Home / ဝေါမြို့နယ်

ဝေါမြို့နယ်

ကျေးရွာနေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်

FI

မတ် ၂၄ (ဝေါ) =============== ပဲခူးခရိုင်၊ဝေါမြို့နယ် အဘားကျေးရွာတွင် မတ်လ(၂၄)ရက်နေ့ နံနက်(၉)နာရီက ကျေးရွာနေပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ဌာနဆိုင်ရာများလိုက်ပါလျှက် လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက “အောက်ခြေတွင်ပြီးပြတ်စေလိုသည်ကို အောက်ခြေထိဖြေရှင်းဆောင်ရွက်ပေးနေသည်မှာ ကျေးရွာနေပြည်သူများ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်စွာဆောင်ရွက်နိုင်စေရန်အတွက်ဖြစ်ပါတယ်။ ကျေးရွာများတွင်ဖြစ်ပေါ်နေသော မြေယာကိစ္စများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် ကျေးရွာလိုအပ်ချက်များ ပေါင်းစပ်ဖြည့်ဆည်းပေးလိုကြောင်း” စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က “လယ်ယာမြေ စိုက်ပျိုးရေးလုပ်ငန်းများ လိုအပ်သည်များ ဆောင်ရွက်ဖြည့်ဆည်းပေးနိုင်ရန်၊ ကျေးလက်နေပြည်သူများနှင့် အများဆုံထိတွေ့လိုသည်မှာ ပြည်သူလူထုအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများ တိုးတက်လာရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်တိုးတက်ဖို့အတွက်ဆိုရန် နိုင်ငံသူနိုင်ငံသားများ ပူးပေါင်းဆောင်ရွက်ပေးကြပါရန်” အမှာစကားများ ပြောကြားပေးသည်။ ထို့နောက် ကျေးရွာများ၏လိုအပ်ချက်များအား တင်ပြကြရာ အဘားကျေးရွာ မှစားကျက်မြေပေါ်သို့ကျူးကျော်နေသောကိစ္စများ ဖြေရှင်းပေးနိုင်ရန်၊ စိုက်ဧက ၄၀၀၀ကျော်အတွက် ရေများလိုအပ်နေကြောင်း၊ ကျေးလက်လမ်းတံတားပြန်လည်ပြုပြင်ပေးစေလိုကြောင်း၊ ကရင်စုကျေးရွာတွင် သုဿာန်မြေရရှိရေး၊ တနော်ကျွန်းကျေးရွာတွင် လျှပ်စစ်မီးရရှိရေး၊ တပ်သိမ်းမြေများအားပြန်လည်ဆောင်ရွက်ပေးစေရေး၊ ပုဂံကျေးရွာ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် စက်စုကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများနှင့်တွေ့ဆုံ

FI

ဖေဖော်ဝါရီ ၅ (ဝေါ) ================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်၊ ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ် စက်စုကျေးရွာ တောင်ဖီလာ ဘုန်းတော်ကြီးကျောင်းတွင် စက်စုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ တွေ့ဆုံပွဲတွင်ဝန်ကြီးချုပ်က မိမိနှင့်အဖွဲ့သည် စက်စုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာဖွံ့ဖြိုးရေးအတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တွေ့ဆုံကြုံ တွေ့နေကြသည့် အခက်အခဲပြဿနာများကို ဗြဟ္မစိုရ်တရားနှင့်အညီ စုပေါင်းညှိနှိုင်း အဖြေရှာကြရန်လိုကြောင်း၊ မည်သည့်ကိစ္စမဆို စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်မည်ဆိုပါက အောင်မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် တစ်ဦးချင်းစီ၏ပညာရည်မှတ်တမ်းမြင့်မားပြီး အသိပညာပြည့်ဝစေရန်လိုကြောင်း၊ ပြဿနာတစ်ခုဖြစ်ပေါ်လာပါက အစိုးရအဖွဲ့ကိုသာအားကိုးမှုမပြုဘဲ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းကျင့်စဉ်၊ယဉ်ကျေးမှု၊ အနှစ်သာရများအား လူတိုင်းလူတိုင်းသိရှိကြရန်လိုကြောင်း ဒေသခံပြည်သူများကလည်း ဒေသဖွံ့ဖြိုးရေးအတွက် ပွင့်လင်းမြင်သာစွာတင်ပြပေးစေလိုကြောင်းအမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအားလည်းကောင်း၊ …

