Home / ကြို့ပင်ကောက်မြို့နယ်

ကြို့ပင်ကောက်မြို့နယ်

စွန့်လွှတ်မြေများ တောင်သူလက်ဝယ်သို့ ပြန်လည်ပေးအပ်ပွဲကျင်းပ

FI

ဇူလိုင် ၁၁ (ကြို့ပင်ကောက်) ================================= ဇူလိုင်လ(၁၁)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က သာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံးတွင် ကြို့ပင်ကောက်မြို့နယ် ရှားပင်တကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အသုံးပြုရန်မရှိသည့် စွန့်လွှတ်မြေများနိုင်ငံတော်သို့ ပြန်လည် အပ်နှံလာမှုအပေါ် တောင်သူများသို့ ပြန်လည် ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ကြီး နှင့် တက်ရောက်လာကြ သည့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းသိန်း၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က ကရင်ချောင်းကျေးရွာဧရိယာ(၁၈၃.၆၀)ဧက အတွင်းရှိတောင်သူ(၂၃)ဦးတို့၏လက်ဝယ်သို့ ယာယီလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) များ ပေးအပ်ကြကြောင်းသိရသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အသုံးပြုရန်မရှိသည့် စွန့်လွှတ်မြေများအား နိုင်ငံတော်သို့ ပြန်လည် အပ်နှံလာမှုအပေါ် ကြို့ပင်ကောက်မြို့နယ် ရှားပင်တကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၂၆)၊ …

Read More »

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ ထောက်ပံ့ငွေပေးအပ်

FI

ဧပြီ ၁၈ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းဌေးအောင်၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ဧပြီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက နတ်တလင်း မြို့နယ်နှင့် ပေါင်းတည်မြို့နယ်များ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များမှ ပြည်သူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးစကားများ ပြောကြားပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ရှားပေါင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌   ဧပြီလ (၁၆)ရက်နေ့ လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်သည် မျှော်မှန်း၍မရသော်လည်း ထိခိုက်ခံရမှု အနည်းဆုံးဖြစ်အောင် ကြိုတင်စီမံထား၍ ရရှိပါကြောင်း၊ နှစ်စဉ် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ပြန်လည်အပ်နှံသည့် ကိုင်းမြေအခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး တောင်သူများနှင့်တွေ့ဆုံ

FI

စက်တင်ဘာ ၂ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၂)ရက်နေ့၊ နံက်(၉)နာရီအချိန်က ဝန်ကြီးများ၊ ဌာနဆိုင်ရာများ နှင့်အတူ ကြို့ပင်ကောက်မြို့နယ် ရှားပင်ထကျေးရွာအုပ်စု ကွင်းအမှတ်(၅၂၆/၅၂၉)ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံတော်သို့ ပြန်လည်အပ်နှံသည့် ကိုင်းမြေဧရိယာ(၂၂၈)နှင့် ပတ်သက်ပြီး မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ကြို့ပင်ကောက်မြို့နယ်၊ ရွာသစ်ရွာအခြေခံပညာမူလတန်းကျောင်း၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဝန်ကြီးချုပ်က တောင်သူများအနေဖြင့် ယခုစွန့်လွှတ်မြေများနှင့် ပတ်သက်ပြီး ပြန်လည်ခွဲဝေပေးရာတွင် အဆင်ပြေမှုရှိ/မရှိ သိရှိနိုင်ရန်နှင့် လုပ်ငန်းပြန်လည်လုပ်ဆောင်ရာတွင်လည်း အဆင်ပြေချောမွေ့မှု ရှိ/မရှိသိရှိနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြန်လည်ရရှိမြေများကို မိမိတို့အကျိုး၊ နိုင်ငံအကျိုး၊ ဒေသအကျိုး ဖြစ်ထွန်းအောင်ကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းသိန်းက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကြို့ပင်ကောက်မြို့နယ် အုပ်ချုပ်ရေးမှူး …

Read More »

အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၁ ====================================== ၂၁.၇.၂၀၁၇ ရက်နေ့တွင် ကြိုပင်ကောက်မြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ဇီးကုန်းမြို့နယ်များ၌ ၂၀၁၆-၂၀၁၇ အခွန်စည်း ကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

ဘောလုံး၊ရိုးရာခြင်း၊ တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

FI

ဒီဇင်ဘာ ၉ (ပဲခူး) ========================= ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့၊ ညနေ(၃)အချိန်က ၂၀၁၆ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Township Sports Development Programme) အရ ကြို့ပင်ကောက်မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံ ဘောလုံး၊ ရိုးရာခြင်း၊ တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါအခမ်းအနား၌ ဝန်ကြီးချုပ်က အားကစားသမားများအနေဖြင့်  ယခုလိုကျေးရွာအုပ်စုအဆင့်မှ  နိုင်ငံလက်ရွေးစင်သမားများ အဆင့်ထိရောက်ရှိအောင် ကြိုးစားကြစေလိုကြောင်း၊ အားကစားယှဉ်ပြိုင်ရာတွင် အနိုင်ယူချင်စိတ်ထက် အားကစားသမားကောင်းစိတ် ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ ဒါမှသာ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် နိုင်ငံ အတွက် အားကိုးရသည့် အားကစားသမားများလည်း ထွက်ရှိခဲ့သည့် အစဉ်အလာကောင်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ဒီဂုဏ်ကိုလည်း ယခု မျိုးဆက်သစ်များမှ ဆက်လက်ထိန်းသိမ်းထားစေလိုကြောင်း၊ အားကစားသမားများဟာ မိမိတို့ရပ်ရွာ/မြို့နယ်/တိုင်းဒေသကြီး ကိုယ်စားပြုမှတစ်ဆင့် နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်စေရန်နှင့် …

Read More »