Home / နတ်တလင်းမြို့နယ်

နတ်တလင်းမြို့နယ်

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ ထောက်ပံ့ငွေပေးအပ်

FI

ဧပြီ ၁၈ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းဌေးအောင်၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ဧပြီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက နတ်တလင်း မြို့နယ်နှင့် ပေါင်းတည်မြို့နယ်များ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များမှ ပြည်သူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးစကားများ ပြောကြားပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ရှားပေါင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌   ဧပြီလ (၁၆)ရက်နေ့ လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်သည် မျှော်မှန်း၍မရသော်လည်း ထိခိုက်ခံရမှု အနည်းဆုံးဖြစ်အောင် ကြိုတင်စီမံထား၍ ရရှိပါကြောင်း၊ နှစ်စဉ် …

Read More »

အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၂ ============================ ၂၂.၇.၂၀၁၇ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် သဲကုန်းမြို့နယ်များ၌  ၂၀၁၆-၂၀၁၇ အခွန်စည်း ကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်း အနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

နတ်တလင်းမြို့နယ်အတွင်း ပျက်စီးသွားသည့် တံတားအမှတ်(၁/၅၅)အား သွားရောက်ကြည့်ရှု

IMG_20160828_155748

သြဂုတ် ၂၈ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့၊ ညနေ(၅)နာရီအချိန်တွင် နတ်တလင်းမြို့နယ်အတွင်းရှိ လက်ပံတန်း-ထိန်တော-မိုးညို-တာပွန်-နတ်တလင်း လမ်းမိုင်(၅၄/၃-၄)အတွင်းရှိ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် တံတားအမှတ်(၁/၅၅)၊ R.C တံတားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ သွားရောက်ကြည့်ရှုခဲ့သည်။ အဆိုပါတံတားနေရာ၌ ယာယီပြန်လည်လည်ဆောက်မည့်(၂၄၀)ပေအရှည်ရှိ Span Bailey Bridge ၏ ပုံစံငယ်အား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပြန်လည်မှာကြားခဲ့ပါသည်။  

Read More »

သာယာဝတီခရိုင်အတွင်း မျိုးစပါး ထောက်ပံ့ပေးအပ်မှု

IMG_20160828_145212

သြဂုတ် ၂၈ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်၊ ညနေ(၄)နာရီအချိန်၌ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ရေကြည်ကျေးရွာအုပ်စုအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ နတ်တလင်းမြို့နယ်နှင့် မိုးညိုမြို့နယ်တို့အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် မျိုးစပါး(၁၅၀၀)တင်းအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Read More »