Home / လွှတ်တော် သတင်းများ

လွှတ်တော် သတင်းများ

ဒုတိယအကြိမ်​ ပဲခူးတိုင်းဒေသကြီးလွှတ်​​တော်​ အ​ရေး​ပေါ်အစည်းအ​ဝေး(၂/၂၀၁၈)သို့ ဝန်ကြီးချုပ် တက်ရောက်

FI

ပဲခူး  ဇွန်  ၄ ==============================     ဇွန်လ(၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၈)ပထမနေ့ကို ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ (၇၅) ဦးမှ (၆၈) ဦး တက်ရောက်ပြီး အစည်းအဝေး မတက်ရောက်နိုင်သော ကိုယ်စားလှယ်များများက ခွင့်ပန်ကြား၍ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးစတင်သည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ဗိုလ်မှူးမျိုးမင်းဇော်မှ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ပြီးနောက် ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ လျာထားစာရင်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးဦးညွှန့်ရွှေက လွှတ်တော်သို့တင်သွင်းသည်။ ဆက်လက်၍  ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီ(၂)ခု ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်းအား တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ကိုရယူကာ ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ လျာထားစာရင်းနှင့်စပ်လျဉ်း၍ …

Read More »

ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော် ​နဝမပုံမှန်​အစည်းအ​ဝေး (ဆဋ္ဌမ​နေ့)ကျင်းပ

FI

ဖေဖော်ဝါရီ ၂၁(ပဲခူး) ======================== ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌမှ နေရာယူပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးအနက် (၆၆)ဦး တက်ရောက်ကာ မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြား၍ တိုင်းဒေသကြီးလွှတ်တော်၏အဆုံးအဖြတ်ကိုရယူသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသော မေးခွန်း (၁၀)ခု၊ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာအား ရေးရာကော်မတီအဖွဲ့ဝင် ဦးအောင်ကိုမင်း ကြို့ပင်ကောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ကလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာ ကော်မတီအစီရင်ခံစာအား ရေးရာကော်မတီအဖွဲ့ဝင် ဦးအေးဝင်း မိုးညိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ကလည်းကောင်း အသီးသီး တင်ပြခဲ့ကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ရပ်နားကြောင်းနှင့် ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေငြာကြောင်း သိရသည်။

Read More »

ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော်​ နဝမပုံမှန်​အစည်း​အ​ဝေး (ပဉ္စမနေ့)ကျင်းပ

FI

ဖေဖော်ဝါရီ ၂၀(ပဲခူး) ============================ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦခန်းမ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ (၇၅)ဦးရှိပြီး (၆၅)ဦးတက်ရောက်ကာ အစည်းအဝေးသို့ မတက်ရောက်နိုင်သူများကို ခွင့်ပန်ကြား၍ လွှတ်တော်မှ အတည်ပြုချက်ရယူသည်။ ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသော မေးခွန်း(၁၀)ခုအား မေးမြန်းရာ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ ပြန်လည်ဖြေကြားပေးသည်။ ထို့နောက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်ပတ်သက်၍ ရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ကျော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှလည်းကောင်း၊ စက်မှုလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ကိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် ပတ်သက်၍ ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦး၊ နတ္တလင်းမြို့နယ် မဲဆန္ဒနယ်မှလည်းကောင်း၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်ပတ်သက်၍ ရေးရာကော်မတီဥက္ကဋ္ဌ …

Read More »

ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီး လွှတ်​​တော်​နဝမပုံမှန်​အစည်း​အ​ဝေး (စတုတ္ထ​နေ့)ကျင်းပပြုလုပ်

FI

ပဲခူး ဖေဖော်ဝါရီ ၁၉ ==================================== ဖေဖော်ဝါရီလ(၁၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦခန်းမ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ(၇၅)ဦးရှိပြီး (၆၇)ဦးတက်ရောက်ကာ အစည်းအဝေးသို့ မတက်ရောက်နိုင်သူများကို ခွင့်ပန်ကြားကာ လွှတ်တော်မှ အတည်ပြုချက်ရယူသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသော မေးခွန်း(၁၀)ခုအားမေးမြန်းရာ သက်ဆိုင်ရာ အစိုးရအဖွဲ့၀င်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှပြန်လည်ဖြေကြားကာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတိုးနှင့်ပက်သက်၍ ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမျိုးခိုင် ကဝမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှလည်းကောင်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်ပတ်သက်၍ ရေးရာကော်မတီ အတွင်းရေးမှူး ဦးသူရဇော် ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှလည်းကောင်း၊ စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ …

Read More »

