Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကျင်းပ

FI

စက်တင်ဘာ ၂၀ (ပဲခူး) ============================== စက်တင်ဘာလ (၂၀)ရက်နေ့၊ မွန်းလွဲ (၃) နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌  ပဲခူးတိုင်းဒေသကြီး ရေဘေးနှင့် ဆွာမြို့ ရေဘေးကျရောက်ခဲ့သော ရေဘေးသင့်ပြည်သူများအတွက်  Lixil နှင့် Habitat For Humanity International မှအမေရိကန်ဒေါ်လာ (၁၅၆၀၈.၇၅) တန်ဖိုးရှိ SATO အိမ်သာခွက်များ လှူဒါန်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။ ရှေးဦးစွာ ဝန်ကြီး ဦးညွန့်ရွှေက ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေး(၂)ကြိမ် ခံစားခဲ့ရမှု၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးနေသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊  Lixil နှင့် Habitat For Humanity International မှ ရေဘေးသင့်ပြည်သူများအတွက် SATO အိမ်သာခွက်များ ပေးအပ်လှူဒါန်းရာ၊ ဝန်ကြီးမှ ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ …

Read More »

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ဘာသာရပ်သင်တန်း(၅/၂၀၁၈)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

သြဂုတ် ၂၇ (ပြည်) ============================= သြဂုတ်လ(၂၇) ရက်နေ့ နံနက်(၉) နာရီအချိန်တွင် ပြည်မြို့၊ မင်္ဂလာဂါးဒင်းဟိုတယ်၊ အစည်းအဝေးခန်းမ၌ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးကြပ်ပြီး ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၅/၂၀၁၈)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ မှ သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး မှ သင်တန်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ သင်တန်းအား သြဂုတ်လ(၂၇)ရက်နေ့မှ စက်တင်ဘာလ (၂၁)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား/သူ(၈၉) ဦးတက်ရောက်ကာ ဘာသာရပ်(၃)မျိုးသင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူး နှင့်တာဝန်ရှိသူများ ၊ ဟိုတယ်နင့်ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဦးစီးမှူးများ ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

Read More »

စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ (၅/၂၀၁၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

သြဂုတ် ၂၄ (ပဲခူး) ============================== သြဂုတ်လ (၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ (၅/၂၀၁၈)ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။ ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ ကိုထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ တိကျသောမူဝါဒများချမှတ်၍ အလေးပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ချမှတ်ပြီး ဆောင်ရွက်နေသောလုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များသုံးသပ်၍ ထိရောက်သော အကာအကွယ်ပေးရေး လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အကာအကွယ်ပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် သတင်းကြိုတင်ပေါက်ကြားမှု မရှိစေရန် တိတိကျကျ စစ်ဆေးရန်မှာကြားခဲ့သည်။ ထို့နောက် ကော်မတီအတွင်းရေးမှူးက စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်း စီမံချက်ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ပြီးနောက်  တက်ရောက်လာသော ကော်မတီဝင်များမှလည်းပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ …

Read More »

၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ

FI

သြဂုတ် ၁၀ (ပဲခူး) =============================== ပဲခူးမြို့၊ ဥဿာမြို့သစ်၊(၆)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် သြဂုတ်လ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံ ဒေါ်ကေသီခိုင်က လုမှုဖူလုံရေးနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်အကြောင်းအရာများကို ရှင်းလင်းပြောကြား သည်။ ထို့နောက် ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အာမခံအလုပ်သမား ဦးလှမျိုးကျော်၏ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်(၄၅၆၀၀၀ဝိ/)၊ ပဲခူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဆုစ်စတားအထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဒေါ်ခင်မာရီ၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေကျပ်(၃၂၁၃၀၀ဝိ/)၊ ပေါင်းတည်မြို့နယ်လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ အာမခံအလုပ်သမား ဦးအောင်မြင့်ဦး၏ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် …

Read More »

၂၀၁၈ ခုနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်မိတ်ဆက်ရှင်းလင်းခြင်းနှင့် အခွန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

FI

ဇွန်လ ၂၉ (ပဲခူး) =============================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၉)ရက်နေ့ မွန်းလွဲ (၁:၃၀)နာရီအချိန်က အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ အာရှဖောင်ဒေးရှင်းနှင့် Renaissance Institute တို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈ခု ဘဏ္ဍာနှစ် အကူးအပြောင်းကာလ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်မိတ်ဆက်ရှင်းလင်းခြင်းနှင့် အခွန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ၂၀၁၇-၁၈ခု၊ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ စာစောင်ကို ပထမအကြိမ်ထုတ်ဝေခဲ့ပြီး ပြည်သူများ၏ပွင့်လင်းမြင်သာသည့် အကြံပြုချက်များကို ၂၀၁၈ခု၊ (၆)လတာ ဘတ်ဂျက်ရေးဆွဲရာတွင် ပိုမိုအကျိုးရှိစေရန် ထည့်သွင်းဂရုပြုခဲ့ကြောင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် မူဝါဒချမှတ်ခြင်းတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် သတင်းအချက်အလက်မျှဝေရန် အရေးကြီးသည်ကိုယုံကြည်ကြောင်း၊ တိုင်းဒေသကြီး၏ ဝင်ငွေနှင့်အသုံးစရိတ်များကို သေချာစွာနားလည်သဘောပေါက်ခြင်းဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး တာဝန်ခံမှု၊ တာဝန်ယူမှုရှိရေး ပြည်သူလူထု၏ ပါဝင်နိုင်မှုအပေါ် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ

FI

ဇွန် ၁၈ (ပဲခူး) ==================================        ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။          ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့က ပဲခူးတိုင်းဒေသကြီးသည် အဓိကအားဖြင့် လယ်ယာကဏ္ဍကို အထူးပြုသည့် တိုင်းဒေသကြီးဖြစ်ပြီး နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချလျှက်ရှိသော လယ်ယာထွက်ကုန်များအနက် ဆန်စပါး၊ မတ်ပဲနှင့် ပဲတီစိမ်းကို အများအပြား စိုက်ပျိုးထုတ်လုပ်နိုင်သည့် တိုင်းဒေသကြီးဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် နိုင်ငံခြားငွေရရှိရန်အတွက် ပြည်ပပို့ကုန်များများ တင်ပို့နိုင်ရန်အရေးကြီးသလို Ecotourism လုပ်ငန်းသည်လည်း အရေးပါသည့်လုပ်ငန်းဖြစ်ကြောင်း၊ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရန အလားအလာကောင်းသော သီးနှံများ၊ တန်ဖိုးမြှင့်ထုတ်ကုန်များကို ရွေးချယ်ပြီး အဓိကထား တွန်းအားပေး ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံခြားသားဧည့်သည်များ မိမိတို့တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေများရရှိအောင် စီစဉ်ဆောင်ရွက်သွားမှာဖြစ်သောကြောင့် ဟိုတယ်လုပ်ငန်းများသည်လည်း အရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဟံသာဝတီလေဆိပ်စီမံကိန်းပြီးသွားပါက နိုင်ငံခြားခရီးသွားအပါအဝင် …

Read More »

Tourism Conference 2018 အခမ်းအနားသို့ ဝန်ကြီးဦးညွန့်ရွှေတက်ရောက်

FI

ဇွန် ၁၂ (ပဲခူး) =================================== ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်က နေပြည်တော် MICC II ၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာ့ခရီးသွားလုပ်ငန်း (MTF)နှင့် ညီနောင်အသင်းများပူးပေါင်းဆောင်ရွက်သည့် Tourism Conference 2018 အခမ်းအနားသို့  ဝန်ကြီး ဦးညွန့်ရွှေ တက်ရောက်သည်။           အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ အငြိမ်းစားသမ္မတ ဦးထင်ကျော်နှင့် ဇနီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဟိုတယ်ခရီးနှင့်သက်ဆိုင်သည့် ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့သည်။           ယင်းအခမ်းအနား၌ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် သဘာဝအရင်းအမြစ်များကို အခြေပြုသည့် ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းယဉ်ကျေးမှုကို အခြေပြုသည့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ …

Read More »

မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

FI

ဇွန် ၈ (ပဲခူး) ===============================        ဇွန်လ(၈)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကျောက်တိုင်လမ်းနှင့် ရန်ကုန်-မန္တလေးကားလမ်းဟောင်းထောင့်၊ မိုင်ဒါကွင်းနှင့် မျက်နှာချင်းဆိုင်ရှိ ဆရာဝန်များအသင်း အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှကြီးမှုး၍ မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုးသန်းမင်းဒင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးဌေးအောင်တို့က အမှာစကားအသီးသီး ပြောကြားကြသည်။           ထို့နောက် တာဝန်ရှိသူတစ်ဦးက မြန်မာ့ချဉ်ပေါင်ဖာလာအဖွဲ့၊ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူက သင်းဖွဲ့စည်းမျဉ်းဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ် …

Read More »

ပဲခူးတိုင်းဒေသကြီး၏ ဘတ်ဂျက်ငွေသုံးစွဲမှုနှင့် နှစ်အလိုက်စီမံကိန်းလုပ်ငန်းများအား ပြည်သူများအချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် Mobile Application စတင်ဆောင်ရွက်

FI

မေ ၂၃ (ပဲခူး) ==================           ပဲခူးတိုင်းဒေသကြီး၏ ဘတ်ဂျက်ငွေသုံးစွဲမှုနှင့် နှစ်အလိုက်စီမံကိန်းလုပ်ငန်းများအား ပြည်သူများအချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် Mobile Application မိတ်ဆက်ခြင်းအား Host Myanmar Software Solution မှ မေလ(၂၃)ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ  Host Myanmar Software Solution မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာသန့်က e-bago (Mobile Application) ရေးဆွဲထားမှုနှင့် ပါဝင်သည့် အချက်အလက် အသေးစိတ်အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က e-bago (Mobile Application) ရေးဆွဲရခြင်းသည် e-Government ၏ ခြေလှမ်းအစပင်ဖြစ်ကြောင်း၊ e-bago (Mobile Application) သည် အစိုးရမှ အကောင်အထည်ဖော် …

Read More »

ပဲခူးတိုင်းဒေသကြီး ချေးငွေအကြံပေးအဖွဲ့မှ ချေးငွေထုတ်ချေးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

မေ ၁၆ (ပဲခူး) =================================== မေလ (၁၆)ရက်၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၈-၂၀၁၉ခုနှစ်၊ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ ကျင်းပသည်။ ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက စိုက်ပျိုးစရိတ်ချေးငွေများအား စိုက်ပျိုးချိန်မီ ထုတ်ချေးပေးနိုင်ရေးနှင့် စာရင်းဇယားများ မှန်မှန်ကန်ကန် ဖြစ်စေရေး မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက စိုက်ပျိုးစရိတ်များထုတ်ချေးပေးရာတွင် သတ်မှတ်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားရန်နှင့် မြို့နယ်အဆင့်အထိ အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် တင်ပြဆွေး နွေးခဲ့သည်။           ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ ချေးပေးရေး အကြံပေးကော်မတီဝင်များမှ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြခဲ့ရာ၊ ဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။           အခမ်းအနားသို့ ဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေမှူးနှင့် ပဲခူးတိုင်းဒေသကြီး ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ ချေးပေးရေး …

Read More »