Read More »

ဝန်ကြီးချုပ်ဦးဝင်းသိန်း ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပေါ်ရှိ ဝေါမြို့လယ်တံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၂၂ (ဝေါ) ============================== ဇန်နဝါရီလ (၂၂)ရက်နေ့၊ ညနေ(၄)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပေါ်ရှိ ဝေါမြို့လယ်တံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)၊ တည်ဆောက်ရေး အင်ဂျင်နီယာမှ ဝေါမြို့လယ်တံတား တည်ဆောက်နေမှုအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် အခြားပြည်နယ်/တိုင်းဒေသကြီး များသို့ ဖြတ်သန်းသွားရာ လမ်းဆုံဖြစ်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ဒါကြောင့် လမ်း/တံတားများသည် အလွန်အရေးကြီးကြောင်း၊ ယခုတည်ဆောက်သည့် တံတားသည် ရန်ကုန်-ပဲခူး-မော်လမြိုင်မှ ထိုင်းနိုင်ငံသို့ တိုက်ရိုက်ဆက်သွယ်သည့် လမ်းပေါ်တွင်တည်ရှိပြီး ကုန်စည်စီးဆင်းမှုအတွက်လည်း အလွန်အရေးပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာသည် ပြည်သူလူထု၏ အခွန်ငွေဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများတွင် ငွေကြေးသုံးစွဲမှု လေလွင့်မှုမရှိစေရန်၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ရန်၊ မမျှော်မှန်းနိုင်သော ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း …

Read More »

ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာစွန့်လွှတ်မြေများအား နိုင်ငံတော်သို့ ပြန်လည်အပ်နှံလာမှုအပေါ် မူလတောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်

FI

ဒီဇင်ဘာ ၂၀ (ပဲခူး/ဝေါ) =============== ဒီဇင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဘုရားကြီးမြို့ အုပ်ချုပ်ရေးမှုးရုံး အစည်းအဝေးခန်းမ၌ အသုံးပြုရန်မရှိသည့် စွန့်လွှတ်မြေများအား နိုင်ငံတော်သို့ ပြန်လည်အပ်နှံလာမှုအပေါ် ဝင်္ဂဘော်ကျေးရွာနေ မူလတောင်သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းနှင့် လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီ ဥက္ကဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများအတွက် တောင်သူများ နစ်နာမှုမရှိစေရေး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းပြီး တောင်သူများ၏ တွေ့ကြုံနေရသည့် အခက်အခဲများအား ဦးစားပေးဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် လုပ်ပိုင်ခွင့်ပြန်လည် ရရှိသည့် လယ်ယာမြေပေါ်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် အရည်သွေးပြည့်မီသော အသီးအနှံများ ထွက်ရှိအောင် စိုက်ပျိုးကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူ လယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ …

Read More »

ဝေါမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ဝန်ကြီးချုပ်သွားရောက်ထောက်ပံ့

FI

ဇူလိုင် ၃၁ (ဝေါ) ========================           ဇူလိုင်လ (၃၁)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာ၊ မြို့မကျောင်းကြီးဘုန်းတော်ကြီးကျောင်းရှိ ကယ်ဆယ်ရေးစခန်း သို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများအား အားပေးနှစ်သိမ့်စကား ပြောကြားခဲ့ပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှေ့ဆက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဝေါမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု(၁၃၀၂)၊ လူဦးရေ(၅၈၅၁)ဦး အတွက် တစ်ဦးလျှင်(၂၁၀ဝိ/-)နှုန်းဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆန်ရိက္ခာ ဖိုး ငွေ(၁၂၂၈၇၁၀ဝိ/-)နှင့် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်း တို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေးရုံတက်လူနာများအား အားပေးစကားပြောကြားကာ ဆေးဖိုးထောက်ပံ့ငွေ များ ပေးအပ်ခဲ့ပြီး၊ မြစ်ကျိုးကျေးရွာ၊ တာဦးဘုန်းတော်ကြီးကျောင်းနှင့် ဆင်ရွာကျေးရွာ၊ …

