Home / သနပ်ပင်မြို့နယ်

သနပ်ပင်မြို့နယ်

သဘာဝလေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်/ပြိုလဲနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

FI

အောက်တိုဘာ ၂၃ (ကဝ) ================== အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သက္ကလမြို့၊ မြို့အုပ်ချုပ်ရေးမှုးရုံး၌ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့တွင် သဘာဝလေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်/ပြိုလဲနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက သနပ်ပင်နှင့်ကဝမြို့နယ်တို့သည် ရေဘေး၊ လေဘေးစသည့်သဘာဝဘေးအန္တရာယ်များနှစ်စဉ်ကြုံတွေ့ရသည့် ဒေသများဖြစ်ကြောင်း မိမိတို့ဌာနအနေဖြင့် သဘာဝဘေးဒဏ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသလို တစ်ဖက်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သဘာဝဘေးဒဏ်ခံစားရသောပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန် လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူ့အသိုင်းအဝန်းတစ်ရပ်ပေါ်ထွက်လာစေရန် အထူးကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူများမှလည်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း တက်ရောက်လာသည့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများအနေဖြင့်လည်း ယခုထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရန်အလေးထားမှာကြားလိုကြောင်း ပြည်သူများအနေဖြင့်လည်း ထောက်ပံ့ငွေများအား မိမိတို့နေအိမ်အားပိုမိုကြံ့ခိုင်အောင် ပြန်လည်တည်ဆောက်ရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြည်သူများနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများသည် အခြေခံကျသည့်အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းဇယားများတိကျ မှန်ကန်နေရန်လိုအပ်ကြောင်း၊ သဘာဝဘေးသည်ကြိုတင်မှန်းဆ၍မရနိုင်သော်လည်း ကြိုတင်ကာကွယ်ခြင်း ထိရောက်သောတုန့်ပြန်ကူညီဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံမှုအနည်းဆုံးဖြစ်စေရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သဘာဝဘေးဒဏ်ခံစားရသောဒေသများတွင် နေအိမ်လမ်းတံတား …

Read More »

သနပ်ပင်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်

FI

သြဂုတ် ၃ (သနပ်ပင်) ================================ သြဂုတ်လ(၃)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှုးရုံး အစည်းအဝေးခန်းမတွင် သနပ်ပင်မြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် လဲ/ပြို နှင့် အမိုးလန်သွားသောနေအိမ်များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်က နှစ်သိမ့်အားပေးစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ပြန်လည်ထူထောင်နိုင်ရေးအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သောငွေနှင့် ပစ္စည်းများအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်က လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် လဲပြိုသွားသောနေအိမ်(၁၅၀)လုံး၊ အိမ်ထောင်စု(၁၅၀)စုအတွက် တစ်စုလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် သိန်း(၁၅၀)အားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး လှမျိုးရွှေက အမိုးလန်သွားသော နေအိမ်(၃၁၃)လုံးအတွက် တစ်လုံးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ(၉၃၉၀၀၀၀)ကျပ်အားလည်းကောင်း၊ သယံဇာတ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက နေအိမ်လဲပြိုသွားသော အိမ်ထောင်စု(၁၅၀)စု လူဦးရေ(၇၄၉)ဦးအတွက် တစ်ဦးလျှင် ဆန်ဖိုးရိက္ခာ(၂၁၀၀)ကျပ်နှုန်းဖြင့် …

Read More »

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မင်းလှမြို့နှင့် သနပ်မြို့တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖွင့်ပွဲကျင်းပပြုလုပ်

FI

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မင်းလှမြို့နှင့် သနပ်မြို့တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖွင့်ပွဲကျင်းပပြုလုပ် ဇွန် ၁၉ (မင်းလှ/သနပ်ပင်) ================================== အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသာအားဖြင့် ဇွန်လ(၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နှင့် သနပ်ပင်မြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှင့် ပန်းခြံဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မင်းလှမြို့၊ လမ်းမတော်လမ်း၊ အပန်းဖြေလက်ဖက်ရည်ဆိုင်ရှေ့ စိမ်းလန်းစိုပြေရေးကန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် ပိုစတာအား သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူးက စက်ခလုပ်နှိပ်ဖွင့်လှစ်ပြီး ပန်းခြံကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်းပေးကာ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း သနပ်ပင်မြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း ဝန်ထမ်းအိမ်ယာနှင့် ဆေးစတိုအဆောက်အဦ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

