Home / မီဒီယာ / သတင်းမှတ်တမ်းများ (page 20)

သတင်းမှတ်တမ်းများ

ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်

FI

မေ ၁၄ (ပဲခူး) ================================= မေလ (၁၄)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ စည်ပိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံအနှံအပြားတွင် ပြဿနာရပ်များစွာရှိပြီး ဒေါသ၊ အာဏာ၊ အတ္တတို့ကိုင်ဆွဲပြီး ဖြေရှင်းဆောင်ရွက်ပါက ပြဿနာရပ်များ ပိုမိုရှုပ်ထွေးခြင်း၊ ပိုမိုကြီးထွားလာခြင်း၊ နောင်ဆုံးတော့ ရန်သူသဖွယ် တိုက်ခိုက်မှုများအထိ ဖြစ်ပွားခဲ့ကြောင်း၊ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်တွင် ပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းပါဝင်စေလျက် ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ် အဖြေရှာခြင်းနည်းကိုသာ အသုံးပြုကြကြောင်း၊ ဒါကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် မေတ္တာတရား၊ လောကပါလတရားကို လက်ကိုင်ထားပြီး အားလုံးပေါင်းစပ် ညှိနှိုင်းအဖြေရှာခြင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားကြောင်း၊ ဒါမှသာ တရားဥပဒေစိုးမိုးပြီး ငြိမ်းချမ်းတည်ငြိမ်သော ဒီမိုကရက်တစ် လူအဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ပေးနိုင်မည်ဖြစ်ကြောင်း …

Read More »

ပြည်ထောင်စု ထာဝရ ငြိမ်းချမ်းရေးစေတီတော်၏ တည်ဆောက်ရေး ဦးဆောင်ဆရာတော် အရှင်စန္ဒာဓိက တရားသဘင်သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်တရားတော်နာယူခြင်းနှင့် အလှူငွေလှူဒါန်းခြင်း

FI

မေ ၁၃ (တောင်ငူ) =========================== တောင်ငူမြို့၊ သာသနာဟိတကာရီဗိမာန်တော်ကြီး၌ မေလ (၁၃)ရက်နေ့၊ ည(၈)နာရီအချိန်က ပြည်ထောင်စု ထာဝရ ငြိမ်းချမ်းရေးစေတီတော်၏ တည်ဆောက်ရေး ဦးဆောင်ဆရာတော် အရှင်စန္ဒာဓိက (ရွှေပါရမီတောရ)၏ “ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်”သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်၍ တရားတော်နာယူခဲ့သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်းရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းအမှူးပြုသော ဧည့်ပရိတ်သတ်များက ပြည်ထောင်စု ထာဝရ ငြိမ်းချမ်းရေးစေတီတော်၏ တည်ဆောက်ရေး ဦးဆောင်ဆရာတော် အရှင်စန္ဒာဓိက (ရွှေပါရမီတောရ)၏ “မေတ္တာလွှမ်းမှငြိမ်းချမ််းမယ်” တရားတော်အား နာယူခဲ့ကြသည်။ ထို့နောက်  ပြည်ထောင်စု ထာဝရ ငြိမ်းချမ်းရေးစေတီတော်၏ တည်ဆောက်ရေး ဦးဆောင်ဆရာတော် အရှင်စန္ဒာဓိက (ရွှေပါရမီတောရ)၏ ကပ္ပိယထံသို့ ဓမ္မပူဇာ အလှူတော်ငွေ (၉၄၇၃၀၀ဝိ/-)၊ ရွှေထည်ပစ္စည်း(၄)မျိုး တန်ဖိုးငွေ(၄၀၀၀၀ဝိ/-)ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အလှူငွေ(၅)သိန်းအား ဆက်ကပ်လှူဒါန်းခဲ့ရာ၊ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရား ချီးမြှင့်ဟောကြားခဲ့ပြီးနောက် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာအုပ်စုအတွင်းရှိ ပြန်လည်စွန့်လွှတ်မြေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

