Home / ကဝမြို့နယ် (page 2)

ကဝမြို့နယ်

ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဝင် ကျေးရွာများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

မတ် ၁၅ (ပဲခူး) ================================= ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှကြီးမှုး၍ မတ်လ(၁၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဥဿ ာမြို့သစ်၊ (၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ရုံး၌ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ဝင်ကျေးရွာများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းမိုးက အဖွင့်အမှာစကားပြောကြားပြီး ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ အမှတ်ပေးစည်းမျဉ်းအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ အတွင်းရေးမှူး ဒေါ်မိုးသူဇာကျော်က ရှင်းလင်းပြောကြားသည်။ ထို့နောက် ပထမဆုရရှိသော တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာ၊ ဒုတိယဆုရရှိသော တောင်ငူမြို့နယ် ဆူးတပ်ကျေးရွာ၊ တတိယဆု ရရှိသော ကဝမြို့နယ် ချောင်းခွကျေးရွာတို့အား တိုင်းဒေသကြီးအမျိုးသမီးရေးရာ ဥက္ကဌမှ ဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထူးချွန်ဆုရွေးချယ်ရာတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေးကဏ္ဍကို အကောင်ထည်ဖော်နိုင်မှု့ (၁ဝမှတ်)၊ ကူးစက်ရောဂါကာကွယ်ရေး ဆောင်ရွက်မှု(၁ဝမှတ်)၊ အာဟာရကဏ္ဍဆောင်ရွက်မှု (၁ဝမှတ်)၊ ပညာရေးကဏ္ဍဆောင်ရွက်မှု(၁ဝမှတ်)၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးကဏ္ဍ …

Read More »

ကဝမြို့နယ်၊ ကျေးရွာ(၆)ရွာမှ စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုအိမ်ခြေများနှင့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

FI

ဖေဖော်ဝါရီ ၂၄ (ပဲခူး) ======================================           လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့သည် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ လွတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ကဝမြို့နယ်၊ ကျေးရွာ(၆)ရွာမှ စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုအိမ်ခြေများနှင့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ သွားရောက်ထောက်ပံ့နိုင်ရေး လာရောက်တွေ့ဆုံသည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်းကြီးက ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တောင်းမြစ်ရေ တိုက်စားမှု ကြောင့် ကမ်းပါးပြိုကျခဲ့သည့် ကျေးရွာများအတွက် ဆန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ပေးအပ် ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ရေရှည်စီမံချက်များ ချမှတ် ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၅)မြို့နယ်မှ စာရင်းကောက်ယူထားသည့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ (၄၄၄)ဦး၊ …

Read More »

ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှု

FI

ဇန်နဝါရီ ၉ (ပဲခူး) ======================== ဇန်နဝါရီလ ၉ ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမိုးမြင့်အောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးသိန်းဌေးအောင်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိန်လှိုင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးအောင် ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျှက် ပဲခူးခရိုင် ကဝမြို့နယ်အတွင်း ဒေသဖွံဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်ကူညီဆောင်ရွက်ပေးခဲ့သည်။ ယခုခရီးစဉ်သည် ကဝမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုလျော့နည်းသက်သာစေရေး၊ နွေရာသီ သောက်သုံးရေရှားပါးမှု လျော့နည်းသက်သာစေရန်၊ ရေချိုထိန်းသိမ်းနိုင်ရေးအတွက်ရေထိန်းတံခါးများ ထပ်မံတပ်ဆင်နိုင်ရန်နှင့် မြစ်ကမ်းပါးပြိုကျခြင်းမှ ကာကွယ်နိုင်ရေးစသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း သိရှိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ဆက်သွယ်နိုင်မည့် လမ်းသစ်(၁)လမ်းနှင့် မြစ်ကူးတံတား(၁)စင်း ထပ်မံဖောက်လုပ်တည်ဆောက်နိုင်ရန် တွေ့ဆုံညှိနှိုင်း

