Home / ကျောက်တံခါးမြို့နယ်

ကျောက်တံခါးမြို့နယ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်တံခါး၊ ကျောက်ကြီး၊ ဖြူးနှင့် တောင်ငူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့

FI

သြဂုတ် ၁ (တောင်ငူ) ==================          သြဂုတ်လ (၁)ရက်နေ့၊ မွန်းလွဲပိုင်းအချိန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖြူးမြို့နယ်နှင့် တောင်ငူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်း၌ ကျောက်ကြီးမြို့နယ်၊ ကွင်းချောင်းကျေးရွာတွင် ကျောက်ကြီးမြို့နယ်အတွက် အလှူရှင် Tet Nay Ayeya Group Co., Ltdမှ လှူ ဒါန်းသော အလှူငွေ(၃၀)သိန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှဆန်ဖိုးရိက္ခာငွေ(၁၈၂ရဝဝဝိ/)ကျပ်၊ ဖိုက်ဘာစက်လှေ(၁)စီး၊ ကျောက်တံခါးမြို့နယ်အတွက် အစိုးရအဖွဲ့မှ ငွေကျပ်(၁၀)သိန်းတို့ကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္က ဌဦးကြည်ဇင်နှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ဖိုက်ဘာစက်လှေ စမ်းသပ်မောင်းနင်မှုအား ကြည့်ရှုခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့နယ်သို့သွားရောက်ကာ ပျဉ်းမပင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် ရေဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ တစ်ဦးလျှင် (၂၁ဝဝိ/-)နှုန်းဖြင့် ဆန်ရိက္ခာဘိုး စုစုပေါင်းငွေ (၁၄၄၁၈၆ဝဝိ/)နှင့် …

Read More »

ရဲနွယ်သစ်တောကြိုးဝိုင်းအတွင်း ဆင်စခန်းအသစ်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ရန် ပန္နက်တင်အခမ်းအနားကျင်းပ

FI

ပဲခူး  မေ ၁ ===================== မေလ (၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ မြို့ချောင်း-စိန်ကန့်လန့် လမ်းမ မိုင်တိုင်(၉၆)မိုင် (၄)ဖာလုံ၊ ရဲနွယ်သစ်တောကြိုးဝိုင်းအတွင်းရှိ ရဲနွယ်ကြိုးဝိုင်း အကွက်အမှတ်(၉၄) မင်္ဂလာမြန်မာကုမ္ပဏီမှ ဆင်စခန်းအသစ်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပန္နက်တင်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က အဖွင့်အမှာစကားပြောကြားပြီး၊ Four Paws International ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Helmut Dungler နှင့် မင်္ဂလာမြန်မာကုမ္ပဏီ၏ ဥက္ကဋ္ဌ၊ ဒေါက်တာဖုန်းဝင်းတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ သစ်တော၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ Mr. Helmut Dungler နှင့် ဒေါက်တာဖုန်းဝင်းတို့က ဆင်စခန်းအဆောက်အဦ ဆောက်လုပ်မည့်မြေနေရာအား …

Read More »

မသန်စွမ်းသူများနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ငွေပေးအပ်

FI

မတ်လ ၁၄ (ကျောက်တံခါး) ================================= မတ်လ(၁၄)ရက်နေ့၊ နံက်(၉)နာရီအချိန်က ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူများနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်မှ ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် နေထိုင်ကြသော မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် အမြင်အာရုံချို့တဲ့သူ ၊အကြားအာရုံချို့တဲ့သူ ၊ကိုယ်အင်္ဂါမသန်စွမ်းသူ၊ ဉာဏ်ရည်မပြည့်ဝသူများမှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ သက်ဆိုင်ရာထောက်ခံချက်များနှင့်အတူ စာရင်းပေးတင်ပြထားခဲ့ခြင်းအပေါ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်ဖြစ်၍ ယခုလို ပြည်သူများလက်ဝယ်အရောက် စီစစ်ကာ လာရောက်ပေးအပ်ရကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၆၄)အုပ်စုတွင် နေထိုင်ကြသော အမြင်အာရုံချို့တဲ့သူ၊ အကြားအာရုံချို့တဲ့သူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ ညဏ်ရည်မပြည့်ဝသူနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း(၁၇၄)ဦးအတွက် တစ်ဦးလျှင် …

Read More »

