Home / မိုးညိုမြို့နယ်

မိုးညိုမြို့နယ်

မိုးညိုမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇူလိုင် ၁၅ (မိုးညို) ========================== ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စည်ပင်သာယာပန်းခြံတွင် ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်း၊ အမျိုးသားလွှတ်တော်် ကိုယ်စားလှယ် Drဝင်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးဝင်းကိုနှင့် ဦးအေးကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ကမ္ဗည်းမော်ကွန်းကျောက်စာအား ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ဝန်ကြီးချုပ်သည် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စည်ပင်ကော်မတီများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများသွားလာနေထိုင်ရေး ၊ လုပ်ငန်းခွင်တွင် အဂတိကင်းရှင်းရေး၊ သဘာဝဘေးဒဏ် ကြိုတင်ကာကွယ်ရေး၊ အခြေခံပညာကျောင်းများ အချိန်မီပြီးစီးရေး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်သည့်ကိစ္စများ၊ သိမ်းဆည်းမြေကိစ္စများနှင့် ဆည်မြောင်းတာတမံ …

Read More »

ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

FI

အောက်တိုဘာ ၂၇(ပဲခူး) ========================== အောက်တိုဘာလ ၂၇ ရက်နေ့ (၀၉:၃၀)နာရီအချိန်ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ အဆိုပါအခမ်းအနား၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက မိုးညိုမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ၊ အားသာချက်၊ အားနည်းချက်များ တင်ပြခဲ့ရာ၊ ဝန်ကြီး က UNDP အကူညအညီ အထောက်အပံ့ဖြင့် မိုးညိုမြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အမှန်တကယ်အကျိုးရှိရှိ အသုံးပြုနိုင်ရေး မှာကြားခဲ့သည်။ အခမ်းနားသို့ ဝန်ကြီး ဦးညွန့်ရွှေ၊ UNDP မှMs.Anki Dellnas နှင့် တာဝန်ရှိ ဌာနေကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိုးညိုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ပါဝင်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်မှာကြား

FI

သြဂုတ် ၁၆ (ပဲခူး) ================================================ သြဂုတ်လ(၁၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ထပ်မံတိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ နှင့်ပတ်သက်၍ UNDP မှ Ms. Anki Dellnas ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက် တွေဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်အဆင့် စီမံကိန်းရေးဆွဲခြင်းသည် ဒီမိုကရေစီအစနစ်အရ အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကဝမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ အောင်မြင်မှုများလည်း ရရှိခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကဝမြို့နယ်အပါအဝင် နောက်ထပ်(၄)မြို့နယ်အား ထပ်မံ၍ လုပ်ငန်းစီမံကိန်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်မှ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက် ခွဲဝေသုံးစွဲခြင်းများကို သက်ဆိုင်ရာမြို့နယ်အဆင့်၌ ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် လူထု လိုအပ်ချက်အရ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တတ်စေရန် စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ UNDP ၏ …

Read More »

ရွှေတောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

FI

ဇူလိုင် ၂၃ ==================================== ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၂၃)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်အတွင်း ကမ်းပါပြိုကျ၍ ပြောင်းရွေ့ရသည့် အိမ်ထောင်စုများ၊ ရေဘေးသင့်အိမ်ထောင်စုများနှင့် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့် အိမ်ထောင်စုဝင်မိသားစုများအား လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှရွှေတောင်မြို့နယ်အတွင်း တရုတ်မှော်၊ ရှားပင်ကုန်း၊ ဒုရင်ဒုဘိုကျေးရွာများမှ ကမ်းပြို ခြင်းကြောင့် ပြောင်းရွေ့ရသည့် နေအိမ်(၇၁)လုံးအတွက် ထောက်ပံ့ငွေကျပ်(၇၁)သိန်း၊ ရွှေဟင်္သာ(စစ်ကုန်း)၊ ရွှေဟင်္သာ (ကျွန်းမီး)ရပ်ကွက်တို့မှ လေဘေးသင့် နေအိမ်(၁၃)လုံးအတွက် ထောက်ပံ့ငွေကျပ်(၆၁၃၂၀၀)၊ ရေဘေးသင့်လူဦးရေ (၁၀၅၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၂၀၇၁၀၀)၊ စုစုပေါင်းငွေကျပ် (၉၉,၂၀,၃၀၀)အား ထောက်ပံ့ပေးခဲ့ပြီး …

Read More »

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

FI

ဧပြီ ၂၂ (ပဲခူး) ========================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဧပြီလ(၂၂)ရက်နေ့၊ နံနက်(၈:၃၀) နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့်အတူ မင်းလှ၊ မိုးညို၊ ရွှေတောင်မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆည်မြောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ မင်းလှ – စိန်ကန့်လန့် – မြို့ချောင်း – ကျွန်းကုန်းလမ်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးဇော်ထွန်းမှ ရှင်းလင်းတင်ပြပြီး၊ မင်းလှမြို့နယ်အတွင်းရှိ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော စိမ်းလန်းစိုပြေရေးကန်၊ ကန်ပတ်လမ်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း၊ မိုးညိုမြို့နယ်အတွင်းရှိ ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် တင်ဒါကင်းလွတ်ခွင့်ဖြင့် ဆောင်ရွက်လျှက်ရှိသော ဘုရားကြီးကုန်း – ခအောင်းပင်တာ-ပန်းတာ ပြင်ဆင်ခြင်းလုပ်ငန်းနှင့် မြစ်မခအနောက်ဘက်ကမ်းတာ (မိုင်၃/၄မှ၈/၀)အထိ အခိုင်အမာ မြှင့်တင်ခြင်းလုပ်ငန်း၊ …

Read More »

ဝန်ကြီးဦးအောင်ဇော်နိုင် မင်းလှမြို့နယ်နှင့် မိုးညိုမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

