Home / မီဒီယာ

မီဒီယာ

ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း

FI

နိုဝင်ဘာ ၁၇ (ပဲခူး) ================   ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ဝိမလသီရိဗိမာန်တော်ကြီးတွင် နိုဝင်ဘာလ(၁၇)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဥဿာသီရိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရီယဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး လှမျိုးရွှေနှင့်ဇနီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးအုပ်ချုပ်ရေးမှုး ဦးတိုးဝင်းနှင့်ဇနီး၊ ညွှန်ကြားရေးမှုး ဦးတင်ထူးမောင်နှင့်ဇနီး၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်နှင့်ဇနီး၊ မြို့နယ်အုပ်ချုပ်ရေးမှုးများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်း၊ လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ကထိန်အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ ယင်းနောက်ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ယနေ့ငွေပဒေသာပင်၊ ပစ္စည်းပဒေသာပင်နှင့် အခြားလှူဒါန်းမှုအစုစုတန်ဖိုးမှာ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၇ (ပဲခူး) ================== နိုဝင်ဘာလ (၁၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့တော်ခန်းမ၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်ကြီး(၃)ရပ်ဟာ အရေးပါလှပြီး အပြန်အလှန် အမှီပြုနေတာလည်း တွေ့ရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်အရ ပြည်သူများရဲ့ အခန်းကဏ္ဍဟာ အထူးအလေးထားရမှာဖြစ်ပါကြောင်း၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မှု (Public Participation) ကောင်းလေ လုပ်ငန်းများ ပိုမို အောင်မြင်လေဖြစ်ပြီး ဒီလိုဆောင်ရွက်ရာမှာ Media များရဲ့ ပံ့ပိုးကူညီမှုဟာလည်း များစွာ အရေးပါတာကို တွေ့ရမှာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဖြတ်သန်းလာခဲ့ကြရတဲ့ နိုင်ငံရေး အုပ်ချုပ်ရေး သမိုင်းကြောင်းတွေအရ တစ်ချို့နေရာတွေမှာ တရားဥပဒေ စောင့်ထိန်းလိုက်နာမှု စည်းကမ်းမရှိမှု၊ အသိအပြင် အတွေ့အကြုံနည်းပါးမှု၊ လုပ်ငန်းဆောင်ရွက်မှု အပေါ် …

Read More »

၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီး လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၇ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော လူထုစုပေါင်းလမ်းလျှောက်ပွဲကို နိုဝင်ဘာလ(၁၇)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်း တိုင်းဒေသကြီးအားကစားနှင့်ကာပညာဦးစီးဌာနရုံးရှေ့မှစတင်၍ စုရပ်လုပ်ကာ ကျင်းပပြုလုပ်သည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှုးကြီးလှမျိုးရွှေ၊ လွှတ်တော်ဒုတိယဥက္ကဌဦးကြည်ဇင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းသား/သူများ၊ အဆင့်မြင့်ပညာကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ၊ စက်ရုံ အလုပ်ရုံလုပ်သားများ၊ ရပ်ကွက်နေပြည်သူများပါဝင်ကာ စုစုပေါင်းအင်အား(၁၅၂၃၅)ဦးကျော်တက်ရောက်ကာ ရွှေမော်ဓော်ဘုရားလမ်း၊ ရှင်စောပုလမ်းနှင့်သနပ်ပင်လမ်းများသို့ လမ်းလျှောက်ကြပြီး ရွှေမော်ဓောဘုရားအနောက်ဖက်မုခ်ယာဉ်ရပ်နားကွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၁)(၂)တို့ကိုစုပေါင်းလုပ်ကြသည်။ ၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီးလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို နှစ်စဉ်ကျင်းပခဲ့သော ဒီဇင်ဘာလအပတ်စဉ် စနေနေ့များအပြင် ပြည်သူတစ်ရပ်လုံး အားကစားလှုပ်ရှားမှုပိုမိုဆောင်ရွက်နိုင်ရေးအတွက် နိုဝင်ဘာလ၏စနေနေ့များဖြစ်သော(၁၇/၂၄)ရက်နေ့များတွင်လည်းကောင်း၊ ဒီဇင်ဘာလ၏ စနေနေ့များဖြစ်သော (၁/ ၈/ ၁၅/ ၂၂/ ၂၉)ရက်နေ့များတွင်လည်းကောင်း သက်ဆိုင်ရာမြို့နယ်အလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read More »

