Home / သာယာဝတီမြို့နယ်

သာယာဝတီမြို့နယ်

အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၀ =========================== ၂၀.၇.၂၀၁၇ ရက်နေ့တွင် သာယာဝတီ၊ လက်ပံတန်းမြို့၊ မင်းလှမြို့နယ်များ၌  ၂၀၁၆-၂၀၁၇ အခွန်စည်း ကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

ဒုတိယသမ္မတ(၂) သာယာဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်မှုများအား ကြည့်ရှုစစ်ဆေး

3

မေ ၁၃ (ပဲခူး) ========================== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အတွင်းဝန်များနှင့် မေလ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ တည်ဆောက်ရေး(၉)သို့ ရောက်ရှိလာပြီး ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ သာယာဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု၊ ပြန်လည်ပြုပြင် ဆောင်ရွက်မှုများအား Power Pointဖြင့် ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတ(၂)မှ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခဏခဏပြုပြင်နေမည့်အစား တစ်ခါတည်း အခိုင်အမာဖြစ်အောင် စနစ်တကျ လုပ်ဆောင်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။ ထိုနောက် ဒုတိယသမ္မတ(၂) ဦးဆောင်သောအဖွဲ့သည် မိုးညိုမြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာပြီး မိုးညိုမြို့နယ် ဘုရားကြီးကုန်း-ခအောင်းပင်တာ ပြုပြင်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်မှ ရှင်းလင်းတင်ပြသည်။ မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေလျှံမှုနှင့် …

Read More »

သုံးဆယ်ရေလှောင်တမံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

FI

မေ ၆ (ပဲခူး) ========================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မေလ(၆)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ဦးမောင်မောင်လွင်၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ ဌာနဆိုင်ရာများနှင့်အတူ သုံးဆယ် ရေလှောင်တမံစီကိန်း လုပ်ငန်းအကောင်ထည်ဖော် လုပ်ဆောင်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။ ရှေးဦးစွာ သုံးဆယ်ရေလှောင်တမံ တည်ဆောက်ရေးရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး ရေအသုံးချမှုစီမံခန့်ခွဲရေးနှင့် ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး(၉)၊ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီလွင်မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ အလေအလွင့်မရှိစေဘဲ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းစွာဖြင့် သတ်မှတ်ကာလအတွင်း စံချိန်စံနှုန်းပြည့်မီစွာ ပြီးစီးအောင်တည်ဆောက်ကြရန်၊ လုပ်သားများအား၏ ကျန်းမာရေးအတွက်လည်း အထူးဂရုပြုနေထိုင်ကြရန် မှာကြားခဲ့သည်။ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အကြိုတည်ဆောက်ခြင်း၊ တမံတည်ဆောက်ခြင်း၊ ရေထုတ်ပြွန်နှင့် ရေထိန်းမျှော်စင် တည်ဆောက်ခြင်း၊ ရေပိုလွှဲတည်ဆောက်ခြင်း၊ ရေလွှဲဆည်တည်ဆောက်ခြင်း၊ ရေနှုတ်မြောင်းတူးဖော်ခြင်း၊ တူးမြောင်းအဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် …

Read More »

သာယာဝတီခရိုင်အတွင်းရှိ ပညာရေးမှုးများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

ဧပြီ ၂၁ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဧပြီလ(၂၁)ရက်နေ့ ညနေ(၄:၃၀) နာရီအချိန်က မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ သာယာဝတီခရိုင်အတွင်းရှိ ပညာရေးမှုးများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားကာ လုပ်ဆောင်ပေး လျှက်ရှိကြောင်း၊ ဌာနဆိုင်ရာများမှလည်း အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား လက်တွဲပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်တွင် ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်ရေးရာကအစ ပြောင်းလဲကြရမှာဖြစ်ကြောင်း၊ မြို့မိ/မြို့ဖ ဒေသခံများမှလည်း မိမိတို့ဒေသ ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးလာအောင် အစိုးရ၊ ဌာနဆိုင်ရာများအား ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပြောင်းလဲရာတွင် ပညာရေးကဏ္ဍသည် အဓိကကြကြောင်း၊ သီးခံခြင်းတရား လက်ကိုင်ထားပြီး ပြုပြင်ပြောင်းလဲရေးအတွက် ဘုံရည်မှန်းချက်ထားကာ ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။ ထို့နောက် သာယာဝတီခရိုင်အတွင်းရှိ …

Read More »

ဝန်ကြီး ဦးအောင်ဇော်နိုင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်

FI

မတ်လ ၃၁ (ပဲခူး) ============================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၃၁)ရက်နေ့ ညနေ(၄:၃၀)အချိန်က သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာရှိ စပါးစိုက်ခင်းအတွင်း ငါးမျိုး (၁၀၀၀၀)အား စိုက်ထည့်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါငါးမျိုးစိုက်ထည့်ပေးခြင်းသည် ဒေသခံပြည်သူများအတွက် စပါး/ငါး တွဲဖက် စိုက်ပျိုးမွေးမြူခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ တစ်ဘက်တစ်လမ်းမှလည်း တောင်သူဝင်ငွေရရှိစေရန်နှင့် ဒေသဝမ်းစာဖူလုံစေရေးအတွက် ဆောင်ရွက်အတွက် ရည်ရွယ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ဒုတိယ အကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းခြင်းအခမ်းအနားသို့ ဝန်ကြီး ဦးအောင်ဇော်နိုင်တက်ရောက်

