Home / အုပ်ချုပ်ရေး / တောင်ငူခရိုင်

တောင်ငူခရိုင်

မုန်းတိုင်းသတင်း ထုတ်ပြန်ချက်

19-9-2018

စက်တင်ဘာ ၁၉ (ပဲခူး) ======================== စက်တင်ဘာလ (၁၉)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန် တိုင်းထွာချက်များအရ  မြန်မာ့ကမ်းရိုးတန်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပြီး ၎င်းလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် အခြားပြည်နယ်/ တိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြစ်ကမ်းပါးတစ်လျှောက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအနေဖြင့် အထူးသတိပြုနေနိုင်ကြပါရန် ကြိုတင်အသိပေးအပ်ပါသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ထန်းတပင်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ်မှု အခြေအနေအား လိုက်လံကြည့်ရှု

FI

သြဂုတ် ၃၁ (တောင်ငူ) ====================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် သြဂုတ်လ(၃၁)ရက်နေ့ ညနေ(၄)နာရီအချိန်က စစ်တောင်းမြစ်ရေနှင့် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ထန်းတပင်မြို့နယ်တို့တွင် ရေကြီးနစ်မြှု ပ်မှုအခြေအနေအား တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုခဲ့သည်။ ရှေ့ဦးစွာ ထန်းတပင်မြို့နယ်အတွင်းရှိ ဆိတ်ကြီးတာ ရေကျော်သည့်နေရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများက မြေဖို့ခြင်းလုပ်ငန်းစုပေါင်းလုပ်ဆောင်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ ခပေါင်းခန်းမတွင်ဖွင့်လှစ်ထားရှိသော တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်း အလှူရှင်များမှ လာရောက်လှူ ဒါန်းမှုအခြေအနေ၊ စနစ်တကျထားသို ပြန်လည်ဖြန့်ဝေမှုအခြေအနေများကို ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပစ္စည်းများအမြန်ဆုံး ရောက်ရှိအောင်ပြန်လည်ဖြန့်ဝေပေးရန် တာဝန်ရှိသူများကိုလမ်းညွှန်မှာကြားကာ အမှတ်(၁၉)ရပ်ကွက်၊ အထက(၅)၊ အမှတ်(၂၀)ရပ်ကွက် အထက(၄) ယာယီကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများနှင့်သွားရောက်တွေ့ဆုံပြီး ဆန်ရိက္ခာဖိုးငွေများနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် ဆွာချောင်းတမံရေပိုလွှဲပဲ့ကျမှု၊ စစ်တောင်းမြစ်ရေမြင့်တက်လာမှုတို့ကြောင့် …

Read More »

တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ လာရောက်လှူဒါန်း

FI

သြဂုတ် ၃၁ (ပဲခူး) ================== သြဂုတ်လ (၃၁)ရက်နေ့၊ မွန်းတည့်(၁၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်းသို့ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စိန်နန်းစံကုမ္ပဏီ မိသားစုမှ အလှူငွေ သိန်း(၅၀)ကျပ်အား လာရောက်လှူဒါန်းခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန(၁၄၂)ခု၌ ကျောင်းသား/သူ ခုနှစ်သောင်းခွဲနီးပါး တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ် စတင်ဖြေဆို