မေ ၁၃ (တောင်ငူ) ============================ မေလ (၁၃)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာအုပ်စုအတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်မြေအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါမြေနေရာသည် တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာအုပ်စုအတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၃၀၁၉)လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းမှ ပြန်လည်စွန့်လွှတ်အပ်နှံလာသည့် မြေဧရိယာ(၁၄၀၀.၃၈)ဧကဖြစ်ပြီး ၎င်းဧရိယာအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း(အခြားအဆင့်) ဖွင့်လှစ်နိုင်ရန်အတွက် မြေဧရိယာ (၈၃၀)ဧကအား အသုံးပြုနိုင်ရေး အဆိုပြုတင်ပြချက်အရ လက်ရှိမြေပြင်တွင် စုစုပေါင်းတောင်သူ(၆၇)ဦးမှ စိုက်ပျိုးလုပ်ကိုင်နေခြင်းနှင့် အခြားနည်းလမ်းများဖြင့် အသုံးပြုနေခြင်းတို့ကြောင့် ကျန်ရှိမြေမှာ (၄၃၈.၈၇)ဧကဖြစ်ကြောင်း သိရှိရသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူခရိုင်အတွင်း သိမ်းဆည်းမြေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

FI

မေ ၁၃ (တောင်ငူ) ==================== မေလ (၁၃)ရက်နေ့၊ နံနက်(၉)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သော တောင်ငူခရိုင်အတွင်း သိမ်းဆည်းမြေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ရှေးဦ:စွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့ပြ/ကျေးလက် မြေအသုံးချမှု စနစ်တကျဖြစ်စေရေး၊ လိုအပ်ချက်အရ ဌာနဆိုင်ရာများက မြေယာသိမ်းဆည်းထားမှုကို စနစ်တကျ အသုံးချရန်လိုအပ်ကြောင်း၊ မလိုအပ်ပါကလည်း အလျင်အမြန် နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်ပေးရန် လိုအပ်ကြောင်း၊ ဒါမှလည်း အစိုးရအနေဖြင့် မူလတောင်သူများသို့ စိစစ်လွှဲပြောင်းပေးအပ်ခြင်း၊ အနာဂတ် မြို့ပြ/ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ရမည့် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တောင်ငူခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက တောင်ငူမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၃၀၂၉)လေကြောင်းရန် ကာကွယ်ရေးတပ်မှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်သော  မြေဧရိယာ(၁၄၀၀.၃၈)ဧကနှင့် ပတ်သက်၍ လက်ရှိမြေပြင်တွင် အသုံးပြုနေမှုအခြေအနေများကိုလည်းကောင်း၊ …

Read More »

ပဲခူးမြို့တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန် အခြေခံသင်တန်း(၁/၂၀၁၉)ဖွင့်လှစ်

FI

မေ ၁၃ (ပဲခူး) ================= မေလ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ညောင်အင်းကျေးရွာ ပဲခူး-တိုက်ကြီးလမ်းဘေးရှိ Famous Hotel ခန်းမတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှဦးဆောင်၍ ဒေသဆိုင်ရာဧည့်လမ်းညွှန် အခြေခံသင်တန်း(၁/၂၀၁၉)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ဧည့်လမ်းညွှန်သည် ခရီးသည်များအား ခရီးစဉ်ဒေသများကို လမ်းညွှန်ပြသခြင်း၊ ပြောဆိုရှင်းလင်းခြင်းနှင့် ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စေရေးအတွက် စီးပွားရေးအလို့ငှာ အခကြေးငွေယူ၍ စီစဉ်ဆောင်ရွက်ပေးသူဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတွက် ယခုသင်တန်းတွင် သင်ကြားပေးလိုက်သည့် သင်ခန်းစာများကို သင်ကြားနာယူကာ လက်တွေ့အသုံးချခြင်းဖြင့် အောင်မြင်သည့် ဧည့်လမ်းညွှန်ကောင်းများဖြစ်အောင် ကြိုးစားအားထုတ်ကြရန်၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား ရှင်းလင်းပြသသူများဖြစ်သည်နှင့်အညီ မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာများကိုဖော်ပြနိုင်ပြီး မိမိကိုယ်တိုင် ယဉ်ကျေးသိမ်မွေ့သည့် စည်းကမ်းရှိသည့် ဧည့်လမ်းညွှန်ကောင်းဖြစ်အောင် ကြိုစားနေထိုင်သွားကြရန် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်သူက …

Read More »

သက်တော်(၉၆)နှစ်ရှိ ပဲခူးမြို့အောင်သုခဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားကျင်းပ

FI

ပဲခူး မေ ၁၂ ================= မေလ(၁၂)ရက်နေ့ မွန်းလွဲ(၃:၃၀)နာရီအချိန်က ပဲခူးမြို့ဘိုကုန်း(၁၈)ရပ်ကွက် အောင်သုခဓမ္မရိပ်သာနှင့် တပ်မ(၇၇)အနီးရှိ တေဇောဓာတ်ပူဇော်မည့်ကွင်းတွင် သက်တော်(၉၆)နှစ် ဝါတော်(၄၃)ဝါရှိ အောင်သုခဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ သဗ္ဗေသင်္ခါရာ အနိစ္စာတိအစချီသော သံဝေဂသုံးဂါကိုရွတ်ဆိုပွား၍ အခမ်းအနားကိုဖွင့်လှစ်ကာ အောင်သုခဓမ္မရိပ်သာဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား သြဝါဒခံတပည့်ရဟန်းများ၊ သားသမီးမြေးမြစ်များ၊ တပည့်ယောဂီများ၊ အနီးကပ်ပြုစုစောင့်ရှောက်ပေးသူများက ရှိခိုးတောင်းပန်ကန်တော့ကြပြီး ကရဝိတ်ဖောင်တော်ပေါ်သို့ တပည့်သံဃာများ၊ ဆွေတော်မျိုးတော်များနှင့် ဈာပနကျင်းပရေးကော်မတီဝင်များက လက်ဆင့်ကမ်းပင့်ဆောင်တော်မူကြသည်။ ထို့နောက် ကရဝိတ်ဖောင်တော်ပေါ်ဖြင့် လောင်တိုက်တော်တည်ရှိရာ ဈာပနကွင်းသို့ သံဝေဂဂါထာလင်္ကာများ ရွတ်ဆိုပူဇော်၍ ပင့်ဆောင်တော်မူပြီး ညနေ(၅)နာရီအချိန်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး လှမျိုးရွှေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းတို့ စက်ခလုတ်နှိပ်၍ ရုပ်ကလပ်တော်အား တေဇောဓာတ်ဖြင့် အဂ္ဂိဈာပနမီးပူဇော်ကာ ဆရာတော်ဘုရားကြီး၏ သရီရဓာတ်ပြာတော်များကို အောင်သုခဓမ္မရိပ်သာသို့ပင့်ဆောင်၍ …

Read More »

တောင်ငူမြို့နယ်၊ ပသိကျေးရွာအုပ်စု၌ ဝန်ကြီးချုပ် ဦးဝင်းသိန်း ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

မေ ၁၂ (တောင်ငူ) ====================== မေလ (၁၂)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူမြို့နယ်၊ ပသိကျေးရွာအုပ်စု၊ ပသိချောင်းရေလှောင်တမံ ရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း နေရာတိုင်းတွင် အနည်းနှင့်အများ ပြဿနာများရှိနေနိုင်ကြောင်း၊ ဒီလိုဖြစ်ပေါ်နေတဲ့ ပြဿနာများကို လျော့နည်းသွားစေရန် ဖြေရှင်းနည်းများ၊ ပေါင်းစပ်ညှိနှိုင်းခြင်းများဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခုနှင့်တစ်ခု မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ ကိုးကွယ်သည့် ဘာသာအယူအဆ စသည်ဖြင့် မတူကွဲပြားမှုများရှိကြောင်း၊ ဘယ်လိုမတူကွဲပြားမှုများရှိစေကာမူ အချင်းချင်း ယုံကြည်မှုများတည်ဆောက်ပြီး မတူကွဲပြားမှုကို လက်ခံပြီး အတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရားဥပဒေစိုးမိုးသော လူသားကိုတန်ဖိုးထားသော ဒီမိုကရေစီနိုင်ငံတစ်ခုကို အမြန်ဆုံး တည်ဆောင်နိုင်မည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး(သို့မဟုတ်) အစားထိုးမြေနေရာပြန်လည်ရရှိနိုင်ရေး၊ သိမ်းဆည်းမြေနှင့်ပတ်သက်၍ တရားစွဲဆိုခံနေရမှုများအား ဖြေရှင်းဆောင်ရွက်ပေးရန်၊ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် ချိတ်ဆက်ထားသည့်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