FI

ဖေဖော်ဝါရီ ၁၉ (ပဲခူး) =========================           (၁၉.၂.၂၀၁၇)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဒုတိယ အကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် တက်ရောက်ခဲ့ သည်။           အဆိုပါ အခမ်းအနား၌ ဝန်ကြီးက “မြန်မာနိုင်ငံ၏ လူဦးရေ(၇၀%)ရာခိုင်နှုန်းသည် ကျေးလက် နေ ပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများဖြစ်ကြောင်း၊ ယခုအခါ စိုက်ပျိုးရေးနည်းစနစ်သစ်များဖြင့် စိုက်ပျိုးလုပ်ကိုင်မှသာ မြန်မာ့သီးနများသည် ကမ္ဘာဈေးကွက်သို့ ဝင်ရောက်နိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် ယခုစိုက်ပျိုးရေးသိပ္ပံမှ သင်ကြားပေးလိုက်သည့် သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းပညာများအား မိမိတို့ဒေသများတွင် ပြန်လည်မျှဝေပေးရန်လည်း လိုအပ်ကြောင်း၊ အောက်ခြေတောင်သူလယ်သမားများ တစ်ဦးချင်းစီကို သမားရိုးကျ စိုက်ပျိုးနည်းစနစ်မှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်သို့ တက်လှမ်းနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ကြောင်း” မှာကြားခဲ့သည်။ ဆက်လက်ပြီး ဝန်ကြီးက စိုက်ပျိုးရေးဒီပလိုမာ …

Read More »

သာယာဝတီခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

FI

ဒီဇင်ဘာ ၉ (ပဲခူး) ========================== ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာယာဝတီမြို့၊ မိုးလုံလေလုံအားကစစားခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ယနေ့အချိန်အခါသည် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ ဖြတ်သန်းနေတဲ့ပြည်သူတွေက ရွေးချယ်တင်မြှောက်ခဲ့တဲ့ အစိုးရရဲ့ ဒုတိယအကြိမ်သက်တမ်းကာလဖြစ်ကြောင်း၊ မိမိတို့အစိုးရရဲ့ ရပ်တည်မှုသည် ပြည်သူတွေအားကိုးယုံကြည်မှုအပြည့်နဲ့ ရွေးကောက်တင်မြောက်ခဲ့သည့်အတွက် ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်များဖြစ်တဲ့ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည့်တာဝန်တွေဟာ ကျွန်တော်အပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဝန်ကြီး အားလုံးမှာ တာဝန်ရှိကြောင်း၊ ဒါ့အပြင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်ကျေးရွာအုပ်စုအဆင့်ထိ အဆင့်ဆင့်သော အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိကြောင်း၊ အဓိကတော့ အောက်ခြေအဆင့်မှာ တာဝန်ယူကြရတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် မိမိတို့ရပ်ကွက်/ကျေးရွာအတွင်း လုပ်ငန်းဆောင်ရွက်ချက်တိုင်းသည် ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာပြည်သူလူထု …

Read More »

သာယာဝတီခရိုင်/မြို့နယ်တရားရုံး အ‌ဆောက်အအုံသစ်ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၉(ပဲခူး) ======================= ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်နှင့် သာယာဝတီမြို့နယ်တရားရုံးအ‌ဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၉)ရက်‌နေ့၊ နံနက်(၉)နာရီအချိန်က သာယာဝတီမြို့‌၊ ဈေးရပ်ကွက်၊ ရာပြည့်လမ်းရှိ ခရိုင်နှင့်မြို့နယ်တရားရုံးအ‌ဆောက်အအုံသစ်၌ ကျင်းပပြု လုပ်သည်။ ‌ရှေးဦးစွာ ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်‌တော်ဥက္ကဌ ဦးခင်‌မောင်ရင်၊ တရားလွှတ်‌တော်တရားသူကြီးချုပ် ဦး‌မောင်‌မောင်‌ရွှေ၊ ဥပ‌ဒေချုပ် ဦးအုန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီး ဦးညွှန့်‌ရွှေ၊ စည်ပင်သာယာ‌ရေးနှင့် လူမှု‌ရေးဝန်ကြီး ဦး‌မောင်‌မောင်လွင်တို့က တရားရုံးအ‌ဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးပြီး ကမ္ဗည်း‌မော်ကွန်း‌ကျောက်စာအား အ‌မွှေးနံ့သာရည် များ ပက်ဖြန်း‌ပေးကြသည်။ ထို့‌နောက် သာယာဝတီခရိုင်တရားသူကြီး ဦး‌ကျော်စွာငြိမ်းက တရားရုံးအ‌ဆောက်အအုံသစ်နှင့်ပတ်သက်၍လည်း‌ကောင်း၊ တာဝန်ယူ‌ ဆောက်လုပ်‌သော သာယာကြယ်စင်‌ဆောက်လုပ်‌ရေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်လွင်လွင်ဝင်းက ဆောက်လုပ်‌ရေးကိစ္စများ နှင့်ပတ်သက်၍လည်း‌ကောင်း ရှင်းလင်းတင်ပြပြီး၊ ခရိုင်တရားသူကြီးမှ ဝန်ကြီးချုပ်၊ လွှတ်‌တော်ဥက္ကဌနှင့် တာဝန်ရှိသူများထံ ဖွင့်ပွဲအထိမ်းအမှတ်အလံများ‌ ပေးအပ်ကာ တရားရုံးအ‌ဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုကြသည်။ ယခုဖွင့်လှစ်‌သောသာ ယာဝတီခရိုင်နှင့်မြို့နယ်တရားရုံးအ‌ဆောက်အအုံသစ်သည် ဧရိယာ(၁.၇၃၅)ဧကရှိ‌မြေ‌ပေါ်တွင် အလျား(၂၁၀)‌ပေ၊ …

Read More »