Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန

စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန

တိုင်းဒေသကြီးနှင့်နိုင်ငံဂုဏ်ဆောင် အားကစားသမားများပေါ်ထွန်းလာစေရန် ပဲခူးမြို့တွင် အခြေခံမြားပစ်သင်တန်းဖွင့်လှစ်

FI

စက်တင်ဘာ ၁၄ (ပဲခူး) ================= မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် တိုင်းဒေသကြီးနှင့်နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန် ၂၀၁၈ခုနှစ် အခြေခံမြားပစ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အခြေခံမြားပစ်သင်တန်းကိုတက်ရောက်သင်ယူမည့် သင်တန်းသား မောင်/မယ်များအနေဖြင့် အချိန်ကုန်/ငွေကုန် အကျိုးမရှိမဖြစ်ရအောင် စိတ်ပါဝင်စားစွာ သင်ကြားပို့ချမှုကိုခံယူပြီး တိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင်သည့် အားကစားမောင်/မယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် (အားကစား) ဦးကျော်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌ၊ ဇေကမ္ဘာကုမ္ပဏီ၏ ဒုတိယဥက္ကဌ ဦးဇေသီဟက အလှူငွေကျပ် (၁၀)သိန်းအား ပေးအပ်လှူဒါန်းပြီး …

Read More »

ပဲခူးမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

FI

စက်တင်ဘာ ၈ (ပဲခူး) =================== စက်တင်ဘာလ(၈)ရက်နေ့ နံနက်က်(၁၀)နာရီအချိန်က ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမတွင် ၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီးအဆင့်နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း” သီးချင်းဖြင့်သီဆိုဖျော်ဖြေပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့အနောက်(ခ)အခြေခံပညာအထက်တန်းကျောင်းခွဲ တို့မှ ကျောင်းသား/သူလေးများက “ပန်းများပွင့်တော့မည်”၊  “ပြည်သူခေါ်သောလမ်း” တေးသရုပ်ဖေါ်ဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက စာမဖတ်တတ်ခြင်း၊ စာမရေးတတ်ခြင်းတို့သည် လူအဖွဲ့အစည်း တစ်ခုလုံးကို အကြမ်းဖက်မှုနှင့် ပဋိပက္ခများဖြစ်ပေါ်စေသည့် အခြေအနေရှိခြင်းနှင့် ဆင်းရဲခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော အဝန်းအဝိုင်းအတွင်း ပိတ်လှောင်ခြင်း ခံထားရသကဲ့သို့ရှိကြောင်း၊ စာမတတ်မြောက်ခြင်းသည် ပစ်ပယ်ခံရခြင်း၊ ဆင်းရဲခြင်းတို့နှင့် ထပ်တူထပ်မျှ တည်ရှိနေကြောင်း၊ လူအခွင့်အရေးနှင့် သိက္ခာအတွက် အခြေခံဖြစ်သည့် စာတတ်မြောက်ရေးသည် ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ကျား/မတန်းတူရည်တူ ခံစားခွင့် ပိုမိုပါဝင်နိုင်သော၊ ပိုမိုဆက်လက်တည်တံ့နိုင်သော လူအဖွဲ့အစည်းများအတွက် အရေးပါနေခြင်းတို့ကြောင့် စာတတ်မြောက်ရေးအတွက် အားလုံးပူးပေါင်း …

Read More »

ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၁၉ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့် ၂၀၁၇-၁၈ပညာသင်နှစ် ကျောင်းကျန်းမာရေး (စံပြ)ကျောင်းများ ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်

FI

သြဂုတ် ၁၇ (ပဲခူး) ======================== သြဂုတ်လ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၁၉ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့်၂၀၁၇-၁၈ ပညာသင်နှစ် ကျောင်းကျန်းမာရေး(စံပြ)ကျောင်းများ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်က ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ရသ၊ အသက်မွေး ဘက်စုံပညာရေး ဟူသည့်ပညာရေးဆောင်ပုဒ်နှင့်အညီ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် ကျန်းမာရေးသည် အဓိကမဏ္ဍိုင်ဖြစ်သည့်အတွက် ကျောင်းသား/သူများ ကျန်းမာရေးလိုက်စားကာ ဘက်စုံကျန်းမာဖွံ့ဖြိုးသည့် လူငယ်လူရွယ်များဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးကြဖို့ လိုကြောင်း၊ အမျိုးသားကျန်းမာရေးအစ စာသင်ကျောင်းကဆိုသည့်အတိုင်း နိုင်ငံတော်အတွက် အရေးပါလှသော အင်အားစုတစ်ရပ်ဖြစ်သည့် နိုင်ငံ့ရတနာကျောင်းသားလူငယ်များအတွက် ဆောင်ရွက်နေသည့်ကျောင်းကျန်းမာရေးလုပ်ငန်းသည် အလွန်အရေးပါလှသည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း ၊ ယနေ့ကျောင်းသားလူငယ်များကို ငယ်စဉ်ကတည်းက ထိရောက်သည့်ကျောင်းကျန်းမာရေးစောင့်ရှောက်မှုနှင့် မူမှန်သည့်ကျန်းမာရေး …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၁၈ခုနှစ်၊ MPT လူငယ်ဘောလုံးပွဲတော်နှင့် MPTအသက်(၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပပြုလုပ်

