Home / မင်းလှမြို့နယ်

မင်းလှမြို့နယ်

မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ဈေးပြိုင်တင်ဒါခေါ်ယူခြင်း

FI

သြဂုတ် ၁၀ (မင်းလှ) ==================== မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်ကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်————————

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများတွေ့ဆုံပွဲပြုလုပ်

FI

မင်းလှ ဇွန် ၂၃ ================ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇွန် ၂၃ ရက် နေ့လည် ၂ နာရီချိန်ကပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများအနေဖြင့် တိုင်ပြည်အပြောင်းအလဲ စီပွားရေးမူဝါဒများကို သိရှိနားလည်းရန်လိုအပ်ကြောင်း၊ မိမိတို့ဒေသတွင် စိတ်ဓါတ်ယဉ်ကျေးမူဆိုင်ရာများ ခိုင်မာသောဈေးကွက်ဆိုင်ရာများ   စိုက်ပျိုးရေးဆိုင်ရာများ မြေယာကဏ္ဍများကို ညှိနှိုင်းပေါင်းစပ်မှုများပြုလုပ်ကြရန်  အတွေးအခေါ်များကိုလည်း  ခေတ်ကာလနှင့် ညီမျှသည့် အတွေးအခေါ်များ ပြောင်းလဲရန်နှင့် မေတ္တာတရားရှေ့ထား၍ ဒီမိုကရေစနစ်နှင့် ကိုက်ညီသော နေထိုင်တက်အောင်နေကြရန် ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက  သိမ်းဆည်းလယ်ယာမြေနှင့်ပတ်သက်၍ လျော်ကြေး(သို့)မြေယာအစားထိုး ပြန်လည်ရရှိရေးကိုလည်းကောင်း၊ ကျေးလက်လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေးကိုလည်းကောင်း၊ ကျေးလက်မီးလင်းရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလည်းကောင်း၊ ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ဆောင်ရွက်ပေးရန် လိုအပ်ချက်များကိုလည်းကောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ ရဲကင်းစခန်းတစ်ခု ထားရှိပေးနိုင်ရေးစသည့်ကိစ္စရပ်များ …

Read More »

မင်းလှမြို့ ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး ပန္နက်တင်မင်္ဂလာအခမ်းအနား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတတ်ရောက်

FI

မင်းလှ ဧပြီ ၁၂ ==================== ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၁၂ ရက်နေ့၊ နံနက် (၉)နာရီက အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံနောက်တွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး၊ နတ်ဒေဝါများအား တရားတော်နာယူရန်ဖိတ်ကြားခြင်း၊ ဆရာတော်ကြီးများထံ ပရိတ်ရေ၊ ပရိတ်ဆန်၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပန္နက်တိုင်များ ဆပ်ကပ်လှူဒါန်းခြင်း၊ အန္တရာယ်ကင်းတရားတော်များ ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မင်းလှမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်သြဝါဒစရိယဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တကုဏ္ဏလ ဆရာတော်ဘုရားကြီးနှင့် ဦးစီးပဓာနဆရာတော်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့က ပန္နက်တင်ကြရာ မင်္ဂလာဒုံဆရာတော် ဦးဆန္ဒောဘာသက အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပေးသည်။ …

Read More »

သုံးဆယ် − သာယာဝတီ − လက်ပံတန်း − မင်းလှ − မိုးညိုမြို့နယ်တို့ရှိ စျေးများအား FDA သွားရောက်စစ်ဆေး

