Home / သာယာဝတီမြို့နယ် (page 2)

သာယာဝတီမြို့နယ်

ဝန်ကြီး ဦးအောင်ဇော်နိုင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်

FI

မတ်လ ၃၁ (ပဲခူး) ============================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၃၁)ရက်နေ့ ညနေ(၄:၃၀)အချိန်က သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာရှိ စပါးစိုက်ခင်းအတွင်း ငါးမျိုး (၁၀၀၀၀)အား စိုက်ထည့်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါငါးမျိုးစိုက်ထည့်ပေးခြင်းသည် ဒေသခံပြည်သူများအတွက် စပါး/ငါး တွဲဖက် စိုက်ပျိုးမွေးမြူခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ တစ်ဘက်တစ်လမ်းမှလည်း တောင်သူဝင်ငွေရရှိစေရန်နှင့် ဒေသဝမ်းစာဖူလုံစေရေးအတွက် ဆောင်ရွက်အတွက် ရည်ရွယ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ဒုတိယ အကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းခြင်းအခမ်းအနားသို့ ဝန်ကြီး ဦးအောင်ဇော်နိုင်တက်ရောက်

FI

ဖေဖော်ဝါရီ ၁၉ (ပဲခူး) =========================           (၁၉.၂.၂၀၁၇)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဒုတိယ အကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် တက်ရောက်ခဲ့ သည်။           အဆိုပါ အခမ်းအနား၌ ဝန်ကြီးက “မြန်မာနိုင်ငံ၏ လူဦးရေ(၇၀%)ရာခိုင်နှုန်းသည် ကျေးလက် နေ ပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများဖြစ်ကြောင်း၊ ယခုအခါ စိုက်ပျိုးရေးနည်းစနစ်သစ်များဖြင့် စိုက်ပျိုးလုပ်ကိုင်မှသာ မြန်မာ့သီးနများသည် ကမ္ဘာဈေးကွက်သို့ ဝင်ရောက်နိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် ယခုစိုက်ပျိုးရေးသိပ္ပံမှ သင်ကြားပေးလိုက်သည့် သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းပညာများအား မိမိတို့ဒေသများတွင် ပြန်လည်မျှဝေပေးရန်လည်း လိုအပ်ကြောင်း၊ အောက်ခြေတောင်သူလယ်သမားများ တစ်ဦးချင်းစီကို သမားရိုးကျ စိုက်ပျိုးနည်းစနစ်မှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်သို့ တက်လှမ်းနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ကြောင်း” မှာကြားခဲ့သည်။ ဆက်လက်ပြီး ဝန်ကြီးက စိုက်ပျိုးရေးဒီပလိုမာ …

Read More »

သာယာဝတီခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

FI

ဒီဇင်ဘာ ၉ (ပဲခူး) ========================== ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာယာဝတီမြို့၊ မိုးလုံလေလုံအားကစစားခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ယနေ့အချိန်အခါသည် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ ဖြတ်သန်းနေတဲ့ပြည်သူတွေက ရွေးချယ်တင်မြှောက်ခဲ့တဲ့ အစိုးရရဲ့ ဒုတိယအကြိမ်သက်တမ်းကာလဖြစ်ကြောင်း၊ မိမိတို့အစိုးရရဲ့ ရပ်တည်မှုသည် ပြည်သူတွေအားကိုးယုံကြည်မှုအပြည့်နဲ့ ရွေးကောက်တင်မြောက်ခဲ့သည့်အတွက် ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်များဖြစ်တဲ့ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည့်တာဝန်တွေဟာ ကျွန်တော်အပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဝန်ကြီး အားလုံးမှာ တာဝန်ရှိကြောင်း၊ ဒါ့အပြင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်ကျေးရွာအုပ်စုအဆင့်ထိ အဆင့်ဆင့်သော အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိကြောင်း၊ အဓိကတော့ အောက်ခြေအဆင့်မှာ တာဝန်ယူကြရတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် မိမိတို့ရပ်ကွက်/ကျေးရွာအတွင်း လုပ်ငန်းဆောင်ရွက်ချက်တိုင်းသည် ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာပြည်သူလူထု …

Read More »

သာယာဝတီခရိုင်/မြို့နယ်တရားရုံး အ‌ဆောက်အအုံသစ်ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၉(ပဲခူး) ======================= ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်နှင့် သာယာဝတီမြို့နယ်တရားရုံးအ‌ဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၉)ရက်‌နေ့၊ နံနက်(၉)နာရီအချိန်က သာယာဝတီမြို့‌၊ ဈေးရပ်ကွက်၊ ရာပြည့်လမ်းရှိ ခရိုင်နှင့်မြို့နယ်တရားရုံးအ‌ဆောက်အအုံသစ်၌ ကျင်းပပြု လုပ်သည်။ ‌ရှေးဦးစွာ ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်‌တော်ဥက္ကဌ ဦးခင်‌မောင်ရင်၊ တရားလွှတ်‌တော်တရားသူကြီးချုပ် ဦး‌မောင်‌မောင်‌ရွှေ၊ ဥပ‌ဒေချုပ် ဦးအုန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီး ဦးညွှန့်‌ရွှေ၊ စည်ပင်သာယာ‌ရေးနှင့် လူမှု‌ရေးဝန်ကြီး ဦး‌မောင်‌မောင်လွင်တို့က တရားရုံးအ‌ဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးပြီး ကမ္ဗည်း‌မော်ကွန်း‌ကျောက်စာအား အ‌မွှေးနံ့သာရည် များ ပက်ဖြန်း‌ပေးကြသည်။ ထို့‌နောက် သာယာဝတီခရိုင်တရားသူကြီး ဦး‌ကျော်စွာငြိမ်းက တရားရုံးအ‌ဆောက်အအုံသစ်နှင့်ပတ်သက်၍လည်း‌ကောင်း၊ တာဝန်ယူ‌ ဆောက်လုပ်‌သော သာယာကြယ်စင်‌ဆောက်လုပ်‌ရေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်လွင်လွင်ဝင်းက ဆောက်လုပ်‌ရေးကိစ္စများ နှင့်ပတ်သက်၍လည်း‌ကောင်း ရှင်းလင်းတင်ပြပြီး၊ ခရိုင်တရားသူကြီးမှ ဝန်ကြီးချုပ်၊ လွှတ်‌တော်ဥက္ကဌနှင့် တာဝန်ရှိသူများထံ ဖွင့်ပွဲအထိမ်းအမှတ်အလံများ‌ ပေးအပ်ကာ တရားရုံးအ‌ဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုကြသည်။ ယခုဖွင့်လှစ်‌သောသာ ယာဝတီခရိုင်နှင့်မြို့နယ်တရားရုံးအ‌ဆောက်အအုံသစ်သည် ဧရိယာ(၁.၇၃၅)ဧကရှိ‌မြေ‌ပေါ်တွင် အလျား(၂၁၀)‌ပေ၊ …

Read More »