ကျောက်တံခါးမြို့နယ်ရှိ စာသင်ကျောင်း၊ မီးသတ်စခန်းနှင့် ကျေးလက်လမ်းဖောက်လုပ်မှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၂၁ (ပဲခူး) ========================== ဇန်နဝါရီလ ၂၁ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် သည် သက်ဆိုင်ရာဌာနဆိုင်ရာများလိုက်ပါလျက် ကျောက်တံခါးမြို့နယ်ရှိ စာသင်ကျောင်း၊ မီးသတ်စခန်းနှင့် ကျေးလက်လမ်းဖောက်လုပ်မှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က စာသင်ကျောင်းဆောင်နှင့် အခြေခံလိုအပ်ချက်များ တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က ပညာရေးကဏ္ဍအား အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လိုအပ်ချက်များအား မိမိတို့အစိုးရအဖွဲ့သို့ တိုက်ရိုက်တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ စျေးတန်း(၅)ရပ်ကွက် တွင် တည်ဆောက်ပြီးစီးသွားသည့် ဖဒိုနယ်မြေမီးသတ်စခန်း (၂)ထပ်အဆောက်အဦအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဝန်ကြီးချုပ်က လူနေအိမ်ခြေများ တိုးတက်များပြားလာခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုတို့ကြောင့် မီးသတ်စခန်းများ တိုးချဲ့ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မီးသတ်စခန်းများတွင် အမှန်တကယ်ပြည်သူလူထု ယုံကြည်အားကိုးနိုင်သည့် မီးသတ်ယာဉ်၊ စက်ပစ္စည်းနှင့် ဝန်ထမ်း …

Read More »

ကျောက်တံခါးမြို့နယ်၊ ဒိုးတန်းကျေးရွာ မူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဇန်နဝါရီ ၂၁ (ပဲခူး) =========================== ဇန်နဝါရီလ (၂၁)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ကျောက်တံခါးမြို့နယ်၊ ဒိုးတန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၊ တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မေသက်နွယ်နှင့် အလှူ ရှင် ဦးကျင်ဝှက်တို့က အမေ့ရွာကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအနေဖြင့် ဒိုးတန်းအခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး ဒုတိယတိုင်းပညာရေးမှူး ဆရာမကြီး ဒေါ်မေသက်နွယ်တို့က အမှာစကား အသီးသီးပြောကြားကာ အလှူရှင်တစ်ဦးကျောင်းဆောင်သစ် ဆောက်လုပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ယင်းနောက်ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ကျောက်တံခါးမြို့နယ်ပညာရေးမှူးရုံးသို့ လွွှဲပြောင်းပေးအပ်ပြီး တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းပေးခြင်းအပေါ် မြို့နယ်ပညာရေးမှူးက …

Read More »

(၂၅)ကြိမ်မြောက် ရှမ်းစာပေဆုပေးပွဲနှင့် ရှမ်းနှစ်သစ်ကူး ငွေရတုအထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၃ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသားများစုပေါင်းပြီး ၂၅ ကြိမ်မြောက် ရှမ်းစာပေဆုပေးပွဲနှင့် ရှမ်းနှစ်သစ်ကူးပွဲ ငွေရတုအထိမ်းအမှတ် ပွဲတော်ကို ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနနက်(၉)နာရီအချိန်က ကျောက်တံခါးမြို့နယ်၊ ကင်မွန်းအင်းကျေးရွာအုပ်စု၊ သပြေတန်းရှမ်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အလံတော်နှင့် မျိုးချစ်အာဇာနည်ပုဂ္ဂိုလ်များအား အလေးပြုကြပြီးနောက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် မတူညီကွဲပြားသော တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြပြီး လူမျိုးတိုင်းတွင် မတူညီကွဲပြားသော ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် စာပေများရှိသောကြောင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုနှင့် စာပေအား မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ တိုင်းရင်းသားလူမျိုးများ၏ အဓိကတာဝန်ပင်ဖြစ်ကြောင်း၊ ရှမ်းတိုင်းရင်းသားများသည် သမိုင်းအစဉ်အလာ ကြီးမားသော တိုင်းရင်းသားများဖြစ်ပြီး ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ စာပေနှင့်အနုပညာ၊ သမိုင်းအမွေအနှစ်များ ရေရှည်တည်တံ့စေရေးအတွက် ဆက်လက်ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားအရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမျိုးနှင့်စာပေ မပပျောက်စေရေးအတွက် ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ …

Read More »

လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်မှု အသိပေးကြေငြာခြင်း

EPC

နိုဝင်ဘာ ၃ (ပဲခူး) ========================= ၂၃၀ ကေဗွီ သာယာကုန်း ပင်မဓာတ်အားခွဲရုံရှိ 30 MVA Transformer  နှင့် 60 MVA Transformer လဲလှယ်တပ်ဆင် ခြင်း၊ Testing ပြုလုပ်ခြင်း၊ Float Charged ပြုလုပ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကျွဲပွဲမြို့၊ ဇေယျဝတီမြို့၊ ဖြူးမြို့၊ ကညွှတ်ကွင်းမြို့၊ ဒိုက်ဦးမြို့၊ ဖောင်တော်သီမြို့၊ ပြွန်တံဆာမြို့၊ ညောင်လေးပင်မြို့၊ ကျောက်တံခါးမြို့၊ ဖဒိုမြို့၊ ပိန်းဇလုပ်မြို့၊ ပဲနွယ်ကုန်းမြို့၊ တောကျွဲအင်းမြို့၊ ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့တို့တွင် (၄−၁၁−၂၀၁၇) ရက်နေ့၊ မွန်းတည့်(၁၂)နာရီမှ (၅−၁၁−၂၀၁၇)ရက်နေ့၊ ညနေ(၆)နာရီအထိ ခေတ္တယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Read More »

