Home / ရွှေကျင်မြို့နယ်

ရွှေကျင်မြို့နယ်

ရွှေကျင်မြို့နယ်အတွင်းရှိ ရေကြီးနစ်မြှုပ်ပျက်စီးသွားသော တောင်သူများအား မျိုးစပါးပေးအပ်ပွဲကျင်းပပြုလုပ်

FI

သြဂုတ် ၁၃ (ပဲခူး) ============================= ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၊ မြို့တော်ခန်းမ၌ သြဂုတ်လ(၁၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေကျင်မြို့နယ်အတွင်းရှိ ရေကြီးနစ်မြှုပ် ပျက်စီးသွားသော တောင်သူများအား ရက်(၉၀) မျိုးစပါးပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်ပြီး၊ ဆန်စပါးထွက်ကုန်သည် တိုင်းဒေသကြီး DGP တိုးတက်မှုတွင် အလွန် အရေးပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ လူဦးရေ(၇၀%)သည် တောင်သူလယ်သမား များဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများကို မိမိတို့အစိုးရအဖွဲ့မှ အထူးဦးစားပေးလုပ်ငန်း တစ်ခုအနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသလို ယခုပံ့ပိုးပေးသည့် မျိုးစပါးများကို တောင်သူများအနေဖြင့် ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်ကြရန်လိုအပ်ကြောင်း၊ “လယ်ယာမြင့်မှ စီးပွားလည်းမြင့်မယ်လေ” ဆောင်ပုဒ်အတိုင်း လယ်ယာကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အစိုးရပိုင်းမှ ကြိုးစားဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ခေတ်စနစ်နှင့်အညီ အဆင့်မြင့် စိုက်ပျိုးနည်းစနစ်များအား အသုံးပြု၍ အထွက်တိုးသီးနှံများ ရရှိစေရေး စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ ဖြန့်ဝေဆောင်ရွက်လျက်ရှိသလို တောင်သူများအနေဖြင့်လည်း …

Read More »

ရေဘေးသင့်ပြည်သူများအား ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ သွားရောက်ကူညီထောက်ပံ့

FI

ဇူလိုင် ၃၀ (ပဲခူး) ==================== ကရင်တိုင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးသည် ရွှေကျင်မြို့ ရွှေတောင်ဦးစေတီရှိ ငါးထပ်ကြီးဘုရားတန်ဆောင်း ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်များ၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ တိုင်တရာကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ဘုရားကြီးမြို့ ဦးထွန်းသန်းဓမ္မာရုံတွင် ယာယီထားရှိသော ရေဘေးသင့်ပြည်သူများနှင့် ဘုရားကြီးမြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်ဖိုးရိက္ခာထောက်ပံ့ခြင်းကို ဇူလိုင်လ (၂၆)ရက်နေ့တွင်လည်းကောင်း၊ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(မြန်မာ)၊ ရှင်စောပုအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းတို့နှင့် အတူ ရေဘေးသင့်ပြည်သူများအတွက် ထမင်းထုပ်များ ရေဘူးများနှင့် လိုအပ်သည့်ပစ္စည်းများလှူခြင်းကို ဇူလိုင်လ (၂၇၊၂၈၊၂၉) ရက်နေ့များတွင်လည်းကောင်း၊ ကဝမြို့နယ် လှပေါစာ စားကျက်အတွင်းရှိ စာဖြူစုကျေးရွာနှင့် ဖြူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် စားသောက်ကုန်များကို သွားရောက်လှူဒါန်းခြင်းတို့ကို ဇူလိုင်လ (၃၀)ရက်နေ့လည်းကောင်း ကူညီဆောင်ရွက်ခဲ့ပါသည်။

Read More »

ရွှေကျင်မြို့နှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ ရေဘေးသင့် ပြည်သူများထံသို့ ကွင်းဆင်း၍ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်

FI

ဇူလိုင် ၂၉ (ပဲခူး) ********************************** ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည် ဇူလိုင်လ(၂၉)ရက်နေ့တွင် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဦး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများလိုက်ပါလျက် စစ်တောင်းမြစ် ရေကြီးမှုကြောင့် ရေကြီးနစ်မြုပ်မှု ဒဏ်ခံရသည့် ရွှေကျင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ကွင်းဆင်းခဲ့ပြီး ရေဘေး သင့်ပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ငွေ(၁၆၅)သိန်းနှင့်  ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ စစ်တောင်းမြစ်ရေကြီးမှုကြောင့် ရွှေကျင်မြို့နယ် အတွင်း ရပ်ကွက်ကျေးရွာအုပ်စုပေါင်း(၁၅)ရွာ၊ အိမ်ထောင်စု ပေါင်း(၅၂၂၂)စု၊ လူဦးရေ(၂၄၈၇၇)ဦး တို့ အား ရေလွှတ်ရာနေရာသို့ ယာယီရွှေ့ပြောင်းထားပြီး စာသင်ကျောင်း(၅၉)ကျောင်း ခေတ္တယာယီ ပိတ်ထားလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲကျင်ပ

