Home / ရွှေကျင်မြို့နယ် (page 3)

ရွှေကျင်မြို့နယ်

တောင်ငူ-ကျောက်ကြီး-စစ်တောင်း-မုပ္ပလင်လမ်းပေါ်ရှိ တံတားများတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၂၇ (ပဲခူး) ============================= ဇန်နဝါရီလ ၂၇ ရက်နေ့၊ မွန်းတည့်(၁၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်သည် သက်ဆိုင်ရာ ဌာနဆိုင်ရာများလိုက်ပါလျက် ရွှေကျင်မြို့နယ်၊ တောင်ငူ – ကျောက်ကြီး – စစ်တောင်း – မုပ္ပလင်လမ်းပေါ်ရှိ တံတားများတည်ဆောက်နေမှု ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေကျင်တံတား တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ရာ တံတားအထူးအဖွဲ့(၉)၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးမှ ရွှေကျင်တံတားတည်ဆောက်နေမှုနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ တည်ဆောက်ရေးလုပ်ငန်းတိုင်းတွင် အရည်အသွေးစစ်ဆေးရေးအဖွဲ့သည် အရေးပါသည့်အခန်းကဏ္ဍ တွင်ပါဝင်ကြောင်း၊ လမ်း/တံတားလုပ်ငန်းများသည် ပြည်သူအကျိုးပြုလုပ်ငန်းများဖြစ်ပြီး နိုင်ငံတော် ဘဏ္ဍာငွေမြောက်များစွာ အသုံးပြုနေရသဖြင့် ဘဏ္ဍာငွေ လေလွင့်မှုမရှိစေရေး စေတနာထား ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ထားသည့် လုပ်ငန်းချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ ရွှေကျင်ချောင်းကူးတံတားသည် ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ တောင်ငူ-ကျောက်ကြီး- …

Read More »

မူလလက်ငုတ်နှင့် မြေယာမဲ့အိမ်ထောင်စုများ မြေယာလုပ်ပိုင်ခွင့်ရရှိနိုင်ရေး စတင်ဆောင်ရွက်

FI

ဇန်နဝါရီ ၂၇ (ပဲခူး) ===================================== ဇန်နဝါရီလ ၂၇ ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ရွှေကျင်မြို့၊ မြို့နယ်ခန်းမ၌ ရွှေကျင်မြို့နယ်၊ မအူပင်ကျေးရွာအုပ်စုမှ မူလလက်ငုတ်နှင့် မြေယာမဲ့ အိမ်ထောင်စုများ မြေယာလုပ်ပိုင်ခွင့်ရရှိနိုင်ရေး လျှောက်ထားဆောင်ရွက်နိုင်ခြင်း အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ First Founder of Landesa Group မှ အကြံပေးပုဂ္ဂိုလ် စိုက်ပျိုးရေးပညာရှင် ဦးဇော်ဝင်းက မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအား စိုက်ပျိုးနိုင်သည့် လယ်ယာမြေအဖြစ် ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း၊ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက မူလလက်ငုတ်နှင့် မြေယာမဲ့ အိမ်ထောင်စုများအတွက် မြေယာ လုပ်ပိုင်ခွင့်ရရှိရေး စီမံချက်အရ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပဲခူးခရိုင်နှင့် ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ရွှေကျင်မြို့နယ်၊ မအူပင်ကျေးရွာအုပ်စုမှ …

Read More »

သဘာဝသယံဇာတ ထုတ်ယူမှုနောက်ကွယ်မှ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုအား အထူးလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးကြောင်း ဝန်ကြီးချုပ် ပြောကြား