FI

ဒီဇင်ဘာ ၂၄ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၄)ရက်နေ့ မွန်းလွဲ(၁)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တောင်ဝင်ဟံသာ ခန်းမ၌ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ဆက်သွယ်နိုင်မည့် လမ်းသစ်(၁)လမ်းနှင့် မြစ်ကူးတံတား(၁)စင်း ထပ်မံဖောက်လုပ်တည်ဆောက်နိုင်ရန် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ ဆက်သွယ်နိုင်မည့် လမ်းသစ်(၁)လမ်း ထပ်မံဖောက်လုပ်ရန်နှင့် ပဲခူးမြစ်ကူးတံတား(၁) စင်း တည်ဆောက်ရန်တို့အတွက် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ယခုဖောက်လုပ်မည့်စီမံကိန်းသည် အနာဂတ်တွင် တိုင်းပြည်အတွက် အလွန်အရေးပါလာမည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ ရန်ကုန် သီသဝါဆိပ်ကမ်းနှင့် ပဲခူးမြို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်တို့အတွက် အကျိုးဖြစ်ထွန်းနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။          ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် ရန်ကုန် တိုင်းဒေသကြီးနှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး တိုင်းဒေသကြီးတစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အပံ့ဖြစ်နိုင်စေရန် ယခုစီမံကိန်းအား တည်ဆောက်ရန် ရည်ရွယ်ရခြင်းဖြစ်ကြောင်း၊ သီလဝါဆိပ်ကမ်းမှ ကုန်သေတ္တာများအား …

Read More »

ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းဖွင့်ပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေ တက်ရောက်

FI

စက်တင်ဘာ ၇ (ပဲခူး) ==================================== စက်တင်ဘာလ (၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ကဝမြို့၊ မြို့နယ်ခန်းမ၌ ပြည်သူ ပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းဖွင့်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ အခမ်းအနား၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေက မိမိတို့အစိုးရသည် ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေသည်နှင့်အညီ ဒေသအလိုက် စီမံကိန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထုကို အခြေခံသည် စနစ်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ဆိုလျှင် ကဝမြို့နယ်အတွင်း UNDP မှ ပြည်သူ ပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသည် (၂)ကြိမ်ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ဒေသလိုအပ်ချက်ကို ဒေသခံပြည်သူတို့မှ စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် UNDP မှ ကိုယ်စားလှယ်တစ်ဦးက ပြည်သူ ပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း၏ သဘောသတရားများ၊ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ UNDP မှ ဦးဆောင်၍ …

Read More »

စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ပါဝင်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်မှာကြား

FI

သြဂုတ် ၁၆ (ပဲခူး) ================================================ သြဂုတ်လ(၁၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ထပ်မံတိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ နှင့်ပတ်သက်၍ UNDP မှ Ms. Anki Dellnas ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက် တွေဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်အဆင့် စီမံကိန်းရေးဆွဲခြင်းသည် ဒီမိုကရေစီအစနစ်အရ အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကဝမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ အောင်မြင်မှုများလည်း ရရှိခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကဝမြို့နယ်အပါအဝင် နောက်ထပ်(၄)မြို့နယ်အား ထပ်မံ၍ လုပ်ငန်းစီမံကိန်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်မှ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက် ခွဲဝေသုံးစွဲခြင်းများကို သက်ဆိုင်ရာမြို့နယ်အဆင့်၌ ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် လူထု လိုအပ်ချက်အရ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တတ်စေရန် စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ UNDP ၏ …

Read More »

အုပ်ချုပ်ရေးမှုးတစ်ဦး၏လုပ်ဆောင်မှုသည်အစိုးရအဖွဲ့၏ပုံရိပ်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