FI

ဖေဖော်ဝါရီ ၂၂ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၁၁)နာရီအချိန်က သနပ်ပင်မြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း တည်ဆောက်နေသော ဝန်ထမ်းအိမ်ယာနှင့် ဆေးစတိုဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ ရှေးဦးစွာ သနပ်ပင်မြို့ ဆေးရုံအုပ်ကြီးနှင့် အဆောက်အဦ တာဝန်ယူတည်ဆောက်နေသော ခိုင်ဇင်သာကုမ္ပဏီမှ တာဝန်ရှိသူတို့က အဆောက်အဦ တည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ နိုင်ငံတော်ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင်နှင့် လုပ်ငန်းအပေါ် စေတနာထားကာ အစဉ်တည်တံ့ခိုင်ခန့်သော၊ တာဝန်ယူမှု/တာဝန်ခံမှုရှိသော အဆောက်အဦတစ်ခုအဖြစ် အမြန်ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ အဆိုပါ ဝန်ထမ်းအိမ်ယာသည် (၆)ခန်းတွဲ(၄)ထပ် RCC အဆောက်အဦဖြစ်ပြီး ၂၀၁၄-၁၅/ ၂၀၁၇-၁၈ခုနှစ် ပြည်ထောင်စုအစိုးအဖွဲ့ ခွင့်ပြုဘဏ္ဍာငွေ ကျပ်သန်း(၅၄၄.၁)သန်းဖြင့် ခိုင်ဇင်သာကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ရာ (၈၅)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ ထို့နောက် ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုငွေ ကျပ်(၄၃)သန်းဖြင့် …

Read More »

သနပ်ပင်မြို့တွင် တောင်သူမျိုးစေ့သန့်စင်စက် ဖွင့်ပွဲကျင်းပ

FI

ဖေဖော်ဝါရီ ၂၂ (သနပ်ပင်) ============================= ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် ဖေဖော်ဝါရီလ(၂၂)ရက်နေ့၊ နံက်(၉:၃၀)နာရီအချိန်က တောင်သူမျိုးစေ့သန့်စင်စက် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တောင်သူမျိုးစေ့သန့်စင်စက်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်သိန်း၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိ န်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးလှမြင့်၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးမင်းသိန်းနှင့် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်မှ တောင်သူမျိုးစေ့သန့်စင်စက် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် “စိုက်ပျိုးထုတ်လုပ်ရရှိသော မျိုးစေ့များမှာ မျိုးကောင်းမျိုးသန့်ဖြစ်ရုံမျှမပြီးဘဲ သန့်စင်ဖို့လည်းလိုအပ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးထွက်ရှိလာသည့် မျိုးစေ့များ စံချိန်စံညွှန်းမီစေရေးအတွက် မျိုးစေ့သန့်စင်ခြင်း မဖြစ်မနေဆောင်ရွက်နိုင်ရန် မျိုးစေ့သန့်စင်စက်များကို ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် အထွက်နှုန်းသာမက အရည်အသွေးပါ …

Read More »

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ချောင်းကူးတံတားတည်ဆောက်ရန် ထောက်ပံ့ငွေပေးအပ်

FI

ဖေဖော်ဝါရီ ၁၉ (ပဲခူး) ==================== ဖေဖော်ဝါရီလ (၁၉)ရက်နေ့၊ ညနေ(၅)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြောင့် ပျက်စီးသွားသော ချောင်းကူတံတားတည်ဆောက်ရန် ထောက်ပံ့ငွေပေးအပ် ပြုလုပ်သည်။ ရှေးဦးစွာ သနပ်ပင်မြို့နယ်၊ ကုက္ကိုကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော သစ်သားတံတား(၂)စင်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသော ငွေကျပ်(၂၀၃.၉၁၈)သိန်းအား ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်တို့က ပေးအပ်ရာ၊ ပဲခူးတိုင်းဒေသကြီးသယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် သနပ်ပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်တို့က လက်ခံရယူခဲ့သည်။ အဆိုပါတံတားသည် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကုက္ကိုကျေးရွာအဝင် စစ်တောင်းမြစ်လက်တက်ချောင်းအား ဖြတ်သန်းတည်ဆောက်ထားသော တံတားဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့၌ စစ်တောင်းမြစ်ဒီလှိုင်း ရိုက်ခတ်မှုကြောင့် စက်လှေမျှောပါလာပြီး တံတား(၂)စင်းအား အရှိန်ဖြင့်ရိုက်ခတ်ခဲ့ရာ ပျက်စီးသွားခဲ့သည်။ …

Read More »