ဆွမ်းဆန်တော်လောင်းလှူပွဲ ဖိတ်ကြားခြင်း

FI

(၆-၁၂-၂၀၁၈)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် သံဃာအပါး(၅၀၀၀)အား ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Read More »

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံကိန်းများ လွှင့်တင်ထားပြီးဖြစ်

Untitled-1

နိုဝင်ဘာ ၁၆ (ပဲခူး) ============================           ပဲခူးတိုင်းဒေသကြီ:အတွင်းရှိ ၂၀၁၈-၂၀၁၉ ခု (Main Budget) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများအား ebago mobile application တွင် ထည့်သွင်း လွှင့်တင်ထားပြီးဖြစ်ပါသည်။ ebago (Mobile Application) ရေးဆွဲလွှင့်တင်ခြင်းဖြင့် အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများကို ပြည်သူများအနေဖြင့် ခရိုင်/မြို့နယ်အလိုက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင် မည်သည့်လုပ်ငန်း စီမံကိန်းများ ဆောင်ရွက်မည်ကို ကြိုတင်သိရှိရမည်ဖြစ်ပြီး လုပ်ငန်းအသေးစိတ် အချက်အလက် များနှင့် ခွင့်ပြုရရှိသည့် ဘတ်ဂျက်ငွေများအား ပွင့်လင်းမြင်သာစွာ သိရှိနိုင်မည်ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လ၌လည်း ၂၀၁၈ ခုနှစ် (Mini Budget) ကိုလည်း လွှင့်တင်ထားခဲ့ပြီး ဖြစ်ပါသည်။ ကွန်ပျူတာများတွင် http://www.ebago.gov.mmတွင် ၀င်ရောက်၍ ကြည့်ရှုနိုင်မည်ဖြစ်ပြီး၊ Android ဖုန်းများအတွက် Play Store …

Read More »

ပဲခူးမြို့နယ်အတွင်း စက်ရုံ/အလုပ်ရုံများ တည်ဆောက်နိုင်ရေး လာရောက်ကမ်းလှမ်း

FI

နိုဝင်ဘာ ၁၅ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမသို့ နိုဝင်ဘာလ (၁၅)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးမြို့နယ်အတွင်း စက်ရုံ/အလုပ်ရုံများ တည်ဆောက်နိုင်ရေး Sun Myanmar Group Companies မှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးအောင်နှင့် ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် Mr. Zuo Zhi Hai တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ကမ်းလှမ်းခဲ့သည်။ ရှေးဦးစွာ Sun Myanmar Group Companies မှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးအောင်နှင့် ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် Mr. Zuo Zhi Hai တို့က မိမိတို့အနေဖြင့် ပဲခူးမြို့၊ တိုက်ကြီး-ဖောင်ကြီးလမ်းပေါ်ရှိ မြေဧရိယာ (၄၉.၅)ဧကတွင် စက်ရုံ/အလုပ်များ ဆောင်ရွက်နိုင်ရန် လာရောက်ရခြင်းဖြစ်ပါကြောင်း၊ စက်ရုံများ တည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူ(၂)သောင်းခန့် အလုပ်အကိုင် အခွင့်အလမ်း များ ခံစားရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားသားမှ …

Read More »

