Home / မီဒီယာ / သတင်းမှတ်တမ်းများ (page 30)

သတင်းမှတ်တမ်းများ

ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

FI

ပဲခူး ဧပြီ ၄ ================= ဧပြီလ(၄)ရက်နေ့ နံနက်(၈)နာရီက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမ၌ နွေရာသီ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး နွေရာသီ အားကစား(၈)မျိုးဖြင့် သင်တန်းပြီးမြောက်သွားသူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေး၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့က ဂုဏ်ပြုမှတ်တမ်းနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် သင်တန်းသားသင်တန်းသူများက ဘောလုံး၊ ကရာတေးဒို၊ fitness dance၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ အလေးမ၊ စားပွဲတင်တင်းနစ်၊ တင်းနစ် စသည့်အားကစားများဖြင့် ပြန်လည်ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ်များ ပိုမိုသက်ဝင်ယုံကြည်လာခြင်းမှ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းဖြင့် …

Read More »

ပဲခူးမြို့တွင် စက်မှုဇုန်လုပ်ငန်းများ တည်ဆောက်နိုင်ရေး ကိုးရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်တွေ့ဆုံ

FI

ဧပြီ ၄ (ပဲခူး) =========================== ဧပြီလ (၄)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးဒေသတွင် က်မှုဇုန်လုပ်ငန်းများ တည်ဆောက်နိုင်ရေး ကိုးရီးယားနိုင်ငံအခြေစိုက် Taekwang Myanmar Development Co., Ltd မှ Vice President , Mr. Lee Hyung Jin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Mr. Lee Hyung Jin က မိမိတို့ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော(၁၀)နှစ်ခန့်ကတည်းက ရောက်ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုအခါ ပဲခူးဒေသတွင် စက်မှုဇုန်လုပ်ငန်းများနှင့် အိမ်ရာစီမံကိန်းများ ဆောင်ရွက်နိုင်ရေး လာရောက်ရခြင်းဖြစ်ကြောင်း၊ စက်မှုဇုန်လုပ်ငန်းများ တည်ထောင်ခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း အခွန်အခများ တိုးတက်ရရှိလာနိုင်မည်ဖြစ်၍ ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် လာရောက်ခဲ့ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ …

Read More »

လေဆိပ်ပတ်လမ်း ပေ(၁၀၀)အတွင်း ပါဝင်သွားသည့် သီးနှံပင်များအတွက် နစ်နာကြေးပေး လျော်ခြင်းအခမ်းအနားကျင်းပပြုလုပ်

FI

ဧပြီ ၃ (ပဲခူး) ============== ဧပြီလ (၃)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ပတ်လမ်းပေ(၁၀၀)အတွင်း ပါဝင်သွားသည့် သီးနှံပင်များအတွက် နစ်နာကြေးပေးလျော်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းသည် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်ပြီးကြောင်း၊ သီးနှံနစ်နာကြေးပေးလျော်နိုင်ရန်အတွက် ခြံပိုင်ရှင်များနှင့်အတူ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ တစ်ပင်ချင်းစီ ကွင်းဆင်းတိုင်းတာခြင်း၊ သက်တမ်းသတ်မှတ်ခြင်း၊ တန်ဖိုးသတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ယခုလို နှစ်ရှည်သီးနှံအတွက် နစ်နာကြေးပေးလျော်ရခြင်းဖြစ်ကြောင်းနှင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်မြောက်နိုင်ရေး တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ရာဖြစ်ခြင်းကြောင့် ကျေးဇူးတင်ရှိပါကိုလည်းကောင်း၊ ဥပဒေချုပ် ဦးအုန်းမြင့်မှ နှစ်ရှည်သီးနှံများအတွက်  နစ်နာကြေးတန်ဖိုးငွေပေးလျော်ခြင်းအား စာချုပ် စာတမ်းများနှင့်တကွ ဆောင်ရွက်မည်ဖြစ်၍ စာချုပ်ပါစည်းကမ်းချက်များအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် နှစ်ရှည်သီးနှံများအတွက် နစ်နာကြေးတန်ဖိုးငွေများအား တစ်ဦးချင်းအလိုက် စာချုပ်စာတမ်းတွင် လက်မှတ်ရေးထိုးစေလျက် ပေးလျော်ခဲ့ပြီး၊ အဆိုပါ …

Read More »

အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

ဧပြီ ၂ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှဦးဆောင်၍ ဧပြီလ(၂)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ၂၀၁၉ခုနှစ် ပဲခူးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသား(၂၅)နှစ်အောက်၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသားအလွတ်တန်း၊ မြန်မာ့ရိုးရာစစ်တုရင်အမျိုးသား(၂၅)နှစ်အောက်၊ မြန်မာ့ရိုးရာစစ်တုရင်အမျိုးသားအလွတ်တန်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသမီး(၂၅)နှစ်အောက်၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် လူငယ်(၂၀)နှစ်အောက် ပြိုင်ပွဲများအား နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသား(၂၅)နှစ်အောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသူများအား တိုင်းဒေသကြီး လူမှုဆက်ဆံရေးအရာရှိ ဦးဝင်းဌေးကလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသား အလွတ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသူများအား ပဲခူးတိုင်းဒေသကြီး စစ်တုရင်းဆပ်ကော်မတီ ဥက္ကဌ ဦးအေးသန်းကလည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင်အမျိုးသား (၂၅)နှစ်အောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသူများအား ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဆရာမကြီး ဒေါ်မေသက်နွယ်ကလည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင် အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် …

Read More »

Bago Region Investment Committee ၏ လုပ်ငန်းအချက်အလက်များ

2

ဧပြီ ၂ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ Bago Region Investment Committee ၏ လုပ်ငန်းအချက်အလက်များ ထုတ်ပြန်ကြေငြာခြင်း အပြည့်အစုံဖတ်ရှုရန်—————————–  

Read More »

ပဲခူးတိုင်းဒေကြီးအတွင်း လုပ်ငန်းအမျိုးအစားလိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ခြင်း

Presentation1

ဧပြီ ၂ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးတွင် စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဖိတ်ခေါ်လျက်ရှိပါသည်။ အပြည့်အစုံကြည်ရှုရန်———————————-

Read More »

ပဲခူး၊တောင်ငူ၊ပြည်မြို့တို့တွင် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်

FI

ဧပြီ ၂ (ပဲခူး) ================ ဧပြီလ (၂)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Golden Zenith Construction Co., Ltd မှ ပဲခူး၊တောင်ငူ၊ ပြည်မြို့များ၌ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်နိုင်ရေး လာရောက်တွေ့ဆုံကမ်းလှမ်းခဲ့သည်။ ရှေးဦးစွာ Golden Zenith Construction Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်သန်းဦးနှင့် ဦးညိုဝင်းအောင်တို့က ပဲခူးမြို့၊ တောင်ငူမြို့နှင့် ပြည်မြို့တို့တွင် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်နိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ပဲခူး၊ တောင်ငူနှင့် ပြည်မြို့တို့သည် ခရိုင်မြို့ကြီးများဖြစ်ကြပြီး နောင်အနာဂတ်တွင် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အထပ်မြင့်အဆောက်အဦများ ပိုမိုလိုအပ်လာနိုင်မည်ဖြစ်၍ ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ မိမိတို့ကုမ္ပဏီအနေဖြင့် (၆)ခန်းတွဲ (၄)ထပ်၊ အိမ်ခန်းအကျယ်အဝန်း (၅၄၀)စတုရန်ပေ၊ အိမ်ခန်း(၁)ခန်း၊ ဧည့်ခန်း(၁)ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း သြဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်

FI

ဧပြီ ၂ (ပဲခူး) =================== ဧပြီလ (၂)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီ:အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ သြဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး Ayar Grow Co., Ltd နှင့် မျိုးသာကီကုမ္ပဏီလီမိတက်တို့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးယုနွယ်နှင့် ဒါရိုက်တာ ဦးဘော်နီဦးတို့က မိမိတို့ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ဓါတုကင်းလွတ် သဘာဝမြေသြဇာထုတ်လုပ်ခြင်း၊ သြဂဲနစ်သီးနှံ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများအား လွန်ခဲ့သော(၁၀)နှစ်ခန့်ကတည်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဖြန့်ဖြူးရောင်းချနေသည့် သြဂဲနစ်သီးနှံ (၆၀)%သည် သဲကုန်းမြို့နယ်၊ ဝက်ပုတ်ကျေးရွာမှ ထွက်ရှိလျက်ရှိပြီး မိမိတို့ကုမ္ပဏီမှလည်း နည်းပညာ ဖြန့်ဖြူးပေးခြင်းနှင့် တောင်သူအကျိုးတူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် သြဂဲနစ်သီးနှံ စျေးကွက်တစ်ခု ခိုင်မာစေရန်နှင့် ပြည်သူများ ကျန်းမာသန့်ရှင်းသော သြဂဲနစ်သီးနှံ စားသုံးနိုင်ရန် ရည်ရွယ်ရခြင်းဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် …

Read More »

အသိပညာကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ပြောင်းလဲရာတွင် တီထွင်ဖန်တီးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း ဝန်ကြီးချုပ် ပြောကြား

FI

မတ် ၃၁ (ပဲခူး) ==================== မတ်လ (၃၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ BRCB(T)နှင့် Third Party(QC Team) များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခင်ခေတ်အဆက်ဆက်က တည်ဆောက်ရေးလုပ်ငန်းများအား တာဝန်ခံစစ်ဆေးသည့် ကော်မတီအသီးသီးရှိခဲ့သော်လည်း အင်ဂျင်နီယာပိုင်းဆိုင်ရာ အသိပညာနည်းပါးခြင်း၊ အဂတိလိုက်စားခြင်းတို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အရည်အသွေးများ အားနည်းခဲ့ကြောင်း၊ ဒါကြောင့် ယခုအခါ ဌာနဆိုင်ရာနှင့် တင်ဒါအောင်ကုမ္ပဏီတို့ကြားတွင် ဖြောင့်မတ်မှန်ကန်သည့် အင်ဂျင်နီယာနည်းစနစ်များ၊ အရည်အသွေးများအား စစ်ဆေးသည့် QC Team များ ထည့်သွင်းရခြင်းဖြစ်ကြောင်း၊ ယခင်ခေတ်များတွင် ပညာရှင်များသည် အာဏာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်များအောက်တွင် ရပ်တည်ခဲ့ရသဖြင့် တိုင်းပြည်၏ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မပြည့်မီ ပျက်စီးခဲ့ကြောင်း၊ ဒီအခြေအနေကို ကျော်လွှားနိုင်ရန် မိမိတို့ပဲခူးတိုင်းဒေသကြီးအစိုးရမှ ဦးဆောင်၍ တည်ဆောက်ရေးလုပ်ငန်းများအား အနီးကပ်ကြီးကြပ်ဆောင်ရွက်နိုင်ရန် BRCB(T) ကို …

Read More »

ကြာအင်းကုန်းကျေးရွာ လူထုတွေ့ဆုံပွဲတွင် ပြည်သူများ၏အခက်အခဲပြဿာနာများကို ဝန်းရံဖြေရှင်းပေးရန် လာရောက်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြောကြား

FI

မတ် ၂၉ (ကျောက်တံခါး) ================== မတ်လ(၂၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျောက်တံခါးမြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ ကြာအင်းကုန်းကျေးရွာ သာသနာ့ရက္ခိတ မဟာစည်ဘုန်းတော်ကြီးကျောင်းတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများ၏ အခက်အခဲပြဿာနာများကို ဝန်းရံဖြေရှင်းပေးရန်နှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အတွက် မိမိနှင့်အတူ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လွှတ်တော်ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ လာရောက်ကြခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း နားလည်မှုပေးနိုင်သော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ကျင့်ကြံတည်ဆောက်ရန်လိုအပ်ကြောင်း၊ အချင်းချင်းနားလည်မှုပေးပြီး စည်းလုံးညီညွတ်မှုရှိအောင် ကြိုးကြရန်လိုအပ်ကြောင်း၊ မေးမြန်းတင်ပြရာတွင် အများအတွက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များကိုသာ အဓိကထားဦးစားပေး မေးမြန်းတင်ပြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ကြာအင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ကြာအင်းကုန်းကျေးရွာ၊ မီချောင်းအိုင်ကျေးရွာ၊ ဆင်ဆိပ်ကလေးကျေးရွာ၊ ကြိုင်အုံကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ကျောက်ခဲအင်းကျေးရွာ၊ ကြာပင်အိုင်ကျေးရွာ၊ အောင်ကုန်းကျေးရွာ၊ အောင်မြင်ကျေးရွာအုပ်စု၊ ခင်အင်းကြီးကျေးရွာအုပ်စု၊ ဆားပြင်ကျေးရွာအုပ်စု၊ တူမောင်ကျေးရွာအုပ်စု၊ …

Read More »