Home / ကျောက်ကြီးမြို့နယ်

ကျောက်ကြီးမြို့နယ်

ကျောက်ကြီးမြို့၌ ငြိမ်းချမ်းရေးအထောက်အကူပြု စီမံကိန်း၏ ပါဝင်ပတ်သက်နေသူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁၈ (ကျောက်ကြီး) ==========           ကျောက်ကြီးမြို့၊ ခရစ်ယာန်သာသနာခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်က ငြိမ်းချမ်းရေးအထောက်အကူပြု စီမံကိန်း၏ ပါဝင်ပတ်သက်နေသူများ တွေ့ဆုံဆွေးနွေးပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က တိုင်းပြည်တစ်ခု ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအရေးကြီးဆုံးသည် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်ဘက်နှင့်တစ်ဘက်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ယုံကြည်မှုရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊ ယုံကြည်မှုရရှိရန်အတွက် တစ်ဦးနှင့်တစ်ဦး ကူးလူးပေါင်းသင်းဆက်ဆံနိုင်မည့် လမ်းပန်းဆက်သွယ်ရေး လိုအပ်မည်ဖြစ်ကြောင်း၊ မတူကွဲပြားမှုများ စုစည်းပြီး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထများ ရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ၏  အဓိက ရည်မှန်းချက်သည် ငြိမ်းချမ်းရေးရရှိရေးပင်ဖြစ်ကြောင်းနှင့် ယခုလို (၂၁)ပင်လုံနှင့်အတူ ပေါက်ဖွားလာသည့် ရရှိပြီးငြိမ်းချမ်းရေး အသီးအပွင့်များ ထပ်မံတည်မြဲ ခိုင်မာစေရန် ကြိုးစား သွားကြရန် လိုအပ်ကြောင်းနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များအား ပြည်သူများအနေဖြင့် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစျေး ပြန်လည်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး

FI

စက်တင်ဘာ ၂၆ (ကျောက်ကြီး) ===================           စက်တင်ဘာလ (၂၆)ရက်နေ့၊ ညနေ(၄:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ရပ်ကွက်ရှိ နတ်သံကွင်းစျေး ပြန်လည်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ စျေးတည်ဆောက်ရေးရှင်းလင်းဆောင်၌ တာဝန်ယူဆောက်လုပ်လျက်ရှိသော AH MAY MYTTAR Co., Ltd ၊ တည်ဆောက်ရေးအင်ဂျင်နီယာမှ စျေးတည်ဆောက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြရာ၊ ဝန်ကြီးချုပ်က စျေးတည်ဆောက်ရာတွင် မြို့ပြလူနေထိုင်မှု အခြေအနေ၊ တိုးတက်ပြောင်းလဲလာသည့် အခြေအနေများအပေါ် တွက်ချက်တည်ဆောက်ရန် လိုအပ်ကြောင်း၊ စျေးပတ်လမ်းအား အရေးပေါ်ယာဉ်များ ဝင်/ထွက်နိုင်ရန်၊ ယာဉ်ရပ်နားရန်၊ မီးသတ်ရေကန်၊ အမှိုက်ကန်၊ အများသုံအိမ်သာစသည့် အခြေခံလိုအပ်ချက်များ ပြည့်စုံရမည် ဖြစ်ကြောင်းနှင့် ကန်ထရိုက်တာများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်း တစ်ခုချင်းစီတိုင်းကို စေတနာထားပြီး စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။           အဆိုပါ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ရပ်ကွက်ရှိ …

Read More »

တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာကျင်းပပြုလုပ်

FI

သြဂုတ် ၂၃ (ကျောက်ကြီး) ============================== သြဂုတ်လ(၂၃)ရက်နေ့ နံနက်(၈)နာရီအချိန်က တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အေးမြသုခရေတွင်းကုန်းကျောင်းတိုက်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အဖွင့်သီချင်းသီဆိုကာ အလံတော်ကိုအလေးပြုကြပြီး ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယက ဆရာတော်ဦးကုသလကနှင့် ကျောက်ကြီးမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယက ဆရာတော်ဦးစန္ဒိမာတို့က သြဝါဒစကားမိန့်ကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ဆန်းဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမင်းလွင်တို့ကအမှာစကားအသီးသီးပြောကြားကာ တောင်ငူခရိုင် စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌတီးကော်စေးဟဲက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ကရင်တိုင်းရင်းသားများက ချည်ဖြူ ဖွဲ့အသုံးအဆောင်ပစ္စည်းများသယ်ဆောင်ကာ အမိုး ဖီးဘိုမက လိပ်ပြာခေါ်ဆုတောင်းမေတ္တာပို့သကြပြီး လက်ရစ်ချည်ခြင်းအစီအစဉ်ပြုလုပ်ကြသည်။ ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်အဖြစ်ဒုံးယိမ်းအကများ၊ ဝါးညှပ်အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာ အခမ်းအနားကို အိုယူးအိုဖိုသီချင်းဖြင့်သီဆိုဖျော်ဖြေကာ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာအား ဝါခေါင်လတွင်ကျင်းပပြုလုပ်ပြီး ရှေးဘိုးဘွားများက …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်တံခါး၊ ကျောက်ကြီး၊ ဖြူးနှင့် တောင်ငူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့