50485411_320637028562704_2400230954267312128_n

ဇန်နဝါရီ ၃၁ (မိုးညို) ==================== ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေးဦးဆောင်သော အဖွဲ့သည် ဇန်နဝါရီလအတွက် ဒုတိယအကြိမ်မြောက်  Mobile Lab Van ဖြင့် စစ်ဆေးခြင်းအဖြစ် (၃၀.၁.၂၀၁၉) နှင့် (၃၁.၁.၂၀၁၉) ရက်နေ့များတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ နှီးနွယ်အဖွဲ့များပူးပေါင်း၍ သုံးဆယ် − သာယာဝတီ − လက်ပံတန်း − မင်းလှ − မိုးညိုမြို့တို့ရှိ စျေး(၅)စျေးတွင် Mobile Lab Van (နယ်လှည့်ဓါတ်ခွဲစစ်ဆေးရေးကား)ဖြင့် အစားအသောက်များနှင့် အလှကုန်များအား နမူနာကောက်ယူစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး သုံးဆယ်မြို့− သာယာဝတီမြို့ − မင်းလှမြို့ − မိုးညိုမြို့ − လက်ပံတန်းမြို့များရှိ မြို့မစျေးများတွင် မုန့်ဟင်းခါးမုန့်ဖတ်၊ ပဲပြား၊ ပဲတီချဉ်၊ မျှစ်၊ …

Read More »

သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးသွားသော ဧရိယာများအတွက် ဓာတ်မြေသြဇာများထောက်ပံ့ပေးအပ်

FI

အောက်တိုဘာ ၁၄ (မင်းလှ) ================================= ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ရွှေဝါမြိုင်စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်းတွင် အောက်တိုဘာလ(၁၄)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၅-၁၆ခုနှစ် သာယာဝတီခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးသွားသော ဧရိယာများအတွက် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက “ရေကြီးနစ်မြုပ်ပျက်စီးသွားသော လယ်ဧကများကို အချိန်မီပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန်၊ မျိုးစပါးများရေနစ်မြှုပ်ခံရသဖြင့် ထိခိုက်သွားသည့်စပါးခင်းများကို ပြန်လည်ကောင်းမွန်လာစေရန် လိုအပ်သောသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာနှင့် ထောက်ပံ့ငွေများကို ရရှိအောင်စီမံဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ပံ့ပိုးပေးသည့်ဓာတ်မြေသြဇာများကိုလည်း အမှန်တကယ် ပျက်စီးဆုံးရှုံးခဲ့သည့် လယ်သမားများထံရောက်ရှိရေး၊ ပြန်လည်စိုက်ပျိုးရာတွင် ဒေသရေမြေရာသီနဲ့ သင့်လျော်မည့်သီးနှံများကို ရွေးချယ်ပြီးအစားထိုးစိုက်ပျိုးသွားကြရန်” အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးသွားသော ဧရိယာများအတွက် နိုင်ငံတော်မှဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှုး ညွှန်ကြားရေးမှုးဦးလှမြင့်က ထောက်ပံ့ပေးအပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဝန်ကြီးဦးအောင်ဇော်နိုင်တို့က …

Read More »

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မင်းလှမြို့နှင့် သနပ်မြို့တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖွင့်ပွဲကျင်းပပြုလုပ်

FI

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မင်းလှမြို့နှင့် သနပ်မြို့တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖွင့်ပွဲကျင်းပပြုလုပ် ဇွန် ၁၉ (မင်းလှ/သနပ်ပင်) ================================== အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသာအားဖြင့် ဇွန်လ(၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နှင့် သနပ်ပင်မြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှင့် ပန်းခြံဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မင်းလှမြို့၊ လမ်းမတော်လမ်း၊ အပန်းဖြေလက်ဖက်ရည်ဆိုင်ရှေ့ စိမ်းလန်းစိုပြေရေးကန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် ပိုစတာအား သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူးက စက်ခလုပ်နှိပ်ဖွင့်လှစ်ပြီး ပန်းခြံကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်းပေးကာ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။ …

Read More »

မင်းလှမြို့၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း ဖွင့်လှစ်ထားရှိ

FI

ဧပြီ ၄ (မင်းလှ) =========           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဧပြီလ(၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ရွှေဝါမြိုင်အုပ်စု၊ ရွှေဝါမြိုင်ကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း ဖွင့်လှစ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်၊ မင်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းအောင်စိုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း ဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။           ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က တောင်သူများ မိမိတို့ ကိုယ်တိုင်စိုက်ပျိုးရာတွင် ပိုမိုအထွက်နှုန်းတိုးအောင်မြင်ဖြစ်ထွန်းစေရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များရရှိအောင် လူထုအခြေပြုလေ့လာမှုစခန်းကို အားကိုးပြီး လေ့လာဆည်းပူးနိုင်ကြောင်း အမှာစကားပြောကြားပြီး တိုင်းဒေသကြီး …