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၁၅ (ပဲခူး) ================================= ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပပြုလုပ်ရာ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးအနက် (၇၁)ဦး တက်ရောက်သည်။ အဆိုပါ အစည်းအဝေး(ဒုတိယနေ့)တွင် ကြယ်ပွင့်ပြထားသည့် မေးခွန်းများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းရာသက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားများက မေးခွန်း(၁၁)ခု မေးမြန်းပြီး ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်က လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ(၁)စောင်၊ အဆို(၁)ခု၊ အတည်ပြုချက်(၁)ခုတို့ ဆောက်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး(ပထမနေ့)သို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဖေဖော်ဝါရီ ၁၄ (ပဲခူး) ================================= ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပပြုလုပ်ရာ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးအနက် (၆၉)ဦး တက်ရောက်သည်။ ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ မိန့်ခွန်းနှင့် သဝဏ်လွှာများအား တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိန့်ခွန်းပြောကြားသည်။ ထို့နောက် ကြယ်ပွင့်ပြထားသည့် မေးခွန်းများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး (ပထမနေ့)တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားများက တရားမဝင်ယစ်မျိုးသယ်ယူ ဖြန့်ဖြူးရောင်းချနေခြင်းကို စစ်ဆေးဖမ်းဆီးရေးအဖွဲ့များ ဖွဲ့စည်းပြီး ထိရောက်စွာ အရေးယူနိုင်ရေး၊ အင်းမမြို့တွင် သန္ဓေမီးသတ်စခန်း ချထားတည်ဆောက်ပေးရန်၊ သဲကုန်းမြို့နယ်အတွင်း တရားဝင် ဓါတ်ဆီဆိုင်များ …

Read More »

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈)စတုတ္ထနေ့ ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၃၀(ပဲခူး) ======================== ဇန်နဝါရီလ (၃၀)ရက်နေ့က ပဲခူးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး (စတုတ္ထနေ့) ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ (၇၅)ဦးမှ (၆၆)ဦးတက်ရောက်ကာ အစည်းအဝေးသို့ မတတ်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကိုယူကာ စတင်ကျင်းပသည်။ အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အဆိုပြုတင်ပြသော လစ်လပ်ဝန်ကြီးဌာန (၂)နေရာအတွက် သနပ်ပင်မြို့နယ်မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာစောညိုဝင်းနှင့် အုတ်ဖိုမြို့နယ် မဲဆန္ဒနယ် ဒေါ်ညွှန့်ညွှန့်ဌေး(ခ)ဌေးဌေးတို့အား နိုင်ငံတော်သမ္မတမှ ဝန်ကြီးအဖြစ်အတည်ပြု ခန့်အပ်ကြေငြာပြီးဖြစ်ရာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၌ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်မှ နိဂုံးချုပ်အမှာစကား ပြောကြားပေးသည်။ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ဒေါက်တာစောညိုဝင်းမှ သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေး ဝန်ကြီးဌာနဝန်ကြီးအဖြစ်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) …

Read More »

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)(ပထမနေ့)၌ လစ်လပ်လျက်ရှိသော တိုင်းဒေသကြီးဝန်ကြီး(၂)ဦး အဆိုပြုတင်ပြ

FI

ဇန်နဝါရီ ၂၅ (ပဲခူး) ================================ ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈)(ပထမနေ့)ကျင်းပပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးရှိသည့်အနက် (၆)ဦးခွင့်ယူသဖြင့် (၆၉)ဦးတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်မှ နေရာယူပြီး အစည်းအဝေးမတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည့် ဝန်ကြီးဌာန(၂)ဌာနအတွက် တာဝန်ပေးအပ်ရန် ဝန်ကြီး(၂)ဦး၏ အမည်စာရင်းအား အဆိုပြုတင်ပြပြီး ပထမပိုင်းအစည်းအဝေး ခေတ္တရပ်နားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လစ်လပ်နေသော ဝန်ကြီးဌာန(၂)ခုအတွက် တာဝန်ပေးခန့်အပ်ရန် ဝန်ကြီးချုပ်က လွှတ်တော်သို့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် သနပ်ပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကတိကဝတ်အာမခံချက်များ စီစစ်ရေးကော်မတီဥက္ကဌ ဒေါက်တာစောညိုဝင်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးအဖြစ် အုတ်ဖိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပဲခူးတိုင်းဒေသကြီး …

Read More »

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(ပထမ)နေ့သို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဇူလိုင်  ၃ ============================= ပဲခူးတိုင်းဒေသကြီးလွှတ်တောရုံး အစည်းအဝေးခန်းမ၌ ဇူလှိုင်လ(၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (ပထမ)နေ့ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အစည်းအဝေး မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းအား တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်လောင်း(၂)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော သဝဏ်လွှာများအား မှတ်တမ်းတင်ခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ မိန့်ခွန်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် (ကြည်း-၂၇၂၉၄) ဗိုလ်မှူးကြီးလှမျိုးရွှေအား ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ အတည်ပြုရွေးချယ်ထားပြီးဖြစ်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို တိုင်းဒေသကြီး လွှတ်တော်သို့တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ကို ရယူသည်။ ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ ကြယ်ပွင့်မေးခွန်းများမေးမြန်းရာ သက်ဆိုင်ရာအစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် …

Read More »

စည်ပင်သာယာရေးဥပဒေနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေ ပြဋ္ဌာန်း

Presentation1

ပဲခူးတိုင်း‌ဒေသကြီးစည်ပင်သာယာ‌ရေးဥပ‌ဒေ (၂ဝ၁၆ ခုနှစ် ပဲခူးတိုင်း‌ဒေသကြီးလွှတ်‌တော်ဥပ‌ဒေအမှတ်- ၄   ) အပြည့်အစုံ ဖတ်ရှုရန်—————————————– စည်ပင်သာယာ‌ရေး‌ကော်မတီဝင်များ‌ရွေးချယ်ခြင်းဆိုင်ရာနည်းဥပ‌ဒေ အပြည့်အစုံ ဖတ်ရှုရန်—————————————-

Read More »