Home / ညောင်လေးပင်မြို့နယ်

ညောင်လေးပင်မြို့နယ်

(၁၁-၉-၂၀၁၉)ရက်နေ့ နံနက်(၉:၃၀)အချိန် မြစ်ရေအမှတ် ထုတ်ပြန်ချက်

1

စက်တင်ဘာ ၁၁(ပဲခူး) ==================== (၁၁.၉.၂၀၁၉)ရက်နေ့၊ နံနက်(၉:၃၀)အချိန် တိုင်းထွာချက်များအရ တောင်ငူမြို့နှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေအမှတ်၊ ရွှေကျင်မြို့ရှိ ရွှေကျင်မြစ်ရေအမှတ်နှင့် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေအမှတ်များအား သိရှိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ (၆.၉.၂၀၁၉)ရက်နေ့၊ (၉:၃၀)အချိန် တိုင်းထွားချက်များအရ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေနှင့် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေတို့သည် စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ထပ်မံ၍လည်း မြစ်ရေမြင့်တက်နိုင်ပါသဖြင့် မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေး နေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် လေးစားစွာ အသိပေးအပ်ပါသည်။

Read More »

ညောင်လေးပင်မြို့နယ် စည်ပင်သယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် စျေးပြိုင်တင်ဒါခေါ်ယူခြင်း

1

သြဂုတ် ၉ (ညောင်လေးပင်) ==================== ညောင်လေးပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်ကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်——————-

Read More »

ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ထောက်ပံ့

FI

သြဂုတ် ၈ (ညောင်လေးပင်) =================== ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ တိုင်တရာ ဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ သြဂုတ်လ(၈)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်များသွားရောက်၍ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ကာ အားပေးစကား ပြောကြားပေးကြောင်းသိရသည်။ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ကယ်ဆယ်ရေးစခန်းများမှာ တိုင်တရာဘုန်းတော်ကြီးကျောင်း၊ အင်းချောင်ဘုန်းကြီးကျောင်း၊ သာသနာ့ဝံသဘုန်းတော်ကြီးကျောင်း၊ တံခွန်တိုင်ဘုန်းကြီးကျောင်း၊ အောင်သုခဘုန်းတော်ကြီးကျောင်း၊ ရေပေါ်သောင်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဝေပုံလဘုန်းတော်ကြီးကျောင်း၊ သီရိမင်္ဂလာအင်းဝိုင်းတောရဘုန်းတော်ကြီးကျောင်းနှင့် ရွှေသိင်္ဂီဘုန်းတော်ကြီးကျောင်းတို့တွင် ဖွင့်လှစ်ထားရှိပြီး ရေဘေးသင့် အိမ်ထောင်စု(၇၇၆)၊ လူဦးရေ (၄၉၂၄)ဦး အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၉၃၃၄၀ဝိ/-)၊ တာပေါ်လင်(ကြီး) (၅)လိတ်၊ သွယ်ပြား(၅၀)ချပ်၊ ကျန်းမာရေးဦးစီးဌာနမှ ဓါတ်ဆားထုတ်(၄၀၀၀)ထုပ်နှင့် ပုဂ္ဂလိက အလှူရှင်များမှ ဆန်အိတ်(၁၀၀)၊ တီရှပ် (၁၀၀)ထုပ်၊ မိုးကာ(၄၀)ထည်တို့အား ထောက်ပံ့လှူဒါန်းကြကြောင်း သိရှိရသည်။ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့သည် စစ်တောင်းမြစ် ကမ်းပါးဘေးတွင်တည်ရှိပြီး မဒေါက်မြို့၏ စိုးရိမ်ရေအမှတ်မှာ (၁၀၇၀)စင်တီမီတာဖြစ်ပြီး၊ …

Read More »

မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်

1

သြဂုတ် ၆ (ပဲခူး) ===================== သြဂုတ်လ(၆)ရက်နေ့၊ (၀၉:၃၀)အချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ ကျေးရွာများ အထူးသတိပြု နေထိုင်ကြရန် လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

Read More »

မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်

1

သြဂုတ် ၅ (ပဲခူး) ===================== သြဂုတ်လ(၅)ရက်နေ့၊ (၁၆:၃၀)အချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ ကျေးရွာများ အထူးသတိပြု နေထိုင်ကြရန် လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

Read More »

မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်

1

သြဂုတ် ၅ (ပဲခူး) ===================== သြဂုတ်လ(၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ  ရပ်ကွက်/ ကျေးရွာများ အထူးသတိပြု နေထိုင်ကြရန် လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

Read More »

မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်

1

သြဂုတ် ၄ (ပဲခူး) ===================== သြဂုတ်လ(၄)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင် ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ  ရပ်ကွက်/ ကျေးရွာများ အထူးသတိပြု နေထိုင်ကြရန် လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

Read More »

ညောင်လေးပင်မြို့နယ် ဂျို့ပင်ကျေးရွာအုပ်စု ဒေသခံများနှင့် တွေ့ဆုံပွဲကျင်းပ

FI

ဇွန် ၁၅ (ညောင်လေးပင်) ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က  ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်သို့ သွားရောက်ပြီး ဂျို့ပင်ကျေးရွာအုပ်စု၊ ငါးပြေမကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ) ရတနာ့ဂုဏ်ရည်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်နှင့်အညီ ပြည်သူတွေကြားတွင် ရှိသော ပြဿနာရပ်များ၊ အခက်အခဲများအား အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ ပူးပေါင်းဆွေးနွေး အဖြေရှာပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ကူးပြောင်းရာမှာ ပြည်သူများအနေဖြင့် မတူကွဲပြားမှုကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်တက်သော ဒီမိုကရက်တစ် အခြေခံအသိတရားရှိရန် လိုအပ်ကြောင်း၊ လူထုတွေ့ဆုံပွဲမှတစ်ဆင့် ပါးစပ်နှင့်ပြောနေသော ဒီမိုကရေစီဝါဒမဟုတ်ပဲ အမှန်တကယ် မြေပြင်တွင် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် လာရောက်ရဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ရှင်သန်မှသာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော သူအသိုက်အဝန်းတစ်ရပ်ကို …

Read More »

ပြည်သူများ၏အခက်အခဲပြဿနာများ ဖြေရှင်းပေးနိုင်ရန် လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်

FI

မတ် ၁၇ (ညောင်လေးပင်) ============== ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ တပ်ဦးအောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတွင် မတ်လ(၁၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြည်သူများ၏အခက်အခဲပြဿ နာများဖြေရှင်းပေးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က လူထုနှင့်ပတ်သက်သောပြဿနာများ၊ ဌာနဆိုင်ရာများနှင့် ပတ်သက်သောပြဿနာများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သောပြဿနာများကို မြန်မြန်ဆန်ဆန် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းနိုင်ရေးအတွက် လူထုတွေ့ဆုံပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း မိမိတို့ဒေသအတွက်ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပြည်သူများ၏ တွေ့ကြုံနေရသည့် အခက်အခဲပြဿနာများကို ပွင့်လင်းစွာတင်ပြပေးရန်၊ ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်ပေးရန်အတွက်လည်း ပြည်သူများက ကျသင့်သောအခွန်အခများကို မှန်ကန်စွာပေးဆောင်ကြရန် အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသောစည်ပင်ကျေးရွာ၊ဇီးကုန်းကြီးကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ မုက္ခမူကျေးရွာ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများက ကမ်းပါးပြိုကြခြင်း ဒဏ်ကာကွယ်ထိန်းသိမ်းပေးရန်ကိစ္စ၊ ကျေးရွာအသီးသီးရှိပြည်သူများက သိမ်းဆည်းခံလယ်ယာမြေများကိစ္စ၊ လျှပ်စစ်မီးလင်းရေးဆိုင်ရာကိစ္စ၊ လမ်းများအဆင့်မြှင့်တင်ရေးကိစ္စ၊ ပုံစံ(၇)ထုတ်ယူရာတွင် ကွင်းအမှတ်မှားယွင်းစွာထုတ်ယူခြင်းကိစ္စ၊ အထွက်တိုးစခန်းကိစ္စ၊ တိုက်နယ်ဆေးရုံခွင့်ပြုပေးရေးကိစ္စ၊ စားကျက်မြေပယ်ဖျက်ပေးရေးကိစ္စ၊ သဘာဝဘေးဒဏ်ခံ လယ်မြေယာအတွက် ထောက်ပံ့မှုပေးဆောင်သည့်ကိစ္စ စသည့်ကိစ္စရပ်များကို တင်ပြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် …

Read More »

(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ညောင်လေးပင်မြို့၌ဖွင့်လှစ်

FI

မတ် ၁၇ (ညောင်လေးပင်) ================ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ ကြားတောရ(၁)လမ်း အုတ်ဖိုတောရကျောင်းရှေ့တွင် မတ်လ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး နော်မိုင်လှကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းရင်းဆေးရုံ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ တိုင်းရင်းဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းရင်းဆေးရုံများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံတိုင်းရင်းဆေးဆရာတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါ(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို ပြည်သူများ၏ကျန်းမာရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြုစုစောင့်ရှောက်မှု …

Read More »