Home / ဝေါမြို့နယ် (page 2)

ဝေါမြို့နယ်

ဝေါမြို့၊ အဆင့်မြင့်စျေးသစ် ဆောက်လုပ်နေမှုအား ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၁၂ (ပဲခူး) =========================== ဇန်နဝါရီလ ၁၂ ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝေါမြို့၊ ရန်ကုန်-မန္တေလေးလမ်းမကြီးနှင့် ဘုရားပြိုလမ်းထောင့်ရှိ ဝေါအဆင့်မြင့်ဈေးသစ်ကြီး တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ Pa Hta Wi Soe Co., Ltd နှင့် Amanda Trading Co., Ltd တို့၏ တည်ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူများက ဝေါအဆင့်မြင့်ဈေးသစ်ကြီးတည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မီးသတ်ရေကန်များနှင့် မီးသတ်ရေငုတ်များ  ထားရှိရန်၊ မီးသတ်ကားဝင်/ထွက်နိုင်သည့် လမ်းများထည့်သွင်းရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် ပတ်ဝန်းကျင်ရပ်ကွက်များအတွက် အနှောက်အယှက်မဖြစ်စေရန်၊ ဈေးသည် လူအများစည်ကားသည့်နေရာဖြစ်၍ လေဝင်/လေထွက်ကောင်းမွန်စေရန်၊ အေးဆေးသက်သာစွာ ရောင်းချခြင်း ဝယ်ယူခြင်းဆောင်ရွက်နိုင်ရန် သန့်ရှင်းသန့်ရပ်ခြင်း၊ စည်ပင်သာယာရေးနှင့် မီးသတ်တပ်ဖွဲ့တို့၏ အကြံဉာဏ်များဖြင့် ထည့်သွင်းတည်ဆောက်ရန်တို့အား မှာကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် …

Read More »

ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မျက်စိကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေး

FI

ဇန်နဝါရီ ၁၁ (ပဲခူး) ==================================        ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်ပိုင်းမှစတင်ပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး(စီမံ/ဘဏ္ဍာ)နှင့် ဒေသဆိုင်ရာမျက်စိ အထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးသည် ပဲခူးတိုင်းဒေသကြီး(၄) မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေးစီမံကိန်းဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဝေါမြို့နယ်အတွင်းရှိ ပြည်သူများ၏ မျက်စိကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြသည်။           ရှေးဦးစွာ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနတွင် အခြေခံ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းပြီး ဘုရားပျို၊ လေးအိမ်စု၊ ထိန်တပင်၊ ရွာသစ်၊ ချောင်းကျိုး၊ လက်ပံသုံးပင်၊ ဘိုကတော်စသည့် ကျေးရွာများမှ ပြည်သူများကို မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးနှင့်အဖွဲ့မှ အခမဲ့ မျက်စိစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံကာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ပေးမှုအား အထူးကျေးဇူးတင်ရှိကြောင်း၊ များမကြာမီ ယခုဇန်နဝါရီ နောက်ဆုံး ပတ်တွင် ဆင်ခြေထောက်ရောဂါ၊ သံချဆေး တိုက်ကျွေးခြင်းလုပ်ငန်းများတွင်လည်း ပူးပေါင်းပြီး လူတိုင်းသောက်စေလိုကြောင်း၊ …

Read More »

ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ ဝန်ကြီးဦးမောင်မောင်လွင် တက်ရောက်

FI

နိုဝင်ဘာ ၂၄ (ပဲခူး) ================================ ပဲခူးတိုင်းဒေသကြီး ၊ဝေါမြို့နယ်၊ ဖိုးဦးစိန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဂျပန်နိုင်ငံ Grant Assistance for Grass-Roots Human Security Projects(GGP) မှဆောက်လုပ်လှူဒါန်းသော ပေ ၁၈၀’ ၃၀’ RCC တစ်ထပ်ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲနှင့်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ အလှူရှင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် Mr.Kazuyushi ကူဇူယိုရှီးစူဇူကီး၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးဆရာမကြီးဒေါ်မြင့်မြင့်သန်း၊ ဝေါမြို့နယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ကျောင်းဆောင်သစ် ကဗ္ပည်းကျောက်စာတိုင်အား အမွေးနံ့သာဖျန်းပက်ကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများမှ မြန်မာ့ကျောင်းသားသီချင်းဖြင့် ဖွင့်လှစ်ကာ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်မှ အမှာစကားပြောကြားပြီးမြန်မာနိုင်ငံဆိုင်ရာ …

Read More »