FI

သြဂုတ် ၁၄ (ပဲခူး) ======================= သြဂုတ်လ(၁၄)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့ Grand Royal Stadium တွင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPTတို့က အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၁၈ခုနှစ်၊ MPTလူငယ်ဘောလုံးပွဲတော်နှင့် MPTအသက်(၁၄)နှစ်အောက်လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့က အဖွင့်အမှာစကားပြောကြားပြီး MPT Joint Operationမှ Operating Officer မစ္စတာ ရိုရှိယာခိဘန်နီနိုစံက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၁၈ခုနှစ်၊ MPTလူငယ်ဘောလုံးပွဲတော်နှင့် MPTအသက်(၁၄)နှစ်အောက်လူငယ်ဘောလုံးပြိုင်ပွဲအား ဝန်ကြီးနှင့်တာဝန်ရှိသူတို့က ကွင်းအတွင်း ဘောလုံးများကန်သွင်းပြီးဖွင့်လှစ်ပေးကြပြီး လူငယ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ကြမည့်ခလေးငယ်များနှင့် ယူ(၁၄)ဘောလုံးပြိုင်မည့်အသင်းသားများအားလိုက်လံနှုတ်ဆက်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်စေရန်အတွက် MPTမှဘောလုံး(၂၅၀)လုံး၊ Myanmar Careမှ ဘောလုံး(၁၀၀)လုံးတို့အား စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးထံပေးအပ်လှူ ဒါန်းသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ …

Read More »

ပဲခူးတိုင်းဒေသကြီး “အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်”၂၀၁၈ ဖွင့်ပွဲကျင်းပ

FI

သြဂုတ် ၉ (ပဲခူး) ====================            ပဲခူးမြို့ မြို့တော်ခန်းမတွင် သြဂုတ်လ(၉)ရက်နေ့ နံနက် (၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး “အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်”၂၀၁၈ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။              ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူအများစုသည် အာဟာရချို့တဲ့ခြင်း၊ အာဟာရလွန်ကဲခြင်း ပြဿနာများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များသည် အာဟာရချို့ တဲ့မှုကို အခံစားရဆုံးသောအုပ်စုဖြစ်ကြောင်း၊ အာဟာရချို့တဲ့ရခြင်းသည် အကြောင်းအချက်များစွာအပေါ်တွင် မူတည်နေကြောင်း၊ နိုင်ငံသူ/ သားများ၏ အာဟာရအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခြေခံအဆောက်အဦတစ်ခုလည်း ဖြစ်ကြောင်း၊ အာဟာရပြည့်ဝမျှတပြီး ကျန်းမာကြံ့ခိုင်သည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွက်လာစေရေးအတွက် အစိုးရ၊ ဌာနဆိုင်ရာနှင့် မိတ်ဖက် အဖွဲ့အစည်းအသီးသီးတို့ …

Read More »

ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၁၉ပညာသင်နှစ် ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ

FI

သြဂုတ် ၆ (ပြည်) =======================           သြဂုတ်လ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြည်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင် ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၁၉ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက NFPE လုပ်ငန်းသည် အလွန်ထူးကဲမွန်မြတ်သည့် ပညာဒါနဖြစ်သည့်အတွက် မိမိတို့စွမ်းနိုင်သလောက် ပါဝင်ကူညီပေးခြင်းဖြင့် ပညာဒါနရယူကြရန်၊ ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်သည် လူငယ်များအတွက် စွမ်းရည်ထက်သော တီထွင်ဆန်းသစ်မှု တစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်ကာ လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ကလေးများ၏အကျိုး၊ ပြည်သူလူထုအကျိုး ဝိုင်းဝန်းဆောင်ရွက်ပေးရန်၊ ကလေးများအတွက် လမ်းသစ်ကိုဖောက်၊ နည်းစနစ်တည်ဆောက်ပြီး မွန်မြတ်သည့် လုပ်ငန်းများကို ဖော်ဆောင်ရာမှာ တွေ့ကြုံရသော အတွေ့ကြုံကောင်းများ၊ ရင်ဆိုင်ရသော အခက်အခဲများကို ပေါင်းစုဝိုင်းဝန်းဖြေရှင်းကြပြီး စေတနာ၊ မေတ္တာ၊ လုပ်အားတို့ကို ဆက်လက်ဖြည့်စွက် အားထည့်ပေးကြရန် အဖွင့်အမှာစကား ပြောကြားပြီး ၂၀၁၇-၁၈ ပညာသင်နှစ် …

