီလ(၁၄)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်က ပဲခူးခရိုင် (၈)မြို့နယ်လုံးဆိုင်ရာ (၇၉)ကြိမ်မြောက် ဝိနယတံခွန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်လှူ ဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြမ်ရွတ်ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ကိုးသိန်းဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များက သေခိယလာပရိမဏ္ဍလဝင်္ဂပါဠိကိုရွတ်ဆိုပြီး သံဃာယနာတင်ကာ ဝိနယတံခွန်သြဝါဒစရိယ ဝမ်းဘဲအင်းဘာဝနာရုံဆရာတော် ဘဒ္ဒန္တဉာဏိန္ဒထံမှ ဝန်ကြီးချုပ်အမှုးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်တော်မူကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အလှူရှင်များကအလှူ ငွေများပေးအပ်လှူဒါန်းပြီး ဝိနယတံခွန်စာမေးပွဲ အကျိုးတော်ဆောင်အဖွဲ့က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ (၇၉)ကြိမ်မြောက် ဝိနယတံခွန်စာမေးပွဲ ရ/သုံးစာရင်းအား တွဲဘက်အတွင်းရေးမှူး ဦးသောင်းထွန်းနိုင်က အစီရင်ခံလျှောက်ထားတင်ပြီး ဘဏ္ဍာရေးမှူး ဦးသူရခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် စာအောင်သံဃာများအနက် ပါတိမောက္ခသီလသိက္ခာတန်း၊ သာမဏေရသီလသိက္ခာ အကြီးတန်း၊ သာမဏေရသီလသိက္ခာ အငယ်တန်းတို့တွင် ပထမ၊ ဒုတိယ၊ …

Read More »

တရားမဝင်သစ်ဖမ်းဆီးရမိမှု

FI

ဇန်နဝါရီ ၃ (ပဲခူး) ==========================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၂၈.၁၂.၂၀၁၇) ရက်နေ့မှ (၂.၁.၂၀၁၈) ရက်နေ့အတွင်း တရားမဝင်သစ်ဖမ်းဆီးမှု ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ လက်ပံတန်း မြို့နယ်နှင့် မင်းလှမြို့နယ်၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၄) မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၂၅.၃၁၈၈ တန်)၊ သစ်မာ (၅၁.၈၉၈၂ တန်)၊ အခြားသား (၁၆.၁၆၆၈ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် အင်ဂျင် (၁) လုံး၊ ကား (၁) စီးနှင့် တရားခံ (၁) ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ …

Read More »

မုန်တိုင်းငယ်(Depression) အခြေအနေနှင့် မိုးလေဝသခန့်မှန်းချက်သတင်း

Raing

(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ============================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ လေဖိအားနည်းရပ်ဝန်းအဖြစ် တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ ကွက်ကျား၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ …

Read More »

ထူးခြားမိုးလေဝသ သတင်းထုတ်ပြန်ချက်

Rain

ထူးခြားမိုးလေဝသအခြေအနေ (၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ထူးခြားမိုးလေဝသအခြေအနေအမှတ်စဉ်(၀၄/၂၀၁၇) ———————————- ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသော အပူပိုင်းမုန်တိုင်း “ဒေါ့ဆူရီ” (Doksuri) သည် (၁၅.၉.၂၀၁၇)ရက်နေ့တွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ အဆိုပါ အားကောင်းသော အပူပိုင်းမုန်တိုင်း “ဒေါ့ဆူရီ” (Doksuri)သည် ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ၎င်းအားကောင်းသော အပူပိုင်းမုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် (၁၆.၉.၂၀၁၇) ရက်နေ့မှ (၁၉.၉.၂၀၁၇)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်း …

Read More »