Home / ပေါက်ခေါင်းမြို့နယ်

ပေါက်ခေါင်းမြို့နယ်

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် လက်မှတ်ထုတ်ပေးခြင်း

FI

နိုဝင်ဘာ ၁၇ (ပဲခူး) ===============================           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးသစ်တောစခန်း၌ (၁၄.၁၁.၂၀၁၇)ရက် နေ့တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် လက်မှတ်ထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။  ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံက အဖွင့်အမှာစကား ပြောကြားပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်လက်မှတ်များ ပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရွှေတောင်၊ ငွေတောင်၊ ခပေါင်းနှင့် ဘော်ဒါကျေးရွာများမှ ဒေသခံပြည်သူများ၊ ပဲခူးတိုင်း ဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများ၊ RECOFTC မှ ဌာနေ အစီအစဉ် ဒါရိုက်တာနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်း(စိုက်ခင်း ၇၆၈.၅ ဧက၊ သဘာဝတောထိန်း ၈၈၃ ဧက)အတွက် တည်ထောင် ခွင့်လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။ …

Read More »

ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၂ (ပဲခူး) ========================== စက်တင်ဘာလ(၁၂)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခမ်းမ၌  ပြည်သူပူးပေါင်းပါ၀င်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ UNDP မှတာဝန်ရှိဌာနေကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ ပေါက်ခေါင်းမြို့နယ် ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။ မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲသည် ပြည်သူများအနေဖြင့် မိမိတို့ဒေသရှိ လိုအပ်ချက်အပေါ် စီမံကိန်းရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပူးပေါင်းဆောင်ရွက်တတ်စေသော ဒီမိုကရေစီ အလေ့အကျင့်အကောင်းများ ရရှိနိုင်စေရန် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ပုဂ္ဂလိကကျွန်းစိုက်ခင်းအား ကြည့်ရှုလေ့လာပြီး အမှတ်တရသစ်ပင် စိုက်ပျိုးခဲ့

FI

စက်တင်ဘာ ၄ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ (၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့နှင့်အတူ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမ အုတ်တွင်း-ပေါက်ခေါင်းလမ်းဘေးရှိ ဖြိုးစည်သူ ပုဂ္ဂလိက ကျွန်းစိုက်ခင်းသို့ သွားရောက်လေ့လာ ကြည့်ရှုပြီး အမှတ်တရ သစ်ပင်များ စိုက်ပျိုးပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့အား ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် သစ်တောလုပ်ငန်းများ၊ ပြုစုပျိုးထောင် ထိန်းသိမ်းကာကွယ်မှုလုပ်ငန်းများ၊ ဘဏ္ဍာနှစ်အလိုက် သစ်ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဖြိုးစည်သူ ထရေးဒင်းကုမ္ပဏီလီမိတက် အုက်ချုပ်မှုဒါရိုက်တာ ဦးရန်နိုင်လွင်က ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်မှုအခြေအနေ၊ သဘာဝတော ထိန်းသိမ်းခြင်း၊ ငှက်မျိုးစိတ်များ ကာကွယ်စောင့်ရှောက်ထားခြင်း၊ အပန်းဖြေစခန်းထားရှိခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ …

Read More »

အုတ်တွင်း-ပေါက်ခေါင်း လမ်းပေါ်ရှိ စင်ချောင်းတံတား ဆောက်လုပ်ပြီးစီး

FI

စက်တင်ဘာ ၄ (ပဲခူး) =================================== ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းလမ်းပေါ်ရှိ စင်ချောင်းတံတား ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အဆိုပါတံတား ဆောက်လုပ်ပြီးစီးမှုအား စက်တင်ဘာလ(၄)ရက်နေ့ မွန်းလွဲ(၃:၃၀)နာရီအချိန်က သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းတို့နှင့် သွားရောက်ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ တံတားရေရှည်တည်တံ့ ခိုင်ခန့်ရေးအတွက် ဝန်တင်ကားများ ခွင့်ပြုတန်ချိန်ထက် ပို၍တင်ဆောင်ကာဖ ြတ်သန်းမောင်းနှင် မသွားစေရေး တံတားဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံများ ပူးပေါင်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါတံတားသည် ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၉၀၀)ဖြင့် …

Read More »

စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ပါဝင်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်မှာကြား

FI

သြဂုတ် ၁၆ (ပဲခူး) ================================================ သြဂုတ်လ(၁၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ထပ်မံတိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ နှင့်ပတ်သက်၍ UNDP မှ Ms. Anki Dellnas ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက် တွေဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်အဆင့် စီမံကိန်းရေးဆွဲခြင်းသည် ဒီမိုကရေစီအစနစ်အရ အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကဝမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ အောင်မြင်မှုများလည်း ရရှိခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကဝမြို့နယ်အပါအဝင် နောက်ထပ်(၄)မြို့နယ်အား ထပ်မံ၍ လုပ်ငန်းစီမံကိန်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်မှ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက် ခွဲဝေသုံးစွဲခြင်းများကို သက်ဆိုင်ရာမြို့နယ်အဆင့်၌ ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် လူထု လိုအပ်ချက်အရ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တတ်စေရန် စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ UNDP ၏ …

Read More »

အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

Untitled-3

ဇူလိုင် ၂၃ ============================ ၂၃.၇.၂၀၁၇ ရက်နေ့တွင်  ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့၌  ၂၀၁၆-၂၀၁၇ အခွန်စည်း ကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်း အနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »