Home / မီဒီယာ / ရုပ်သံသတင်းများ

ရုပ်သံသတင်းများ

အမှိုက်မှ လယ်ယာသုံးစက်ကိရိယာအတွက် ဒီဇယ်ဆီထုတ်ယူမည့်စက်ရုံ တည်ဆောက်နိုင်ရန် ဆွေးနွေး

FI

ဒီဇင်ဘာ ၁၉ (ပဲခူး) ==================================        ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ ဂျပန်နိုင်ငံအခြေစိုက်  Garbage Collection Co., မှ Mr. Hosono ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။           ရှေးဦးစွာ Mr. Hosono က ပဲခူးတိုင်းဒေသကြီးအတွင်း၌ အမှိုက်မှ လယ်ယာသုံး စက်ကိရိယာများအတွက် ဒီဇယ်ဆီပြန်လည်ထုတ်ယူနိုင်မည့် စက်ရုံတည်ဆောက်နိုင်ရန် လာရောက် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ စက်ပစ္စည်းများအား ဂျပန်နိုင်ငံအစိုးရမှ ODA နှစ်ရှည် ချေးငွေဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မိမိတို့ကုမ္ပဏီမှ နည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။          ထို့နောက် ဝန်ကြီးချုပ်က အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာသည့် စက်ရုံ/အလုပ်ရုံများ၊ လူဦးရေများနှင့် မြို့ပြများမှ ထွက်ရှိလာမည့် အမှိုက်များအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဘဲ ဖျက်ဆီးရန် ကြိုတင်စီမံဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ သန့်ရှင်းလှပသည့် …

Read More »

ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု သရုပ်ပြပွဲ ကျင်းပ

yaydashae1

   ရေတာရှည် သြဂုတ် ၂ဝ။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာ ကွင်းအမှတ် (၆၇ဝ-ခ)တောင်သူ ဦးချို၏ လယ်ကွက်၌ စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၄၈)စက်မှု လယ်ယာစခန်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပကြောင်း သိရသည်။      အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု သရုပ်ပြပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေတာရှည်မြို့နယ် ဝန်းကျင်မှ တောင်သူ ၄ဝဝ ဦးခန့် စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြသည်။ ထို့နောက် လာရောက် လေ့လာကြသော တောင်သူများကို တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးလှမြင့်က စပါးပျိုးထောင်နည်း စနစ်၊ ပျိုးပင်များ ထားသိုပုံ စနစ်များကို ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဝေါမြို့နယ် လေဘေးသင့်နေရာများသို့သွားရောက်ကြည့်ရှုစစ်ဆေး

13934635_1649320822049183_3442406589528612581_n

(၁၈-၈-၂၀၁၆) ရက်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့သည် ဝေါမြို့နယ် လေဘေးသင့်နေရာများသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝေါမြို့နယ်၊ လေးအိမ်စုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာသင် ကျောင်း၌ လေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနား တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာ စကားပြော ကြားပြီး၊ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်မှ ဌာန၏ ရည်ရွယ်ချက်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရေးပစ္စည်များ အချိန်မီထောက်ပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။  

Read More »

ပဲခူးမြို့၌ စက်ဘီးလှည့်ကင်းဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်အား ဓားဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူမှု

14022199_658097791005058_181783550230195021_n

(၁) ၁၇.၈.၂၀၁၆ ရက်နေ့ ညနေ ၆နာရီခန့်တွင် ပဲခူးမြို့ ရဲအကူတပ်ခွဲမှ တပ်ဖွဲ့ဝင်(၃၀)ဦး စက်ဘီးဖြင့် လှည့်ကင်းဆောင်ရွက်စဉ် ရဲတပ်သား ကျော်သန်းဝင်းမှာ စက်ဘီးလှည့်ကင်းအဖွဲ့နှင့် အနည်းငယ် နောက်ကျကျန်နေခဲ့ပြီး စိန်ဟင်းလျှပ်စစ်ပစ္စည်းဆိုင်ရှေ့အရောက် အရက်သောက်စားမူးယစ်နေသော အမည်မသိအမျိုးသား (၂)ဦးမောင်းနှင်လာသည့် ဆိုင်ကယ်မှ စက်ဘီးအားကျော်တက်ပြီး ရှေ့မှပိတ် ရပ်၍ ၄င်းတို့အနက်တစ်ဦးမှ အရိုးအသွား (၁၆)လက်မခန့်ရှိ ဓါးဦးချွန်ဓါးရှည်နှင့် ရဲတပ်သား ကျော်သန်းဝင်း၏ လည်ပင်းဝဲဘက်အပေါ် ဓါးတင်ကာရန်စရာမှ လည်ပင်းဝဲဘက်(၃)လက်မခန့် ပြတ်ရှဒဏ်ရာရှိခဲ့ပါသည်။ (၂) ပဲခူးမြို့မရဲစခန်းမှူး ဒုရဲမှူးစိုးပိုင်နှင့်အဖွဲ့မှ အခင်းဖြစ်ရပ်သို့သွားရောက်ပြီး ၄င်းအမျိုးသား(၂)ဦး အား ရဲစခန်းသို့ခေါ်ယူစိစစ်ခဲ့ရာ ငလက်မ(ခ)ဝမ်ချိုင်း ၂၁နှစ်(ဘ)ဦးမောင်စိုး ဗမာ/ဗုဒ္ဓ ကျဘမ်း မ-၄၀၇ နတ်သျှင်နောင်လမ်း ဥသာမြို့သစ် (၂)ရပ်ကွက် ပဲခူးမြို့နေသူနှင့် အောင်သူဖြိုး ၁၈နှစ်(ဘ) ဦးအေးသိန်း ဗမာ/ဗုဒ္ဓ ကျောင်းသား (ပနှစ် သင်္ချာ) ပဲခူးတက္ကသိုလ် အင်းကျိုက်ကျေးရွာ ညောင်လေး ပင်မြို့နယ်(ယခုဘုရားလမ်း …

Read More »

ဧရာဝတီဖောင်ဒေးရှင်း Max Myanmar Holding နှင့် ဧရာဝတီဘဏ်ရုံး ဝန်ထမ်းမိသားစုများမှ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများအတွက် လှူဒါန်းမှုသတင်း

max-myanmar2

(၉-၈-၂၀၁၆) ရက်နေ့ နံနက်(၉:ဝဝ)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ တော်ဝင်ဟံသာခန်းမတွင် ဧရာဝတီဖောင်ဒေးရှင်း Max Myanmar Holding နှင့် ဧရာဝတီဘဏ်ရုံး ၀န်ထမ်းမိသားစုများမှ

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အား edotco Myanmar Limited မှလာရောက်တွေ့ဆုံ

edotco Myanmar Limited

ပဲခူး သြဂုတ် ၁ သြဂုတ်လ(၁)ရက်နေ့လယ်(၂းဝဝ)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဧည့်ခန်းမ၌ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းအား edotco Myanmar Limited မှတာဝန်ရှိသူများက မိမိတို့လုပ်ငန်းဖြစ်သည့် ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေး

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် i-Land Park Myanmar Limited မှ တာဝန်ရှိသူများလာရောက်တွေ့ဆုံ

i Land Myanmar Limited

ပဲခူး သြဂုတ် ၁။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဧည့်ခန်းမ၌ သြဂုတ်လ(၁)ရက် နံနက်(၀၉: ၃၀)နာရီအချိန်က ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းအား i-Land Park Myanmar Limited မှတာဝန်ရှိသူများက စက်မှုဥယျာဉ် မြို့တော်အတွင်းတွင် စက်မှုဇုန်များအပြင် Residential နှင့် Commercial Project များထပ်မံ ရင်းနှီးလုပ်ဆောင်ရန်

Read More »