FI

 ဖေဖော်ဝါရီ ၇ (ပဲခူး) =======================       (၇.၂.၂၀၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊စိုက်ပျိုး‌ရေး‌မွေးမြူ‌ရေးနှင့်ဆည်‌မြောင်းဝန်ကြီးဌာန၊ဝန်ကြီး ဦး‌အောင်‌ဇော်နိုင်သည် ‌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းလွင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်၊ ဆည်‌မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်၊ သာယာဝတီခရိုင်အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးမှူး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးတို့နှင့်အတူ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ မင်းလှမြို့နယ်အတွင်းရှိ ‌ကျေးလက် လမ်း/တံတားများ၊ စိုက်ပျိုး‌ရေးဦးစီးဌာနမှ ‌ကောက်စိုက်စနစ်ဖြင့် စိုက်ပျိုးရန် ပျိုး‌ထောင်‌နေမှု အ‌ခြေအ‌နေများ၊ မိုးညိုမြို့နယ်အတွင်း မြစ်မခမြစ်အ‌နောက်ဘက် ဘင်္ဂဒူး ‌ရေတံခါးတည်‌ဆောက်ခြင်းနှင့် အုတ်ဖိုမြို့ ပတ်တာ တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်‌ဆေး ပြီးနောက် မိုးညိုမြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနတွင် မိုးညိုမြို့နယ်နှင့် အဂင်္ပူမြို့နယ်တို့ကြားရှိ ‌မြေနုကျွန်း    အငြင်းပွားသည့်ကိစ္စများကို စိစစ်ကြားနာခဲ့ပါသည်။

Read More »

လူထုဗဟိုပြုစီမံကိန်း အစည်းအဝေးကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁၆ (ပဲခူး) =======================                     ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်က မိုးညိုမြို့နယ်၊ ဝေဇယန္တာကျောင်းတိုက်၌ လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် တက်ရောက်ခဲ့သည်။                 အခမ်းအနား၌ ဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ အမှာစကား ပြောကြားခဲ့ကြ သည်။                         ဆက်လက်ပြီး မိုးညိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း၊ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်နန်းမမမျိုးမှ စီမံကိန်း အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျေးရွာအုပ်စုအဆင့်၊ ကျေးရွာအဆင့် အကောင်းဆုံးဆောင်ရွက်မှု ဆုအတွက် ရွေးချယ် ခြင်းတို့ ဆောင်ရွက်ခဲ့သည်။

Read More »

ဝန်ကြီးချုပ်ထံသို့ မြန်မာနိုင်ငံကြက်ခြေနေအသင်းမှ လာရောက်တွေ့ဆုံ

IMG_4076

အောက်တိုဘာ  ၂၇ (ပဲခူး) ————————–           ၂၀၁၆ ခုနှစ်၊ အောက်တိုလာလ ၂၇ ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံခဲ့ကြသည်။               အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်၊ သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ မိုးညိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးမှူး တို့ တက်ရောက်ခဲ့သည်။                    အခမ်းအနား၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေဘေးသင့်ခဲ့သော မြို့နယ်များအနက် မိုးညိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ထောက်ပံ့ပေးအပ်နိုင်ရေးကိစ္စရပ်များ လာရောက်တင်ပြဆွေးနွေးခဲ့သည်။                       ထို့နောက် ဝန်ကြီးချုပ်က မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများ ယခုလိုလာရောက်ကူညီ ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ နှစ်စဉ် …

Read More »

မိုးညိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ ကျင်းပ

0-02-06-23022b86a200b5a775d77425ad522f8eaa903ed16335ebca3c26ff10cb514bb0_full

အောက်တိုဘာ  ၁၉ (၁၉.၁၀.၂၀၁၆)ရက်နေ့၊ နံနက် (၀၈:၃၀)အချိန်က မိုးညိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ မြေစာရင်း၊ ဆည်မြောင်းဦးစီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် တက်ရောက်ခဲ့သည်။ အခမ်းအနား၌ ဝန်ကြီးက စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နည်းပညာပိုင်းနှင့် စီမံခန့်ခွဲမှုအပိုင်းဆိုပြီး အပိုင်း(၂)ပိုင်းခွဲ၍ ဆောင်ရွက်စေလိုကြောင်း၊ ငါးလုပ်ငန်းဝန်ထမ်းများအနေဖြင့်လည်း ဥပဒေနှင့်အညီ မဆောင်ရွက်သော လုပ်ငန်းများအား တားဆီးအရေးယူဆောင်ရွက်သွားရန်နှင့် မိမိတို့ကိုယ်တိုင် ပါဝင်ပတ်သက်မှုမရှိစေရေး အထူးဂရုပြုရန်လိုကြောင်း၊ ဝန်ထမ်းငယ်များအနေဖြင့် မိမိတို့၏ လုပ်ပိုင်ခွင့်များအား ကိုယ်ကျိုးအတွက် အလွဲသုံးစားမှုများ မပြုလုပ်ရန်လိုကြောင်း၊ ဥပဒေနှင့်မညီညွတ်ပါက အရေးယူ ခံရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ များအနေဖြင့်လည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြရာ၊ ဝန်ကြီးက လိုအပ်သည်များ …

Read More »

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မိုးညိုမြို့နယ်မှ ရေဘေးသင့့််ပြည်သူများအား ထောက်ပံ့ပစ္စည်းနှင့့်် အလှူငွေများပေးအပ်

presidentofficephoto1

နေပြည်တော် ဩဂုတ် ၁၁ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် မိုးညိုမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ အားပေးပြီး ထောက်ပံ့ပစ္စည်း များနှင့် အလှူငွေများကို ပေးအပ်သည်။ ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း

Read More »