Home / ပြည်မြို့နယ်

ပြည်မြို့နယ်

ပြည်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

    နိုဝင်ဘာ ၈ (ပြည်) ============= နိုဝင်ဘာ (၈)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ပြည်မြို့၊ ခေတ္တရာရတနာ မြို့တော်ခန်းမ၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က မိမိတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်ကြီး(၃)ရပ်ဟာ အရေးပါလှပြီး အပြန်အလှန် အမှီပြုနေတာလည်း တွေ့ရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်အရ ပြည်သူများရဲ့ အခန်းကဏ္ဍဟာ အထူးအလေးထားရမှာဖြစ်ပြီး ပြည်သူများ ပူးပေါင်းဆောင်ရွက်မှု (Public Participation) ကောင်းလေလုပ်ငန်းများ ပိုမိုအောင်မြင်လေဖြစ်ကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာ Media များရဲ့ ပံ့ပိုးကူညီမှုဟာလည်း များစွာအရေးပါတာကို တွေ့ရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ မရင့်ကျက်မှုတွေကို စိတ်မပျက်ဘဲ အပြောင်းအလဲ တစ်ရပ်ကို အောင်မြင်အောင် ဇွဲရှိရှိနဲ့ ချီတက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်၏ …

Read More »

ပြည်မြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပစေရေး တွေ့ဆုံညှိနှိုင်း

FI

နိုဝင်ဘာ ၇ (ပြည်) =============== နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၉)အချိန်က ပြည်မြို့၊ လမ်းဦးစီးဌာန၊ နဝဒေးဧည့်ရိပ်သာ  အစည်းအဝေးခန်းမ၌ ပြည်မြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်မြို့ရှိ ကမ်းနားလမ်းသည် နိုင်ငံခြားသား ခရီးသွားများနှင့် ဒေသခံပြည်သူတို့အတွက် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ကမ်းနားလမ်း အဆင့်မြှင့်တင်နိုင်မှသာ ပြည်မြို့၏ အဓိကစိတ်ဝင်စားဖွယ်ရာ နေရာတစ်ခုဖြစ်လာနိုင်ကြောင်း၊ ပြည်မြို့တည်ရှိရာ သရေခေတ္တရာသည် ပုဂံခေတ်ထက်စော၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများ တိုးတက်ခဲ့ကြောင်း၊ ပြည်ဒေသသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် မဟာဗျူဟာအရ အလွန်အရေးပါပြီး၊ ပဲခူးတိုင်းဒေသကြီးအတွက် ဂုဏ်ယူစရာ ရှေးဟောင်းမြို့တော်ကြီးတစ်ခုဖြစ်၍ တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဦးဇော်မိုးလွင်က ပြည်မြို့အတွင်းရှိ လမ်းများအား ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး …

Read More »

ပြည်မြို့၊ ပညာရေးကောလိပ်ဆောက်လုပ်နေမှုနှင့် သဲကုန်းမြို့၊ အင်းမစျေး ဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

အောက်တိုဘာ ၁၅ (ပြည်) ============ အောက်တိုဘာလ (၁၅)ရက်နေ့၊ ညနေ(၅)နာရီအချိန်က ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ ပညာရေးကောလိပ်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ စီမံကိန်း အင်ဂျင်နီယာ ဦးဝင်းဗိုလ်မှ ကျောင်းသား/သူ အိပ်ဆောင် (၂)ထပ် (၁)လုံး၊ ထမင်းစားဆောင်နှင့် စားဖိုဆောင် (၁)ထပ် (၁)လုံး ဆောက်လုပ်နေသည့် အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ ပညာရေးကောလိပ်သည် ပြည်မြိုနှင့် အောင်လံမြို့အကြား ကားလမ်းဘေးရှိ သစ်တောဦးစီးဌာနပိုင် ထုံးရေကြိုးဝိုင်း၊ သစ်အကွက်(၁၆)အတွင်းရှိ သစ်တောပယ်ဖျက်ပြီးမြေ ဧရိယာ(၇၀)ဧက အပေါ်တွင် အောင်မြင်မြန်မာကုမ္ပဏီမှ ဆောက်လုပ်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ခု နှစ်တွင် ကျောင်းသား/သူ (၃၀၀)ဦးအား စတင်လက်ခံ သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း သိရှိ ရသည်။ ဆက်လက်၍ …

Read More »

၂၀၁၅-၁၆ခုနှစ် ပြည်ခရိုင်အတွင်း သဘာဝဘေးကြောင့်ပျက်စီးသွားသော (၃၅၃၈၇)ဧကအတွက် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်

