Home / ရွှေတောင်မြို့နယ်

ရွှေတောင်မြို့နယ်

ရပ်ကွက်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကောင်းများ ဆောင်ရွက်နိုင်ရေး ပြည်သူလူထုနှင့်တွေ့ဆုံ

FI

ရွှေတောင် နိုဝင်ဘာ ၁၈ ===================== ပြည်ခရိုင်၊ ရွှေတောင်မြို့ မြို့နယ်ခန်းမ၌ နိုဝင်ဘာလ (၁၈)ရက်နေ့၊ နံနက်(၁၀)နာရီက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရွှေတောင်မြို့ပြည်သူလူထု တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ  ဝန်ကြီးချုပ်ဦးဝင်းသိန်းက “ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများကိုဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးနှင့်ပတ်သက်၍ မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေနှင့်တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ ဒီမိုကရေစီစနစ်သို့ပြောင်းလဲချီတက်ရာတွင် ဥပဒေလေးစားလိုက်နာရန်နှင့် လိုက်နာကျင့်သုံးရန်မှာ မရှိမဖြစ်လိုအပ်ပြီး ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုထက် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုဟာ ပိုအရေးပါနေတယ်ဆိုတာ တိုက်တွန်းပြောကြားလိုကြောင်း၊ ရပ်ရွာအတွင်းမှာ နှစ်ရှည်လများစွာ ဖြစ်ပွားနေသော မြေယာစီမံခန့်ခွဲမှုကိစ္စများ၊ ပုံစံ(၇)ထုတ်ပေးမှုများ၊ သိမ်းဆည်းမြေစိစစ်တဲ့ကိစ္စများ အဆင့်ဆင့်သောတာဝန်ရှိသူများအနေဖြင့်သတ်မှတ်ထားသော မူဝါဒများ ဥပဒေများနှင့်အညီ အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက်ပြီး အဖြေရှာတင်ပြပေးကြရန်၊ မိမိတို့ဒေသ၏ လိုအပ်ချက်များထဲမှ အမှန်တကယ်လိုအပ်ချက်များကို အောက်ခြေအဆင့်ဆင့်တင်ပြပေးရန်၊ မိမိတို့အစိုးရအနေဖြင့် တိုင်းဒေသကြီးဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်အောင် အဓိကထားဆောင်ရွက်ပေးနေကြောင်း၊ ပြည်သူလူထု ယုံကြည်အားကိုးရတဲ့ ပြည်သူ့ဖက်မျက်နှာမူတဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်အောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ …

Read More »

စိုက်ပျိုးစရိတ်ချေးငွေ တောင်သူလက်ဝယ်သို့ အချိန်မီရောက်ရှိစေရေး ဝန်ကြီးဦးညွန့်ရွှေမှာကြား

FI

သြဂုတ် ၂၀ (ရွှေတောင်) ============================= သြဂုတ်လ (၂၀)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်ကရွှေတောင်မြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးခန်းမ၌ စိုက်ပျိုးစရိတ် ချေးငွေများ လယ်ယာလုပ်တောင်သူများထံသို့ အချိန်မီ ပေးအပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား  ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဝန်ကြီး ဦးညွန့်ရွှေက စိုက်ပျိုးရေးလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် အသက်သွေးကြောတစ်ခုဖြစ်သလို၊ ပဲခူးတိုင်းဒေသကြီးအတွက် အဓိကအားထားနေရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ တောင်သူများအတွက် အဓိကလိုအပ်ချက်သည် စိုက်ပျိုးချိန်အမီ စိုက်ပျိုးစရိတ်ချေးငွေ ရရှိရန်ဖြစ်ကြောင်း၊ ဒါကြောင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်ဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသိန်းထိုက်၊ ရွှေတောင်မြို့ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၄ ============================== ၂၄.၇.၂၀၁၇ ရက်နေ့တွင် ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့၌ ၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်း အနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

ရွှေတောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

FI

ဇူလိုင် ၂၃ ==================================== ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၂၃)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်အတွင်း ကမ်းပါပြိုကျ၍ ပြောင်းရွေ့ရသည့် အိမ်ထောင်စုများ၊ ရေဘေးသင့်အိမ်ထောင်စုများနှင့် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့် အိမ်ထောင်စုဝင်မိသားစုများအား လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှရွှေတောင်မြို့နယ်အတွင်း တရုတ်မှော်၊ ရှားပင်ကုန်း၊ ဒုရင်ဒုဘိုကျေးရွာများမှ ကမ်းပြို ခြင်းကြောင့် ပြောင်းရွေ့ရသည့် နေအိမ်(၇၁)လုံးအတွက် ထောက်ပံ့ငွေကျပ်(၇၁)သိန်း၊ ရွှေဟင်္သာ(စစ်ကုန်း)၊ ရွှေဟင်္သာ (ကျွန်းမီး)ရပ်ကွက်တို့မှ လေဘေးသင့် နေအိမ်(၁၃)လုံးအတွက် ထောက်ပံ့ငွေကျပ်(၆၁၃၂၀၀)၊ ရေဘေးသင့်လူဦးရေ (၁၀၅၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၂၀၇၁၀၀)၊ စုစုပေါင်းငွေကျပ် (၉၉,၂၀,၃၀၀)အား ထောက်ပံ့ပေးခဲ့ပြီး …

Read More »

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

FI

ဧပြီ ၂၂ (ပဲခူး) ========================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဧပြီလ(၂၂)ရက်နေ့၊ နံနက်(၈:၃၀) နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့်အတူ မင်းလှ၊ မိုးညို၊ ရွှေတောင်မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆည်မြောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ မင်းလှ – စိန်ကန့်လန့် – မြို့ချောင်း – ကျွန်းကုန်းလမ်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးဇော်ထွန်းမှ ရှင်းလင်းတင်ပြပြီး၊ မင်းလှမြို့နယ်အတွင်းရှိ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော စိမ်းလန်းစိုပြေရေးကန်၊ ကန်ပတ်လမ်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း၊ မိုးညိုမြို့နယ်အတွင်းရှိ ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် တင်ဒါကင်းလွတ်ခွင့်ဖြင့် ဆောင်ရွက်လျှက်ရှိသော ဘုရားကြီးကုန်း – ခအောင်းပင်တာ-ပန်းတာ ပြင်ဆင်ခြင်းလုပ်ငန်းနှင့် မြစ်မခအနောက်ဘက်ကမ်းတာ (မိုင်၃/၄မှ၈/၀)အထိ အခိုင်အမာ မြှင့်တင်ခြင်းလုပ်ငန်း၊ …

Read More »

ရွှေတောင်မြို့နယ်တွင် တောင်သူများ၏အခက်အခဲများဖြေရှင်းပေးနိုင်ရန် တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၈ (ပဲခူး) ============================== ပြည်ခရိုင်၊ ရွှေတောင်မြို့၊ မြို့နယ်ခန်းမ၌ ဒီဇင်ဘာလ(၂၈)ရက်နေ့၊ နေ့လည်(၁၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ နတ်မှော်လျှပ်စစ်မြစ်ရေတင်ရေသောက်ဧရိယာအတွင်းရှိ တောင်သူများ၏အခက်အခဲများကို ညှိနိုင်းပေါင်းစပ်ဖြေရှင်း ပေးနိုင်ရန်တောင်သူများနှင့်တာဝန်ရှိသူတွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက မိမိနှင့်အတူတာဝန်ရှိသူများသည် ဒေသခံတောင်သူလယ်သမားများ၏ အကျိုးအတွက် အခက်အခဲများကိုပေါင်းစပ်ဖြေရှင်းပေးရန်လာရောက်ခြင်းဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်းတင်ပြပေးရန်လိုကြောင်း၊ တောင်သူများဘက်မှလည်း နိုင်ငံတော်၊ တိုင်းဒေသကြီးနှင့် မိမိတို့ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းအောင် ကြိုးစားလုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။ ထို့နောက်ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်က စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ပြောကြားပြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရမှ နတ်မှော်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသော တောင်သူများကမိမိတို့၏ အခက်အခဲများနှင့် သိလိုသည်များ ဆွေးနွေးမေးမြန်း တင်ပြကြရာ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်ဇော်နိုင်မှ ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးပြီး ဝန်ကြီးချုပ်ကတောင်သူများ၏ အခက်အခဲများကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ပေးခဲ့သည်။ တောင်သူများအနေဖြင့် နိုင်ငံတော်နှင့်မိမိတို့အတွက် အရှုံးသက်သာအောင်အကျိုးဖြစိထွန်းမည့် သီးနှံများကိုသာစိုက်ပျိုးသင့်ကြောင်း၊ …