မေ ၁၂ (တောင်ငူ) ====================== မေလ (၁၂)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် ချိတ်ဆက်ထားသည့် (တောင်ငူမြို့-လိပ်သို-ယာဒို- လွိုင်ကော်-ဟိုပုံး)လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် ချိတ်ဆက်ထားသည့် (တောင်ငူမြို့-လိပ်သို-ယာဒို- လွိုင်ကော်-ဟိုပုံး)လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က ယခုဆောင်ရွက်နေသည့်ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် ချိတ်ဆက်ထားသော (တောင်ငူမြို့-လိပ်သို-ယာဒို- လွိုင်ကော်-ဟိုပုံး)လမ်းဖြစ်ပြီး နောင်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့်ပါ ချိတ်ဆက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်နေပြီး၊ ဖြတ်သန်းအနေဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဒေသအတွင်း ကုန်စည်စီးဆင်းရေးအတွက် အလွန်အရေးပါလာမည့် လမ်းတစ်ခုဖြစ်ပြီး လမ်းဘေးကျေးရွာများအတွက်လည်း လူနေမှုအဆင့်အတန်း မြှင့်မာလာမှာဖြစ်ကြောင်း၊ လမ်းဖောက်လုပ်ခြင်းသည် ကုသိုလ်ရသည့် လုပ်ငန်းတစ်ခုဖြစ်၍ စေတနာမေတ္တာအရင်းခံ ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ချိန်အတွင်း အမြန်ဆုံးနှင့် အကောင်းဆုံး ပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့နယ်၊ ပဒဲကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

FI

မေ ၁၂ (တောင်ငူ) ============== မေလ (၁၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအုပ်စု၊ ပဒဲကျေးရွာအလယ်တန်းကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦ:စွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာများအလိုက် ဒေသခံပြည်သူများနှင့် လူထုတွေ့ဆုံပွဲများ ကျင်းပပြုလုပ်ပေးရခြင်းသည် ပြည်သူများမှ တင်မြှောက်ပေးလိုက်သည့် အစိုးရအနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊ ကြုံတွေ့နေရသည့် ဖြေရှင်းရခက်ခဲသော ပြဿနာများ၊ ဌာနဆိုင်ရာများနင့် ပေါင်းစပ်၍ လုပ်ငန်းဆောင်ရွက်ရာတွင်  ကြန့်ကြာနေမှုများ၊ ဒေသ၏ လိုလားချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူ့အစိုးရဖြစ်လာပြီး ပြည်သူ့မျက်နှာကို မျက်နှာမူ၍ ဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ အတ္တကို အခြေမပြုဘဲ အများအကျိုးရှိနိုင်မည့် ကိစ္စရပ်များကို တင်ပြပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သိမ်းဆည်းမြေများ ပြန်လည်ရရှိနိုင်ရေး၊ …

Read More »

ထန်းတပင်မြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာတွင် လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

မေ ၁၁ (တောင်ငူ) ========================== မေလ (၁၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ထန်းတပင်မြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများ၏ လိုအပ်ချက်များ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကိုယ်စားလှယ်များနှင့်အတူ ကွင်းဆင်းလာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများအကြားတွင်ရှိသော ပြဿနာရပ်များကို မေတ္တာတရားကို ဖြေရှင်းရာတွင် အခြေခံပြီး အတ္တ ပရ မျှတရန် ညီညာရန်လိုအပ်ကြောင်း၊ လူသားဝါဒဖြစ်တဲ့ ဒီမိုကရေစီခေတ်ကို ရောက်နေပြီဖြစ်၍ အမိန့်အာဏာ အကြောက်တရားဖြင့် ဖြေရှင်းရမယ့် အချိန်အခါမဟုတ်တော့ကြောင်း၊ ဒီမိုကရက်တစ် လူအဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန် ရေသောက်ဖြစ်သော ပညာရေးကဏ္ဍကို စတင်ပြုပြင်ပြောင်းလဲနေပြီဖြစ်၍ ပြည်သူများအနေဖြင့် အနာဂတ်ပန်းတိုင်ဖြစ်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး အမြန်ဆုံးပေါ်ထွန်းလာရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် …

Read More »