Home / အုတ်ဖိုမြို့နယ်

အုတ်ဖိုမြို့နယ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၇ (ပဲခူး) ================== နိုဝင်ဘာလ (၁၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့တော်ခန်းမ၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်ကြီး(၃)ရပ်ဟာ အရေးပါလှပြီး အပြန်အလှန် အမှီပြုနေတာလည်း တွေ့ရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်အရ ပြည်သူများရဲ့ အခန်းကဏ္ဍဟာ အထူးအလေးထားရမှာဖြစ်ပါကြောင်း၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မှု (Public Participation) ကောင်းလေ လုပ်ငန်းများ ပိုမို အောင်မြင်လေဖြစ်ပြီး ဒီလိုဆောင်ရွက်ရာမှာ Media များရဲ့ ပံ့ပိုးကူညီမှုဟာလည်း များစွာ အရေးပါတာကို တွေ့ရမှာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဖြတ်သန်းလာခဲ့ကြရတဲ့ နိုင်ငံရေး အုပ်ချုပ်ရေး သမိုင်းကြောင်းတွေအရ တစ်ချို့နေရာတွေမှာ တရားဥပဒေ စောင့်ထိန်းလိုက်နာမှု စည်းကမ်းမရှိမှု၊ အသိအပြင် အတွေ့အကြုံနည်းပါးမှု၊ လုပ်ငန်းဆောင်ရွက်မှု အပေါ် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အုတ်ဖိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စည်ပင်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

FI

ဇူလိုင် ၁၈ (အုတ်ဖို) =============================== ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဆောင်သောအစိုးရအဖွဲ့နှင့် အုတ်ဖိုမြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ စည်ပင်ကော်မတီဝင်များ ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က လူထုတွေ့ဆုံပွဲများ၏ အနှစ်သာရသည် အစိုးရအဖွဲ့၏ လုပ်ဆောင်နေမှုများ သိရှိစေရန်နှင့် ပြည်သူများမှ မိမိတို့၏ ဆန္ဒများကို အစိုးရမှ တာဝန်ရှိသူများ သိရှိစေရန် တိုက်ရိုက်တင်ပြနိုင်ခြင်းဖြစ်ကြောင်း၊ အများဆန္ဒနှင့်အညီ ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီ၏ အလေ့အထတစ်ခုဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မည်သည့်ကိစ္စရပ်ကိုမဆို ပူးပေါင်းဆောင်ရွက်တတ်စေရန် လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိ အနေဖြင့် သိမ်းဆည်းမြေယာကိစ္စရပ်များနှင့် ပတ်သက်၍ ဖွဲ့စည်းထားပြီးဖြစ်သည့် ကျေးရွာ၊ မြို့နယ်၊ ခရိုင်မြေစစ် ကော်မတီအသီးသီးမှ တင်ပြချက်များအပေါ် ပြန်လည်စိစစ်၍ မူလတောင်သူလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေး ညွှန်ကြားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အဂတိကင်းရှင်းစွာ ဆောင်ရွက်ကြရန်၊ …

Read More »

အုတ်ဖိုမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇူလိုင် ၁၈ (အုတ်ဖို) ========================== ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုမြို့လယ်အဝိုင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရင်ပြင်တွင် ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးမင်းစည်သူတိုက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖြန်းကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အလေးပြုကြပြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့က အမှာစကားပြောစကားကာ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌက ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ရောက်ရှိလာကြသည့် ဧည့်ပရိတ်သတ်များကိုလည်း စတုဒီသာဖြင့် ကျွေးမွေးဧည့်ခံကြကြောင်း သိရသည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုသည် အမြင့်ပေ(၁၁)ပေ၊ ခုံတုံးအမြင့်(၇)ပေ၊ စုစုပေါင်း(၁၈)ပေရှိသော …

Read More »

အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံ (၂)ထပ်ကုသဆောင်နှင့် (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုအား ကြည့်ရှုစစ်ဆေး