သနပ်ပင်မြို့နယ်၊ ကံကုန်းကျေးရွာတွင် သဘာဝဘေးဒဏ်ခံ လုံးချင်းဝါးအိမ်များ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၄ (ပဲခူး) ================================       ဒီဇင်ဘာလ(၄)ရက်နေ့နံက်(၁၀:၃၀)နာရီအချိန်ကပဲခူးတိုင်းဒေသကြီး၊သနပ်ပင်မြို့၊ရွာသစ်(၄)ရပ်ကွက်၊ကံကုန်းရွာလယ်မဏ္ဍပ်၌ Habitat for Humanity-Myanmar အဖွဲ့အစည်းမှ အကောင်အထည်ဖော် တည်ဆောက်သော သဘာဝဘေးဒဏ်ခံ လုံးချင်းဝါးအိမ်များ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့သည် မိုးရာသီတွင် ရေကြီးပြီး နွေရာသီတွင် ရေရှားပါးသည့် ဒေသဖြစ်ကြောင်း၊ သို့ဖြစ်၍ ဒေသနှင့် ကိုက်ညီပြီး လွယ်ကူလုံခြုံစွာ နေထိုင်နိုင်ရန်အတွက် Habitat for Humanity-Myanmar မှ သဘာဝဘေးဒဏ်ခံ ဝါးလုံးချင်းအိမ်ရာများ တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ လူသားတိုင်းတွင် နေထိုင်ရန် နေရာတစ်ခုရှိမှသာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အခြေခံ အချက်အလက်များ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အစိုးရအနေဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေးများ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသလို ငြိမ်းချမ်းရေးရရှိနိုင်ရန် အတွက်လည်း …

Read More »

စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ပါဝင်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်မှာကြား

FI

သြဂုတ် ၁၆ (ပဲခူး) ================================================ သြဂုတ်လ(၁၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ထပ်မံတိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ နှင့်ပတ်သက်၍ UNDP မှ Ms. Anki Dellnas ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက် တွေဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်အဆင့် စီမံကိန်းရေးဆွဲခြင်းသည် ဒီမိုကရေစီအစနစ်အရ အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကဝမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ အောင်မြင်မှုများလည်း ရရှိခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကဝမြို့နယ်အပါအဝင် နောက်ထပ်(၄)မြို့နယ်အား ထပ်မံ၍ လုပ်ငန်းစီမံကိန်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်မှ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက် ခွဲဝေသုံးစွဲခြင်းများကို သက်ဆိုင်ရာမြို့နယ်အဆင့်၌ ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် လူထု လိုအပ်ချက်အရ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တတ်စေရန် စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ UNDP ၏ …

Read More »

အုပ်ချုပ်ရေးမှုးတစ်ဦး၏လုပ်ဆောင်မှုသည်အစိုးရအဖွဲ့၏ပုံရိပ်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

FI

သြဂုတ် ၁၀ (ပဲခူး) ==================================== သြဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဝန်ကြီးချုပ်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးများဖြစ်သောကြောင့် မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သိရှိအောင်လေ့လာထားကြရန်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား မပြုလုပ်ကြရန်လိုကြောင်း၊ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို သက်ဆိုင်ရာအစိုးရ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီးပါဝင် ဆောင်ရွက်သွားကြရန်၊ အထက်ကပေးအပ်သော တာဝန်ကိုသာမက မိမိဒေသအတွက် မိမိတို့အသိစိတ်ဖြင့် ဆောင်ရွက်သွားကြရန်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မကြာခဏတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးသွားကြရန်၊ မြေယာကဏ္ဍများ ကိုင်တွယ်ဖြေရှင်းရာတွင် ဥပဒေ၊ နည်းဥပဒေများအတိုင်း အဂတိတရားကင်းရှင်းစွာ တိကျမှန်ကန်စွာ ဆောင်ရွက်သွားကြရန်၊ ပြောင်းလဲခြင်းများ ပြုလုပ်ရာတွင် …

Read More »

နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဧပြီ ၁၉ (ပဲခူး) ========================= ဧပြီလ(၁၉)ရက်နေ့၊ နံက်(၉)နာရီအချိန်က ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ကျုံပါကျေးရွာအုပ်စု၊ ကျုံပါချောင်းဝ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ နှစ်ထပ်ကျောင်းဆောင်သစ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။   ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးတို့က အမှာစကားပြောကြားပြီး သနပ်ပင်မြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်လဲ့လဲ့ဝင်းမှ ကျောင်းဆောင်သစ် ဆောက်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းမှ ကျောင်းသား ကျောင်းသူများအတွက် ပဲနို့ဖျော်စက်လှူဒါန်းပြီး ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် နှစ်ထပ်ကျောင်းဆောင်သစ်အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမိုးမြင့်အောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် …

Read More »