Read More »

ပဲခူးမြို့ဆေးရုံကြီးတွင် အောင်သုခ(၄)ထပ် လူနာဆောင်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

FI

ဇူလိုင် ၁၇ (ပဲခူး) ================================= ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အရေးပေါ်ဌာနရှေ့ရှိ တည်ဆောက်မည့်မြေနေရာတွင် ဇူလိုင်လ(၁၇)ရက်နေ့ နံက်(၈:၃၀)နာရီအချိန်က အောင်သုခ(၄)ထပ် လူနာဆောင်တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း၊ ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၊ ရွှေသံလွင်ကုမ္ပဏီ နာယကကြီး ဒေါက်တာဒေါ်နီနီနှင့် Rain Forest Company ၏MDဦးမိုးကျော်သူတို့က ပန္နက်တင်မင်္ဂလာအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက်မင်္ဂလာအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက စက်ခလုပ်နှိပ်၍ စက်ယန္တရားဖြင့်ပန္နက်တင်မင်္ဂလာအား ဆောင်ရွက်ပေးပြီး ပန္နက်တိုင်များကို ဝနိကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဧည့်သည်တော်များက အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ အဆိုပါ အောင်သုခ(၄)ထပ်လူနာဆောင် အဆောက်အဦအား ပဲခူးမြို့၊ အောင်သုခဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒီမာနှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ ငွေကျပ်သိန်း(၂)သောင်းကျော် …

Read More »

ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၃ (ပဲခူး) ========================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၁၃)ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းမိသားစုများထဲမှ ၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်(၆)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦးနှင့် (၃)ဘာသာဂုဏ်ထူးရှင်(၁)ဦးတို့အား စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှလည်းကောင်း၊ (၁)ဘာသာဂုဏ်ထူးရှင်(၃)ဦးအား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှုးဦးအောင်မြင့်ကလည်းကောင်း၊ ရိုးရိုးအောင်မြင်သူ(၁၉)ဦးအား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှုးကြီးနှင့် စည်ပင်သာယာကော်မတီဝင်များကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှုးဦးအောင်မြင့်နှင့်မြို့နယ်(၂၈)မြို့နယ်မှအမှုဆောင်အရာရှိများ၊ ဒုတိယအင်ဂျင်နီယာမှုးကြီးနှင့် တာဝန်ခံအင်ဂျင်နီယာများ၊ တိုင်း/ခရိုင်/မြို့နယ် စည်ပင်သာယာကော်မတီဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ ဆုရကျောင်းသား/သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Read More »

ရေတာရှည်မြို့နယ်အတွက် ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အင်္ကျီ များလွှဲပြောင်းပေးအပ်

FI

ဇူလိုင် ၁၁ (ရေတာရှည်) ================================== ဇူလိုင်လ(၁၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရေတာရှည်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ထံ ဖိုက်ဘာစက်လှေ(၁)စီးနှင့် အသက်ကယ်အင်္ကျီ (၁၀)ထည်အား ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ …

Read More »

အသက်(၁၇)နှစ်အောက်(၄)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

FI

ဇူလိုင် ၁၀ (ပဲခူး) ================================ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် အားကစားကွင်းတွင် ဇူလိုင်လ(၁၀)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် (၄)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှုးနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်ပြည်သူများက တောင်ငူခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ ပြည်ခရိုင်အသင်းမှ (၄:၂)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ထို့နောက် ဆုပေးပွဲကျင်းပပြုလုပ်ရာ ဒုတိယရရှိသော တောင်ငူခရိုင်အသင်းအား အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းကလည်းကောင်း၊ ပထမရရှိသော ပြည်ခရိုင်အသင်းအား ဥပဒေချုပ် ဦးအုန်းမြင့်ကလည်းကောင်း၊ ပွဲစဉ်တလျှောက်နေရာအလိုက် အကောင်းဆုံး အကစားသမားဆုရရှိကြသော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပထမတံခွန်စိုက်ဆုဖလား …

Read More »