Home / ဇီးကုန်းမြို့နယ်

ဇီးကုန်းမြို့နယ်

ဇီးကုန်းမြို့နယ်၊ သပြေစိန်ကျေးရွာ လျှပ်စစ်မီးလင်းမှုအခြေအနေနှင့်ပတ်သက်၍ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

 နိုဝင်ဘာ ၂၈ (ပဲခူး) ===================================      နိုဝင်ဘာလ (၂၈)ရက်နေ့၊ နံနက် (၈:၃၀)နာရီအချိန်က ဇီးကုန်းမြို့၊ စာတိုက်လမ်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သပြေစိန်ကျေးရွာ လျှပ်စစ်မီးလင်းမှု အခြေအနေနှင့်ပတ်သက်၍ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းပြည်တစ်ခု တည်ဆောက်ရာတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရကြောင်း၊ ကျေးရွာလူထု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်မီးလင်းရေးသည်လည်း တစ်ခုအပါအဝင်ဖြစ်၍ မိမိတို့ကျေးရွာသူ/ကျေးရွာသား များအနေဖြင့် ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် ဇီးကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက သပြေစီန်ကျေးရွာမီးလင်းရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များတင်ပြခဲ့ပြီး၊ ဇီးကုန်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန် အခြေအနေများအား တင်ပြဆွေးနွေး ခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် သပြေစိန်ကျေးရွာမှ လျှပ်စစ်မီးရရှိရေးအတွက် လိုအပ် ချက်များအား …

Read More »

အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၁ ====================================== ၂၁.၇.၂၀၁၇ ရက်နေ့တွင် ကြိုပင်ကောက်မြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ဇီးကုန်းမြို့နယ်များ၌ ၂၀၁၆-၂၀၁၇ အခွန်စည်း ကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

ဒုတိယသမ္မတ(၂) သာယာဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်မှုများအား ကြည့်ရှုစစ်ဆေး

3

မေ ၁၃ (ပဲခူး) ========================== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အတွင်းဝန်များနှင့် မေလ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ တည်ဆောက်ရေး(၉)သို့ ရောက်ရှိလာပြီး ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ သာယာဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု၊ ပြန်လည်ပြုပြင် ဆောင်ရွက်မှုများအား Power Pointဖြင့် ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတ(၂)မှ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခဏခဏပြုပြင်နေမည့်အစား တစ်ခါတည်း အခိုင်အမာဖြစ်အောင် စနစ်တကျ လုပ်ဆောင်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။ ထိုနောက် ဒုတိယသမ္မတ(၂) ဦးဆောင်သောအဖွဲ့သည် မိုးညိုမြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာပြီး မိုးညိုမြို့နယ် ဘုရားကြီးကုန်း-ခအောင်းပင်တာ ပြုပြင်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်မှ ရှင်းလင်းတင်ပြသည်။ မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေလျှံမှုနှင့် …

Read More »