Read More »

ပဲခူးနှင့် ဝေါမြို့နယ်ရှိ လယ်ကွက်များအတွင်း ကျရောက်နေသော ရွှေခရုအား လူထုအင်အားဖြင့် ကောက်ယူနှိမ်နင်းခြင်းပြုလုပ်

FI

ဇူလိုင် ၅ (ပဲခူး) ================================ ဇူလိုင်လ(၅)ရက်နေ့ နံက်(၁၀)နာရီအချိန်က ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ လယ်ကွက်များတွင် ကျရောက်နေသော ရွှေခရုများအား စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများနှင့်အတူ လူထုအင်အားဖြင့် ကောက်ယူနှိမ်နင်းခြင်းကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်က ရွှေခရုအန္တရာယ်နှိမ်နင်းမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာအနီး၊ ကွင်းအမှတ်(၅၃၀-ခ)ရှိ လယ်ကွက်များတွင် ကျရောက်နေသော ရွှေခရုများအား လူထုအားဖြင့် စုပေါင်းကောက်ယူပြီး ရွှေခရုအန္တရာယ်ကင်းဝေးစေရန်၊ ထပ်မံပေါက်ဖွားမှု မရှိစေရန်အတွက် ထုံးပက်ဖြန်းခြင်း၊ ခရုသတ်ဆေးများဖြစ်သည့် မက်တယ်ဒီဟိုက်၊ နီကလိုစာမိုက် စသည့်ဆေးများပက်ဖြန်းခြင်းများ စုပေါင်းပြုလုပ်ကြသည်။ ထို့နောက် ဝေါမြို့နယ်၊ ကွင်းအမှတ်(၆၈၇-က)အတွင်းရှိ ဦးညီညီ၏လယ်အတွင်းရှိ ရွှေခရုများအား စုပေါင်းကောက်ယူခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းများပြုလုပ်ကြသည်။ ရွှေခရုကာကွယ်နှိမ်နင်းခြင်းသည် တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်ခြင်းထက် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။ အဆိုပါရွှေခရုများသည် ရွေ့ပြောင်းစိုက်ပြီး(၁၀-၁၅)ရက်၊ တိုက်ရိုက်အစေ့ချ စိုက်ခင်း(၄-၃၀)ရက်အတွင်း ပျိုးပင်ငယ်စဉ်တွင် …

Read More »

ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဖေဖော်ဝါရီ ၁၇ (ဝေါ) ================================== ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ညောင်ခါးရှည်စံပြကျေးရွာတွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ကျေးရွာမှ အလှူ ရှင်များစုပေါင်းလှူ ဒါန်းဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းဖွင့်ပွဲအား ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ညောင်ခါးရှည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့ မဏ္ဍာပ်တွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ညောင်ခါးရှည် အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ) ကျောင်းသား/သူများက “အလှဆုံးပြည်ထောင်စု”၊ “နိုင်ငံသစ်ဆီတို့လှမ်းချီ” တေးသီးချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့က အမှာစကားပြောကြားကာ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးနှင့် ညောင်ခါးရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပြေဝင်းတို့မှ ကျေးဇူးတင်စကား ပြောကြားကြသည်။ ထို့နောက် ညောင်ခါးရှည်စံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/သူများက “လောကအားမာန်”၊ “စည်းလုံးစို့လေသွေးချင်းတို့မြေ” သီချင်းဖြင့် ဖျော်တင်ဆက်ကြသည်။ ယင်းနောက် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွအုပ်ချုပ်ရေးမှူးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းတစ်လျှောက်လှည့်လည် ကြည့်ရှုကြသည်။ အဆိုပါအခမ်းအနားသို့ …

