Home / ခရီးသွားလမ်းညွှန် / ပွဲတော်များ

ပွဲတော်များ

(၁၆၆) ကြိမ်မြောက် ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

အောက်တိုဘာ ၆ (ရွှေကျင်)  =================================== အောက်တိုဘာလ (၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်က ရွှေကျင်မြို့၊ ပျဉ်းမပင်ရပ်ကွက်၊ ရွှေကျင်ချောင်း ကမ်းနံဘေးရှိ ဗဟိုမဏ္ဍပ်၌ (၁၆၆)ကြိမ်မြောက် (၁၆၆ ကြိမ်မြောက်) ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ဖွင့်ပွဲနှင့် ယိမ်းအကအဖွဲ့များ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားကို နံနက်(၀၉:၀၀)အချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လှောက်ကားတော်ကြီးလှေမှ ဦးဆောင်ကာ တက်ပျံယိမ်း၊ တက်ခုတွယိမ်းများ၊ ယိမ်းအကအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့များက တေးသီချင်းများ အကများဖြင့် သရုပ်ပြဖျော်ဖြေယှဉ်ပြိုင်ကြပြီးနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၊ ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းတို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးကြသည်။ ထို့နောက် အရှင်ဥပဂုတ္တရဟန္တာမြတ်၏ ကရဝိတ်ဖောင်တော်အား ရွှေကျင်ချောင်းအတွင်း လက်ယာရစ်(၃)ကြိမ် အပူဇော်ခံကာ ရောင်စုံမီးကြာခွက်များဖြင့် ရွှေကျင်ချောင်းအတွင်း မီးမျှောပူးဇော်ခဲ့ကြသည်။  (၁၆၆ ကြိမ်မြောက်) ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် …

Read More »

(၆၇)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်

FI

မေ ၁၀ (ပဲခူး) ======================== ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ မေလ(၁၀)ရက်နေ့၊ နံနက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရား ရင်ပြင်တော် အရှေ့ဘက်မုခ်ရှိ မဟာဗောဓိညောင်ပင်၌ (၆၇)ကြိမ်မြောက် ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဘာသာရေးအသင်းအဖွဲ့များမှ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လင်္ကျာရစ်ပတ်၍ပူဇော်ပြီး “ဒုမေနာထော” ဗောဓိပူဇနာ ဝန္ဒနာဂါထာဖြင့် ရွတ်ဆိုပူဇော်၍ အခမ်းအနားကိုဖွင့်လှစ်ကာ မဟာဗောဓိပင် ဘုရားရှိခိုးဖြင့် မဟာဗောဓိပင်ကို ရှိခိုပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ပြည်သူများက “ဒုက္ခပတ္တာစနိဒ္ဒုက္ခာ” ဂါထာတော်ကို (၃)ခေါက်ရွတ်ဆို မေတ္တာပို့ကာ မဟာဗောဓိညောင်ပင်အား ညောင်ရေတော်သွန်းလောင်း အမျှဝေသာဓုခေါ်ဆိုပြီး “ဇယန္တောဗောဓိယမူလေ” စသည့် ဗုဒ္ဓါဘိသေက မင်္ဂလာအောင်ဂါထာဖြင့် စုပေါင်းရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ကဆုန်လပြည့်နေ့သည် …

Read More »

ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

1

ဧပြီ  ၁၁ (ပဲခူး) ========================== ဧပြီလ(၁၁)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီရင်ပြင်တော်နှင့် အနောက်မုခ်စောင်းတန်း၌ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၅၉၉)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်သည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြတ်စွာဘုရားအမှူးပြုသော သြဝါဒစရိယဆရာတော်ကြီးများနှင့် ပဲခူးမြို့ပေါ် ဂိုဏ်းပေါင်းစုံ ကျောင်းတိုက်အသီးသီးမှ ပင့်သံဃာအပါး(၅၀၀) ကြွရောက်တော်မူကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချူပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ၊ စေတနာရှင်အလှူရှင်များမှ ဆွမ်းဆန်စိမ်း၊ နဝကမ္မ၊ စာရေးတံမဲနှင့် လှူဖွယ်ပစ္စည်းများ စုစုပေါင်းတန်ဘိုးငွေ ကျပ်သိန်း(၅၈၈)သိန်းကျော် လောင်းလှူပူဇော်ကြ ကြောင်းသိရသည်။

Read More »

ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား (၂၅၉၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဧပြီလ ၆ (ပဲခူး) ========================== ပဲခူးမြို့၊ ရွှေမော်ဓောဘုရား ရင်ပြင်တော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ဧပြီလ(၆)ရက်နေ့ ညနေ(၅)နာရီအချိန်က ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ (၂၅၉၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဌာနဓမ္မပူဇနိယအသင်း ဦးအောင်မောင်းမှ ဗုဒ္ဓပူဇနိယပွဲတော် အဖွင့်အောင်ဂါထာအား ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် သုခကာရီအသင်း ဦးမြသိန်းမှ သမ္မာဒေဝနတ်များ ပင့်ဖိတ်ကာ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြသည်။ ယင်းနောက် ပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းမြင့်မှ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရသည့် အကြောင်း ရှင်းလင်းလျှောက်ထားပြီး သီလရှင်ဆရာကြီးဆရာလေးများ၊ အမျိုးသားအမျိုးသမီးများမှ ရှစ်လုံးဘွဲ့ကဗျာများဖြင့် လည်းကောင်း၊ ပုညဝဎ္ဍနအသင်း ဒေါ်တင်မြမှ ပွဲတော်ဖွင့်ပွဲ ရတုပိုဒ်စုံဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော်ကြသည်။ …

Read More »

မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆု‌ပေးပွဲအခမ်းအနားကျင်းပ

FI

နိုဝင်ဘာ ၁၄ (ပဲခူး) ====================================== တန်‌ဆောင်မုန်းလပြည့်‌နေ့၊ နိုဝင်ဘာလ(၁၄)ရက်‌နေ့၊ နံနက် (၄)နာရီအချိန်က ပဲခူးမြို့၊ ဆု‌တောင်းပြည့်‌ရွှေ‌မော်‌ဓော‌ စေတီ‌တော်ကြီး၌ (၃၅)ကြိမ်‌မြောက် မသိုးသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲနှင့် ဆု‌ပေးပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ‌ရှေးဦးစွာ‌ ဂေါပကအဖွဲ့တာဝန်ရှိသူများ၊ ရက်ယန်းလုပ်အား ရှင်များနှင့် ဝတ်အသင်းအဖွဲ့များက‌ ရွှေ‌မော်‌ဓော‌စေတီ‌ တော်မြတ်ကြီးအား လင်္ကျာရစ်သုံးပတ် လှည့်လည်ပူ‌ဇော်ကြ ပြီး ပဲခူးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် အစိုးရ အဖွဲ့ဝန်ကြီးများ လွှတ်‌တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပ‌ဒေချုပ်၊ အစိုးရအဖွဲ့အတွင်း‌ရေးမှူး ဦးတိုးဝင်းနှင့်ဌာနဆိုင်ရာများက‌ ရွှေ‌မော်‌ဓောဘုရားရင်ပြင်‌တော် မုခ်ဦးအသီးသီးတွင် ကိန်းဝပ်စံပါယ်သီတင်းသုံး‌နေ‌တော်မူ‌သော ဗုဒ္ဓရုပ်ပွား‌တော်များအား မသိုးသင်္ကန်း(ကြာသင်္ကန်း)နှင့် ပန်း‌ရေချမ်းဆီးမီး အ‌မွှေးနံ့သာတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့‌နောက်‌ ကျောက်ပန်း‌တောင်းဓမ္မာရုံတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပထမဆုရရှိ‌သော ရှင်‌စောပုစင်‌တော်အဖွဲ့၊ ဒုတိယရရှိ‌သော ယ‌သော်ဓရာစင်‌တော်အဖွဲ့၊ တတိယဆု ရရှိ‌သောဝိသာခါ စင်‌တော်အဖွဲ့တို့အား ဝန်ကြီးချုပ်မှလည်း‌ကောင်း၊ ယှဉ်ပြိုင်ဆုရရှိ‌သော‌ ဂေါတမီစင်‌တော်အဖွဲ့နှင့် ရာဇဓာတုကလျာစင်‌တော်အဖွဲ့တို့အား လွှတ်‌တော်ဥက္ကဌမှလည်း‌ကောင်း၊ ပထမ၊ ဒုတိယ၊ …

Read More »

(၁၆၅)နှစ်‌မြောက်‌ ရွှေကျင်မြို့နယ် သီတင်းကျွတ် မီး‌မျှောပူ‌ဇော်ပွဲကျင်းပ

FI(finished)

အောက်တိုဘာလ ၁၇ —————————— အောက်တိုဘာလ(၁၇)ရက်‌နေ့၊ည‌နေ(၁၆:ဝဝ)နာရီအချိန်တွင်‌ ရွှေကျင်မြို့နယ်၊ ပျဉ်းမပင်ရပ်ကွက်၊ မီး‌မျှောပွဲ‌တော်ကျင်းပ‌ရေးဗဟိုမဏ္ဍပ်၌ (၁၆၅)နှစ်‌မြောက်‌ ရွှေကျင်မြို့နယ် သီတင်းကျွတ်မီး‌မျှောပူ‌ဇော်ပွဲတော် ပြိုင်ပွဲဝင်ယိင်းအဖွဲ့များအား ဆုချီးမြှင့်ခြင်းနှင့် ရှင်ဥပဂုတ္တ                မထေရ်မြတ်အား‌ ရွှေကျင်‌ချောင်းအတွင်း‌ ရောင်စုံမီးကြာခွက်များဖြင့် ပူ‌ဇော်ပွဲကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားတွင် ‌ရွှေကျင်မြို့နယ်အတွင်းမှပြိုင်ပွဲဝင် ယိမ်း(၁၅)ဖွဲ့ပါဝင် ယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ပြုဆု ရရှိသူများ ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများက အသီးသီး‌ပေးအပ်ချီးမြှင့်ကြပြီးနောက် ရှင်ဥပဂုတ္တမ‌ထေရ်မြတ်အား‌ ရွှေကျင်‌ချောင်းအတွင်း လှည့်လည် ပူ‌ဇော်ခံပြီး ပြည်သူများက‌ ရောင်စုံမီးကြာခွက်များဖြင့် မီး‌မျှောပူ‌ဇော်ခဲ့ကြသည်။

Read More »

ပေါင်းတည်မြို့ဗုဒ္ဓမြတ်စွယ်တော်ရတနာ(၁၁၆)ကြိမ်မြောက်အပူဇော်ခံပွဲကြီးအား ဝန်ကြီးချုပ်မှ တက်ရောက်ကြည်ညို

IMG_3081

စက်တင်ဘာ ၁၃ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊ ညနေ(၀၄:၀၀)နာရီတွင် ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော်ရတနာ(၁၁၆)ကြိမ်မြောက် အပူဇော်ခံပွဲကြီးအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါအခမ်းအနား၌ တစ်နှစ်တာကိန်းဝပ်စံပါယ်တော်မူသည့် ဂန္ဓကုဋိတိုက်တော်မှ အပူဇော်ခံရာ ရွှေကျောင်းဆောင်ရွှေပလ္လင်တော်ပေါ်သို့ ဗုဒ္ဓမြတ်စွယ်တော်ရတနာအား အခမ်းအနားဖြင့် ပင့်ဆောင်ပူဇော်ခဲ့ပြီး၊ အခမ်းအနားတက်ရောက်လာကြသူများမှ သီလဆောက်တည်ခြင်း  နှင့် ဗုဒ္ဓမြတ်စွယ်တော်အား မင်္ဂလာရတုကဗျာတေးထပ်များဖြင့် ပူဇော်ခဲ့ကြသည်။

Read More »