Home / မီဒီယာ / သတင်းမှတ်တမ်းများ (page 10)

သတင်းမှတ်တမ်းများ

မှိုမျိုးစုံ မွေးမြူစိုက်ပျိုး ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဧပြီ ၂၂ (ပဲခူး) ================================= ဧပြီလ(၂၂)ရက်နေ့၊ (၉)နာရီအချိန်က ပဲခူးမြို့နယ်၊ (၁၀)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးစုံ မွေးမြူ စိုက်ပျိုး ထုတ်လုပ်နည်း သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးလှမြင့်က မှိုမျိုးစုံ မွေးမြူစိုက်ပျိုး ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဝန်ကြီးနှင့်အဖွဲ့သည် မှိုမျိုးစုံ စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းအား( ၂၂-၄-၂၀၁၉ )ရက်နေ့မှ (၂၆-၄-၂၀၁၉)ရက်နေ့ထိ (၅)ရက် သင်တန်းပို့ချသွား မည်ဖြစ်ကြောင်းနှင့် သင်တန်းတက်ရောက်သည့် တောင်သူ သင်တန်းသား/သင်တန်းသူ(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read More »

တတိယတန်း(သင်ရိုးသစ်) ပဲခူးခရိုင်အဆင့် နည်းပြသင်တန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

ဧပြီ ၂၂ (ပဲခူး) ================ ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် ဧပြီလ(၂၂)ရက်နေ့ နံနက်(၈)နာရီအချိန်က တတိယတန်း(သင်ရိုးသစ်) ပဲခူးခရိုင်အဆင့် နည်းပြဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာ)ဆရာမကြီး ဒေါ်အေးအေးနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်မာမာစုက သင်တန်းဖွင်လှစ်ရခြင်းနှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားကာ ပဲခူးမြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်လွင်လွင်ဦးက အဆောင်စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ပညာရေးဝန်ကြီးဌာန အခြေပညာဦးစီးဌာန၏KG+12ပညာရေးစနစ်သစ် ပြောင်းလဲမည့်အစီအစဉ်အရ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သင်ရိုးသစ်KGတန်း၊ ၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် ပထမတန်း၊၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒုတိယတန်း၊ ၂၀၁၉-၂၀၂၀တွင် တတိယတန်းနှင့် ဆဌမတန်းအားလည်းကောင်း၊ ၂၀၂၀-၂၀၂၁ပညာသင်နှစ်တွင် စတုတ္ထတန်း၊ သတ္တမတန်းနှင့်ဒဿ မတန်းတို့အားလည်းကောင်း၊ ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ပဉ္စမတန်း၊ အဌမတန်းနှင့်ဒွါရဒဿမတန်းတို့အားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် နဝမတန်းနှင့်ဧကဒဿ မတန်းတို့အားလည်းကောင်း နှစ်အလိုက် ပြောင်းလဲသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ တတိယတန်း(သင်ရိုးသစ်)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ …

Read More »

၁၃၈၁ ခုနှစ် တန်ခူးလပြည့်နေ့တွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးပေါ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

FI

ပဲခူး ဧပြီ ၁၉ ================= ဧပြီလ(၁၉)ရက်နေ့ မွန်းလွဲ(၃)နာရီက ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးပေါ်၌ မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ် တန်ခူးလပြည့်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ သံဃာအပါး(၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်သည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းများ၊ အလှူရှင်များမှ ဆွမ်းဆန်တော်၊ အလှူငွေများနှင့် သံဃာအသုံးအဆောင်ပစ္စည်း လောင်းလှူပူဇော်ကြကြောင်း သတင်းရရှိသည်။ ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ နှစ်စဉ်နှစ်တိုင်း တန်ခူးလဆန်း(၁၀)ရက်မှစ၍ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို (၁၀)ရက်ကျင်းပပြုလုပ်ခြင်းဖြစ်ရာ (၂၆၀၁)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

Read More »

၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် သာယာဝတီခရိုင် ဗဟိုမဏ္ဏပ်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

FI

ဧပြီ ၁၃ (သာယာဝတီ) ======================== ဧပြီလ(၁၃)ရက်နေ့ နံနက်(၉)နာရီက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်သာယာဝတီမြို့၌ ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဏပ် ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ညွှန်ကြားရေးမှူးများ တက်ရောက်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အား ရိုးရာအစဉ်အလာနှင့်အညီ အတာအိုးဖြင့်ကြိုဆိုကာ ပဲခူးတိုင်းဒေသကြီးတွင် နှစ်စဉ်ခရိုင်လိုက် ကျင်းပပြုလုပ်ရာ ယခုနှစ်မှာတော့ သာယာဝတီခရိုင်တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် သာယာဝတီခရိုင်အတွင်းရှိ ပြည်သူများ အားလုံးသည် မင်္ဂလာရှိသော နှစ်သစ်ချိန်ခါတွင် နှစ်ဟောင်းမှ အခက်အခဲများ၊ ကိုယ်စိတ်နှစ်ပါးတွင် တွယ်ညှိနေတတ်သော အညစ်အကြေးများကို ချေဖြတ်ပြီး လူသစ်စိတ်သစ် အားမာန်သစ်များဖြင့် မြန်မာနှစ်သစ်ကူးအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြစေလိုကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သာယာဝတီခရိုင် မဟာသင်္ကြန်ဗဟိုမဏ္ဏပ်အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးချုပ် လက်ပံတန်းမြို့နယ် ခမုံဆိပ်ကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

လက်ပံတန်း ဧပြီ ၁၂ ================= သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ခမုံဆိပ် အခြေခံပညာအထက်တန်းကျောင်း မြစ်မခခန်းမ၌ ဧပြီလ(၁၂)ရက်နေ့ မွန်းလွဲ(၂း၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံရာတွင် အဆင်မပြေမှုများရှိပါက ဖြေရှင်းပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူတို့၏ လူမှုဘဝ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားနိုင်ရန် အောက်ခြေပြည်သူများကို ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တိုင်းပြည်၏ အခြေခံအချက်ဖြစ်သော ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဒီမိုကရေစီနည်းလည်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အသိစိတ်ဓါတ်တို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လူတစ်ဦးချင်းစီ၌ ပြုပြင်ပြောင်းလဲလိုစိတ်၊ အများအကျိုး ဆောင်ရွက်လိုစိတ်များဖြင့် မိမိတို့နေထိုင်ရာ လူမှုပတ်ဝန်းကျင်ကို စတင်ပြောင်းလဲနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက  ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးရန်၊ …

Read More »

မင်းလှမြို့ ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး ပန္နက်တင်မင်္ဂလာအခမ်းအနား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတတ်ရောက်

FI

မင်းလှ ဧပြီ ၁၂ ==================== ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၁၂ ရက်နေ့၊ နံနက် (၉)နာရီက အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံနောက်တွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး၊ နတ်ဒေဝါများအား တရားတော်နာယူရန်ဖိတ်ကြားခြင်း၊ ဆရာတော်ကြီးများထံ ပရိတ်ရေ၊ ပရိတ်ဆန်၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပန္နက်တိုင်များ ဆပ်ကပ်လှူဒါန်းခြင်း၊ အန္တရာယ်ကင်းတရားတော်များ ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မင်းလှမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်သြဝါဒစရိယဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တကုဏ္ဏလ ဆရာတော်ဘုရားကြီးနှင့် ဦးစီးပဓာနဆရာတော်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့က ပန္နက်တင်ကြရာ မင်္ဂလာဒုံဆရာတော် ဦးဆန္ဒောဘာသက အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပေးသည်။ …

Read More »

ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

FI

ဧပြီ ၁၀ (ပဲခူး) =============== ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမတွင် ဧပြီလ(၁၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်းအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်နှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီ ဥက္ကဌ ဦးမျိုးခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေး ဓါတ်ခွဲခန်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြပြီး လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြသည်။ ယင်းနောက် စိုက်ပျိုးရေး၊ ပဲခူးတိုင်းဒေသကြီးလွှတ်ဥက္ကဌ ဦးခင်မောင်ရင်က အမှာစကားပြောကြားကြပြီး ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ …

Read More »

ပဲခူးမြို့တွင် (၇၁)နှစ်မြောက် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

FI

ဧပြီ ၁၀ (ပဲခူး) ============== ပဲခူးမြို့ သီရိဟံသာခန်းမ၌ ဧပြီလ(၁၀)ရက်နေ့ နံနက်(၁၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၁၉ခုနှစ်ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးရာမှာ ဒေသတွင်း၌ မည်သည့်အရပ်ဒေသတွင် နေထိုင်သည်ဖြစ်စေ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အားဖြည့်ဆောင်ရွက်ရမှာဖြစ်ပြီး မည်သူမျှနောက်ကျမကျန်ရစ်အောင် ကြိုးစားကြဖို့လိုကြောင်း၊ စတင်ဆောင်ရွက်စဉ်မှာ ခက်ခဲတဲ့စိန်ခေါ်မှုများရှိမည်ဖြစ်သော်လည်း ဦးစားပေးလုပ်ငန်းများချမှတ်ကာ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်ဆိုပါက တိုးတက်လာမှာဖြစ်ကြောင်း၊ ပဏာမကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများသည် ဟန်ချက်ညီဖို့လိုကြောင်း၊ အပြန်အလှန်ပံ့ပိုးမှုများ တွန်းအားပေးမှုများရှိဖို့လိုကြောင်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုတိုးတက်လာပါက ဆေးရုံတွေမှာ လူနာအမြောက်အများ စုပြုံနေခြင်းကို ကျဆင်းစေမှာဖြစ်ကြောင်း၊ ပြည်သူလူထုအကျိုးကို ရှေးရှုဖို့ဆ်ုသည့် ခိုင်မာသောသံန္နိဌာန်ချမှတ်ထားပါက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများ မလွဲမသွေရရှိမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောပြီး လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်သော မြို့နယ်/တိုက်နယ်ဆေးရုံများအား ဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအေးငြိမ်းက ရှင်းလင်းပြောကြားသည်။ ထို့နောက် …

Read More »

ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၁၉) ကြိမ်မြောက်အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

နေပြည်တော် ဧပြီ ၉ ========================== ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၉)ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်(၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ် များက ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးကော်မရှင်က …

Read More »

တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာ လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်

FI

ဧပြီ ၈ (တောင်ငူ) ============================== ဧပြီလ (၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသခံပြည်သူလူထုနှင့် လာရောက်တွေ့ဆုံရခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်နှင့်အညီ လက်ရှိမြေပြင်တွင် ဒေသခံပြည်များ၏ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များ၊ ဌာနဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံရာတွင် အဆင်မပြေမှုများ၊ မြေယာအငြင်းပွားမှုများ စသည့် ပြည်သူတို့၏ လိုလားမှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်၊ နိုင်ငံတော်အစိုးရမှ လျှောက်လှမ်းနေသည့် ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရား ပီပြင်စွာဖြစ်ပေါ်လာနိုင်ရေး၊ NCA ကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ မြို့ပြ/ကျေးလက် လူမှုစီးပွားဘဝများ တန်းတူဖွံ့ဖြိုးတိုးတက်လာနိုင်ရေး ဆောင်ရွက်နေမှုများအား သိရှိစေရန်၊ အေးချမ်းတည်ငြိမ်သော လူအဖွဲ့အစည်းတစ်ခု တည်ဆောက်ရန်အတွက် ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး၏ ပင်မရေသောက်မြစ်သည် ယုံကြည်မှုပင်ဖြစ်ကြောင်း၊ …

Read More »