FI

သြဂုတ် ၁ (တောင်ငူ) ==================          သြဂုတ်လ (၁)ရက်နေ့၊ မွန်းလွဲပိုင်းအချိန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖြူးမြို့နယ်နှင့် တောင်ငူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်း၌ ကျောက်ကြီးမြို့နယ်၊ ကွင်းချောင်းကျေးရွာတွင် ကျောက်ကြီးမြို့နယ်အတွက် အလှူရှင် Tet Nay Ayeya Group Co., Ltdမှ လှူ ဒါန်းသော အလှူငွေ(၃၀)သိန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှဆန်ဖိုးရိက္ခာငွေ(၁၈၂ရဝဝဝိ/)ကျပ်၊ ဖိုက်ဘာစက်လှေ(၁)စီး၊ ကျောက်တံခါးမြို့နယ်အတွက် အစိုးရအဖွဲ့မှ ငွေကျပ်(၁၀)သိန်းတို့ကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္က ဌဦးကြည်ဇင်နှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ဖိုက်ဘာစက်လှေ စမ်းသပ်မောင်းနင်မှုအား ကြည့်ရှုခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့နယ်သို့သွားရောက်ကာ ပျဉ်းမပင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် ရေဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ တစ်ဦးလျှင် (၂၁ဝဝိ/-)နှုန်းဖြင့် ဆန်ရိက္ခာဘိုး စုစုပေါင်းငွေ (၁၄၄၁၈၆ဝဝိ/)နှင့် …

Read More »

ကျောက်ကြီးမြို့နယ်၊ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလာရောက်လှူဒါန်း

IMG_3617

သြဂုတ် ၁ (ပဲခူး) =====================             သြဂုတ်လ (၁)ရက်နေ့၊ နံနက်(၁၁:၄၅)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အတွင်းရေးမှူးရုံးခန်းသို့ ကျောက်ကြီးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်(၃၀)သိန်းအား Tet Nay Ayeya Group Co., Ltd၊ ဒါရိုက်တာ ဦးဇေယျသန့်စင်မှ လာရောက်လှူဒါန်းခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးတို့က လက်ခံခဲ့သည်။           အဆိုပါ လှူဒါန်းငွေကျပ်(၃၀)အား ဆေးဝါးနှင့်ရေသန့်ပစ္စည်းများအတွက် လှူဒါန်းခြင်း ဖြစ်ပြီး၊ လှူဒါန်းငွေအား ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံလွှတ်တော် ကိုယ်စားလှယ်ထံသို့ မွန်းလွဲပိုင်းတွင် တိုက်ရိုက်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်သည်။           ကျောက်ကြီးမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၁၂)ခု ဖွင့်လှစ်ထားပြီး နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေထိုင်သည့် ရပ်ကွက်/ကျေးရွာ အုပ်စု(၃၀)တို့မှ အိမ်ထောင်စု(၈၇၀)စု၊ လူဦးရေ(၃၈၇၄)ဦးရှိကြောင်း သတင်းရရှိသည်။

Read More »

ကျောက်ကြီးမြို့ ရေဘေးသင့်ပြည်သူများအား အစိုးရအဖွဲ့ အတွင်းရေးမှူးမှ ကူညီထောက်ပံ့

FI

ဇူလိုင် ၃၁(ကျောက်ကြီး) ======================== ဇူလိုင်လ (၃၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်၊ မြို့တွင်းကျောင်းဓမ္မာရုံ၌ ကျောက်ကြီးမြို့နယ်၊ ရေဘေးသင့်ပြည်သူမျာအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အခြားအလှူရှင်များမှ အလှူငွေများ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ကျောက်ကြီးမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၁၂) ခု ဖွင့်လှစ်ထားပြီး နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေထိုင်သည့် ရပ်ကွက်/ကျေးရွာ အုပ်စု(၃၀)တို့မှ အိမ်ထောင်စု(၈၇၀)စု၊ လူဦးရေ(၃၈၇၄)ဦးတို့အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်အိတ် (၁၆၉.၆) အိတ်၊ တန်ဖိုးငွေ (၄၇၄၈၈၀၀) ကျပ်၊ ခေါက်ဆွဲခြောက်၊ အချိုရည်၊ ဝေဖာမုန့် အခြားထောက်ပံ့ပစ္စည်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များမှ အလှူငွေ ကျပ်(၁)သိန်း၊ ဆန်အိတ် (၁၆၅)အိတ်၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ အချိုရည်နှင့် အခြားထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေမှူး၊   တိုင်းဒေသကြီး …

Read More »

