Home / လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီ

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီ

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ၀န်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

နေပြည်တော် ဇွန် ၂၆ =========================================== လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၆)ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်မိန့်ခွန်းပြောကြားသည်။ အစည်းအဝေးသို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချို၊ ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များ၊ ဒုတိယ …

Read More »

ရေတာရှည်မြို့တွင် တောင်သူမျိုးစေ့သန့်စင်စက် ဖွင့်ပွဲကျင်းပ

FI

မေ ၁၃ (ရေတာရှည်) ============================= ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် မေလ(၁၃)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က တောင်သူမျိုးစေ့သန့်စင်စက် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တောင်သူမျိုးစေ့သန့်စင်စက်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်သိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းနှင့် ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက တောင်သူမျိုးစေ့သန့်စင်စက် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “စိုက်ပျိုးထုတ်လုပ်ရရှိသော မျိုးစေ့များမှာ မျိုးကောင်းမျိုးသန့်ဖြစ်ရုံမျှမပြီးဘဲ သန့်စင်ဖို့လည်းလိုအပ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးထွက်ရှိလာသည့် မျိုးစေ့များ စံချိန်စံညွှန်းမီစေရေးအတွက် မျိုးစေ့သန့်စင်ခြင်း မဖြစ်မနေဆောင်ရွက်နိုင်ရန် မျိုးစေ့သန့်စင်စက်များကို ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် အထွက်နှုန်းသာမက အရည်အသွေးပါ မြင့်မားအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အရည်မသွေးပြည့်မှီသော …

Read More »

သိမ်းဆည်းမြေယာများနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နှင့် အဂတိကင်းရှင်းစွာ ဖြေရှင်းဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

FI

မေ ၁၀ (ပဲခူး) ============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေလ (၁၀)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန်က သိမ်းဆည်းလယ်ယာမြေများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် အမှုတွဲများ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် သိမ်းဆည်းမြေဆိုင်ရာလုပ်ငန်း စိစစ်ရေးဗဟိုအဖွဲ့နှင့် ညှိနှိုင်းတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် သိမ်းဆည်းခဲ့သည့် လယ်ယာမြေများအား  ဌာနဆိုင်ရာများမှ စွန့်လွတ်ပေးခဲ့ပါက မူလပိုင်ရှင်များထံသို့  အမြန်ဆုံး ပြန်လည်ရရှိနိုင်ရေး၊ ပြန်လည်မစွန့်လွတ်ပေးပါက မြေယာအစားထိုး(သို့မဟုတ်) နစ်နာကြေး ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်၊ ကြန့်ကြာနေသည့် မြေယာအမှုတွဲများအား ယခုတွေ့ဆုံပွဲမှ ရရှိလာသည့် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ခရိုင်/မြို့နယ်အဆင့်ဆင့်သို့ ညွှန်ကြား ဆောင်ရွက်သွားရန်နှင့် သိမ်းဆည်းမြေယာများနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် နှင့် အဂတိကင်းရှင်းစွာ ဖြေရှင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် နိုင်ငံတော်သမ္မတရုံး၊ ဒုတိယဝန်ကြီး ဦးမင်းသူက လက်ရှိအစိုးရတာဝန်ယူပြီး နောက် …

Read More »

ပဲခူးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ (၂/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၁၆ (ပဲခူး) ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က  ပဲခူးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ (၂/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးမြေ/စစ်ကော်မတီအနေဖြင့် သိမ်းဆည်းမြေယာအမှုတွဲများအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ရမည်မဟုတ်ပဲ အောက်ခြေကော်မတီအဆင့်ဆင့်မှ တင်ပြလာမှုများကို သုံးသပ်ပြီး ဗဟိုမြေ/စစ် အဖွဲ့သို့ အကြံပြုတင်ပြပေးရမှာဖြစ်ကြောင်း၊ အောက်ခြေမြေ/စစ်ကော်မတီများကိုလည်း စာရင်းအင်း အချက်အလက်များ မှန်ကန်မှုရှိစေရန်နှင့် ပြန်လည်စွန့်လွှတ်သည့်မြေများကို ပြဌာန်းထားသည့် မြေယာ ဥပဒေနှင့်အညီ မူလတောင်သူများထံသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးမင်းသိန်းမှ …

Read More »

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေးကျင်းပ

FI

ဇန်နဝါရီ ၆ (ပဲခူး) ========================= (၆.၁.၂၀၁၇)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်ကပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က “မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်း မြေယာအသုံးပြုခြင်းများနှင့်ပတ်သက်၍ စိစစ်ထောက်ခံမှုများ ပြုလုပ်ရာ နောင်အနာဂတ်တွင် ဖြစ်ပေါ်လာမည့် စီမံကိန်းအတွက်လည်း ထည့်သွင်း စဉ်းစားပြီးမှ ထောက်ခံချက်များ ပြုလုပ်ပေးစေချင်ကြောင်း၊ သိမ်းဆည်းမြေနှင့်ပတ်သက်၍ မြေယာအငြင်းပွား မှုဖြေရှင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများမှ အောက်ခြေအဆင့်ထိ ကွင်းဆင်းစိစစ် ဆောင်ရွက်စေချင်ကြောင်း၊ အောက်ခြေအဖွဲ့အဆင့်ဆင့်ကလည်း ပြဋ္ဌာန်းထားပြီးဖြစ်သည့် မြေယာဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်သွားရန်လိုကြောင်း၊ လက်ရှိမြို့နယ်အလိုက် ဖြေရှင်းဆောင်ရွက်ရန်ကျန်ရှိသည့် …

Read More »