Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်သလို စည်းကမ်းမလိုက်နာမှုများကိုလည်း ထိရောက်စွာ အရေးယူရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်မှာကြား

FI

မေ ၉ (ပဲခူး) ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မေလ (၉)ရက်နေ့၊ နံနက် (၉) နာရီခွဲအချိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းရှင်းစေရေး ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ယာဉ်ထိန်းရဲတပ်ဖွဲ့များသည် ယာဉ်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရသလို၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးများကိုလည်း ဆောင်ရွက်နေရကြောင်း၊ အထူးသဖြင့် ယာဉ်ထိန်းရဲလုပ်ငန်းသည် ပြည်သူများနှင့် နေ့စဉ်ထိတွေ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေရသည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြောင်း၊ မကြာမီ ကျောင်းဖွင့်ရာသီရောက်ရှိလာမည်ဖြစ်၍ စာသင်ကျောင်းများရှေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များ ချထားပေးနိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားစေလိုကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပညာပေးရာတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်သလို စည်းကမ်းမလိုက်နာသူများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခရီးသွားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် မဆုံးရှုံးစေရေး စေတနာထား …

Read More »

ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (၁၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ

FI

မတ် ၃၀ (တောင်ငူ) ============== ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ [JMC-S (ပဲခူး)] ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ JMC-S (ပဲခူး) ဥက္ကဋ္ဌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိယဥက္ကဋ္ဌ (၁) KNU/KNLA တပ်မဟာ (၃) တပ်မဟာမှူးတို့ အပါအဝင် ကော်မတီဝင်များ၊ လေ့လာသူများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် JMC-S (ပဲခူး) ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ မတ်လအတွင်း JMC-S (ပဲခူး) နယ်မြေတွင် ထိတွေ့မှုအချို့ ရှိခဲ့ကြောင်း၊ အဆိုပါထိတွေ့မှုကို ညှိနှိုင်းဖြေရှင်းရန်အတွက် သက်ဆ်ိုင်ရာ နယ်မြေဒေသသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့ကိုလည်း ကျေးဇူးတင်ပါကြောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် KNU/KNLA တပ်မဟာ …

Read More »

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း သရုပ်ပြခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဖေဖော်ဝါရီ ၄ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူးပြီး ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ဥဿာမြို့သစ်၊ (၈)ရပ်ကွက်၊ မြို့ရှောင်လမ်းဘေးရှိ အငြိမ်းစားဝန်ထမ်းအိမ်ရာတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း (သီဟဟင်္သာ)သရုပ်ပြသခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ UN – HABITAT မှ ဒေါ်သိမ့်ရီစိုးက ငလျင်အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပြီး ငလျင်လှုပ်ခတ်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲရမည့်လုပ်ငန်းစဉ်များ၊ ကယ်ဆယ်ရှင်းလင်းရေး လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ ကျန်းမာရေးစောင့်ရှောက်ရမည့် လုပ်ငန်းစဉ်များ၊ ဒဏ်ရာရရှိသူများနှင့် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ် ဘေးကင်းရာအရောက်ပို့ဆောင်ရမည့် လုပ်ငန်းများနှင့် ငလျင်လှုပ်ပြီးနောက် လူနေအိမ်မှဝါယာရှော့ဖြစ်၍ မီးလောင်ငြိမ်းသတ်ခြင်းဆောင်ရွက်ပုံများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ လာရောက်အားပေးခြင်း၊ ကူညီစောင့်ရှောက်ထောက်ပံ့ခြင်း လုပ်ငန်းများအား ပူးပေါင်းဌာနများက ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသပေးသည်။ ငလျင်လှုပ်ခတ်ပြီးနောက် မိမိ၏မိသားစုဝင်များကို စစ်ဆေးပါ၊ မိသားစုဝင်များ ပျောက်ဆုံးသွားပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ၊ ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ဆေးပြီးလိုအပ်သော အကူအညီများပေးပါ၊ သက်ဆိုင်ရာအစိုးရဌာနမှ …

Read More »

မော်တော်ယာဉ်လိုင်းများ စနစ်တကျဖြစ်စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရေး ပထမအကြိမ် တွေ့ဆုံညှိနှိုင်း

FI

ဇန်နဝါရီ ၁၂ (ပဲခူး) ================================== ဇန်နဝါရီလ (၁၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ် ဧည့်ခန်းမ၌ ပဲခူးမြို့တွင်း မော်တော်ယာဉ်လိုင်းများ စနစ်တကျဖြစ်စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု များ ဖြေရှင်းနိုင်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင် အဖွဲ့ (Yangon Region Transport Authority – YRTA)၏ အတွင်းရေးမှူး ဦးသန်းဝင်းက ပဲခူးမြို့ အတွင်း၌ ပြေးဆွဲမောင်းနှင်နေသည့် ဆိုင်ကယ်၊ (၃)ဘီးဆိုင်ကယ်နှင့် Hijet မော်တော်ယာဉ်များ အဓိကပြေးဆွဲနေသည်ကို သိရှိရကြောင်း၊ အပြောင်းအလဲတစ်ခု ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ၊ အခက်အခဲများရှိသည်ကို နားလည်ပါကြောင်း၊ အဓိကအားဖြင့် ခရီးသည်တင်ပြေးဆွဲနေသည့် မည်သည့် ယာဉ်မဆို အန္တရာယ်ကင်းရှင်းခြင်း၊ သက်တောင့်သက်သာရှိခြင်းနှင့် မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျ ညီညီညာညာ ပြေးဆွဲရန်လိုအပ်ပါကြောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဦးဆောင်ပြီး ကြီးကြပ်ဆောင်ရွက်သည့် အဖွဲ့အစည်းအသစ်တစ်ခု …

Read More »

ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် သုံးဘီးယာဉ်လိုင်း တာဝန်ခံ၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

23718209_1880676465580283_241891189_n

နိုဝင်ဘာ ၁၈ (ပဲခူး) ==========================   ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ ၁၈ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် သုံးဘီးယာဉ်လိုင်းမှ ယာဉ်လိုင်းတာဝန်ခံများ၊ ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးက ပဲခူးမြို့သည် တစ်နေ့တစ်ခြား ယာဉ်အစီးအရေနှင့် လူဦးရေတိုးတက် များပြားလာကြောင်း၊ ပဲခူးမြို့သည် လမ်းဆုံမြို့တစ်ခုဖြစ်သည်နှင့်အညီ ရန်ကုန်- မန္တလေး၊ ရန်ကုန်–မြဝတီ အဓိက ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများသည် ပဲခူးမြို့သို့ ဖြတ်သန်းသွားလာလျက်ရှိကြောင်း၊ မြို့ပြတစ်ခု ပြောင်းလဲတိုးတက်မှုသည် ယာဉ်လိုင်းစနစ်များ ကောင်းမွန်မှုအပေါ် မူတည်နေကြောင်း၊ လက်ရှိအနေအထားအရ တရားမဝင် ကားများ၊ ကိုယ့်လိုင်းမဟုတ်ဘဲ ဝင်ရောက်ပြေးဆွဲနေသည့် ယာဉ်လိုင်းများလည်းရှိနေသဖြင့် စိစစ်အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယာဉ်လိုင်းများအနေဖြင့်လည်း သတ်မှတ်ထားသည့် ဂိတ်များတွင်သာ ဂိတ်ထိုးခြင်း၊ ခရီးစဉ်အမှန်တိုင်း ပြေးဆွဲခြင်း၊ ယာဉ်မောင်းရာတွင် လက်ယာဘက်မှ …

Read More »

ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အဋ္ဌမအကြိမ် အစည်းအဝေးသို့ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ တက်ရောက်

23131787_1526061204149442_8432403924315175033_n

အောက်တိုဘာ ၃၁ (ပဲခူး) ===================================================== ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ၏ အဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ ဦးစွာပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြတ်ကျော်နှင့် ကော်မတီ ဒုတိယဥက္ကဋ္ဌများက အမှာစကားများ ပြောကြားကြသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များက သတ္တမအကြိမ် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို အသီးသီးရှင်းလင်း ဆွေးနွေးညှိနှိုင်းကြပြီး အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

၂၀၁၇ခုနှစ်၊ပဉ္စအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၃ (ပဲခူး) =================================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့မှ ကြီးမှူးပြီး ၂၀၁၇ခုနှစ် ပဉ္စမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံ၌ လူကုန်မှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းများ ရေးဆွဲပြီး ကဏ္ဍပေါင်းစုံ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခုလို(၅)နှစ်စီမံကိန်းတွေဖြင့် လုပ်ဆောင်လာရာမှာ ၂၀၁၇မှ ၂၀၂၁အထိ အကောင်အထည်ဖော် ဆောင်ရွက်မည့် တတိယ(၅)နှစ် စီမံကိန်း(၂၀၁၇-၂၀၂၁)ကိုလည်း အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းကို မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေးဆိုသည့် ကဏ္ဍ(၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခင်က ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့်သာ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့် ၂၀၁၄ခုနှစ်မှစတင်ပြီး အင်ဒိုနီးရှားနိုင်ငံအစိုးရနှင့် ပူးပေါင်းကာ လူကုန်ကူးခံရသူများကို ပြန်လည်ပို့ဆောင်ရေးနှင့် လူကုန်ကူးသူများအား တရားစွဲဆိုရေးဆိုင်ရာ …

Read More »

ပဲခူးတိုင်းဒေသကြီး လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၁ (ပဲခူး) ==================================== စက်တင်ဘာလ (၁၁)ရက်နေ့၊ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးလုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက ရခိုင်အရေးနှင့်ပတ်သက်ပြီး ပြည်တွင်းအကြမ်းဖက်မှုများ လုပ်ကိုင်ဆောင်ရွက်ရန် သတင်းများရရှိ ထားပြီးဖြစ်ကြောင်း၊ IS စစ်သွေးကြွများသည် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးအရ ဆုံးရှုံးခဲ့ရ သဖြင့် အရှေ့တောင်အာရှနိုင်ငံဘက်သို့ ဦးတည်ဝင်ရောက်လာခြင်း၊ ဒီလိုဝင်ရောက်လာမှုနှင့်အတူ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များပါ အတူပါဝင်လာကြောင်း၊ ရခိုင်ဖြစ်စဉ်သည် ဘာသာရေး ပဋိပက္ခအသွင်မဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်သာဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်သည် အချိန်မရွေး နေရာမရွေး ဖြစ်ပွားနိုင်၍ ပြည်သူများ သတိရှိစေလိုကြောင်း၊ ပဋိပက္ခဖြစ်စဉ်များ၌ မီဒီယာများ အနေဖြင့်လည်း ဘက်လိုက်မှုများရှိနေသဖြင့် နိုင်ငံတကာသို့ သတင်းအမှန်သိရှိရန် အခက်အခဲများ ရှိကြောင်း၊ ယနေ့အချိန်အခါသည် လုံခြုံရေးအရ အရေးကြီးသည့် အချိန်အခါဖြစ်၍ ပြည်သူများမှ လုံခြုံရေးအဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း …

Read More »

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဟောပြောပွဲကျင်းပပြုလုပ်

FI

ဇွန် ၂၁ (ပဲခူး) – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – ပဲခူးမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊  ရွှေရတုခန်းမ၌ ဇွန်လ(၂၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်က မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းမှ အမှာစကားပြောကြားရာတွင် ကျောင်းသား၊ …

Read More »