ရွှေခရုကာကွယ်နှိမ်နင်းမှု တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် စံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၅ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ဝေါမြို့နယ် ကျိုက်လှကျေးရွာအုပ်စု ကွင်းအမှတ် ၆၈၇(က) မိုင်တိုင်အမှတ်(၆၅/၄) တောင်သူဒေါ်ရီစိန်၏ မိုးစပါးစိုက်ခင်းတွင် ရွှေခရုကာကွယ်နှိမ်နင်းမှု တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှုးဦးလှမြင့်က စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်တင်တင်ထွေးက ရွှေခရုကာကွယ်နှိမ်နင်းခြင်း စမ်းသပ်ကွက်တွေ့ရှိချက်များအား ရှင်းလင်းပြောကြားပြီး ဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများက ရွှေခရုကာကွယ်နှိမ်နင်းခြင်း စမ်းသပ်ကွက်အားကြည့်ရှုကြသည်။ ယင်းနောက် ဝေါမြို့နယ် ကျိုက်လှကျေးရွာအုပ်စု ကွင်းအမှတ် ၆၈၇(က)၊ ဦးပိုင်အမှတ်(၃/၇) တောင်သူဒေါ်ရီစိန်၏ မိုးစပါးစံပြကွက်(ဝ.၁၀)ဧကအား စက်ကိရိယာမျာဖြင့် စံကွက်ရိတ်သိမ်းရာ အထွက်နှုန်းစပါးအစို(၁၁.၆) တင်းထွက်ရှိပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် စပါးအစို(၁၁၆)တင်းနှုန်းထွက်ရှိကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ခုနှစ် မိုးစပါးတွင် ပဲခူး၊ …

Read More »

ပဲခူးမြို့၊ ကလိလက်ကားစျေးတည်ဆောက်ရန်အတွက် MoU လက်မှတ်ရေးထိုးပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၄ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နိုဝင်ဘာလ (၁၄)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန် ပဲခူးမြို့၊ ကလိလက်ကားစျေးတည်ဆောက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Grand Style Co., Ltd တို့ MoU လက်မှတ်ရေးထိုးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကလိ(တပ်ကလေး) လက်ကားစျေး တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံ၏ အဓိကကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်သော ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်လမ်းတို့သည် ပဲခူးမြို့ကို ဖြတ်သန်းလျက်ရှိကြောင်း၊ ပဲခူးဒေသအား ပြည်ပရင်းနှီးမြှုပ်နှံမှု အထူးစိတ်ဝင်စားခံရသည့် မြို့တစ်ခုဖြစ်ပြီး နောင်အနာဂတ်တွင် ယာဉ်ကြောရှုပ်ထွေးခြင်း၊ လူနေထူထပ်ခြင်း၊ ယာဉ်ရပ်နား စခန်းများ တည်ဆောက်ရန် လိုအပ်ခြင်း၊ တိုးတက်လာသည့် လူဦးရေအတွက် စျေးများလိုအပ် ခြင်း စသည့် အခြေခံလိုအပ်ချက်များအတွက် မျှော်မှန်းကာ ကလိ(တပ်ကလေး) လက်ကားစျေး ကို တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ ထပ်မံ၍လည်း ပဲခူးမြို့တွင်းရှိ စျေးများ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

FI

နိုဝင်ဘာ ၁၄ (ပဲခူး) ===================== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၁၀)နာရီအချျိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှစုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ) ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါးသီလနှင့် ကထိန်နုမောဒနာတရား နာကြားကြသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှုးနှင့် ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော် ရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံစိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ ပဲခူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆရာ၊ဒါယကာ အစီအစဉ်အနေဖြင့် သတ်မှတ် …

Read More »

ဒေသခံတောင်သူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေး CPP Myanmar Co., Ltd မှ လာရောက်တွေ့ဆုံ

FI

နိုဝင်ဘာ ၁၃ (ပဲခူး) ======================== နိုဝင်ဘာလ (၁၃)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ CPP Myanmar Co., Ltd မှ စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Mr.Amnat Mathong က ယိုးဒယားနိုင်ငံသားပိုင် CP Co., Ltd နှင့် မြန်မာနိုင်ငံသားပိုင် Myat Min Co., Ltd ကုမ္ပဏီ(၂)ခု ပူးပေါင်း၍  CPP Myanmar Co., Ltd အမည်ဖြင့် ဒေသခံ တောင်သူများနှင့် အကျိုးတူ စိုက်ပျိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် မိုးစပါး တောင်သူစိုက်ပျိုးပြီးမှသာ နိုဝင်ဘာလမှ မတ်လအထိ ပြောင်းဆန်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင်လည်း မိမိတို့ကုမ္ပဏီ၏ စက်/ယန္တယားများဖြင့် စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေး/ဓါတ်မြေသြဇာ၊ ရိတ်သိမ်း ချွေလှေ့ခြင်း စသည်တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တောင်သူအနေဖြင့် …

Read More »