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအား အစိုးရနှင့်ပြည်သူ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နိုင်ရန် ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁၄ (ပဲခူး)  ========================= အောက်တိုဘာလ (၁၄)ရက်နေ့၊ မွန်းလွဲ (၁)နာရီအချိန်က ညောင်လေးပင်မြို့နယ်၊ သီရိရတနာ ခန်းမ၌ ညောင်လေးပင်မြို့နယ်၊ ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ညောင်လေးပင်မြို့နယ်ရှိ ပြည်သူများ၏ လိုအပ်ချက်အသံများ ကြားသိလို၍ ဒုတိယအကြိမ်မြောက် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ချက်ချင်းဆောင်ရွက် ပေးနိုင်သည့် ကိစ္စရပ်များရှိပါက ဌာနဆိုင်ရာများနှင့် တစ်ပါတည်း ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မှန်ကန်သောဆုံးဖြတ်ချက်များကို အကောင်းဆုံးအကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးမရရှိပါက မည်သည့်ဒေသမဆို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ဒါကြောင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် (၂၁)ရာစု ပင်လုံညီလာခံကို နိုင်ငံတော်မှ ဦးဆောင် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရသည် ပြည်သူဗဟိုပြုသည့် အစိုးရဖြစ်၍ ပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများ ဖြည့်ဆည်းဆောင်ရွက်ပေး ရန်တာဝန်ရှိကြောင်း၊ …

Read More »

ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၇ (ကျောက်တံခါး) ============================ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့၊ မြို့နယ်စည်ပင်သာယာခန်းမ၌ စက်တင်ဘာလ(၁၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြည်သူလူထု တွေ့ဆုံပွဲကျင်းပပြု လုပ်သည်။ အခမ်းအနားတွင် ၀န်ကြီးချုပ်က မိမိဒေသဖွံ့ဖြိုးတိုးတတ်ဖို့ ကြိုးစားလုပ်ဆောင်ကြရန်၊ လိုအပ်သည်များ အခက်အခဲများအား အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ တစ်ဦးတစ်ယောက်ကောင်း မဟုတ်ဘဲ အစုအဖွဲ့ဖြင့် ပူပေါင်းဆောင်ရွက်တတ်စေရန်၊ မိမိတို့၏ စိတ်ဓာတ်များ တစ်ဦးချင်းမှစ၍ ပြုပြင်ပြောင်းလဲကျရန်၊ မကြာမီအချိန်ကာလအတွင်း နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင် ရွက်တော့မည်ဖြစ်၍ မိမိဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြပါဟု အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ယခုလိုပြည်သူနှင့် တွေ့ဆုံခြင်းဖြင့် အစိုးရမှ ချက်ခြင်း ဖြေရှင်းပေးလို့ရသည်များကို ဖြေရှင်းပေးပြီး၊ မိမိဒေသရှိ လက်ရှိအခက်အခဲများကိုသာ တင်ပြပေးစေလိုကြောင်း အလုပ်အကိုင် အခွင့်အလမ်းများ၊မြေယာပြသနာများ (၆၆)မှုရှိပြီး ဖြေရှင်းရန် (၁၃)မှု ကျန်နေပါသေးကြောင်း သို့ဖြစ်ပါ၍ပြည်သူလူထု ပူးပေါင်းပါ၀င်မှုများ လိုအပ်နေသောကြောင့် ပြည်သူများပါ …

Read More »

အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း

FI

စက်တင်ဘာ ၁၅ (ပဲခူး) ===================================== စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်(၈)နာရီအချိန်က ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးက ဒီမိုကရေစီစနစ်တစ်ခုအတွက် မရှိမဖြစ်လိုအပ်သည့်အရာသည် ပြည်သူတိုင်း အခွန်ထမ်းဆောင်သည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာစေရန် လိုအပ်ကြောင်း၊ ဒါမှသာ အစိုးရမှ ပြည်သူများအတွက် ပိုမိုကောင်းမွန်ပြည့်စုံသော ဝန်ဆောင်မှုများ၊ ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခု တည်ဆောက်ရာတွင် အခွန်တာဝန်ကျေပွန်စွာ ပေးဆောင်ခြင်းသည် အစိုးရအတွက် ခွန်အားတစ်ခုဖြစ်စေနိုင်ပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနား၌ အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်း(၄၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး၊ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ …

Read More »