FI

အောက်တိုဘာ ၁၅(ပြည်) =========================        အောက်တိုဘာလ(၁၅)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဇီးအုပ်စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း၊ မိုင်တိုင်(၁၈၄/၃)တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၅-၁၆ခုနှစ် ပြည်ခရိုင်အတွင်း သဘာဝဘေးကြောင့် သီနှံပျက်စီးသွားသော ဧရိယာများအတွက် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက  ရေကြီးနစ်မြှုပ် ပျက်စီးသွားသော လယ်ဧကများကို အချိန်မီပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် မျိုးစပါးများ၊ ရေနစ်မြှုပ်ခံရသဖြင့် ထိခိုက်သွားသည့်စပါးခင်းများကို ပြန်လည်ကောင်းမွန်လာစေရန် လိုအပ်သောသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာနှင့် ထောက်ပံ့ငွေများကို ရရှိအောင် စီမံဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ တိုင်းဒေသကြီး၏ ထုတ်လုပ်မှုပမာဏကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင်ကြိုးပမ်းကြရမှာဖြစ်ကြောင်း၊ ပံ့ပိုးပေးသည့်ဓာတ်မြေသြဇာများကိုလည်း အမှန်တကယ်ပျက်စီးဆုံးရှုံးခဲ့သည့် လယ်သမားများထံရောက်ရှိရေး ၊ ပြန်လည်စိုက်ပျိုးရာတွင် ဒေသရေမြေရာသီနဲ့ သင့်လျော်မည့်သီးနှံများကို ရွေးချယ်ပြီးအစားထိုးစိုက်ပျိုးသွားကြရန် အမှာစကားပြောကြားပြီး  ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှုး ညွှန်ကြားရေးမှုးဦးလှမြင့်က ထောက်ပံ့ပေးအပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။         …

Read More »

ပြည်မြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပစေရေး တွေ့ဆုံညှိနှိုင်း

44180425_2133267900325199_3533683668474134528_n

အောက်တိုဘာ ၁၅ (ပြည်) =============== အောက်တိုဘာလ (၁၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ပြည်မြို့၊ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌ ပြည်မြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ပြည်မြို့ရှိ ကမ်းနားလမ်းသည် နိုင်ငံခြားသား ခရီးသွားများ နှင့် ဒေသခံပြည်သူတို့အတွက် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ကမ်းနားလမ်း အဆင့်မြှင့်တင်နိုင်မှသာ ပြည်မြို့၏ အဓိကစိတ်ဝင်စားဖွယ်ရာ နေရာတစ်ခုဖြစ်လာနိုင်ကြောင်း၊ လက်ရှိအနေအထားသည် ကျူးကျော်များနှင့် မလိုလားအပ်သည့် အရာများရှိနေကြောင်း၊ ဒါတွေကို အကောင်းဆုံး ဖြေရှင်းဆောင်ရွက်နိုင်ရန် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်က ကမ်းနားလမ်း တိုးချဲ့ခြင်း၊ ဆိပ်ခံတံတား တည်ဆောက်ခြင်းနှင့် ရေပေါ်စျေးတည်ဆောက်ခြင်းများအား အဆင့်လိုက် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ကမ်းနားလမ်းတစ်လျှောက် ကျူးကျော်ထားသည့် နေအိမ်များအား …

Read More »

၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၅)မြို့နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

    အောက်တိုဘာ ၁၅ (ပြည်) ============= အောက်တိုဘာလ (၁၅)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ပြည်မြို့၊ ခေတ္တရာရတနာ မြို့တော်ခန်းမ၌ ၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၅)မြို့နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၊ နာယက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံတွင် ပြည်သူလူထုအခြေပြု သက်ကြီးစာတတ်မြောက်ရေး (အသုံးလုံး) လှုပ်ရှားမှုကို ၁၉၆၄ ခုနှစ်က စတင်ခဲ့ပြီး ကုလသမဂ္ဂလက်အောက်ခံ ယူနက်စကိုအဖွဲ့က မိုရာမတ်ရီဇာပါလာဗီဆုနှင့် နိုမာဆုတို့ကို ချီးမြှင့်ပေးခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်းပါ လုပ်ငန်းစဉ်များတွင်ပါရှိသည့် ကျောင်းပြင်ပညာရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရ၊ လွှတ်တော်၊ ပြည်သူများပါဝင်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက်မှာဖြစ်ကြောင်း၊ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်မြို့၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း အတွင်းရှိ ကျောင်းဆောင်များ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

44135002_482995718846787_6167118590861377536_n

အောက်တိုဘာ ၁၅ (ပြည်) =============== အောက်တိုဘာလ (၁၅)ရက်နေ့၊ နံနက် (၈:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပြည်မြို့၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း အတွင်းရှိ ကျောင်းဆောင်များ ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ ဒုတိယပါမောက္ခချုပ်မှ ကျောင်းဝန်းအတွင်း ဆောက်လုပ်လျက်ရှိသည့် ဆရာ/ဆရာမ အဆောင်နှင့် အစိုးရနည်းပညာအထက်ကျောင်း ကျောင်းဆောင် ဆောက်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က ဆောက်လုပ်ရေးလုပ်ငန်းများ၏ အသက်သည် အရည်အသွေး စစ်ဆေးသည့် QA/QC ပင်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုခြင်းတိုင်း အရည် အသွေးအသွေး ပြည့်မီရန်နှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးတို့အား ဆောက်လုပ်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(ပြည်)တွင် နန်းထိုက်ဝင်း ဆောက်လုပ်ရေးကုမ္ပဏီမှ (၄)ခန်းတွဲ (၄)ထပ် ဆရာ/ဆရာမဆောင် ဆောက်လုပ်ခြင်းအား ၂၀၁၈ခုနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် (၃၅၀)သန်းဖြင့်လည်းကောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပြည်)တွင် …

