Home / ဒိုက်ဦးမြို့နယ်

ဒိုက်ဦးမြို့နယ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၀ (ဒိုက်ဦး) ============= ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဇူလိုင်လ(၂၀)ရက်နေ့ မွန်းလွဲ(၁၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲများသည် ပြည်သူများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် ကြန့်ကြာနေမှုများ၊ ဒေသလိုအပ်ချက်များအား စုပေါင်းညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူတို့ စုပေါင်းတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ခြင်းသည် ဒီမိုကရေစီကို အခြေခံသော လူ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းသော ပြဿာနာဖြေရှင်းနည်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီသည် လူသားအားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ ဒီမိုကေရစီဆိုသည်မှာ စည်းကမ်းရှိခြင်း၊ တရားမျှတမှုရှိခြင်း၊ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်း၊ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံကြီးသားပီသခြင်း၊ မိရိုးဖလာဓလေ့ထုံးစံ ဘာသာတရားကိုင်းရှိုင်းလိုက်နာခြင်း၊ မိမိစွမ်းရည်သတ္တိကို ထက်မြက်အောင် ဆောင်ရွက်လျက် အပြည့်အဝ အသုံးချခြင်း၊ ထကြွနိုးကြား သနား သည်းခံ ဝေဖန်ထောက်ရှုခြင်း …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးရွာချင်းဆက် မေတ္တာအလင်းသံကူကွန်ကရစ်ချောင်းဖြတ်တံတား ဖွင့်ပွဲသို့တက်ရောက်

FI

ဇူလိုင် ၂၀ (ဒိုက်ဦး) ============= ဒိုက်ဦးမြို့နယ် ပနွတ်ကျေးရွာအုပ်စု ပနွတ်ကျေးရွာတွင် ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ကျေးရွာချင်းဆက် မေတ္တာအလင်းသံကူကွန်ကရစ်ချောင်းဖြတ်တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှင်စောပုကျောင်းဆရာတော် ဘဒ္ဒန္တဇာဂရ၊ သာကေတမြို့နယ် ကော့ကဒွတ်ကျောင်းဆရာတော် ဘဒ္ဒန္တသီရိန္ဒ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဒိုက်ဦးမြို့နယ် စိန်ပန်းကျောင်းဆရာတော် ဘဒ္ဒန္တခေမာဝံသ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးထွန်းထွန်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်တို့က ကျေးရွာချင်းဆက် မေတ္တာအလင်းသံကူကွန်ကရစ်ချောင်းဖြတ်တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်း အဖွင့်အမှာစကားပြောကြားပြီး မေတ္တာအလင်းတံတား ဖြစ်မြောက်ရေးကော်မတီဝင် ဦးကျော်လွင်ဦးက တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပနွတ်ကျေးရွာသူ/သားများကိုယ်စား ဦးစိုးအောင်က ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် ဝန်ကြီးချုပ်ထံသို့ တံတားဖွင့်ပွဲ အထိမ်းအမှတ်အလံအား ပနွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်မှပေးအပ်ပြီး တံတားတည်ဆောက်ရာတွင် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာအုပ်စု၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဒိုက်ဦး မေ ၁၉ =============================== မေလ(၁၉)ရက်နေ့ နံနက်(၈)နာရီက ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် ကတုတ်ဘုရားကြီးကျေးရွာအုပ်စု ကန်ညီနောင်ကျေးရွာ မိုးကောင်းဓမ္မရိပ်သာဓမ္မာရုံ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကျေးရွာနေ ဒေသခံပြည်သူများနှင့်လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ တွေ့ဆုံပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်းက မြို့နယ်ကျေးရွာအတွင်း သိမ်းဆည်းမြေနှင့် မြေယာပြဿနာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်နှင့် အခက်အခဲများကို ပြည်သူ့အသံနားထောင်ပြီး ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအဖြေရှာ ဆောင်ရွက်ပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ဒိုက်ဦးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက သိမ်းဆည်းမြေများပြန်လည်ရရှိရေး၊ ပုံစံ(၇)များရရှိနိုင်ရေး၊ စားကျက်မြေများပယ်ဖျက်ပေးကာ လယ်ယာမြေလုပ်ကိုင်ခွင့်များရရှိရေး၊ ရထားလမ်းဧရိယာအတွင်း ကျူးကျော်ဆောက်လုပ်ထားသော လူနေအိမ်များဖယ်ရှားပေးနိုင်ရေးနှင့် ကျူးကျော် ဈေးဆိုင်ခန်းများဖယ်ရှားရှင်းလင်းပေးနိုင်ရေး၊  ရွာမြေဟောင်းအား ဖော်ထုတ်တိုင်းတာပေးနိုင်ရေး၊ ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံတွင် ခွေးရူးပြန်ကာကွယ်ဆေးများ လိုအပ်လျက်ရှိနေကြောင်း စသည်တို့အား တင်ပြကြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်များနှင့် …

