Home / တောင်ငူမြို့နယ်

တောင်ငူမြို့နယ်

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မိသားစု သီတဂူဗုဒ္ဓတက္ကသိုလ်၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

FI

ဇန်နဝါရီ ၁၆ (တောင်ငူ) ======================== ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မိသားစု နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအား ဇန်နဝါရီလ (၁၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဉူးတိက္ခသာရမှ ဗုဒ္ဓတရားတော်များ ဟောကြားခဲ့ပြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွမ်းချ အမျှပေးဝေခဲ့ကြပြီး ကျောင်းတိုက်ရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မိသားစုတို့သည် ကျောင်းတိုက်အတွင်းရှိ စာချသံဃာတော်နှင့် ဆရာတော်ကြီး (၁၅)ပါးအတွက် တစ်ပါးလျှင်(၁)သိန်းနှုန်းဖြင့် အလှူငွေကျပ် (၁၅)သိန်း၊ စာသင်သားသံဃာတော် အပါး(၉၀)အတွက် တစ်ပါးလျှင်(၁၃၀၀ဝိ/) နှုန်းဖြင့် အလှူငွေကျပ် (၁၁၇၀၀၀ဝိ/)၊ ရာသက်ပန်ပစ္စည်း(၄)ပါးအတွက် အလှူငွေ (၁၁)သိန်း၊ စုစုပေါင်း အလှူငွေကျပ် (၃၇၇၀,၀၀ဝိ/)အား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

Read More »

တောင်ငူမြို့၌ သတ္တမအကြိမ်မြောက် ၂၇၅၈ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

FI

ဇန်နဝါရီ ၆ (တောင်ငူ) ===================== သတ္တမအကြိမ်မြောက်ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ၂၇၅၈ခုနှစ်ကရင်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ(၅)ရက်နေ့ ညနေ (၄)နာရီအချိန်က တောင်ငူခရိုင် တောင်ငူမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ကျင်းပပြုလုပ်သည်။ (၈၁)ကြိမ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးကို ကရင်သက္ကရာဇ် ၂၇၅၈ခုနှစ်ကိုပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကျင်းပပြုလုပ်လာတာ သတ္တမအကြမ်မြောက်ရှိပြီးတိုင်းဒေသကြီးအစိုရအဖွဲ့ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနော်ပွယ်စေးက ကရင်နှစ်သစ်ကူးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နှစ်သစ်ကူးကျင်းပရေးကော်မတီဥက္ကဌ၊ သဘာပတိချုပ်ပဒိုစောထိုလိုက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယကြီး ဆရာတော်ဉူးကုသလက နှစ်သစ်ကူးသြဝါဒစကားမိန့်ကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်ထံမှ ပေးပို့သောကရင်နှစ်သစ်ကူးနေ့သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနော်ပွယ်စေးက ဖတ်ကြားကာ အခမ်းအနားသို့တက်ရောက်လာကြသော တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှမော်ဦး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူ းဗိုလ်ချုပ်မျိုးဝင်း၊ KNUကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှု့ဆောင်ကော်မတီ ပဒိုစောသမိန်ထွန်းတို့က နှုတ်ခွန်းဆက်စကားအသီးသီးပြောကြားကြသည်။ ယင်းနောက် KNUဗဟိုမှနှစ်သစ်ကူးသဝဏ်လွှာကို ပဲခူးတိုင်းJMC(S)ပဲခူးအတွင်းရေးမှူး(၁)ဒုတိယဗိုလ်မှူးကြီး စောအယ်ကလူဖိုးက ဖတ်ကြားပြီး ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီနာယက စောထူးဘလတ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ သဘာပတိချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကြောင်းသိရသည်။ သတ္တမအကြိမ်မြောက်ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကရင်နှစ်သစ်ကူးပွဲတော်အား ဇန်နဝါရီ(၅)ရက်နေ့(၆)ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကရင်တိုင်းရင်းသားလူမျိုးများ တစ်နှစ်တစ်ခါစည်းလုံးညီညွတ်စွာ ပြန်လည်တွေ့ဆုံပြီး …

Read More »

တောင်ငူမြို့တွင် ကျင်းပသောလူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဒီဇင်ဘာ ၇ (တောင်ငူ) ================ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က တောင်ငူမြို့၌ ၂၀၁၈ခုနှစ် လူထုအားကစားလ စတုတ္ထပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်သည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စိုက်ပျိုးရေး မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တောင်ငူပညာရေးကောလိပ်မှဆရာ/မများနှင့် ကျောင်းသား/သူများ၊ အခြေခံပညာကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ၊ ရပ်ကွက်နေပြည်သူများပါဝင်ကာ စုစုပေါင်းအင်အား(၂၆၇၉၀)ဦးတက်ရောက်ပြီး မင်းကြီးညိုရုပ်ထုရှေ့မှ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ၎င်းမှတစ်ဆင့် မိုင်ဒါကွင်းသို့ စုပေါင်းလမ်းလျှောက်ကြသည့််အပြင် မိုင်ဒါကွင်းတွင် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)နှင့်(၂)တို့ကိုစုပေါင်းလုပ်ဆောင်ကြသည်။ ထို့အတူ ပဲခူးမြို့တွင်လည်း လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှုးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၅၄၉၇)ဦးဖြင့် စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယခင်နှစ်များက …

