Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတင်ဒါခေါ်ယူခြင်း

tender-300x300

ဇန်နဝါရီ ၂ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ ပြည်မြို့မှ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ဆည်ရေသောက်စနစ်များ ပြုပြင်ရန်အတွက် အဆင့်မြင့်ဒီဇယ်ဆီ(ပရီမီယံ)၀ယ်ယူရန်အတွက် တင်ဒါခေါ်ယူခြင်း၊

Read More »

သာယာဝတီ(စိုက်ပျိုးရေးသိပ္ပံ)သင်တန်းကျောင်းတွင် ICT Modern Classroom ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်

FI

ဒီဇင်ဘာ ၂၀ (သာယာဝတီ) ================================= ဒီဇင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က သာယာဝတီမြို့ စိုက်ပျိုးသိပ္ပံသင်တန်းကျောင်း၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် နယ်သာလန်နိုင်ငံမှ Netherlands Initiative for Capacity Development in Higher Education (NICHE) တို့ပူးပေါင်းဆောင်ရွက်သည့် ICT Modern Classroom ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ICT Modern Classroomအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှုးဦးဖဲဆောင်နှင့် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးဦးလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှုးဦးဖဲဆောင်က စိုက်ပျိုးရေးဦးစီးဌာနနှင့် နယ်သာလန်နိုင်ငံမှ Netherlands Initiative for Capacity Development in Higher Education (NICHE) …

Read More »

ရွှေခရုကာကွယ်နှိမ်နင်းမှု တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် စံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၅ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ဝေါမြို့နယ် ကျိုက်လှကျေးရွာအုပ်စု ကွင်းအမှတ် ၆၈၇(က) မိုင်တိုင်အမှတ်(၆၅/၄) တောင်သူဒေါ်ရီစိန်၏ မိုးစပါးစိုက်ခင်းတွင် ရွှေခရုကာကွယ်နှိမ်နင်းမှု တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှုးဦးလှမြင့်က စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်တင်တင်ထွေးက ရွှေခရုကာကွယ်နှိမ်နင်းခြင်း စမ်းသပ်ကွက်တွေ့ရှိချက်များအား ရှင်းလင်းပြောကြားပြီး ဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများက ရွှေခရုကာကွယ်နှိမ်နင်းခြင်း စမ်းသပ်ကွက်အားကြည့်ရှုကြသည်။ ယင်းနောက် ဝေါမြို့နယ် ကျိုက်လှကျေးရွာအုပ်စု ကွင်းအမှတ် ၆၈၇(က)၊ ဦးပိုင်အမှတ်(၃/၇) တောင်သူဒေါ်ရီစိန်၏ မိုးစပါးစံပြကွက်(ဝ.၁၀)ဧကအား စက်ကိရိယာမျာဖြင့် စံကွက်ရိတ်သိမ်းရာ အထွက်နှုန်းစပါးအစို(၁၁.၆) တင်းထွက်ရှိပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် စပါးအစို(၁၁၆)တင်းနှုန်းထွက်ရှိကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ခုနှစ် မိုးစပါးတွင် ပဲခူး၊ …

Read More »

ဒေသခံတောင်သူလယ်သမားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ရှေးရှုလုပ်ဆောင်ရန် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှာကြား

FI

အောက်တိုဘာ ၂၉(ပဲခူး) =============================== အောက်တိုဘာလ (၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Rainbow Jam Trading Co., Ltd မှ ဒေါ်မြတ်သန္တာဦးက မိမိတို့ကုမ္ပဏီသည် ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင် Mr. Kazutake Tanaka တို့နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီဖြစ်ကြောင်း၊ လက်ရှိအနေဖြင့် နေပြည်တော်၊ တိုက်ကြီး(ဥတို) နှင့် ရှမ်းပြည်နယ်တို့တွင် ဂျပန်စပါးမျိုးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း Pilot Project အနေဖြင့် ဧက(၁၀၀) စတင်စိုက်ပျိုးလိုပါ ကြောင်း၊ စပါးကြိတ်ရာမှ ထွက်ရှိလာသည့် စပါးခွံအား ဂျပန်နည်းပညာဖြင့် သဘာဝမြေသြဇာ ပြုလုပ်၍ အသုံးပြုသွားမည်ဖြစ်၍ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါကြောင်း၊ …

Read More »

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

tender-300x300

အောက်တိုဘာ ၁၆ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ (၂၀၁၈-၁၉)ခုနှစ် ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀)အထက် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း အသိပေးကြေငြာချက်

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ရေကြီးနစ်မြှုပ်ခဲ့သော စိုက်ပျိုးသီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်

