Home / အထင်ကရနေရာများ

အထင်ကရနေရာများ

ကမ္ဘောဇသာဒီ နန်းတော်

a

ဘုရင့်နောင် မင်းတရားကြီး ဇင်းမယ်သို့ချီစဉ် ဟံသာဝတီနေပြည်တော်တွင် ကျန်ရစ်နေခဲ့သည့် ရှမ်းတို့သည် ဇင်းမယ်သားတစ်ဦးကို အကြီးအမှုးတင်ကာ “ဗညားကျန်းထော“ဘွဲ့ပေးပြီး သူပုန်ထကြသည်။အင်အား ၃၀ဝ၀ဝ ကျော်သည်ဟုဆိုသည်။သို့သော် အင်းဝမှ ဖမ်းဆီးခေါ်ဆောင်လာသည့် နန်းကျဘုရင် နရပတိစည်သူက သစ္စာခံသည့်အနေဖြင့် လက်ကျန်အမှုးအမတ်များတို့ကို ဦးဆောင်ပြီးတိုက်သည့်အတွက် ရှမ်းတို့ပျက်လေသည်။ ဘုရင့်နောင်မင်းတရားကြီး ထိုကိစ္စကိုသိလျှင်သိချင်း ဟံသာဝတီသို့ပြန်လာပြီးလျှင် ပုန်ကန်သူတို့ကို အလျှင်အမြန်နှိမ်နှင်းသည်။ရှိရှိသမျှသော ပုန်ကန်သူတို့ကို မီးတိုက်သတ်ရန်မိန့်သော်လည်း ဆရာတော်၊သံဃာတော်များ အသနားခံသည့်အတွက် အကြီးအမှုးဖြစ်သူ ၇၀ဝ ကျော်ကိုသာသတ်စေသည်။ထိုအရေးအခင်းပြီးလျှင် မင်းတရားကြီးသည် လက်ရှိစိုးစံနေသည့် မွန်မင်းများအစဉ်အဆက်စိုးစံလာသည့် ဟံသာဝတီနန်းထက် ဧကရာဇ်တစ်ပါးနှင့် အညီ ကြီးကျယ်ခြင်း၊ခမ်းနားခြင်း၊လုံခြုံခြင်း ဂုဏ်တို့နှင့် ပြည့်စုံစေရန်အတွက် နန်းသစ်တည်ရန် အစီအစဉ်ချလေသည်။ နန်းသစ်တည်အစီအစဉ်များ သက္ကရာဇ် ၉၂၈၊တန်ဆောင်မုန်း လဆန်း ၁၀ ရက်နေ့တွင် နန်းသစ်တည်ရန် စတင်မြေတူးစေသည်။တပေါင်းလဆန်း ၅ ရက်တွင် ကျုံးကိုစတင်တူးဖော်သည်။ နန်းသစ်၏ ဧရိယာမှာ စတုရန်းအတာ ၃၄၀ဝ ရှိသည်။ သက္ကရာဇ် …

Read More »

ရွှေသာလျောင်း ရုပ်ပွားတော်ကြီး

629570539

ရွှေသာလျောင်းရုပ်ပွားတော်ကြီး(အင်္ဂလိပ်ဘာသာဖြင့်- Shwethalyaung Buddha) သည် ပဲခူးမြို့ အနောက်ဘက်တွင် တည်ရှိသော လျောင်းတော်မူ ရုပ်ပွားတော်ကြီးဖြစ်သည်။ ထိုဘုရားကြီး ထားဝယ်မြို့ရှိ လျောင်းတော်မူဘုရားကြီးပြီးလျှင် ကမ္ဘာပေါ်ရှိ ဒုတိယအကြီးဆုံး လျောင်းတော်မူ ဘုရားဖြစ်ပြီး အလျားအားဖြင့် ၅၅ မီတာ(၁၈၀ ပေ)နှင့် အမြင့် ၁၆ မီတာ( ၅၂ ပေ) ရှိသည်။ ထိုဘုရားကြီးကို မွန်ဘုရင် မဂ္ဂဒီပ က သက္ကရာဇ် ၉၉၄ ခုနှစ်တွင် တည်ထားခဲ့သည်ဟု ယုံကြည်ရသည်။ ၁၇၅၇ ခုနှစ်တွင် အင်္ဂလိပ်တို့က ပဲခူးမြို့အား ကိုလိုနီအဖြစ်သွတ်သွင်းပြီးနောက် ဘုရားကြီးမှာ ပျောက်ဆုံးနေခဲ့ရသည်။ ၁၈၈၀ ခုနှစ်တွင် ၎င်းအနီးတစ်ဝိုက်အား ရထားလမ်းဖောက်လုပ်ရန် တူးဖော်ခဲ့စဉ် ခြုံနွယ်မြက်ရိုက်းများအောက်မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရသည်။ ၁၈၈၁ ခုနှစ်တွင် ပြန်လည်ပြုပြင်မွမ်းမံရေးများ စတင်ခဲ့ပြီး ဘုရားခေါင်းအုံးတော်(ဘယ်ဘက်အခြမ်း)အား ထပ်မံတည်ဆောက်ခဲ့ပြီး ရုပ်ပွားတော်အပေါ်မှ သွပ်မိုး၊ အကာများ ဆောက်လုပ်ခဲ့ရာ ၁၉၃၀ …

Read More »

ရွှေမျက်မှန်ဘုရားကြီး

shwemyatman

ရွှေမျက်မှန်ဘုရားကြီးသည် ပဲခူးတိုင်းဒေသကြီး ၊ ရွှေတောင်မြို့ တွင် ရှိသည်။ အာဇာနည် ကျောက်တိုင်အနီး လမ်းညွှန်ဆိုင်းဘုတ်ကြီးကို ကျော်လာပြီးနောက် လက်ယာဘက်တွင် ရွှေမျက်မှန်ဘုရားကြီး ကိန်းဝပ်ရာ တန်ဆောင်းတော်ကြီးတည်ရှိသည်။ ရွှေမျက်မှန်ဘုရားကြီးမှာ ဉာဏ်တော် အတောင် (၂၀) ခန့် မြင့်သည်။ ရုပ်ပွားတော်၏ မျက်နှာ သုံးပုံတစ်ပုံခန့်သာသာ အရွယ်ရှိ ရွှေမျက်မှန်ကြီး တပ်ဆင်ထားသည်။ မျက်မှန်တော်ကြီးမှာ တစ်ဖက်မှတစ်ဖက် အထက်အောက် ကွင်းအကျယ် လက်မ ၂၀ စီ ရှိသည်။အလျား ၂၂ လက်မ ရှိသည်။ မျက်လုံးတော်မှာ လက်မ ၂၀ ရှိပြီး မဟူရာမျက်လုံးတော်များ ဖြစ်သည်။ သရေခေတ္တရာတည် ဒွတ္တဘောင်မင်းကြီး လက်ထက်မှ စတင်တည်ထား ကိုးကွယ်ခဲ့သည်ဟု ဆိုသည်။ ခေတ်အဆက်ဆက် မျက်စိဝေဒနာရှင်များသည် ရုပ်ပွားတော်ကြီး၏ မျက်မှန်တော်ကို ပြုပြင်လှူဒါန်းခဲ့ကြသည်။ သန့်စင်ပေးခဲ့ကြသည်။ ဤနည်းဖြင့် မျက်စိရောဂါများ သက်သာပျောက်ကင်းသည်ဟု ယုံကြည်ကြသည်။ ကိုးကား။ …

Read More »

ရွှေမော်ဓောဘုရား(ပဲခူး)

542777530

ရွှေမော်ဓောဘုရားသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿန၊ မြင်းသီတ၊ မရင်သိန္န၊ မဝေါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။ ရွှေမောဓောဘုရားသည် ပဲခူး(မွန်ဘာသာဖြင့် ဗဂေါ)မြို့၏ ကျက်သရေဆောင်၊ ပဲခူးနယ်တစ်ဝိုက်တွင် အထင်ရှားဆုံး သာသနိက အဆောက်အအုံ တစ်ခုဖြစ်သည်။ ထိုဘုရားသည် ပဲခူးဒေသ၏ ဘာသာရေး သက်တမ်းတစ်လျှောက်တွင် အဓိကကျသော သာသနိကအမွေနှစ်ဖြစ်ပေသည်။ တည်သည့်နှစ် ရွှေမော်ဓောစေတီ တည်သည့်နှစ်များနှင့် ဌာပနာသည့် ပစ္စည်းအကြောင်းကို အမျိုးမျိုးဆိုကြသည်။ အချို့က ဘုရား ပရိနိဗ္ဗာန် မစံမီကပင် တည်သည်ဟု လည်းကောင်း၊ အချို့က ဘုရား ပရိနိဗ္ဗာန်စံပြီးမှ တည်သည်ဟု၎င်း၊ အချို့က ဘုရားဆံတော်ကို ဌာပနာသည်ဟု၎င်း၊ အချို့က သွားတော်ကို …