FI

ဇူလိုင် ၂၆ (ရွှေကျင်) =========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ(၂၆)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ရွှေကျင်မြို့၊ ရွှေတောင်ဦးစေတီကုန်းတော်၊ ငါးထပ်ကြီးဘုရားတန်ဆောင်း ကယ်ဆယ်ရေးစခန်းတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အားပေးစကားပြောကြားကြပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှုး ဦးသိန်းဌေးအောင်က ဘေးအန္တရာယ်ဖြစ်ပွားမှုအခြေအနေနှင့် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ(၂၉၇၃)ဦးအတွက် ဆန်ဖိုးရိက္ခာထောက်ပံ့ငွေကျပ်(၆၂၄၃၃၀၀) ကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှုးကြီး လှမျိုးရွှေက အစိုးရအဖွဲ့မှ ထောက်ပံ့လှူ ဒါန်းသောငွေ(၁၀)သိန်းကျပ်ကိုလည်းကောင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက တောင်ဘက်ကျေးရွာနှင့် ရှမ်းကြေးရပ်ကွက်လေဘေးကြောင့် လဲပြိုနေအိမ်တို့အတွက် ထောက်ပံ့ငွေနှင့် ဆန်ဖိုးရိက္ခာတို့ကိုလည်းကောင်း၊ လွှတ်တော်ကိုယ်စားများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်ပဲခူးခရိုင်အုပ်ချုပ်ရေးမှုးတို့က ကယ်ဆယ်ရေးပစ္စည်းများနှင့် ရေနစ်သေဆုံးသူအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြသည်။ ယင်းနောက် ဒေသခံတစ်ဦးကျေးဇူးတင်စကားပြောကြားပြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ရွှေကျင်မြို့ ရေကြီးနေမှု …

Read More »

တည်ငြိမ်၍ ပြည့်ဝသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

FI

ဧပြီ ၉ (ရွှေကျင်) ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဧပြီလ (၉)ရက်နေ့၊ ညနေ(၄)နာရီအချိန်က ရွှေကျင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊  ရွှေကျင်မြို့နယ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ အင်ဂျင်နီယာမှူးကြီး ဦးကျော်သူနိုင်က ရွှေကျင်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လျှပ်စစ် ဓာတ်အားသုံးစွဲမှုသည် မြင့်တက်လာကြောင်း၊ လိုအပ်သည့် ပမာဏကို ထုတ်လုပ်ပေး နိုင်ရုံမျှမက တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားဖြစ်ရန် လိုအပ်ကြောင်းနှင့် မိုးရာသီမတိုင်မီ တမံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးရန် မှာကြားခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တမံနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။           အဆိုပါ …

Read More »

ရွှေကျင်မြို့၌ တိုင်းဒေသကြီးအဆင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ

FI

ဧပြီ ၉ (ရွှေကျင်) ==========           ရွှေကျင်မြို့၊ မြို့နယ်စည်ပင်သာယာရေးခန်းမ၌ ဧပြီလ (၉)ရက်နေ့၊ နံနက် (၉)နာရီခွဲ အချိန်က တိုင်းဒေသကြီးအဆင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က တိုင်းပြည်တစ်ခု ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအရေးကြီးဆုံးသည် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်ဘက်နှင့်တစ်ဘက်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ယုံကြည်မှုရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊ ယုံကြည်မှုရရှိရန်အတွက် တစ်ဦးနှင့်တစ်ဦး ကူးလူးပေါင်းသင်းဆက်ဆံနိုင်မည့် လမ်းပန်းဆက်သွယ်ရေး လိုအပ်မည်ဖြစ်ကြောင်း၊ မတူကွဲပြားမှုများ စုစည်းပြီး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထများ ရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ၏  အဓိက ရည်မှန်းချက်သည် ငြိမ်းချမ်းရေးရရှိရေးပင်ဖြစ်ကြောင်းနှင့် ယခုလို (၂၁)ပင်လုံနှင့်အတူ ပေါက်ဖွားလာသည့် ရရှိပြီးငြိမ်းချမ်းရေး အသီးအပွင့်များ ထပ်မံတည်မြဲ ခိုင်မာစေရန် ကြိုးစား သွားကြရန် လိုအပ်ကြောင်း …

Read More »