Home / သဲကုန်းမြို့နယ်

သဲကုန်းမြို့နယ်

ပြည်ခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာကျင်းပပြုလုပ်

Fi

သြဂုတ် ၂၀ (သဲကုန်း) ============================== သြဂုတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းအချိန်က ပြည်ခရိုင် သဲကုန်းမြို့ မြို့တော်ခန်းမတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်ခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ ပါတီအသီးသီးမှတာဝန်ရှိသူများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများတက်ရောက်ကာ လက်ရစ်ချည်ခြင်းခံယူပြီး ရိုးရာအစားအသောက်များနှင့်တည်ခင်းဧည့်ခံကြကြောင်းသိရသည်။

Read More »

ပြည်သူ့အသံဖြင့် အင်းမစျေးသစ် ပြန်လည်တည်ဆောက်နိုင်ရေးညှိနှိုင်းဆွေးနွေး

FI

အင်းမ  မေ ၄ =================== မေလ(၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ မြို့လယ်ဓမ္မာရုံတွင် အင်းမစျေး ပြန်လည်တည်ဆောက်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က စျေးသူစျေးသားများ၏ ဆန္ဒနှင့် အတတ်ပညာရှင်များ၏ ဆောင်ရွက်ချက်များကို ပေါင်းစပ်ညှိနိုင်းရန်၊ စျေးသူစျေးသားများအား လုံးအဆင်ပြေစေရေးအတွက် ခိုင်မာသောအဆောက်အဦဖြင့် ခေတ်မီစျေးတစ်ခု ပေါ်ပေါက်လာစေရန် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း မှာကြားခဲ့သည်။      ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းက အင်းမစျေး ပြန်လည် တည်ဆောက်ရေးနှင့် ပတ်သက်၍ ဖြစ်ချင်တာက်သာ ကြည့်မနေဘဲ ဖြစ်သင့်တာကိုသာ ညှိနှိုင်းဆောင်ရွက်ကြပါရန် စျေးသစ်ပြန်လည်တည်ဆောက်နိုင်ရန် (၀.၈) ဘီလီယံ လျာထားရာ (၀.၃) ဘီလီယံကို လွှတ်တော်မှ ခွင့်ပြုထားပြီး ဖြစ်ကြောင်းကိုလည်းကောင်း၊ သဲကုန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသန့်နိုင်က အင်းမစျေး ပြန်လည်တည်ဆောက် ရေးနှင့် ပတ်သက်၍ တစ်ခန်းကို (၂၅) သိန်းကျမည်ဖြစ်ပြီး …

Read More »

အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၂ ============================ ၂၂.၇.၂၀၁၇ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် သဲကုန်းမြို့နယ်များ၌  ၂၀၁၆-၂၀၁၇ အခွန်စည်း ကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်း အနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

FI

နိုဝင်ဘာ ၁၂ =============== ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီ အချိန်က သဲကုန်းမြို့နယ်၊ အလင်းစေတမန် စာကြည့်တိုက်တွင် ကျင်းပပြုလုပ် သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် တက်ရောက်၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့သည်။

Read More »