Read More »

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

tender-300x300

ဒီဇင်ဘာ ၄ (ပဲခူး) ================== စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း(၂)၊ တောင်ငူမြို့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Read More »

တောင်ငူမြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်သို့တင်လှူပူဇော်ပွဲကျင်းပ

FI

နိုဝင်ဘာ ၂၀ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က တောင်ငူမြို့တည်နန်းတည် (၅၀၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေဆံတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်သို့တင်လှူ ပူဇော်ပွဲ၊ ရွှေထီးတော် မျက်းပါးရွှေကပ်လှူ ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘ်သေက အနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တေးသံရှင်တစ်ဦးမှ ဗုဒ္ဓရောင်ခြည်တော်ဖွင့်ထူးမခြားနား သီချင်းကြီးဖြင့်ပူဇော်ကာ မင်္ဂလာငွေခရုနှင့် အောင်စည်အောင်မောင်းကိုးကြိမ်တီးခတ်ပူဇော်ကြသည်။ ထို့နောက် နိုင်ငံတော်သံဃနာယကအဖွဲ့၊ ကြာနီကန်စာသင်တိုက်ပဓာနနာယက ဆရာတော်ဘဒ္ဒန္တသူရိယ မထေရ်မြတ်ထံမှ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အမှုးပြုသော ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်တော်မူကြပြီး ဥပါသကာများမှ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်များကို သံဃာတော်များထံဆက်ကပ်ကာ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ယင်းနောက် ဝန်ကြီးချုပ်၊ တောင်းပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုး၊ ဝန်ကြီးများနှင့် အလှူ ရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် စသည်တို့ကို ဆက်ကပ်လှူ …

Read More »

တောင်ငူမြို့၌ ဒီမိုကရက်တစ် လူ့ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွက်လာနိုင်ရေး တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၁ (တောင်ငူ) ================================= တောင်ငူမြို့၊ ခပေါင်းခန်းမ၌ နိုဝင်ဘာလ (၁၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရသည် ဒီမိုကရေစီလမ်းကြောင်းကို ရှေးရှုသွားနေသဖြင့် ဒီမိုကရက်တစ် လူယဉ်ကျေးမှုတစ်ရပ် ပေါ်ထွက်လာနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီသည် လူတစ်ဦးချင်းစီ၏ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များကို အထူးအလေးပေးသော ကျင့်စဉ်တစ်ခုဖြစ်ကြောင်း၊ ပြည်သူဘက်ကလည်း အစိုးရ/ဌာနဆိုင်ရာများမှ ထုတ်ပြန်ထားသည့် ဥပဒေများကိုလည်း မိမိတို့၏ ပင်ကိုယ် အသိစိတ်ဖြင့် သိရှိနားလည် သဘောပေါက်လိုက်နာရန် လိုအပ်ကြောင်း၊ ဒါမှသာ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍအနေဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်အနေဖြင့် ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် ဥပဒေ၊ နည်းဥပဒေများအား …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်ငူမြို့ ဆုတောင်းပြည့်ကျောင်းဆရာတော်အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

FI

နိုဝင်ဘာ ၁၁( တောင်ငူ ) ============ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၁၁)ရက်နေ့ နံက်(၈)နာရီအချိန်က တောင်ငူခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှုး၊ အစိုးရအဖွဲ့ရုံးဒုတိယညွှန်ကြားရေးမှုး၊ ဌာနဆိုင်ရာများနှင့်အတူ တောင်ငူမြို့ (၉)ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေးကြီး ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းသို့သွားပြီး ဆရာတော်အားဖူးမျှော်ကန်တော့ကာ လှူ ဖွယ်ဝတ္ထုနှင့်ပစ္စည်းများလှူ ဒါန်းခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်လုပ်ဆောင်လျှက်ရှိသည့် ဒေသဖွံ့ဖြိုးရေး၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပြန်လည်ဖော်ဆောင်ရေးလုပ်ငန်းတို့တွင် အသုံးပြုရန် ဆရာတော်မှပြန်လည်စွန့်လွှတ်သောမြေနေရာအားသွားရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

Read More »

တောင်ငူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသောတံတားများ အသစ်ပြန်လည်တည်ဆောက်ရန် သစ်နှင့်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ

FI

နိုဝင်ဘာ ၄ (တောင်ငူ) =================== နိုဝင်ဘာလ(၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တောင်ငူမြို့နယ် ကမ်းနီကျေးရွာအုပ်စု ကရင်နီကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တောင်ငူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသောတံတားများ အသစ်ပြန်လည်တည်ဆောက်ရန် သစ်နှင့်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူမြို့နယ် ကမ်းနီကျေးရွာအုပ်စု၊ ညောင်စခန်းနှင့် ကရင်နီကုန်းကျေးရွာလမ်းပေါ်ရှိ ပျက်စီးသွားသောတံတားအား အသစ်ပြန်လည်တည်ဆောက်ရန် သစ်(၁၄.၇၆)တန်အတွက် လုပ်အားခနှင့် အထွေထွေစရိတ်ထောက်ပံ့ငွေ(၃၆၉၀၀၀၀)ကျပ်အား ဝန်ကြီးချုပ်မှ ကမ်းနီကျေးရွညအုပ်စု အုပ်ချုပ်ရေးမှုးနှင့် ရပ်မိရပ်ဖများထံပေးအပ်သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက ရွှေလေးအင်းကျေးရွာအုပ်စု ပိတောက်ကုန်း-ကျွန်းကြီးလမ်းပေါ်ရှိ ပျက်စီးသွားသောတံတား ပြန်လည်တည်ဆောက်ရန် သစ်(၁၁.၇၉)တန်အတွက် လုပ်အားခနှင့်အထွေထွေ ထောက်ပံ့ငွေ(၂၉၄၇၅၀၀)ကျပ်အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးနှင့် ရပ်မိရပ်ဖတို့ထံလွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ဒေသခံများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များတင်ပြကြရာ ဝန်ကြီးချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှုး၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှုးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၃)ကြိမ်မြောက် ကယားအမျိုးသားစုပေါင်း အဲဒိုပေါ်မီပွဲတော်အခမ်းအနား တက်ရောက်

FI

အောက်တိုဘာ ၂၀ (တောင်ငူ) ================= ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကြူဇောင်း၊ မအူတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲဝန်းအတွင်း၌ အောက်တိုဘာလ(၂၀)ရက်နေ့ နံက်(၉:၃၀)နာရီအချိန်က (၃)ကြိမ်မြောက် ကယားအမျိုးသားစုပေါင်း အဲဒိုပေါ်မီပွဲတော် အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆုတောင်းခြင်းနှင့် ကယားယဉ်ကျေးမှုအဖွဲ့များမှ ရိုးရာယဉ်ကျေးမှုအကများဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ကယားပြည်နယ် လွှတ်တော်အမတ်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်သိန်းက ယခုကျင်းပသည့် အဲဒိုပေါ်မီပွဲတော်သည် ကယားလူမျိုးများ၏ အလွန်အရေးပါသည့် ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်သလို ကယားလူမျိုးများ၏ စီးပွားရေး၊ လူမှုရေးတို့နှင့်လည်း ဆက်စပ်လျက်ရှိ ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်တိုင်းသည် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အလေးထားပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့လူမျိုး၊ မိမိတို့ရိုးရာ၊ မိမိတို့ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ကြသလို တိုင်းပြည်၏ အပြောင်းအလဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် တက်ရောက်လာသည့် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ရေတာရှည်-ဇေယျဝတီလမ်းပိုင်း ပျက်စီးမှုအားလိုက်လံကြည့်ရှု တာဝန်ရှိသူများအား လမ်းညွှန်မှာကြား

FI

စက်တင်ဘာ ၃၀ (တောင်ငူ) ============ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၃၀)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က တောင်ငူခရိုင်အုပ်ချုပ်ရေးမှုး၊ အုတ်တွင်းမြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ကမ္ဘောဇလမ်းကြောင်းရှာဖွေရေးလီမိတက်မှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး(၆)လမ်းသွားစီမံကိန်း ရေတာရှည်-ဇေယျဝတီလမ်းပိုင်း ပျက်စီးမှုအားလိုက်လံကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါလမ်းသည် မိုင်တိုင်အမှတ် (၁၉၄/ဝ)မှ (၁၄၆/ဝ)အထိ လမ်းမိုင်(၄၈)မိုင်ရှိရာ ကမ္ဘောဇလမ်းကြောင်းရှာဖွေရေးလီမိတက်မှ နှစ်(၃၀) လုပ်ပိုင်ခွင့် BOT ရရှိ ထားသောလမ်းဖြစ်ပြီး လမ်းပျက်စီးနေမှုအား BOTစာချုပ်ပါအတိုင်း အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးရန်နှင့် လမ်းဦးစီးဌာနအနေဖြင့်လည်း ကမ္ဘောဇလမ်းကြောင်းရှာဖွေရေးလီမိတက်မှ ဆောင်ရွက်နေသော လမ်းပိုင်းပြင်ဆင်နေမှုအား သတ်မှတ်စံချိန်စံညွှန်းနှင့်ပြည့်မီခြင်းရှိ မရှိစီစစ်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ မြို့ရှောင်လမ်းဖောက်လုပ်မည့် လမ်းအူကြောင်းနှင့် တောင်ငူ-အုတ်တွင်း မြို့နယ်ချင်းဆက် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော နောင်ရိုးတံတားအား လိုက်လံကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

Read More »