Home / ထန်းတပင်မြို့နယ်

ထန်းတပင်မြို့နယ်

ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမားရေးအတွက် အခမဲ့ကွင်းဆင်းကုသမှုအား ဝန်ကြီးချုပ်ဦးဝင်းသိန်း ကြည့်ရှုအားပေး

FI

အောက်တိုဘာ ၂၁ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်ခန့်က တာဝန်ရှိသူများနှင့် အတူ ထန်းတပင်မြို့နယ် လှည်းလမ်းကူး အခြေခံပညာအထက်တန်းကျောင်းတွင် တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်များမှ ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ကွင်းဆင်းကုသပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ကွင်းဆင်းကုသရာ၌ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ဦးဆောင်သော ခွဲစိတ်၊ အရိုး၊ ကလေး၊ သားဖွားမီးယပ်၊ မျက်စိ၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ ဓါတ်မှန်၊ နား/နှာခေါင်း/လည်ချောင်း အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ ကင်ဆာ၊ အရေပြား၊ ရောဂါဗေဒ၊ သွားရောဂါကုဆရာဝန်များ၊ ဆေးပေးဝန်ထမ်းများ စုစုပေါင်း(၆၀)ဦးတို့သည် ထန်းတပင်မြို့နယ် လှည်းလမ်းကူး၊ မဲဖလံ၊ သရက်တန်း၊ ကြို့ပင်သာ၊ ဘုမ္မတီ၊ တလိုင်းအိုင်စသည့် ကျေးရွာအုပ်စု(၆)အုပ်စုနှင့် ကျောက်ကြီးမြို့နယ်တွင်းရှိ ပြည်သူများ၏ အထွေထွေရောဂါများကို အခမဲ့ကွင်းဆင်းကုသ ပေးခြင်းဖြစ်သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …

Read More »

ကယားတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် စုပေါင်းအဲဒိုပေါ်မီပွဲတော် ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၂၁(ပဲခူး) =================================== အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ရွှေတန်ဆောင်းကျေးရွာ၌ ကယားတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် ၂၀၁၇ခုနှစ် စုပေါင်းအဲဒိုပေါ်မီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရွှေတန်ဆောင်းကျေးရွာ ကျောင်းထိုင်ဘုန်းတော်ကြီးက ဆုတောင်းမေတ္တာပို့သပြီး ကယားတိုင်းရင်းသားများက ကယားရိုးရာ အဲဒိုပေါ်မီအကဖြင့် သီဆိုကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ထန်းတပင်မြို့နယ် ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ခူးဂျော့ဂျေက အမှာစကားပြောကြားပြီး တက်ရောက်လာသော ဧည့်သည်များက မိတ်ဆက်ကာ ကော်မတီအတွင်းရေးမှူး ခူးညွန့်ရယ်က အဲဒိုပေါ်မီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကျင်းပရသည့်အကြောင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တိုင်းရင်းသားလူမျိုးအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးချစ်ဇော်လင်းတို့က အားပေးအမှာစကားပြောကြားပြီး ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကကြီး ကအဲဒိုပေါ်မီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကယားဘာသာစကားဖြင့် ရှင်းလင်းပြောကြားကာ …

Read More »

ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်

FI

သြဂုတ် ၁၉ (ထန်းတပင်) =============================== ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းနားကို သြဂုတ်လ(၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်က အဆိုပါကျောင်းရှေ့၌ ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးတို့က ရွာသာယာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အထက်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရတဲ့ အခွင့်အလမ်းအပေါ် အရင်းတည်ပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးကို ဦးတည်အလေးထားကာ မိဘဆရာ၊ ကျောင်းသားနှင့် ဒေသတာဝန်ရှိပုဂ္ဂိုလ်များ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့ဒေသမှ ဘက်စုံထူးချွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် ပညာပြည့်ဝ နှလုံးလှသူများ၊ နိုင်ငံတော်က အားထားရသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ …

Read More »

ဝန်ကြီး ဦးအောင်ဇော်နိုင် တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၁၃(ပဲခူး) =================================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်သည် သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ(၁၃.၁.၂၀၁၇) ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်၊ တောင်ငူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူး၊ တောင်ငူခရိုင်မြေစာရင်း ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံများလိုက်ပါ၍ ထန်းတပင်မြို့နယ်အတွင်း ကျေးလက် လမ်း/တံတားပျက်စီးမှုများကိုလည်းကောင်း၊ အုတ်တွင်းမြို့နယ် ရေသိုးဆည် လက်ဝဲ/လက်ယာတူးမြောင်းများမှ နွေစပါးရေရရှိရေးအတွက် ရေပေးဝေနေမှုများကိုလည်းကောင်း၊ အင်းဒိုင်းကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနမှ ဒေသအကျိုးအတွက် အဆင့်မြင့်စက်မှုလယ်ယာ(၁၀၀)ဧက ဖော်ထုတ်နေမှုအား လည်းကောင်း၊ ငှက်ပျောတော(မူလတန်း)ကျောင်း မြေနေရာအားလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဘန့်ဘွေးကုန်းကျေးရွာရှိ ဘုန်းချောင်းပြန်လည်တူးဖော်ရေးနှင့် ကျွဲတဲမြို့ရှိ ကျွဲမသေချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးပြီးနောက် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ငါးမြစ်ချင်းကျေးရွာတွင် ဒေသခံစိုက်ပျိုးရေး တောင်သူများ၊ အင်းသူကြီးများနှင့် တွေ့ဆုံခဲ့သည်။            ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ကွင်းဆင်းသည့်နေရာများတွင် …

Read More »

မြို့နယ်ပြည်သူများလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေး ဝန်ကြီးချုပ်နှင့်ပြည်သူလူထုတွေ့ဆုံပွဲကျင်းပ

FI

နိုဝင်ဘာ   ၅ ———————     ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်၊ နံနက်(၀၉:၀၀)အချိန်က တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ သိရီမင်္ဂလာခန်းမ၌ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ထန်းတပင် ပြည်သူလူထု တွေ့ဆုံပွဲကို ပြုလုပ်ကျင်းပခဲ့သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ဌာနဆိုင်ရာအကြီးအကဲများသည် မိမိတို့၏လုပ်ငန်းအခြေခံများကို သိနားလည်းမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမျှော်မှန်းချက်များကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ သက်ဆိုင်ရာခရိုင်/မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးကဏ္ဍများသည် မိမိတို့ အုပ်ချုပ်မှုဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် မတူကွဲပြားခြင်းကို လက်ခံပါ၊ ယုံကြည်မှုဖြင့် တည်ဆောက်ရန်” ဟုပြောကြား ခဲ့သည်။   ထန်းတပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေမှ ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသော ပြည်သူလူထုမှ ဆွေးနွေးတင်ပြသည်များကို သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။          အဆိုပါအခမ်းအနားသို့ …

Read More »

(၅)ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

viber image

စက်တင်ဘာလ  ၂၁ ရက်         ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက်(၀၆:၃၀)အချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ထန်းတပင်မြို့နယ်၊ တောကုန်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၅)ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ဌေး၊ သက်ဆိုင်ရာနယ်မြေခံ တပ်မမှူးများ၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။           အခမ်းအနား၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာ အဓိကအားဖြင့် ငြိမ်းချမ်းရေးသည် အရေးကြီးကြောင်း၊ ချမ်းငြိမ်းရေးရရှိမှသာ ပြည်သူတို့၏ လူနေမှုဘဝကို ဘက်စုံတိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဘို့ဆိုရင်လည်း ငြိမ်းချမ်းရေးသည် အထူးအရေးပါကြောင်း၊ ဒါကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အရ နှစ်ဘက်လေးစား …

Read More »