Home / ဖြူးမြို့နယ်

ဖြူးမြို့နယ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ် ပိန္နဲကုန်ကျေးရွာပြည်သူများနှင့်တွေ့ဆုံ

FI

သြဂုတ် ၁၉ (ဖြူး) ============== သြဂုတ်လ(၁၉)ရက်နေ့ နံနက်(၉:၅၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာများနှင့်အတူ ဖြူးမြို့နယ် ပိန္နဲကုန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများက ရွေးချယ်တင်မြှောက်၍ အစိုးရတာဝန်ထမ်းဆောင်နေရပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို မိမိတို့အစိုးရမှ ဝန်ဆောင်မှုပြန်လည်ပေးရမည်ဖြစ်ကြောင်း၊ ယခင်က လူတန်စားမျိုးစုံ၊ ဘာသာ/လူမျိုးပေါင်းစုံ ပူးပေါင်းပြီး လွတ်လပ်ရေးကို ရယူခဲ့သော်လည်း အမုန်းတရားကိုအစွဲပြုပြီး အတ္တကိုအခြေခံခဲ့တဲ့အတွက် ယခုအချိန်ထိ လွတ်လပ်ရေးရရှိခဲ့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးကြောင်း၊ မတူကွဲပြားမှုကို လက်ခံရမယ်ဆိုတာ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ပါတီနှင့်တစ်ပါတီ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်ဘာသာနှင့်တစ်ဘာသာ ပူးပေါင်းဆောင်ရွက်တတ်စေခြင်း၊ အပြန်အလှန် လေးစားယုံကြည်မှုရှိစေခြင်းတို့ ရှိမှသာ အေးချမ်းတည်ငြိမ်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ရရှိနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် တိုးတက်ဖွံ့ဖြိုးသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများက ဇဟားချောင်းကူးတံတား …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ်၊ ငါးခေါင်းအင်းတောင်ရွာနှင့် ငါးခေါင်းအင်းမြောက်ရွာ မီးလင်းရေးပြဿနာအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်

FI

သြဂုတ် ၁၇ (ဖြူး) ==================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၁၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ငါးခေါင်းအင်းတောင်ရွာနှင့် ငါးခေါင်းအင်းမြောက်ရွာ မီးလင်းရေးပြဿနာအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ တက်ရောက်ပြီး ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံ

FI

သြဂုတ် ၁၇ (ဖြူး) ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာ ကျိုက်ထီးရိုးကျောင်းတိုက် သာသနာ့ဝေပုလ္လဗိမာန်တော်ကြီးတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ညောင်ပင်သာကျေးရွာ ကျိုက်ထီးရိုးကျောင်းတိုက်ဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ  အောက်ခြေရှိတွင် ပြည်သူများကြုံတွေ့ခံစားနေရသည့် ပြဿနာများကို ယခင်ခေတ်က ဆင့်ကဲဆင့်ကဲ ဖြေရှင်းခြင်းမဟုတ်ဘဲ တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ပညာအသိနည်းပြီး အတ္တဆန်သော လူအဖွဲ့အစည်းကြောင့်သာ အာဏာရှင်စနစ် ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ပညာရေးစနစ် မြင့်မားနိုင်ရေး ပြုပြင်ပြောင်းလဲမှုတွေ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါမှသာ နောင်အနာဂတ်တွင် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ငြိမ်းချမ်းသော အတ္တ၊ပရမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ကောင်းကျိုးများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ညောင်ပင်သာရွာမ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ ဖြူးချောင်းရေလှောင်တမံနှင့် အုတ်တွင်းမြို့နယ် မင်းရဲရေလှောင်တမံများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