FI

နိုဝင်ဘာ ၂၈ (ပဲခူး) =================================== နိုဝင်ဘာလ(၂၈)ရက်နေ့ မွန်လွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့သည် တာဝန်ရှိသူများနှင့်အတူ အုတ်ဖိုမြို့၊ ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်နေသော (၂)ထပ်ကုသဆောင်နှင့် (၆)ခန်းတွဲ (၄)ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။ ယင်းသို့ စစ်ဆေးရာတွင် ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး၊ အဆောက်အဦ ဆောက်လုပ်သည့် ကုမ္ပဏီအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန်၊ အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ (၂)ထပ်ကုသဆောင်သည် (၁၃၄’×၅၆’)ရှိပြီး ၂၀၁၅-၁၆ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် (၃၁၆၈)သိန်းကျော်ဖြင့်လည်းကောင်း (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာသည် ခွင့်ပြုငွေကျပ် (၅၆၄၂)သိန်းကျော်ဖြင့်လည်းကောင်း SUN SU CONSTRUCTION CO;LTD မှ တာဝန်ယူတည်ဆောက်လျက်ရှိပြီး ၂၀၁၇ခုနှစ် ဒီဇင်ဘာလအကုန်တွင် လုပ်ငန်းအားလုံးပြီး စီးမည်ဖြစ်ကြောင်း သိရသည်။

Read More »

အုတ်ဖိုမြို့ ဗုဒ္ဓမြတ်စွယ်တော် ဂန္ဓကုဋီတိုက်ဖွင့်ပွဲနှင့် ရွှေကြာပလ္လင်ထက်သို့ ပင့်ဆောင်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၂၈ (ပဲခူး) ================================== နိုဝင်ဘာလ(၂၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က အုတ်ဖိုမြို့၊ မြို့လယ်ဓမ္မာရုံ၌ (၂၁)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဂန္ဓကုဋီတိုက်ဖွင့်ပွဲ၊ မြတ်စွယ်တော်အား အပူဇော်ခံရွှေကြာပလ္လင်ထက်သို့ ပင့်ဆောင်ခြင်းနှင့် ဗုဒ္ဓမြတ်စွယ်တော် မြို့လယ်နှစ်ထပ်ဓမ္မာရုံ သာသနာ့ဗိမာန်တော်ကြီး ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာန မောတဿ     သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ အမှုးပြုသော ဧည့်ပရိတ်သတ်များက နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ထို့နောက် မြို့နယ်သံဃနာယက ဥက္ကဌနှင့် သာသနာ့ဗိမာန် သြဝါဒါစရိယ ဆရာတော်ကြီးက သြဝါဒကထာ ချီးမြှင့်ပြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဗုဒ္ဓမြတ်စွယ်တော် ဂန္ဓကုဋီတိုက်တော် မဂ္ဂင်သော့များကို နာယကကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက ဖွင့်လှစ်ပေးပြီး အပူဇော်ခံ ရွှေကြာပလ္လင်ထက်သို့ ဆရာတော်ကြီးများ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် …

Read More »

အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၁ ====================================== ၂၁.၇.၂၀၁၇ ရက်နေ့တွင် ကြိုပင်ကောက်မြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ဇီးကုန်းမြို့နယ်များ၌ ၂၀၁၆-၂၀၁၇ အခွန်စည်း ကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၂ (ပဲခူး) ============================== ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဇူလှိုင်လ(၁၂)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က Yangon Transformer & Electrical Co., Ltd မှ ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျောင်းသား/သူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းတို့က အမှာစကားပြောကြားကြသည်။ ထို့နောက် အလှူရှင် သီတဂူဦးမောင်သောင်း (Yangon Transformer & Electrical Co.Ltd)မှ ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အုတ်ဖိုမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်စုစုကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများအား အလှူရှင် သီတဂူဦးမောင်သောင်းမှ တိုင်းဒေသကြီး …

Read More »