FI

သြဂုတ် ၁၀ (ပဲခူး) ==================================== သြဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဝန်ကြီးချုပ်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးများဖြစ်သောကြောင့် မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သိရှိအောင်လေ့လာထားကြရန်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား မပြုလုပ်ကြရန်လိုကြောင်း၊ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို သက်ဆိုင်ရာအစိုးရ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီးပါဝင် ဆောင်ရွက်သွားကြရန်၊ အထက်ကပေးအပ်သော တာဝန်ကိုသာမက မိမိဒေသအတွက် မိမိတို့အသိစိတ်ဖြင့် ဆောင်ရွက်သွားကြရန်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မကြာခဏတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးသွားကြရန်၊ မြေယာကဏ္ဍများ ကိုင်တွယ်ဖြေရှင်းရာတွင် ဥပဒေ၊ နည်းဥပဒေများအတိုင်း အဂတိတရားကင်းရှင်းစွာ တိကျမှန်ကန်စွာ ဆောင်ရွက်သွားကြရန်၊ ပြောင်းလဲခြင်းများ ပြုလုပ်ရာတွင် …

Read More »

ကမ်းပြိုသည့့််ကျေးရွာများသို့ ဝန်ကြီးချုပ် သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်

FI

မေ ၁၉ (ပဲခူး) =============================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မေလ(၁၉)ရက်နေ့၊ မွန်းလွှဲ(၁)နာရီအချိန်က အုန္နဲစံပြကျေးရွာ၊ ဇွဲလင်းစိုက်ပျိုးရေးခန်းမ၌ စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် ကဝမြို့နယ်၊ မမောက်ကျေးရွာရှိ မိသားစုများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေတို့မှ နှစ်သိမ့်အားပေးစကား ပြောကြားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်မှ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် ဝန်ကြီးချုပ်မှ စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရသော မမောက်ကျေးရွာရှိ မိသားစုဝင်များထံ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ငွေများ ကိုလည်ကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်မှ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပေးအပ်သော ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအားလည်းကောင်း၊ …

Read More »

အားကစားကွင်းအဆင့်မြှင့်တင်ခြင်းနှင့် နွေရာသီ အားကစားသင်တန်းဖွင့်လှစ်ထားမှု ကြည့်ရှုစစ်ဆေး

FI

မတ်လ ၂၉(ကဝ) ============================ ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်သည် (၂၉-၃-၂၀၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ငယ်လိုက်ပါ၍ ကဝမြို့နယ်အားကစားကွင်းအဆင်မြှင့်တင်ခြင်း တည်ဆောက်ရေး လုပ်ငန်းခွင့်သို့ ရောက်ရှိရာ ကဝမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးချမ်းဘိုဘိုသက်၊ ဝန်ထမ်းများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်သည် တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှု့စစ်ဆေးရာ အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေးများကို မှာကြားခဲ့ပြီးနောက် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။

Read More »

(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေလှူဒါန်းမှု ပြုလုပ်

FI

မတ်လ ၂၆ (ပဲခူး) ==================================== ၂၀၁၇ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီမှ မွန်းလွဲ(၁၃:၃၀)နာရီထိ (၇၂)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး စိန်မင်းဦးစီးသော ရဲတပ်ဖွဲ့ဝင်(၃၇)ဦးနှင့် ပဲခူးမြို့၊ ကလျာဏမိတ္တ လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးကုလား ဦးဆောင်သော အဖွဲ့ဝင်(၁၀)ဦးတို့မှ ယာဉ်အမှတ်(H-5158) TE (၆)ဘီးယာဉ်ဖြင့် ကဝမြို့နယ်၊ ရွှေတဆုပ် ကျေးရွာရှိ အိမ်ခြေ(၁၄၀)အတွက် ရေဂါလံ (၅၀)ဆံ့ ပီပါ(၇၀)လုံး၊ သောက်ရေဂါလံ(၃၅၀၀)နှင့် (၂၀)လီတာ ရေသန့်ဗူးကြီး(၁၅၀)ဗူး၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၂)သိန်းတို့အား ကျေးရွာနေပြည်သူလူထုအတွက် သွားရောက်လှူဒါးပေးခဲ့သည်။

Read More »