ဝန်ကြီးချုပ် ဦးဝင်သိန်း ကျောက်ကြီးမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံများ၊ ဝန်ထမ်းအိမ်ရာနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

မေ ၂၂ (ကျောက်ကြီး) ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး တို့လိုက်ပါလျက် မေလ (၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက ကျောက်ကြီးမြို့နယ်၊ ငထွေစုတ် ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော ငထွေစုတ် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ကျောက်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ငထွေစုတ် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသခဲ့ရာ၊ ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူများအတွက် ကျန်းမာရေးသည် အလွန်အရေးကြီးကြောင်း၊ ကျေးလက်နေ ပြည်သူတို့သည် ကူးစက်ရောဂါနှင့် မြွေအန္တရာယ်တို့ကို နီးစပ်ရာနည်းလမ်းများ၊ ဆေးမြီးတို များဖြင့် ကုသနေကြ၍ မဆုံးရှုံးသင့်သည့် အသက်အန္တရာယ်များ နှစ်စဉ် ဆုံးရှုံးနေကြရကြောင်း၊ ဒါကြောင့် ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရန် စီမံကိန်းများချမှတ်၍ ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ဆောက်လုပ်သွားရန်နှင့် အချိန်မီပြီးစီးအောင်နိုင်ရေး ဆောင်ရွက်ရန် …

Read More »

ကျောက်ကြီးမြို့တွင် ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် တိုင်းဒေသကြီးအဆင့် ပါဝင်ပတ်သက်နေသူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

မေ ၂၂ (ကျောက်ကြီး) ===================           တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အောင်စိုးမိုးကျေးရွာ၊ အောက်မေ့ဖွယ်ခန်းမ၌ မေလ (၂၂)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် တိုင်းဒေသကြီးအဆင့် ပါဝင်ပတ်သက်နေသူများ တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးသည် တိုင်းပြည်တစ်ခု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည်တို့၏ ပင်မဒေါက်တိုင်တစ်ခုဖြစ် ကြောင်း၊ ရေရှည်တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုရရှိမှသာ ဒေသခံပြည်သူများ၏ အခြေခံ လိုအပ်ချက်များ ပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၏ အခြေခံသည် ယုံကြည်မှုပင်ဖြစ်ကြောင်း၊ မတူကွဲပြားမှုများ စုစည်းပြီး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထများ ရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ တစ်ဘက်နှင့် တစ်ဘက် ယုံကြည်မှုများ တည်ဆောက်ရာတွင် ယခုလိုတွေ့ဆုံမှုများမှတဆင့် အဖြေရှာ ဆောင်ရွက်ခြင်း၊ လိုအပ်ချက်များအား ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းတို့ဖြင့် …

Read More »

နတ်သံကွင်းကျေးလက်စျေး မီးလောင်ဆုံးရှုံးခဲ့ခြင်းအတွက် စျေးသူ/သားများအား ထောက်ပံငွေပေးအပ်ပွဲကျင်းပ

27459902_349435868869493_8406326781276897154_n

ဖေဖော်ဝါရီလ ၆ (ကျောက်ကြီး) ================================= ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းဒေသ (၅-ခ)ရပ်ကွက်ရှိ မနော်ဟရီမင်္ဂလာခန်းမဆောင်၌ နတ်သံကွင်းကျေးလက်စျေး မီးလောင်ဆုံးရှုံးခဲ့ခြင်းအတွက် စျေးသူ/သားများအား ထောက်ပံငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမှာစကားပြောကြားပြီး ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးက နတ်သံကွင်း ကျေးလက်စျေး မီးလောင်ဆုံးရှုံးမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် မီးလောင်ဆုံးရှုံးခဲ့သည့် စျေးဆိုင်ခန်းပေါင်း (၆၉)ခန်းအတွက် ဆိုင်ခန်းပိုင်ရှင်(၁)ဦးလျှင် (၁)သိန်းနှုန်းဖြင့် ထောက်ပံငွေ(၆၉,၀၀,၀၀၀) ကျပ်အား စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးကလည်းကောင်း၊ ပျံကျစျေးဆိုင်ခန်းပေါင်း (၉၁)ခန်းအတွက် တစ်ဦးလျှင် (၅)သောင်း ကျပ်နှုန်းဖြင့် ထောက်ပံငွေ (၄၅,၅၀,၀၀၀/)ကျပ်အား ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က လည်းကောင်း အသီးသီးပေးအပ်ကြသည်။ ယင်းနောက် မီးလောင်ဆုံးရှုံးသွားသည့် စျေးဆိုင်ခန်းပိုင်ရှင်များကိုယ်စား ဒေါ်ဥမ္မာက ကျေးဇူးတင်စကား ပြန်လည်းပြောကြားပြီး ဝန်ကြီးနှင့်အဖွဲ့မှ နတ်သံကွင်းကျေးလက် ပျံကျစျေးထားရှိမှု …

Read More »