Read More »

ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်တို့ခေတ္တမီးပျက်မည်

Slide1

ဖေဖော်ဝါရီ ၉(ပဲခူး) ========================= ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ကမာနတ်ပင်မဓာတ်အားခွဲရုံရှိ (၁၀၀)အမ်ဗွီအေ ထရန်စဖော်မာ၏ (၃၃)ကေဗွီမိန်းရှိ Y-phase CT တွင် Terminal အရင်းမှ ဆီအနည်းငယ်ယိုစိမ့်နေပါသဖြင့် ၎င်းCTအား လိုအပ်သော ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (၁၀-၂-၂၀၁၈)ရက်နေ့ နံက်(၈)နာရီမှ မွန်းလွဲ(၂)နာရီအထိ ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် ဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Read More »

ဝေါမြို့၊ အဆင့်မြင့်စျေးသစ် ဆောက်လုပ်နေမှုအား ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၁၂ (ပဲခူး) =========================== ဇန်နဝါရီလ ၁၂ ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝေါမြို့၊ ရန်ကုန်-မန္တေလေးလမ်းမကြီးနှင့် ဘုရားပြိုလမ်းထောင့်ရှိ ဝေါအဆင့်မြင့်ဈေးသစ်ကြီး တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ Pa Hta Wi Soe Co., Ltd နှင့် Amanda Trading Co., Ltd တို့၏ တည်ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူများက ဝေါအဆင့်မြင့်ဈေးသစ်ကြီးတည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မီးသတ်ရေကန်များနှင့် မီးသတ်ရေငုတ်များ  ထားရှိရန်၊ မီးသတ်ကားဝင်/ထွက်နိုင်သည့် လမ်းများထည့်သွင်းရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် ပတ်ဝန်းကျင်ရပ်ကွက်များအတွက် အနှောက်အယှက်မဖြစ်စေရန်၊ ဈေးသည် လူအများစည်ကားသည့်နေရာဖြစ်၍ လေဝင်/လေထွက်ကောင်းမွန်စေရန်၊ အေးဆေးသက်သာစွာ ရောင်းချခြင်း ဝယ်ယူခြင်းဆောင်ရွက်နိုင်ရန် သန့်ရှင်းသန့်ရပ်ခြင်း၊ စည်ပင်သာယာရေးနှင့် မီးသတ်တပ်ဖွဲ့တို့၏ အကြံဉာဏ်များဖြင့် ထည့်သွင်းတည်ဆောက်ရန်တို့အား မှာကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် …

Read More »

ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မျက်စိကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေး

FI

ဇန်နဝါရီ ၁၁ (ပဲခူး) ==================================        ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်ပိုင်းမှစတင်ပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး(စီမံ/ဘဏ္ဍာ)နှင့် ဒေသဆိုင်ရာမျက်စိ အထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးသည် ပဲခူးတိုင်းဒေသကြီး(၄) မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေးစီမံကိန်းဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဝေါမြို့နယ်အတွင်းရှိ ပြည်သူများ၏ မျက်စိကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြသည်။           ရှေးဦးစွာ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနတွင် အခြေခံ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းပြီး ဘုရားပျို၊ လေးအိမ်စု၊ ထိန်တပင်၊ ရွာသစ်၊ ချောင်းကျိုး၊ လက်ပံသုံးပင်၊ ဘိုကတော်စသည့် ကျေးရွာများမှ ပြည်သူများကို မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးနှင့်အဖွဲ့မှ အခမဲ့ မျက်စိစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံကာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ပေးမှုအား အထူးကျေးဇူးတင်ရှိကြောင်း၊ များမကြာမီ ယခုဇန်နဝါရီ နောက်ဆုံး ပတ်တွင် ဆင်ခြေထောက်ရောဂါ၊ သံချဆေး တိုက်ကျွေးခြင်းလုပ်ငန်းများတွင်လည်း ပူးပေါင်းပြီး လူတိုင်းသောက်စေလိုကြောင်း၊ …

Read More »