Read More »

တိုင်းပြည်အတွက် အခြေခံကျသော စာရိတ္တ ကောင်းမွန်ချမ်းသာအောင်ကြိုးစားရန် ဝန်ကြီးချုပ် ပြောကြား

FI

ဒိုက်ဦး ဇန်နဝါရီ ၂၂ ===================== ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၂၂)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာ၊ မင်းရွာဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က “အခက်အခဲ ပြဿနာများသည် နေရာအနှံအပြားတွင် ရှိနေကြောင်း၊ ပညာရေးစနစ်ပြောင်းလဲရန်အတွက် အလွတ်ကျက်၊ အသေမှတ်စနစ်မှ အတွေးအခေါ်ကို အခြေခံပြီး ကိုယ်ပိုင်တီထွင်ဆန်းသစ်နိုင်သော အခြေအနေသို့ ပြောင်းလဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အပေါ်ယံ ရုပ်ဝတ္တုများကိုသာ ယှဉ်ပြိုင်မှုလုပ်နေခြင်းထက် မိမိကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုကြိုးစားဆောင်ရွက်သင့်ကြောင်း၊ ယခုလို ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေစဉ်ကာလအတွင်း အားလုံးပူးပေါင်းဆောင်ရွက်မှသာ ပန်းတိုင်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ ဘာသာတစ်ခုနှင့်တစ်ခု မယုံကြည်မှုများ ထားရှိနေပါက စည်းလုံးမှုကို မရရှိဘဲ မိမိတို့၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း နှောင့်နှေးကြန့်ကြာ နေမည်ဖြစ်ကြောင်း၊ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာတွင် စုပေါင်းဝိုင်းဝန်း အဖြေရှာခြင်းဖြင့် ငြိမ်းချမ်းကောင်းမွန်းသော လူ့အသိုက်အဝန်းတစ်ခုဖော်ဆောင်ကြရန်နှင့် …

Read More »

ဂျပန်-မြန်မာချစ်ကြည်ရေး ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

FI

ဒိုက်ဦး ဇန်နဝါရီ ၂၂ ==================== ရှေးဦးစွာ (၂)ထပ် ကျောင်းဆောင်သစ်ကြီးအား   ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦးမြို့နယ်ပညာရေးမှူး ဒေါ်ထွေထွေးရီ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တတိယအတွင်းဝန် Ms. Atsuko KUSUNOSEနှင့် သုံးခွကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စောတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့်ပတ်ဖြန်းပေးကာ လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ” မိမိတို့အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက် ဆင်းရဲချမ်းသာ ကွာဟမှုပပျောက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးတို့အတွက်   နယ်စပ်ဒေသမကျန် ဒေသဖွံ့ဖြိုးတိုးတက်ရေးစေရန် ပညာရေးအပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း၊ မြို့ပြနှင့်ကျေးလက် ပညာရေးသင်ယူမှု တန်းတူဖြစ်ရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်တိုးတက်စေရေးအတွက် ပညာရေး အရည်အသွေးဆိုင်ရာသတ်မှတ်ချက် (၇)ချက်၊  အသွင်သဏ္ဍာန်ဆိုင်ရာ သတ်မှတ်ချက်(၅)ချက်၊ စုစုပေါင်းလုပ်ငန်းစဉ်(၁၂)ချက် ချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးကို မဏ္ဍိုင်ပြုပြီး အနာဂတ်နိုင်ငံတော်တည်ဆောက်သွားနိုင်ရန် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်လို့ ဆရာ/ဆရာမများအားလုံး မျိုးချစ်စိတ်ဓာတ်၊ …

Read More »