1

စက်တင်ဘာ ၂၀ (ပဲခူး) ===================== စက်တင်ဘာလ (၂၀)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၇ ခုနှစ် ရေကြီးနစ်မြှုပ်ခဲ့သော စိုက်ပျိုးသီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နှစ်စဉ် သဘာဝဘေးအန္တရာယ်ကြောင့် လူနေအိမ်၊ စိုက်ပျိုးဧက၊ တိရိစ္ဆာန်နှင့် အခြားအခြေခံအဆောက်အဦများ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် နှစ်စဉ်ကြုံတွေ့နေမှုနှင့်ပတ်သက်ပြီး မိမိတို့လူအဖွဲ့အစည်းအနေဖြင့် သဘာဝနှင့် လိုက်လျော်ညီထွေမှုဖြစ်သည့် ဥပမာ နှစ်စဉ်ရေကြီးသည့်နေရာတွင် ရေကြီး နစ်မြှုပ်မှုဒဏ်ခံနိုင်သည့် သီးနှံပင်များ စိုက်ပျိုးရန်၊ မြစ်ကမ်းဘေးရှိ ရပ်ကွက်/ကျေးရွာများ နေရာပြောင်းရွေ့ရန်စသည့် နေထိုင်မှုပုံစံများပါ ပြောင်းလဲရန်လိုကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့်လည်း ဖွဲ့စည်းပေးထားသည့် သဘာဝဘေးကော်မတီများမှ ဦးဆောင်ပြီး ရေကြီးနစ်မြှုပ်မှုကြောင့် သီးနှံပျက်စီး/ဆုံးရှုံးသွားသည့် တောင်သူတစ်ဦးချင် လက်ဝယ်သို့ အမြန်ဆုံးနှင့် အမှန်ကန်ဆုံးရောက်ရှိစေရန် ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်မှ ၂၀၁၇ …

Read More »

အခြေခံငါးမွေးမြူ ရေး၊ ငါးဆေးထိုးသားဖေါက်သင်တန်းနှင့် ငါးပြခန်းဖွင့်ပွဲအခမ်းအနားကျင်းပ

FI

စက်တင်ဘာ ၂၀ (ပဲခူး) =================== စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၇:၃၀)နာရီအချိန်က တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှုးရုံး သင်တန်းခန်းမတွင် အခြေခံငါးမွေးမြူ ရေး၊ ငါးဆေးထိုးသားဖေါက်သင်တန်းနှင့် ငါးပြခန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းမှသင်ကြားပို့ချသည့် စာတွေ့လက်တွေ့ကိုအခြေခံပြီး မိမိတို့ဒေသတွင် ငါးမွေးမြူ ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း မိမိတို့ရဲ့ဆောင်ရွက်ချက်အပေါ်မူတည်ပြီး မိမိပတ်ဝန်းကျင်မှာရှိသည့်မိတ်ဆွေများ၊ မိသားစုဝင်များ စိတ်ပါဝင်စားလာခြင်းဖြင့် ရပ်ကွက်/ကျေးရွာမှာလည်း မြို့နယ်/ ခရိုင်အလိုက် တစ်ပိုင်တစ်နိုင်ငါးမွေးမြူ ရေးလုပ်ငန်းတိုးပွားလာပြီး စီးပွားဖြစ်ငါးမွေးမြူ ရေးလုပ်ငန်းအဖြစ် ဖွံ့ဖြိုးလာမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့သင်ယူရရှိသည့် ငါးဆေးထိုးသားဖေါက်ခြင်း၊ မွေးမြူခြင်းလုပ်ငန်းများကို မိမိပတ်ဝန်းကျင်မှာရှိသည့် ကျေးရွာနေပြည်သူများအား ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လက်ဆင့်ကမ်း ကွင်းဆင်းစည်းရုံး ဆောင်ရွက်အကောင်အထည်ဖော်ပေးကြရန် အမှာစကားပြောကြားပြီး တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှုး ဦးစိုင်းကျော်မြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် …

Read More »

ဒိုက်ဦးမြို့နယ်ရှိ ဘောနီဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

သြဂုတ် ၂၄ (ဒိုက်ဦး) ====================== ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီဌာနမှကြီးမှူး၍ သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ဘောနီဆည်အတွင်း ၂၀၁၈-၁၉ခု ဘဏ္ဍာရေးနှစ်အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း နှစ်စဉ်တိုးပွားလာသော လူဦးရေနှင့်အညီ ငါးစားသုံးမှုမှာလည်း ပိုမိုမြင့်မားလာသည့်အတွက် ဒေသတွင်း ငါးထုတ်လုပ်မှု ပိုမိုတိုးတက်လာစေရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်နိုင်ရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် ဒေသခံပြည်သူများ၊ ရေလုပ်သားများအနေဖြင့် ရေချိုငါးလုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့် အညီစနစ်တကျ၊ စည်းကမ်းတကျ ဖမ်းဆီးကြရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ငါးမျိုးစိုက်ထည့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဘောနီဆည်အတွင်းသို့ ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်လာကြသူများက ငါးခုံးမကြီး(၁)သိန်းနှင့် ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ (၂)သိန်း …

Read More »