Home / တိုင်းရင်းသားလူမျိုးများရေးရာ ဦးစီးဌာန

တိုင်းရင်းသားလူမျိုးများရေးရာ ဦးစီးဌာန

တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာကျင်းပပြုလုပ်

FI

သြဂုတ် ၂၃ (ကျောက်ကြီး) ============================== သြဂုတ်လ(၂၃)ရက်နေ့ နံနက်(၈)နာရီအချိန်က တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အေးမြသုခရေတွင်းကုန်းကျောင်းတိုက်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အဖွင့်သီချင်းသီဆိုကာ အလံတော်ကိုအလေးပြုကြပြီး ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယက ဆရာတော်ဦးကုသလကနှင့် ကျောက်ကြီးမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယက ဆရာတော်ဦးစန္ဒိမာတို့က သြဝါဒစကားမိန့်ကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ဆန်းဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမင်းလွင်တို့ကအမှာစကားအသီးသီးပြောကြားကာ တောင်ငူခရိုင် စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌတီးကော်စေးဟဲက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ကရင်တိုင်းရင်းသားများက ချည်ဖြူ ဖွဲ့အသုံးအဆောင်ပစ္စည်းများသယ်ဆောင်ကာ အမိုး ဖီးဘိုမက လိပ်ပြာခေါ်ဆုတောင်းမေတ္တာပို့သကြပြီး လက်ရစ်ချည်ခြင်းအစီအစဉ်ပြုလုပ်ကြသည်။ ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်အဖြစ်ဒုံးယိမ်းအကများ၊ ဝါးညှပ်အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာ အခမ်းအနားကို အိုယူးအိုဖိုသီချင်းဖြင့်သီဆိုဖျော်ဖြေကာ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာအား ဝါခေါင်လတွင်ကျင်းပပြုလုပ်ပြီး ရှေးဘိုးဘွားများက …

Read More »

ပဲခူးမြို့တွင် တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်

FI

မတ် ၂၃ (ပဲခူး) ============================= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ နှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ နှီးနှောဖလှယ်ပွဲအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် တိုင်းဒေသကြီးကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာကြည်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယက ဆရာတော်ဉူးကုသလက သြဝါဒမိန့်ကြားသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခုကျင်းပသည့် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ နှီးနှောဖလှယ်ပွဲတွင် တိုင်းရင်းသားလူမျိုးစုများ အချင်းချင်းစာပေနှင့် ယဉ်ကျေးမှုအပြန်အလှန် သိရှိနားလည်ပြီး ရင်းနှီးချစ်ကြည်မှုမှတဆင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာအားကောင်းလာမည်ဟု မျော်လင့်မိကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလမ်းစဉ်အောင်မြင်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက်အ …

Read More »

ပဲခူးမြို့တွင် (၇၁)ကြိမ်မြောက်မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဖေဖော်ဝါရီ ၁ (ပဲခူး) ================================== ပဲခူးမြို့၊ ရွှေမော်ဓောဘုရားအနောက်ဘက်မုခ်ရှိ မွန်ဓမ္မာရုံ၌ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က (၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် မွန်အမျိုးသားအလံတို့အား အလေးပြုကြပြီး သဘာပတိ နိုင်ရဲအောင်မြင့်က အဖွင့်အမှာစကား ပြောကြားကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့သော မွန်အမျိုးသားနေ့ သဝဏ်လွှာတို့ကို အငြိမ်းစားဥပဒေအရာရှိ ဒေါ်မြင့်မြင့်ဝေနှင့် ပဲခူးမြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ နိုင်မင်းချစ်အောင်တို့က ဖတ်ကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က မိန့်ခွန်းအသီးသီး ပြောကြားကြပြီး မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဥက္ကဌ နိုင်စိုးသိန်းမှ မွန်အမျိုးသားနေ့ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် စာပေထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ မွန်လူမျိုးတို့၏ …

Read More »

ပဲခူးမြို့နယ်၊ လှော်ကားကျေးရွာအုပ်စု ပဲခူးတိုင်းဒေသကြီး မြေလွပ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုအဖွဲ့ ကွင်းဆင်းဆောင်ရွက်

FI

 ဒီဇင်ဘာ ၂၇ (ပဲခူး) – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြေယာအငြင်းပွားမှုကိစ္စနှင့်ပတ်သက်ပြီး မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ရေးကော်မတီအဖွဲ့ဝင်များသည် ပဲခူးမြို့နယ်၊ လှော်ကားကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနော်ပွယ်စေးမှ အမှာစကားပြောကြားပြီး တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုင်းကျော်မြင့်က မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုအဖွဲ့ကွင်းဆင်းခြင်းအကြောင်းအား ရှင်းလင်းတင်ပြသည်။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ …

Read More »

(၈၀)နှစ်ပြည့်ပဲခူးတိုင်းဒေသကြီးအဆင့်ကရင်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဒီဇင်ဘာ ၁၈ (ပဲခူး) =================================== ဒီဇင်ဘာလ(၁၇)ရက်နေ့၊ ညနေ(၅:၃၀)နာရီအချိန်က မင်းလှမြို့ အားကစားကွင်း၌ (၈၀)နှစ်ပြည့် ပဲခူးတိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့် သာယာဝတီခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောသောင်းကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘင်ခရာတပ်ဖွဲ့နှင့်အတူ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ကရင်နှစ်သစ်ကူးနေ့သည် ကရင်တမျိုးသားလုံး၏ အထွဋ်အမြတ်ထားသော နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး မြန်မာလ၏ ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်ပြက္ခဒိန်အရ ပထမဆုံးလဖြစ်သောကြောင့်ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားပွဲကို ၁၉၃၈ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ ကရင်နှစ်သစ်ကူးပွဲတော်တွင် ဖါးစည်တီးခြင်း၊ ၀ါးညှပ်အက ၊ ဒုံးယိမ်းအကစသည့် ကရင်ရိုးရာဖျော်ဖြေပွဲများ ဖြင့်ကျင်းပကြကြောင်းသိရသည်။

