Home / ကဝမြို့နယ် (page 3)

ကဝမြို့နယ်

လိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်ရန် အသေးစား၊ အလတ်စားစက်ရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး

FI

မတ်လ ၂၁(ပဲခူး) ========== စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းသည် မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထိုက်နှင့် ကိုရီယားနိုင်ငံမှ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လိုအက်သည့် နည်းပညာအထောက်ပံ့များ ဖြည့်ဆည်းပေးနိုင်ရန် လိုက်လံကြည့်ရှု ကွင်းဆင်းစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရွာသစ်ကိုင်းတာကျေးရွာရှိ ဝင်းသံရည်ကြိုလုပ်ငန်းစက်ရုံသို့ ရောက်ရှိပြီး စက်ရုံလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုရာစက်ရုံပိုင်ရှင် ဦးအေးဝင်းမှ လိုက်လံရှင်းလင်းပြသသည့် အပြင်စက်ရုံအတွက် လိုအပ်ချက်များပံ့ပိုးပေးရန် အခြေအနေများကိုလည်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ ဦးအေးဝင်း၏ သံရည်ကြိုလုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ပစ္စည်းတော်တော်များများကို ထုတ်လုပ်နေသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဆက်ပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ထုတ်ကုန်တွေအတိုင်းလိုက်ပြီး ထုတ်လုပ်ပေးနိုင်တာ တွေ့ရှိရကြောင်း၊ ဦးအေးဝင်းစက်ရုံသည် လူနေရပ်ကွက်အတွင်းရှိ မြေဧက(၃)ဧက အပေါ်တွင် …

Read More »

UNDP ကိုယ်စားလှယ်များနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်၊ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း အခမ်းအနား ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၃၁ (ပဲခူး) ============================           (၃၁.၁.၂၀၁၇)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်း ဒေသကြီးလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမောင်မောင်လွင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာနှင့် UNDP မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။           အခမ်းအနား၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ နှုတ်ခွန်းဆက်အမှာစကားပြော …

Read More »

ဝန်ကြီးချုပ်ထံသို့ UNDPမှ ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

IMG_4963

ဒီဇင်ဘာ ၂ (ပဲခူး) ============================           (၂.၁၂.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၄:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ UNDP၏ ပညာရှင် ပြင်သစ်နိုင်ငံသား Mr. Nocolas Garrigue ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။           အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်၊ စက်မှု၊လျှပ်စစ်နှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။           အခမ်းအနား၌ UNDP၏ ပညာရှင် ပြင်သစ်နိုင်ငံသား Mr. Nocolas Garrigue မှ မြန်မာနိုင်ငံမှာ ပံ့ပိုးမှုများအနေဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ စီမံကိန်းဆောင်ရွက်မှုများအနေဖြင့် နောက်ဆုံးနှစ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်၍ …

Read More »

ဒုက္ခသည်(၄)ဦးအား ကြိုဆိုခြင်း ထောက်ပံ့ငွေနှင့် ပစ္စည်းများ​ပေးအပ်ခြင်းအခမ်းအနား

IMG_4199

အောက်တိုဘာလ  ၂၈ (ပဲခူး) ————————-          (၂၈.၁၀.၂၀၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ထိုင်းနိုင်ငံဒုက္ခသည် စခန်းရှိ မိမိဆန္ဒအလျှောက် နေရပ်ပြန်လာသော မြန်မာနိုင်ငံသားများအနက် ပဲခူးတိုင်းဒေသကြီးမှ ဒုက္ခသည်(၄)ဦးအား ကြိုဆိုခြင်း ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။           အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဦးရဲနိုင်ပါဒုက္ခသည်(၄)ဦးတို့ တက်ရောက်ခဲ့သည်။           အခမ်းအနား၌ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအတွင်းမှ အခြားပြည်ပနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်အလုပ်လုပ်ကိုင် နေကြသူများလည်းရှိကြောင်း၊ တစ်ချို့ကြတော့ တရားဝင် မဟုတ်တဲ့အတွက် ထိန်းသိမ်းရေးစခန်းများ၊ ဒုက္ခသည် စခန်းများတွင် နေထိုင်နေရကြောင်း၊ ဒါကလည်း ရေရှည်တွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ပေးခြင်းသည်လည်း …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ UNDP ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

IMG_3205

စက်တင်ဘာလ ၂၀ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ UNDP ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ စက်မှု၊လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ UNDP မှ Ms. Claire Vallings, Mr. Benjamin Edmund Powis, Ms. Anki Dellnas, U Aye Lwin တို့ တက်ရောက်ခဲ့ကြပါသည်။

Read More »

ကဝမြို့နယ်၊ သက္ကလမြို့တွင် လူထုအခြေပြုလေ့လာမှုစခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

IMG_3123

စက်တင်ဘာလ ၁၇ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၀၈:၃၀) အချိန်က ကဝမြို့နယ်၊ သက္ကလမြို့တွင် လူထုအခြေပြုလေ့လာမှု စခန်း (Community Learning Center)ဖွင့်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်းကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဝန်ကြီးဦးအောင်ဇော်နိုင်မှ တက်ရောက် ခဲ့သည်။ အဆိုပါအခမ်း၌ ပဲခူးတိုင်းကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်က ဒေသခံတောင်သူများအနေဖြင့် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်များ စိုက်ပျိုးနိုင်ရေး၊ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး တို့အတွက် လူထုအခြေပြုလေ့လာမှုစခန်း (Community Learning Center) ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Read More »

ကဝမြို့၌ မြို့နယ်စီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးဗဟိုချုပ်ကိုင်မှု လျော့ချခြင်းလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

IMG_20160824_094208

သြဂုတ် ၂၄ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် ကဝမြို့၊ မြို့တော်ခန်းမ၌ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးဗဟိုချုပ်ကိုင်မှု လျော့ချခြင်းလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကျင်းပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီးနောက် UNDP မှ ဒေသန္တရအုပ်ချုပ်ရေးအစီအစဉ် အဖွဲ့ခေါင်းဆောင် Mr. Christian Hainzl က မြို့နယ်စီမံကိန်းရေးဆွဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ UNDP အနေနဲ့ ပထမဆုံး မြန်မာနိုင်ငံအတွက် ရှေ့ပြေးစီမံကိန်းဖြစ်ပြီး နိုင်ငံတကာအတွေ့အကြုံအရ မြို့နယ်မှာရှိတဲ့ အရင်းအမြစ်များကို စုစည်းပြီး၊ မြို့နယ်အဆင့်မှ ဆုံးဖြတ်ချက်ချ ဆောင်ရွက်မည်ဆိုလျှင် ထိရောက်သည့်စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား (၂၄.၈.၂၀၁၆)ရက်နေ့မှ (၂၅.၈.၂၀၁၆)ရက်နေ့ထိ (၂)ရက် ကျင်းပမည်ဖြစ်သည်။  

Read More »

ဧရာဝတီဖောင်ဒေးရှင်း Max Myanmar Holding နှင့် ဧရာဝတီဘဏ်ရုံး ဝန်ထမ်းမိသားစုများမှ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများအတွက် လှူဒါန်းမှုသတင်း

max-myanmar2

(၉-၈-၂၀၁၆) ရက်နေ့ နံနက်(၉:ဝဝ)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ တော်ဝင်ဟံသာခန်းမတွင် ဧရာဝတီဖောင်ဒေးရှင်း Max Myanmar Holding နှင့် ဧရာဝတီဘဏ်ရုံး ၀န်ထမ်းမိသားစုများမှ

Read More »