ဒိုက်ဦးမြို့နယ် ကုက္ကိုင်းကျေးရွာ ကျေးလက်မီးလင်းရေးဖွင့်ပွဲ ကျင်းပ

FI

ဒီဇင်ဘာ ၁၅ (ပဲခူး) ================== ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ကုက္ကိုင်းကျေးရွာတွင် ပြည်သူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Talent& Technologyကုမ္ပဏီတို့ပူးပေါင်းပြီး Solar Mini-Gridဖြင့်ဆောင်ရွက်သော ကျေးလက်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးခန့်ဇော်က NEP စီမံကိန်းSolar Mini-Grid ဖြင့် ဆောင်ရွက်သော ကျေးလက်မီးလင်းရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ဒေသဖွံ့ဖြိုးရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများအားလည်းကောင်း၊ Talent& Technologyကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်ချက်များအားလည်းကောင်း အသီးသီးရှင်းလင်းပြောကြားပြီး ကုက္ကိုင်းကျေးရွာ ကျေးလက်မီးလင်းရေးကော်မတီ အတွင်းရေးမှုးဦးစန်းဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်သူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Talent& Technologyကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်သော ဒိုက်ဦးမြို့နယ် ကုက္ကိုင်းကျေးရွာ ကျေးလက်မီးလင်းရေးမုခ်ဦးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးသိန်းနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒိုက်ဦး-စစ်တောင်းလမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

FI

နိုဝင်ဘာ ၂၄ (ဒိုက်ဦး) =================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၂၄)ရက်နေ့ ညနေ(၃)နာရီအချိန်က သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ အရှည်(၂၁)မိုင်(၅)ဖာလုံရှိ ဒိုက်ဦး-စစ်တောင်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှုး(မြို့ပြ)ဦးဇော်ထွန်းက ဒိုက်ဦး-စစ်တောင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ ဒိုက်ဦး-စစ်တောင်းလမ်းသည် ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်လမ်းနှင့် ရန်ကုန်-တောင်ငူ-မန္တလေးလမ်းတို့အား အတိုဆုံးဆက်သွယ်သွားလာနိုင်ရန် ရည်ရွယ်၍ ဖောက်လုပ်ပေးခြင်းဖြစ်သောကြောင့် နိုင်ငံတော်ဘဏ္ဍာအလေအလွင့်မရှိစေဘဲ အရည်အသွေးပြည့်မီအောင် သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး အလေးထားကြိုးစားဆောင်ရွက်သွားကြရန်၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်မှသာ မိမိတို့တိုင်းအတွင်းရှိ မြို့ပြနှင့်ကျေးလက်ဒေသပြည်သူများ ပိုမို၍ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် အစိုးရအပိုင်းမှလည်း အထူးအလေးထားဖြည့်ဆည်းဆောင်ရွက်ပေးနေသလို လုပ်ငန်းလုပ်ဆောင်သူများအပိုင်းကလည်း စေတနာထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါဒိုက်ဦး-စစ်တောင်းလမ်းသည် ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်လမ်း မိုင်(၈၁/၄)နှင့် ဒိုက်ဦးမြို့နယ် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း မိုင်(၈၄/၅)တို့ဆက်သွယ်ဖောက်လုပ်ထားသည့် အရှည်(၂၁)မိုင်(၅)ဖာလုံရှိသော လမ်းဖြစ်ပြီး ၂၀၀၂ခုနှစ်တွင်မြေသားလမ်းအဖြစ်လည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မိုင်(ဝ/၀မှ(၉/၂)အထိ (၉)မိုင်(၂)ဖာလုံအား ကတ္တရာလမ်းအဖြစ်လည်းကောင်း ဆောင်ရွက်ထားရှိပြီး …

Read More »

ကောလိယရေလွှဲဆည်အား ကွင်းဆင်းစစ်ဆေး

FI

သြဂုတ် ၃၁(ပဲခူး) ============= သြဂုတ်လ (၃၁)ရက်နေ့၊ ညနေ(၆)နာရီခွဲအချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးညွန့်တို့ ဒိုက်ဦးမြို့နယ်၊ ကောလိယ ရေလွှဲဆည်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။ ပြည်သူများအနေဖြင့် ပြင်ပကောလဟာလ သတင်းများအား မယုံကြည်ကြပါရန်နှင့် ဆည်/တာတမံများအား သက်ဆိုင်ရာဆည်/ရေအဖွဲ့များမှ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လျက်ရှိပါကြောင်း ထုတ်ပြန်အပ်ပါသည်။

Read More »