Read More »

မင်းလှမြို့တွင် တောင်သူမျိုးစေ့သန့်စင်စက် ဖွင့်ပွဲကျင်းပ

FI

ဖေဖော်ဝါရီ ============================= ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် ဖေဖော်ဝါရီလ(၇)ရက်နေ့၊ နေ့လည်(၁)နာရီအချိန်က တောင်သူမျိုးစေ့သန့်စင်စက် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တောင်သူမျိုးစေ့သန့်စင်စက်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်သိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးလှမြင့်နှင့် သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်မှ တောင်သူမျိုးစေ့သန့်စင်စက် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “စိုက်ပျိုးထုတ်လုပ်ရရှိသော မျိုးစေ့များမှာ မျိုးကောင်းမျိုးသန့်ဖြစ်ရုံမျှမပြီးဘဲ သန့်စင်ဖို့လည်းလိုအပ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးထွက်ရှိလာသည့် မျိုးစေ့များ စံချိန်စံညွှန်းမီစေရေးအတွက် မျိုးစေ့သန့်စင်ခြင်းကို မဖြစ်မနေဆောင်ရွက်နိုင်ရန် မျိုးစေ့သန့်စင်စက်များကို ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က မျိုးစေ့သန့်စင်စက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်က …

Read More »

(၈၀)ပြည့်နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁၈ (ပဲခူး) ================================= ပဲခူးတိုင်းဒေသကြီး မင်းလှမြို့၊ အားကစားကွင်း၌ ဒီဇင်ဘာလ(၁၈)ရက်၊ ကရင်နှစ် ၂၇၅၇ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က (၈၀)ပြည့်နှစ်မြောက် တိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကရင်အမျိုးသားသီချင်းသီဆို၍ အလံတင်အခမ်းအနားပြုလုပ်ကာ တက်ရောက်လာကြသူများက အလံတော်ကို အလေးပြုကြပြီး ကြို့ပင်ကောက်ဆရာတော် ဦးသုန္ဒရနှင့် သိက္ခာတော်ရဆရာတော် စောသက်စေးတို့က နှစ်သစ်အတွက် ဆုတောင်းမေတ္တာ ပို့သကြသည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်း ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့နေရာယူပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် တိုင်းရင်းသား ကရင်အမျိုးသားအလံတို့အား အလေးပြုကာ အလှည့်ကျသဘာပတိ ဒေါက်တာစောကြည်စိုးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့သော နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကရင်နှစ်သစ်ကူးပွဲတော်သည် အမျိုးသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပွဲတစ်ခုဖြစ်ကြောင်း၊ ယခုအချိန်အခါသည် နိုင်ငံတော်အစိုးရမှာ ငြိမ်းချမ်းရေးကို …

Read More »

(၈၀)နှစ်ပြည့်ပဲခူးတိုင်းဒေသကြီးအဆင့်ကရင်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဒီဇင်ဘာ ၁၈ (ပဲခူး) =================================== ဒီဇင်ဘာလ(၁၇)ရက်နေ့၊ ညနေ(၅:၃၀)နာရီအချိန်က မင်းလှမြို့ အားကစားကွင်း၌ (၈၀)နှစ်ပြည့် ပဲခူးတိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့် သာယာဝတီခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောသောင်းကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘင်ခရာတပ်ဖွဲ့နှင့်အတူ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ကရင်နှစ်သစ်ကူးနေ့သည် ကရင်တမျိုးသားလုံး၏ အထွဋ်အမြတ်ထားသော နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး မြန်မာလ၏ ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်ပြက္ခဒိန်အရ ပထမဆုံးလဖြစ်သောကြောင့်ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားပွဲကို ၁၉၃၈ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ ကရင်နှစ်သစ်ကူးပွဲတော်တွင် ဖါးစည်တီးခြင်း၊ ၀ါးညှပ်အက ၊ ဒုံးယိမ်းအကစသည့် ကရင်ရိုးရာဖျော်ဖြေပွဲများ ဖြင့်ကျင်းပကြကြောင်းသိရသည်။

Read More »