Read More »

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ဘာသာရပ်သင်တန်း(၅/၂၀၁၈)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

သြဂုတ် ၂၇ (ပြည်) ============================= သြဂုတ်လ(၂၇) ရက်နေ့ နံနက်(၉) နာရီအချိန်တွင် ပြည်မြို့၊ မင်္ဂလာဂါးဒင်းဟိုတယ်၊ အစည်းအဝေးခန်းမ၌ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးကြပ်ပြီး ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၅/၂၀၁၈)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ မှ သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး မှ သင်တန်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ သင်တန်းအား သြဂုတ်လ(၂၇)ရက်နေ့မှ စက်တင်ဘာလ (၂၁)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား/သူ(၈၉) ဦးတက်ရောက်ကာ ဘာသာရပ်(၃)မျိုးသင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူး နှင့်တာဝန်ရှိသူများ ၊ ဟိုတယ်နင့်ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဦးစီးမှူးများ ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

Read More »

ပြည်မြို့၊ သရေခေတ္တရာ(ပျူမြို့ဟောင်း) ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

သြဂုတ် ၂၃ (ပဲခူး) ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပြည်မြို့၊ သရေခေတ္တရာ (ပျူမြို့ဟောင်း) ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး ပြည်တွင်း/ပြည်ပ ပညာရှင်များ၊ ပျူမြို့ဟောင်းများထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီနှင့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ သည်။           ရှေးဦးစွာ ပျူမြို့ဟောင်းများ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၊ အထွေထွေ အတွင်းရေးမှူး ဦးသန်းထွန်းအောင်မှ သရေခေတ္တရာမြို့ဟောင်းအား ပြည်တွင်း/ ပြည်ပခရီးသွားများ လာရောက်လည်ပတ်စေရန် စီစဉ်ဆောင်ရွက်မည့် အစီအမံများအားလည်း ကောင်း၊ အီတလီနိုင်ငံ Progetto Continenti Co., Ltd မှ Mr. Massimo မှ ရှေးဟောင်းမြို့နယ်နိမိတ်အတွင်းရှိ တောင်သူများအား သြဂဲနစ်သီးနှံ စိုက်ပျိုးနိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များအတွက် နည်းပညာပေးခြင်းနှင့် စျေးကွက်ဖော်ဆောင်နိုင်ရေးကို လည်းကောင်း၊ Royal King Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုငယ်ထွေးမှ ပြည်မြို့နယ်အတွင်း ဟိုတယ်ဇုန် အကောင်အထည်ဖော်နိုင်ရေးကိုလည်းကောင်း …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်ခရိုင်ရှိ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

FI

သြဂုတ် ၅ (ပြည်) =========================           သြဂုတ်လ (၅)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ဝန်ကြီးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ ဌာနဆိုင်ရာ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြေစစ်ကော်မတီများ၊ စည်ပင်ကော်မတီများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်၊ ဦးဝင်းသိန်းက မိုးရာသီကာလ ရောက်ရှိပြီဖြစ်၍ လမ်းမျက်ကွယ်ဖြစ်သည့် လမ်းဘေးသစ်ပင်များရှိ ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်းရန်၊ မြို့တွင်းလမ်းများ ရေကြီးရေလျှံမှု မဖြစ်စေရေး ရေမြောင်းများပိတ်ဆို့နေမှုများအား စဉ်ဆက်မပြတ် ကွင်းဆင်းကြည့်ရှုရန်၊ ကျေးလက်မီးလင်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဖွဲ့စည်းထားသည့် ကော်မတီအနေဖြင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ရန်၊ သိမ်းဆည်း လယ်ယာမြေများနှင့်ပတ်သက်၍ ဖွဲ့စည်းထားပြီးဖြစ်သည် မြေစစ်ကော်မတီအဆင့်ဆင့်မှ အမှုတွဲများအား အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရန်၊ ဆည်မြောင်း(ထိန်းသိမ်းရေး)မှ ဆည်/တာတမံများ ကြံ့ခိုင်မှုနှင့် ဆည်ရေလွှတ်ရန် လိုအပ်ပါက မြေပြင်အခြေအနေကို သေချာလေ့လာဆောင်ရွက်ရန်၊ မြစ်သဲကျောက် ထုတ်လုပ်နေမှုများအား ဌာနဆိုင်ရာများ အနေဖြင့် ကွင်းဆင်းကြည့်ရှု့စစ်ဆေးသွားရန်၊ လျှပ်စစ်မီးအန္တရာယ် မဖြစ်စေရေး …

Read More »