Read More »

ရွှေတောင်မြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

0-02-01-c5d16f1d4322e706a375b91aaca157a1c63759437b2f9a8b704dd5cf755e4778_full

စက်တင်ဘာ ၁၄ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း(ရွှေတောင်မြို့) သို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ရွှေတောင်မြို့)၊တာဝန်ရှိသူ တစ်ဦးမှ သင်တန်းကျောင်း၏ သမိုင်း၊ သင်တန်းဖွင့်လှစ်ကြားရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းဖွင့်လှစ်ထားရှိမှုအခြေအနေတို့အား ရှင်းလင်းတင်ပြ ခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ သင်တန်းသားများအား အမှန်တကယ်တတ်ကျွမ်းသည့်အဆင့်ထိ ရောက်အောင် သင်ကြားပေးရန်၊ ဒါမှသာ လက်တွေ့ဘဝတွင် အသုံးဝင်နိုင်မည်ဖြစ်ကြောင်းနှင့် သင်တန်းကျောင်း၏ လိုအပ်ချက်များကို မေးမြန်းခဲ့ပြီး  သင်တန်းသားများ လက်တွေ့သင်ကြားနေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

Read More »

ရွှေတောင်မြို့၊ အမှတ်(၁)အထည်စက်ရုံသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

0-02-01-a1c858cb7fba2c6d40a59325140c2144b3afa51eedcf0af03c2a856cea503438_full

စက်တင်ဘာ ၁၄ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)၊ ဒုတိယစက်ရုံမှူး ဒေါ်ကြူကြူမှ အထည်စက်ရုံအတွင်း ထုတ်လုပ်နေသည့် အထည်အမျိုးအစား၊ ကုန်ကြမ်း ရရှိမှု၊ ကုန်ချောထုတ်လုပ်နေမှုတို့အား အဆင့်အလိုက် ရှင်းလင်းတင်ပြ ခဲ့သည်။ ထို့နောက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ထုတ်လုပ်ရရှိသည့် အထည်အမျိုးအစားအလိုက် နိုင်ငံတကာ အဆင့်မီစေရေး ရည်မှန်းချက်ထားဆောင်ရွက်သွားရန်၊ စက်ရုံ၏ လိုအပ်ချက်များကို မေးမြန်းခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

Read More »

ရွှေတောင်မြို့နယ်၊ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ သွားရောက်ကြည့်ရှု

0-02-01-b9a9d05a40f230a5dc448c3d8c3a8f05d337fa0587450b831bae63b9a4aed8c5_full

စက်တင်ဘာလ ၁၄ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စုရှိ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း သို့ သွားရောက်ကြည့်ရှုခဲ့သည်။ အဆိုပါစိုက်ခင်းအတွင်း စိုက်ပျိုးထားရှိမှုအခြေအနေ နှင့်ပိုးပွားရောဂါကျရောက်ခြင်းမရှိအောင်တည်ထောင် ထားရှိမှုတို့အား စိုက်ခင်းတာဝန်ခံမှ ရှင်းလင်းတင်ပြ ခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ စိုက်ပျိုးရေးနည်းပညာများအား တောင်သူများသိရှိ နိုင်ရေး၊ သိပ္ပံနည်းကျ စိုက်ပျိုးနိုင်ရေး၊ တစ်ဧကစပါး အထွက်နှုန်း တိုးတက်နိုင်ရေးတို့အား အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

Read More »

ပြည်ခရိုင်အတွင်း မျိုးစပါးထောက်ပံ့ပေးအပ်မှု

IMG_20160828_130712

သြဂုတ် ၂၈ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် ရွှေတောင်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ခရိုင်အတွင်းရှိ ရေကြီးနစ်မြုပ် ပျက်စီးသော လယ်မြေများအတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ပြည်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် မျိုးစပါး(၂၂)အိတ်(၃၃)တင်း၊ ပန်းတောင်းမြို့နယ်အတွက် (၂၂၈)အိတ်(၄၃၂)တင်းနှင့် ရွှေတောင်မြို့နယ်အတွက်(၅၃၁)အိတ်(၇၉၆.၅)တင်း၊ စုစုပေါင်း(၁၂၆၁.၅)တင်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Read More »