(၃၃/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

စက်တင်ဘာ ၆(ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်၊ ဒိုက်ဦးလမ်း၊ ဆည်မြောင်းရှင်းလင်းဆောင်၌ စက်တင်ဘာလ(၆)ရက်နေ့၊ နံက်(၉:၃၀)နာရီအချိန်က (၃၃/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးတို့က အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့) တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးလှထွန်းက ဓာတ်အားခွဲရုံ တည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်နှင့် ဒေသခံတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ၃၃/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ထရန်စမော်မာအား ဓာတ်အားရယူရန်အတွက် စက်ခလုတ်အားလည်းကောင်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက ၁၁ကေဗွီ Incoming panel ၏ စက်ခလုတ်အားလည်းကောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက ၁၁ကေဗွီ မြစ်ကျိုးဖီဒါ၏ စက်ခလုတ်အားလည်းကောင်း အသီးသီး ဖွင့်လှစ်ပေးကြသည်။ …

Read More »

အုပ်ချုပ်ရေးမှုးတစ်ဦး၏လုပ်ဆောင်မှုသည်အစိုးရအဖွဲ့၏ပုံရိပ်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

FI

သြဂုတ် ၁၀ (ပဲခူး) ==================================== သြဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဝန်ကြီးချုပ်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးများဖြစ်သောကြောင့် မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သိရှိအောင်လေ့လာထားကြရန်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား မပြုလုပ်ကြရန်လိုကြောင်း၊ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို သက်ဆိုင်ရာအစိုးရ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီးပါဝင် ဆောင်ရွက်သွားကြရန်၊ အထက်ကပေးအပ်သော တာဝန်ကိုသာမက မိမိဒေသအတွက် မိမိတို့အသိစိတ်ဖြင့် ဆောင်ရွက်သွားကြရန်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မကြာခဏတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးသွားကြရန်၊ မြေယာကဏ္ဍများ ကိုင်တွယ်ဖြေရှင်းရာတွင် ဥပဒေ၊ နည်းဥပဒေများအတိုင်း အဂတိတရားကင်းရှင်းစွာ တိကျမှန်ကန်စွာ ဆောင်ရွက်သွားကြရန်၊ ပြောင်းလဲခြင်းများ ပြုလုပ်ရာတွင် …

Read More »

စာကြည့်တိုက် ဖွင့်လှစ်ပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဇန်နဝါရီ ၇ (ပဲခူး) ============================= ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့၊ မွန်းတည့်(၁၂:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ အဗျားဗိုလ်တဲကျေးရွာ၊ ပရဟိတဘုန်းတော်ကြီးသင်  ပညာဒါနစာသင်ကျောင်းဝင်း၌  ၂၀၁၆-၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အထောက်အကူပြု နဝမအကြိမ်မြောက် ပညာဒါနအစီအစဉ်နှင့် “ပညာဗိုလ်” စာကြည့်တိုက် ဖွင့်လှစ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်အားပေးခဲ့သည်။ ရှေးဦးစွာ အဗျားဗိုလ်တဲကျေးရွာ ပရဟိတပညာဒါန ဘုန်းတော်ကြီးစာသင်ကျောင်းဝင်းရှိ “ပညာဗိုလ်” စာကြည့်တိုက်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပရဟိတပညာဒါန ဘုန်းတော်ကြီးစာသင်ကျောင်း ပဓာနနာယကဆရာတော် အရှင်သုမင်္ဂလတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး ဝေါမြို့နယ်၊ အဗျားဗိုလ်တဲကျေးရွာ၊ ပရဟိတ ပညာဒါန ဘုန်းတော်ကြီးစာသင်ကျောင်း ပဓာနနာယကဆရာတော် အရှင်သုမင်္ဂလမှ ပညာဒါန အစီအစဉ်များအား မိန့်ကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က စာကြည့်တိုက်ဖွင့်လှစ်ရခြင်းသည် စာကြည့်ခန်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဝေါမြို့နယ် လေဘေးသင့်နေရာများသို့သွားရောက်ကြည့်ရှုစစ်ဆေး

13934635_1649320822049183_3442406589528612581_n

(၁၈-၈-၂၀၁၆) ရက်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့သည် ဝေါမြို့နယ် လေဘေးသင့်နေရာများသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝေါမြို့နယ်၊ လေးအိမ်စုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာသင် ကျောင်း၌ လေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနား တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာ စကားပြော ကြားပြီး၊ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်မှ ဌာန၏ ရည်ရွယ်ချက်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရေးပစ္စည်များ အချိန်မီထောက်ပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။  

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဝေါမြို့နယ်၊ လေဘေးသင့်ပြည်သူများအား အလှူငွေနှင့် ထောက်ပံ့ရေး ပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ခြင်း အခမ်းအနား

IMG_2398

သြဂုတ်−၁၈ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် ဝေါမြို့နယ်၊ လေးအိမ်စုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာသင် ကျောင်း၌ လေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနား တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာ စကားပြော ကြားပြီး၊ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်မှ ဌာန၏ ရည်ရွယ်ချက်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက

Read More »