FI

ဒီဇင်ဘာ ၂၇ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ကညောထူးဒိုစိုးကုမ္ပဏီလီမိတက်မှ ဒေါက်တာသီဟစိုးနှင့် ဦးနိုင်ညီဝင်းတို့မှ ရွှေကျင် မြို့နယ်အတွင်း ရွှေသတ္တုတူးဖော်နိုင်ရေး လာရောက်တွေ့ဆုံသည်။           ရှေးဦးစွာ ဒေါက်တာသီဟစိုးက ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာအုပ်စု၊ အရှေ့မြောက်ဘက် (၁၆)ကီလိုမီတာအကွာ ခူလာတောင်ပတ်ဝန်းကျင်ရှိ ဘုရားဒကာလုပ်ကွက် မြေဧရိယာ(၂၀)ဧကတွင် ရွှေသတ္တုတူးဖော်နိုင်ရေးအတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ မြေပြင်တွင် (၄)ပေ ပတ်လည် ကျင်း(၂)ကျင်း တူးဖော်ပြီး မြေအောက်လှိုင်ခေါင်းစနစ်ဖြင့် တူးဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ကျွန်းပင်များ ပြန်လည်စိုက်ပျိုးပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့လုပ်ကွက်၏ (၂)ကီလိုမီတာပတ်လည်အတွင်း ကျေးရွာများ၊ စိုက်ပျိုးမြေများ၊ ရှေးဟောင်း ယဉ်ကျေးမှု အဆော်အဦများမရှိပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။          ထို့နောက် ဝန်ကြီးချုပ်က သဘာဝသယံဇာတ ထုတ်ယူမှုနောက်ကွယ်မှ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုအား အထူးလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် …

Read More »

(၁၆၆) ကြိမ်မြောက် ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

အောက်တိုဘာ ၆ (ရွှေကျင်)  =================================== အောက်တိုဘာလ (၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်က ရွှေကျင်မြို့၊ ပျဉ်းမပင်ရပ်ကွက်၊ ရွှေကျင်ချောင်း ကမ်းနံဘေးရှိ ဗဟိုမဏ္ဍပ်၌ (၁၆၆)ကြိမ်မြောက် (၁၆၆ ကြိမ်မြောက်) ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ဖွင့်ပွဲနှင့် ယိမ်းအကအဖွဲ့များ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားကို နံနက်(၀၉:၀၀)အချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လှောက်ကားတော်ကြီးလှေမှ ဦးဆောင်ကာ တက်ပျံယိမ်း၊ တက်ခုတွယိမ်းများ၊ ယိမ်းအကအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့များက တေးသီချင်းများ အကများဖြင့် သရုပ်ပြဖျော်ဖြေယှဉ်ပြိုင်ကြပြီးနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၊ ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းတို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးကြသည်။ ထို့နောက် အရှင်ဥပဂုတ္တရဟန္တာမြတ်၏ ကရဝိတ်ဖောင်တော်အား ရွှေကျင်ချောင်းအတွင်း လက်ယာရစ်(၃)ကြိမ် အပူဇော်ခံကာ ရောင်စုံမီးကြာခွက်များဖြင့် ရွှေကျင်ချောင်းအတွင်း မီးမျှောပူးဇော်ခဲ့ကြသည်။  (၁၆၆ ကြိမ်မြောက်) ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် …

Read More »

အုပ်ချုပ်ရေးမှုးတစ်ဦး၏လုပ်ဆောင်မှုသည်အစိုးရအဖွဲ့၏ပုံရိပ်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

FI

သြဂုတ် ၁၀ (ပဲခူး) ==================================== သြဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဝန်ကြီးချုပ်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးများဖြစ်သောကြောင့် မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သိရှိအောင်လေ့လာထားကြရန်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား မပြုလုပ်ကြရန်လိုကြောင်း၊ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို သက်ဆိုင်ရာအစိုးရ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီးပါဝင် ဆောင်ရွက်သွားကြရန်၊ အထက်ကပေးအပ်သော တာဝန်ကိုသာမက မိမိဒေသအတွက် မိမိတို့အသိစိတ်ဖြင့် ဆောင်ရွက်သွားကြရန်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မကြာခဏတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးသွားကြရန်၊ မြေယာကဏ္ဍများ ကိုင်တွယ်ဖြေရှင်းရာတွင် ဥပဒေ၊ နည်းဥပဒေများအတိုင်း အဂတိတရားကင်းရှင်းစွာ တိကျမှန်ကန်စွာ ဆောင်ရွက်သွားကြရန်၊ ပြောင်းလဲခြင်းများ ပြုလုပ်ရာတွင် …

Read More »