သြဂုတ် ၁၁ (ဖြူး) ================= သြဂုတ်လ (၁၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖြူးမြို့နယ်၊ ဖြူးချောင်းရေလှောင်တမံနှင့် အုတ်တွင်းမင်းရဲရေလှောင်တမံများသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဖြူးချောင်းရေလှောင်တမံရှင်းလင်းဆောင်၌ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ လက်ရှိဆည်တမံအတွင်း ရေဝင်ရောက်နေမှုနှင့် တမံ၏ကြံ့ခိုင်မှု အခြေအနေနှင့် ရေပိုလွှဲမှ ရေကျော်နေမှုအား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးနှင့် ဖြူးချောင်းရေလှောင်တမံ စီမံကိန်းတာဝန်ခံတို့က  ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ တမံ၏ ခံနိုင်ဝန်ကို သေချာစစ်ဆေးရန်၊ ရေဝင်ရောက်မှုနှင့် ရေလွှတ်ခြင်းကို ထိန်းညှိရန်၊ ရေလွှတ်ရာတွင်လည်း တမံအောက်ခြေရှိ မြို့/ကျေးရွာနှင့် ဆည်တမံများ၏ သတင်းအချက်အလက်များကို ပြည်သူများသိရှိစေရန် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေးနှင့် လိုအပ်သောဆည်/တမံများတွင် CCTV တပ်ဆင်၍ အများပြည်သူသိရှိနိုင်ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးချောင်းရေလှောင်တမံနှင့် ရေပိုလွှဲရေကျော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဖြူးချောင်းရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်–မန္တလေးအမြန်လမ်းမကြီး …

Read More »

ဖြူးမြို့နယ် စည်ပင်သယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ဈေးပြိုင်တင်ဒါခေါ်ယူခြင်း

Presentation1

သြဂုတ် ၉ (ဖြူး) ==================== ဖြူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်ကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

FI

ဇွန် ၂၂ (ဇေယျဝတီ) ======================= ဇွန်လ (၂၂)ရက်နေ့၊ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒေသခံပြည်သူများ၏ ကြုံတွေ့နေရသည့် အခက်အခဲများအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ မြစိမ်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြည်သူလူထု တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရခြင်းသည် ပြည်သူနှင့် ဌာနဆိုင်ရာများကြား ကြန့်ကြာနေသည့် ကိစ္စရပ်များကို မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အစုအဖွဲ့ တစ်ဖွဲ့ချင်းပဲဖြစ်ဖြစ် တစ်ဦးချင်းပဲဖြစ်ဖြစ် ပြဿာနာရပ်များကို ဖြေရှင်းရာတွင် ပူးပေါင်းအဖြေရှာခြင်းကသာ ငြိမ်းချမ်းသော လူအဖွဲ့အစည်းကို ရေရှည်တည်တံ့နိုင်စေမှာဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ခြင်းသည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာလည်းလည်း တိုးတက်မြှင့်မာရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ပြည်တွင်းစစ်သည် အတိတ်သမိုင်းက အတူတကွ လွတ်လပ်ရေးရရန် ကြိုးစားခဲ့သည့် သွေးသောက်ညီရင်းအစ်ကိုများပင်ဖြစ်ကြောင်း၊ ဒီအခြေအနေကို ကျော်လွှားနိုင်ရန်အတွက် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ ဒေသခံပြည်သူနှင့် တွေ့ဆုံပွဲပြုလုပ်

FI

မတ် ၁ (ကညွတ်ကွင်း) ================== မတ်လ(၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အောင်တော်မူခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့တိုင်းပြည်သည် သယံဇာတတွေ ပေါကြွယ်ခြင်း၊ ကောင်းမွန်သော ဘာသာတရားရှိကြသော်လည်း ရုပ်ဝတ္တုပိုင်းဆိုင်ရာများ သူများနိုင်ငံတွေထပ် ဘာကြောင့်နိမ့်ကျနေရသလဲ စဉ်းစားကြရန်လိုကြောင်း၊ အဓိကအားဖြင့် စိတ်ဓါတ်ပိုင်းမှာ နိမ့်ကျရင် သယံဇာတတွေ ပေါကြွယ်ဝသော်လည်း စီးပွားရေး၊ ပညာရေးစသည့် အဘက်ဘက်မှ နိမ့်ကျလာမည်ဖြစ်ကြောင်း၊ ဒါကြောင့် မိမိတို့တွေရဲ့ စိတ်ဓါတ်တွေ၊ အတွေးအခေါ်တွေကို  မြှင့်တင်ပေးကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူများမှ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များနှင့် သစ်တောကျူးမြေဆိုင်ရာကိစ္စရပ်များအား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »

အခြေခံအိမ်တွင်းမှုသင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

FI

မတ် ၁ (ကညွတ်ကွင်း) =================== မတ်လ(၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဖြူး) တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၇)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေတို့က သင်တန်းဆင်းအမှာစကား ပြောကြားကြပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဖြူး)၏ ကျောင်းအုပ်ကြီး ဒေါ်မြမြသင်းက သင်တန်းတွင်ပို့ချခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းတွင်ထူးချွန်ဆုရရှိ(၂)ဦးနှင့် ဒုတိယ၊ တတိယရရှိသူတို့အား ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဆုများပေးအပ်ချီးမြှင့်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှမျိုးရွှေက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။ ယင်းနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းဆင်းကျောင်းသူများ၏ လက်ရာများအားကြည့်ရှု အားပေးကြကြောင်းသိရသည်။ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၇)တို့အား ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇)တွင် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ်၊ ကြူအင်းကျေးရွာ၌ ဒေသခံပြည်သူတို့၏ လိုအပ်ချက်များ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး

FI

ဇန်နဝါရီ ၁၆ (ဖြူး) ================= တောင်ငူခရိုင် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ ကြူအင်းကျေးရွာအုပ်စု၊ ကြူ အင်းအနောက် ဘုန်းတော်ကြီးကျောင်း၌ ဇန်နဝါရီလ(၁၆)ရက်နေ့၊ မွန်းလွဲ(၁)နာရီက ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်းက “တိုင်းပြည်တိုးတက်ပြောင်းလဲဖို့ဆိုရင် ပညာရေးကဏ္ဏသည်လည်းလွန်စွာအရေးကြီးကြောင်း၊ ကျေးရွာဒေသများရှိ အခြေခံစာသင်ကျောင်းများမှစ၍ အလွတ်ကျက်အသေမှတ် စနစ်များမှ စဉ်းစားတွေးခေါ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချနိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်လာစေရန် ဆရာဆရာမများအား သင်ကြားပေးစေလိုကြောင်း၊ အသိပညာ အတတ်ပညာများဖြင့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲသွားကြရန်၊ ဒေသခံပြည်သူများ၏ အခက်အခဲများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများဖြင့် ပေါင်းစပ်အဖြေရှာဖြည့်ဆည်းပေးရန်၊ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ဒေသအကျိုးအတွက် တင်ပြပေးစေလိုကြောင်း၊ အစိုးရသည် ရရှိသည့် ဘဏ္ဍာငွေအပေါ်မူတည်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းစဉ်များအတိုင်း စီစဉ်ဆောင်ရွက်ပေးနေရသည်ကို နားလည်ပေးကြစေလိုကြောင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံလွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် …

Read More »

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖြူးမြို့နယ်အဆင့်မြင့်အားကစားကွင်း အားကစားရုံဖွင့်ပွဲကျင်းပပြုလုပ်

1

ဇန်နဝါရီ ၃ (ဖြူး) ======================= ဇန်နဝါရီလ(၃)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၊ မြို့နယ်အားကစားကွင်း၌ ၂၀၁၉ခုနှစ်(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု ဓါတ်ပုံပြပွဲနှင့် အဆင့်မြင့်အားကစားကွင်း အားကစားရုံဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ၂၀၁၉ခုနှစ်(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု ဓါတ်ပုံပြပွဲနှင့် အဆင့်မြင့်အားကစားကွင်း အားကစားရုံအား အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မတီ ဥက္ကဌ သူရဦးရွှေမန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အရှေ့တောင်အာရှ လက်ဝှေ့ရွှေတံဆိပ်ဆုရှင် မနွယ်နီအောင်နှင့် သင်္ချာစွမ်းရည် နိုင်ငံတကာဆုရ မောင်စိုးသွေးကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆင့်မြင့်အားကစားကွင်း အားကစားရုံနှင့် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု ဓါတ်ပုံပြပွဲတို့အား လိုက်လံကြည့်ရှုအားပေးကြရာ ကျောင်းသား/သူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မတီ ဥက္ကဌ သူရဦးရွှေမန်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က …

Read More »