Home / လက်ပံတန်းမြို့နယ်

လက်ပံတန်းမြို့နယ်

အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၀ =========================== ၂၀.၇.၂၀၁၇ ရက်နေ့တွင် သာယာဝတီ၊ လက်ပံတန်းမြို့၊ မင်းလှမြို့နယ်များ၌  ၂၀၁၆-၂၀၁၇ အခွန်စည်း ကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

ပြည်သူ့အကျိုးပြု ရေလှူဒါန်းခြင်းပြုလုပ်

FI

ဧပြီ ၁၀ (ပဲခူး) ======================================       ဧပြီလ(၉)ရက်နေ့၊ ညနေ(၃)နာရီမှ (၅)နာရီထိ လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့် ဦးစီးတပ်ဖွဲ့ဝင် (၁၈)ဦးသည် လက်ပံတန်း မြို့နယ်၊ ရေပျံရွာသစ်ကျေးရွာသို့ သောက်ရေသန့်ဗူးကြီး(၁၇၀)ဗူး ဂါလံ(၈၅၀)ဂါလံ၊ တန်ဖိုးငွေ(၅၄၀၀ဝိ/-)နှင့် ဧပြီလ(၉) ရက်နေ့၊ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ ပြည်မြို့၊ အမှတ်(၁)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်တင့်ကြိုင် ဦးစီး တပ်ဖွဲ့ဝင် (၂၁)ဦးသည် ပြည်မြို့၊ ဘိုကုန်းအုပ်စု/ကျေးရွာ၊ ကျောက်လေးအိုးကျေးရွာနှင့် အောင်လံမြို့နယ်၊ ကျောက်အိုးကြီးကျေးရွာ၊ အာဏာရာလင်္ကာရဘုန်းကြီးကျောင်းတိုက်သို့ သွားရောက်ပြီး သောက်ရေသန့်ဗူးကြီး(၄၀၀)ဗူး(၂၀၀၀)ဂါလံ၊ တန်ဖိုးငွေ(၁၅၅၀၀ဝိ/-) တို့အား ကျေးရွာနေပြည်သူများအတွက် အသီးသီး သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read More »

ဝန်ကြီးချုပ်ထံသို့ မြန်မာနိုင်ငံကြက်ခြေနေအသင်းမှ လာရောက်တွေ့ဆုံ

IMG_4076

အောက်တိုဘာ  ၂၇ (ပဲခူး) ————————–           ၂၀၁၆ ခုနှစ်၊ အောက်တိုလာလ ၂၇ ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံခဲ့ကြသည်။               အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်၊ သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ မိုးညိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးမှူး တို့ တက်ရောက်ခဲ့သည်။                    အခမ်းအနား၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေဘေးသင့်ခဲ့သော မြို့နယ်များအနက် မိုးညိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ထောက်ပံ့ပေးအပ်နိုင်ရေးကိစ္စရပ်များ လာရောက်တင်ပြဆွေးနွေးခဲ့သည်။                       ထို့နောက် ဝန်ကြီးချုပ်က မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများ ယခုလိုလာရောက်ကူညီ ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ နှစ်စဉ် …

Read More »

အစိုးရစက်မှုလက်မှုသိပ္ပံ(လက်ပံတန်း)သို့ ဝန်ကြီးချုပ်သွားရောက်

IMG_3083

စက်တင်ဘာ ၁၃ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊ နံနက်(၁၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်တို့သည် လက်ပံတန်းမြို့၊ အစိုးရစက်မှုလက်မှု သိပ္ပံသို့ သွားရောက်ကြည့်ရှုခဲ့သည်။ အစိုးရစက်မှုလက်မှုသိပ္ပံ(လက်ပံတန်း)ကျောင်း၊ တာဝန်ရှိသူတစ်ဦးမှ ကျောင်း၏ဖွဲ့စည်း ထားရှိမှု၊ သင်ကြားနေမှု၊ သင်ယူနေမှုတို့အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ပြန်လည်ဖြည့်စွက်မှာကြားခဲ့ပါသည်။

Read More »