Read More »

ညောင်လေးပင်မြို့၌ တိုင်းရင်းသားတို့၏ စာပေနှင့်ရိုးရာအမွေအနှစ် ပြပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၅ (ပဲခူး) ==================================== ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းပြီး အောက်တိုဘာလ (၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ညောင်လေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊Community Centre ခန်းမ၌ တိုင်းရင်းသားတို့၏ စာပေနှင့်ရိုးရာအမွေအနှစ် ပြခန်းများပြပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးပိုင်၊ ဆောထီးမြို့နယ် KNU ကရင်အမျိုးသား အစည်းအရုံး ဆက်ဆံရေးမှူး ဖဒိုစောပွယ်ဘွဲကျော်တို့က အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တိုင်းရင်းသားများက ကရင်ရိုးရာတေးဂီတ၊ ရှမ်းရိုးရာတေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် တိုင်းရင်းသားရေးဝန်ကြီး ဒေါ်နော်ပွယ်စေးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်က တိုင်းရင်းသားတို့၏ စာပေနှင့်ရိုရာအမွေအနှစ် ပြပွဲပြခန်းများ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြပွဲဖြစ်မြောက်ရေးအတွက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပြီး တာဝန်ရှိသူများက …

Read More »

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးနှင့် အရှိုချင်းစာပေယဉ်ကျေးမှုကော်မတီဝင်များ တွေ့ဆုံပွဲပြုလုပ်

FI

အောက်တိုဘာ ၁၈(ပဲခူး) ==================================== အောက်တိုဘာ ၁၈ ရက် နံနက် (၁၀:ဝဝ) နာရီအချိန်က ပြည်မြို့ ခေတ္တရာရတနာမြို့တော်ခန်းမတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးနှင့် အရှိုချင်းစာပေယဉ်ကျေးမှုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေ့ဦးစွာ သာဘာပတိအရှိုချင်း စာပေယဉ်ကျေးမှု ဥက္ကဌ ဦးဆလိုင်းထွန်းလှိုင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နောပွယ်စေး၊ တိုင်းဒေသကြီးလွတ်တော်၊ တိုင်းရင်းသားလူမျိုးများရေးရာကော်မတီ ဥက္ကဌ ဦးတင်ဆန်းဦးနှင့် အရှိုချင်းစာပေယဉ်ကျေးမှု ဒုဥက္ကဌ ဆလိုင်းအောင်ဆန်းတို့က အမှာစကားအသီးသီး ပြောကြားကြသည်။ ထို့နောက် စာပေယဉ်ကျေးမှုနှင့်ပတ်သက်သော စာတန်းဖတ်ခြင်းကို တက်ရောက်လာသော မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များက ဖတ်ကြားပြီး အရှိုချင်းစာပေယဉ်ကျေးမှု ဒုဥက္ကဌဆလိုင်းအေးပိုင်က ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားကာ ဆလိုင်းအောင်ကြည်က ကျေးဇူးတင်အမှာစကား ပြောကြားပြီး အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။ အဆိုပါတွေ့ဆုံပွဲသို့ တိုင်းရင်းသားရေးရာဝန်ကြီး၊ လွတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရေးသာအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ဇီးကုန်း၊ အုတ်တွင်း၊ …

Read More »

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး ပန္နက်တော်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁၄ (ပဲခူး) ==================================== ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၅)ရပ်ကွက်၊ ဓမ္မစေတီလမ်းနှင့် သစ်တောရိပ်သာလမ်းထောင့်ရှိ ရုံးအဆောက်အဦမြေနေရာ၌ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဦးစီးဌာနများဖြစ်သော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့၏ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအယ်လ်တူးမိန်းဂေါင်က ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် အင်ဂျင်နီယာချုပ်(အဆောက်အဦဦးစီးဌာန) ဦးသန်းနိုင်အောင်တို့က သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တင်ပေးကြကာ မင်္ဂလာပန်းစည်းများ ချည်နှောင်ပြီး ရွှေမိုးငွေမိုးရွာသွန်းဖြိုးပေးခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုကိုထိန်းသိမ်းခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေခြင်း၊ တိုင်းရင်းသားများ၏ လူမှုဘဝမြင့်မားတိုးတက်စေရန် မျှော်မှန်းချက်ထားရှိခြင်းနှင့်အညီ တိုင်းဒေသကြီး၊ …

Read More »

ဝန်ကြီးနော်ပွယ်စေး ပဲခူးမြို့နယ်၊ မိုဒိုကျေးရွာသို့ ကွင်းဆင်းကြည့်ရှု

FI

စက်တင်ဘာ ၂၂ (ပဲခူး) ============================= စက်တင်ဘာလ ၂၂ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် တိုင်းရင်းသားလူမျိုးများရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးချစ်ဇော်လင်းလိုက်ပါလျက် ပဲခူးမြို့နယ်၊ မိုဒိုကရင်ကျေးရွာသို့ သွားရောက်ကွင်းဆင်းကြည့်ရှုသည်။ ရှေးဦးစွာ မိုဒိုကျေးရွာနှစ်ခြင်းခရစ်ယာန်ကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်သူလူထု၏ လိုအပ်ချက်များအား မေးမြန်းခဲ့ပြီး၊ ညောင်အင်းကျေးရွာ စာသင်ကျောင်းဆောက်လုပ်မည့်မြေနေရာအား ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Read More »