FI

မတ် ၇ (ပဲခူး) ================================== မတ်လ(၇)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန(၁၄၂)ခု၌ ကျောင်းသား/သူ(၇၄၃၁၃)ဦးဖြေဆိုရန်စာရင်းပေးသွင်းထားရှိပြီးမြန်မာစာဘာသာရပ်ကိုကောင်းမွန်စွာစတင်ဖြေဆိုလျှက်ရှိကြကြောင်းသိရသည်။ မတ်လ(၇)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအနေဖြင့် ပဲခူးအရှေ့ခြမ်းတွင် စာစစ်ဌာန (၈၉)ခု၌ ကျောင်းသား/သူ (၄၇၄၃၀)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ပဲခူးအနောက်ခြမ်းတွင် စာစစ်ဌာန(၅၃)ခု၌ ဖြေဆိုမည့်သူ(၂၆၈၈၃)ဦး စုစုပေါင်းစာစစ်ဌာန (၁၄၂)ခုတွင် ဖြေဆိုမည့်သူ(၇၄၃၁၃)ဦး စာရင်းပေးသွင်းထားကြောင်း သိရသည်။ ထို့အတူ ပဲခူးမြို့နယ်အတွင်း၌လည်း ပဲခူးမြို့ပေါ်တွင် အထက(၁/၂/၃/၄/၅/၆) စာစစ်ဌာနများ၊ မြို့နယ်အတွင်းတွင် အထက-ဇောင်းတူစာစစ်ဌာန၊ အထက-ကျောက်တန်းစာစစ်ဌာန၊ အထက-ထန်းတောကြီးစာစစ်ဌာန၊ အထက-ထုံးကြီးစာစစ်ဌာန၊ အထက-ပျဉ်ပုံကြီးစာစစ်ဌာန၊ အထက-ဘုရားကြီးစာစစ်ဌာနနှင့် အထက-အင်းတကော်စာစစ်ဌာနဟူ၍ စာစစ်ဌာန(၁၃)ခုထားရှိပေးထားပြီး တက္ကသိုလ်ဝင်တန်း အတွဲ (၁/၂/၇)တို့တွင် အတွင်း/အပြင်မှ ဝင်ရောက်ဖြေဆိုရန် အထက(၁)စာစစ်ဌာနတွင် ကျောင်းသား/သူ(၁၁၈၆)ဦး၊ အထက(၂)စာစစ်ဌာနတွင် (၇၄၉)ဦး၊ အထက(၃)စာစစ်ဌာနတွင် (၁၀၁၄)ဦး၊ အထက(၄)စာစစ်ဌာနတွင် (၇၇၄)ဦး၊ အထက(၅)စာစစ်ဌာနတွင် (၉၄၆)ဦး၊ အထက(၆)စာစစ်ဌာနတွင် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

ဇန်နဝါရီ ၁၆ (ပဲခူး) ============================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၉.၁.၂၀၁၈) ရက်နေ့ မှ (၁၅.၁.၂၀၁၈) ရက်နေ့အတွင်း တရားမဝင်သစ် ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၃) မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၃၃.၆၇၆၂ တန်)၊ သစ်မာ (၄၀.၁၄၉၈ တန်)၊ အခြားသား (၂၁.၂၆၂၄ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် ချိန်းဆော (၁) လက်၊ လှည်း (၂) စီး၊ ကား (၃) စီးနှင့် တရားခံ (၄) ဦးအား …

Read More »

တရားမဝင်သစ်ဖမ်းဆီးရမိမှု

FI

ဇန်နဝါရီ ၃ (ပဲခူး) ==========================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၂၈.၁၂.၂၀၁၇) ရက်နေ့မှ (၂.၁.၂၀၁၈) ရက်နေ့အတွင်း တရားမဝင်သစ်ဖမ်းဆီးမှု ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ လက်ပံတန်း မြို့နယ်နှင့် မင်းလှမြို့နယ်၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၄) မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၂၅.၃၁၈၈ တန်)၊ သစ်မာ (၅၁.၈၉၈၂ တန်)၊ အခြားသား (၁၆.၁၆၆၈ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် အင်ဂျင် (၁) လုံး၊ ကား (၁) စီးနှင့် တရားခံ (၁) ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ …

Read More »

မုန်တိုင်းငယ်(Depression) အခြေအနေနှင့် မိုးလေဝသခန့်မှန်းချက်သတင်း

Raing

(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ============================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ လေဖိအားနည်းရပ်ဝန်းအဖြစ် တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ ကွက်ကျား၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ …

Read More »