Read More »

မဟာစေတီ(ပဲခူး)

Maharzedi

ပဲခူးမြို့မှ အထင်ကရ ဖြစ်သည့် မဟာစေတီ မှာ ဘုရင့်နောင် မင်းတရားကြီး၏ကောင်းမှုဖြစ်သည်။ စေတီတည်ရန်အတွက် ဗညားလော၊ ဗညားဒလ၊ဗညားပရံ၊ ဗညားကျန်းထော မွန်အမတ်ကြီး လေးဦး၊ သိရီဇေယျ နော်ရထာ၊ သိရီဇေယျ ကျော်ထင်၊ နေမျိုး ကျော်ထင်၊ နန္ဒ ကျော်ထင် မြန်မာအမတ်ကြီး လေးဦးတို့ကို လူစရိတ်ငွေ ၄၀၀ ပေးကာ စေတီတော်ကြီးတည်မည့်နေရာတွင် မြေရှင်း၊ မြေညှိလုပ်ငန်းများ လုပ်စေသည်။ ကျောက်တူးရန် ငွေ ၄၀၀ ထပ်မံပေးပြီး ကောင်းမှုတော် အနောက်တွင် နန်းပြာသာဒ်ဆောက်ကာ ကိုယ်တိုင်ပင် ကျပ်မတ်ကာ အပြီးတည်လေသည်။ သက္ကရာဇ် ၉၂၁၊ ဝါဆိုလဆန်း ၅ ရက်၊ ကြာသာပတေးနေ့တွင် စေတီတော်ဖိနပ်ရာအတွက် စတင်တွင်းတူးသည်။ ဝါခေါင်လပြည့်ကျော် ၂ ရက်၊ ကြာသာပတေးနေ့တွင် ရွှေ၊ ငွေ အုတ်များစီသည်။ ဇောတိယာယံကျောင်းနှင့် ကျောင်းရံပေါင်း ၄၀ စတင်ဆောက်သည်။ နတ်တော်လဆန်း …

Read More »

ရွှေဆံတော်ဘုရား (ပြည်)

185092705

ပြည်မြို့၏ အရှေ့ပိုင်း ဆင်စုရပ်မြောက်ဘက်၌ သုဒဿနမည်သော တောင်ကုန်းငယ်တွင် တည်ရှိသော ရွှေဆံတော်ဘုရားကို မြသိတင် (မြသီးတင်) ဘုရားဟုလည်း ရှေးက ခေါ်တွင်ခဲ့သည်။ ရွှေဆံတော်၏ ဉာဏ်တော်မှာ ထီးတော်မှ ဖိနပ်တော် (တတိယပစ္စယံ)အထိ ၁၂၇ ပေ၊ (၈၅ တောင်)၊ လုံးပတ်တော် ၈၈ ပေ ၈ လက်မ၊ ဖိနပ်တော် ၂၉၄ ပေ အသီးအသီး ရှိလေသည်။ ရွှေဆံတော်စေတီတော်၏ ရင်ပြင်တော်အရှေ့ယွန်း၌ ဆုတောင်းပြည့်ဂူနှင့် ရုပ်ပွားတော်ကြီး နှစ်ဆူ ရှိသည်။ ထိုကြောင့် စာဆိုကျော်နဝဒေးကြီးက ဆုတောင်းပြည့်ဘုရားတိုင်ရတု၌ တောင်ထက်တောင်မြတ်၊ တောင်ကျော်ထွတ်၌၊ လူနတ်များရှင်၊ မြသိတင်နှင့်၊ တပြင်မခြား၊ ရှေ့ယွန်းနားဝယ်၊ တရားဘုန်းခေါင်၊ ဒွတ္တဘောင်ဟု၊ ပြည်ထောင်များနတ်၊ တည်ခဲ့မှတ်သည်။ လျှံပတ်ညီးညီး၊ ခြောက်သွယ်စီးသား၊ ရွှေထီး ရွှေတိုင်၊ ရွှေစိုင် တစ်ခဲ၊ လိုဏ်နန်းထဲက၊ ရဲရဲထွန်းပြောင်၊ ကိုယ်တော်ရောင်ဖြင့်၊ ညီနောင်နှစ်ဖော်၊ …

Read More »